Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - သာမန်ခေါင်းဆောင်မလုပ်ပါနဲ့

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

ခေါင်းဆောင်မှုဆိုင်ရာ အနာဂတ်အမြင်သစ်တစ်ခု ဖန်တီးပါ

အခုအချိန်ဟာ သင် ချမှတ်ထားတဲ့ ခေါင်းဆောင်မှုနဲ့ ဆိုင်တဲ့ ရည်မှန်းချက်အသစ်တစ်ခုကို ရှင်းလင်းစွာသိဖို့နဲ့ ပြန်လည် သတ် မှတ်ဖို့အချိန်ပါ။ သင် တန်ဖိုးထားတဲ့ အရာတွေနဲ့ အနာဂတ်အတွက် သင်ချမှတ်ထားတဲ့ ပန်းတိုင်တွေကို ပြန်လည်ဆန်းစစ်ပြီး တိကျစွာ ချရေးထားဖို့ လိုပါလိမ့်မယ်။

- ပထမဆုံး ဒီကနေ့ သင်ဆိုတာကို ဖြစ်နေစေတဲ့ သင့်ဘဝရဲ့ အမှတ်တရ၊ အချိုးအကွေ့ ၄ ခု၊ ၅ ခုအထက်လောက်ကို စဉ်းစား ပါ။ အဲဒီအဖြစ်အပျက်တစ်ခုချင်းစီမှာ သင့်တန်ဖိုးတွေကို သင် ဘယ်လို ပုံဖော်ခဲ့သလဲဆိုတာ ပြန်တွေးကြည့်ပါ။

အဲဒီနောက်တော့ ခေါင်းဆောင်မှုဆိုင်ရာရေရှည် အနာဂတ် အမြင်တစ်ခုကို တည်ဆောက်ပါ။ အဲဒါဟာ သင် မဖြစ်မနေ လုပ်ဆောင်ယူရမယ့်ပုံရိပ်ပါပဲ။ သင် ဖြစ်ချင်တဲ့ ခေါင်းဆောင်ပုံစံမျိုး၊ ပြီးတော့ သင့်ဘဝကို ဘယ်လို ဦးဆောင်ချင်တယ်ဆိုတာမျိုးတွေ ချရေးထားပါ။ အခုက နောက် ၁ဝ နှစ်မှာ သင် ဘာဖြစ်တယ်။ ပြီးတော့ အဲဒီ ၁၀ နှစ်မှာ သင်ကြောင့် ဘာတွေဖြစ်သွားစေချင် တယ် စသည်ဖြင့်ပေါ့။ အဲဒါ သင်ကိုယ်တိုင်ဟောတဲ့ ဖြစ်ကိုဖြစ်ရ မယ့် အနာဂတ်ဗေဒင်ပါပဲ။

ဖြစ်ချင်တာတွေ ဖြစ်ပြီလို့သာ မှတ်လိုက်ပါ

- သင့်စိတ်ဟာ သင့်အတွက် အကောင်းဆုံး အသုံးချစရာပါ။ ဒါပေမဲ့ စိတ်တို၊ စိတ်ဆိုး၊ ကြောက်ရွံ့၊ ထိတ်လန့်စတာတွေနဲ့ လူအတွက်တော့ သူ့စိတ်ဟာ သူ့အတွက် အကြီးမားဆုံး ရန်သူပါ။ သင့်ကို လုပ်ဖော်ကိုင်ဖက်တွေက အဖက်မလုပ်၊ မလေးစားဘူးလို့ ထင်ရင်ပဲဖြစ်ဖြစ်၊ သင့်ဖောက်သည်တွေက သင့်ဆီကနေ အခြား ပြိုင်ဘက်တွေဆီ သွားပြီလို့ ထင်တာပဲဖြစ်ဖြစ်၊ အတွေးခေါင်၊ အတွေးလွန်ခြင်းတွေက သင့်အတွက် သောကတွေ တိုးပွားလာစေ မှာပါ။ အဲဒီအစား ဖြစ်ချင်တာတွေ ဖြစ်နေပြီလို့ မှတ်ယူကြည့်စမ်း ပါ။ သင့်ကို သင့်ပတ်ဝန်းကျင်က ဂရုစိုက်တယ်။ သင့်မှာ သစ္စာရှိ တဲ့ ဖောက်သည်တွေ ရှိနေတယ်လို့သာ မှတ်ယူကြည့်လိုက်စမ်းပါ။ အဲဒါဟာ သင် စိုးရိမ်နေတဲ့အရာ တစ်ဖြစ်လဲ သင်လိုချင်လာတဲ့ အရာပဲ မဟုတ်လား။ ကြောက်စိတ်ကို ရပ်ပြီး မိမိကိုယ်ကို ယုံကြည်မှု ရှိရှိ လုပ်ဆောင်ခြင်းကသာ သင် လိုချင်တာရဖို့ အခွင့်အလမ်း ကောင်းတွေ ဖန်တီးပေးမှာပါ။

ကိုယ်အလုပ်လို သဘောထားပါ

သဘာဝ၊ လွှမ်းမိုးမှုနဲ့ အာရုံခံစားမှုတွေဟာ တကယ်တော့ အပေါစား သောကတွေပါ။ သင် ပျော်ရွှင်မှုကို ပိုလိုချင်တယ်ဆိုရင် သင့်အလုပ်၊ သင့်အဖွဲ့အစည်း၊ သင့်လုပ်ငန်းခွင်ကို တိုးတက်စေ မယ့် ပရောဂျက်အသစ်တွေကို တာဝန်ယူပါ။ ပိုင်ရှင်လောက် မလွတ်လပ်တောင်၊ လုပ်ခွင့်မသာတောင် သင့်အစီအစဉ်တွေကို ချမှတ်ဖို့၊ အလုပ်တွေ၊ စီမံကိန်းတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ ကိုယ့်အလုပ်၊ ကိုယ့်ကို အကျိုးရှိ စေမယ့် အလုပ်လို့ သဘောထားခြင်းက သင့်ရဲ့ လုပ်ငန်းခွင် ပျော် ရွှင်မှုကိုရော၊ သင့်အနာဂတ်ဘဝအတွက်ရောပါ အခြေခံအုတ်မြစ် ကောင်းပါပဲ။

သင့် တိုးတက်မှုအတွက် တာဝန်ယူပါ

သင့်အသက်မွေးဝမ်းကျောင်း တိုးတက်ဖို့ တာဝန်ဟာ သင့် ပခုံးတွေပေါ်မှာပဲ ရှိနေပါတယ်။ သင့် ဘဝပေး အခြေအနေက ဘာပဲဖြစ်ဖြစ်၊ သင့်ကိုယ်သင် ထက်မြက်စေဖို့ အောက်ပါ အချက် တွေက အကူအညီပေးမှာပါ။

> သင့်လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ တစ်လတစ်ခါ တွေ့ပါ။

သူ့အလုပ်၊ ကိုယ့်အလုပ်အကြောင်းတွေ ပြောကြရင်း ပတ်ဝန်း ကျင်နဲ့ အဆက်မပြတ်စေဖို့ပါ။

> လေးလတစ်ခါလောက်တော့ အတွေ့အကြုံသစ် တစ်ခုခု ရပါစေ။

သင့်အလုပ်က သင့်အတွက် အခွင့်အလမ်း မပေးဘူးဆိုရင် ပြင်ပမှာ ရှာဖွေပါ။ ပရဟိတအတွက် စေတနာ့ဝန်ထမ်းလုပ်တာ တွေ၊ အတန်းတက်တာတွေ၊ ဟောပြောပွဲသွားနားထောင်တာတွေပေါ့။

> သင့် လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်လို့ အမြဲတမ်း ဆန်းစစ် လေ့လာနေပါ။

သင့်ရဲ့ တိုးတက်မှုနဲ့ လုပ်ရည်ကိုင်ရည်ကို အမြဲစောင့်ကြည့် နေပါ။ သင့် အားနည်းချက်တွေ၊ အားသာချက်တွေနဲ့ ပတ်သက်လို့ မိမိကိုယ်ကို အမြင်ကို တတ်နိုင်သမျှ ရိုးသားပါစေ။ ပြီးတော့ လာမယ့် နှစ်တွေမှာ ဘာကို အာရုံစိုက်ရမယ်ဆိုတာကိုလည်း တွေးပေါ့။

လေ့လာသင်ယူချင်စိတ်ကို တိုးမြှင့်ပါ

လေ့လာသင်ယူရာ လမ်းကြောင်းပေါ်မှာ ငါသိ၊ ငါတတ်ဆိုတဲ့ သင့်ရဲ့ အတ္တကို လမ်းမပိတ်ပါစေနဲ့။ အောင်မြင်တဲ့ ခေါင်းဆောင်တွေ ပညာရပ်နဲ့ အတွေ့အကြုံအသစ်တွေ ဝင်ရောက်ဖို့ကိုပဲ သူတို့ရဲ့ စိတ်တွေကို ဖွင့်ထားတတ်ကြတယ်။ ဘယ်လောက်ပဲ ကြီး မြတ်တဲ့အောင်မြင်သူ ဖြစ်ပါစေ။ သူတို့ဟာ အစဉ်အမြဲ လေ့လာနေကြ တယ်။ သင် နယ်ပယ်တစ်ခုမှာ ဆရာတစ်ဆူဖြစ်ပြီဆိုရင် သင့် အရည်အချင်းကို အသုံးချပြီး၊ ထပ်မံလေ့လာသင်ယူနိုင်မယ့် နယ်ပယ်သစ်ကို ရှာဖွေပါ။ စိန်ခေါ်မှုတွေ ဘယ်လိုပဲ ခဏခဏ တွေ့ဖူးနေတဲ့ စိန်ခေါ်မှုကိုမဆို ကြုံတွေ့လာရတဲ့အခါ လေ့လာသင် ယူလိုစိတ်ကို မွေးမြူပါ။ မသိတာကို မေးပါ။ ပြီးတော့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းသစ်တွေ စဉ်းစားပါ။

လွန်ကဲသော “ငါမှ ငါ ဖြစ်လိုမှုကို လျှော့ချပါ

ခေါင်းဆောင်တွေမှာ ရှိနေနိုင်တဲ့ ဆိုးရွားတဲ့အကျင့်တစ်ခု က သူ့အပြုအမူဆိုးတွေနဲ့ ပတ်သက်လာရင် ထွက်ပေါ်လာတဲ့ ဖြေရှင်းချက်တွေက “အဲဒါ ငါ ဖြစ်နေလို့ပဲ၊ ဘာလို့ဆို သူများမှ မဟုတ်တာ ငါလေ”ဆိုပြီး ဖြစ်နေတတ်တာပါပဲ။ သင့် အပြုအမူ ဆိုးတွေကို သင် ဆိုတာ ဖြစ်ဖို့လိုအပ်ချက်တစ်ခုလို့ ဘယ်တော့မှ မထင်ပါနဲ့။ သင့်ကိုယ်သင်ပြောင်းလဲမရဘူးလို့ ထင်မိတာနဲ့ အဲဒီ အကျင့်ဆိုးတွေဟာ အခု သင်ရနေတဲ့ အောင်မြင်မှုကို ဘယ်လောက် ထိ စိတ်ဒုက္ခပေးနိုင်သလဲလို့ စဉ်းစားပါ။ ဘယ်တော့မှ အဲဒီ အကျင့် ဆိုးတွေကို မွေးရာပါ ကိုယ်ရည်ကိုယ်သွေးလို့ မထင်ပါနဲ့။ ဒါပေမဲ့ တိုးတက်ဖို့၊ ပြုပြင်ဖို့ လမ်းမတွေလိုတော့ မြင်ပါ။ အဲဒါတွေကို အလွယ်တကူ ပြင်ဆင်ပြီး အောင်မြင်မှုတွေရဖို့ ဖြစ်လာတဲ့အခါ သင် အံ့ဩလာမှာ အသေအချာပါ။

ဝေဖန်မှုတွေကို လမ်းဖွင့်ပေးပါ

ခိုင်လုံတဲ့ ဝေဖန်မှုဟာ တီထွင်ဆန်းသစ်မှုတွေ၊ ပြဿနာ အဖြေရှာမှုတွေအတွက် လိုကို လိုအပ်ပါတယ်။ ခေါင်းဆောင်မှုဆို တာ အဲဒါတွေအားလုံး လိုအပ်တဲ့အတွက် ခေါင်းဆောင်တွေဟာ ဝေဖန်မှုတွေအတွက် လမ်းဖွင့်ပေးနေကျ မဟုတ်ပါဘူး။ အဲ့ဒီ ဝေဖန် မှုဆိုတာတွေကို တက်တက်ကြွကြွကို ရှာဖွေသင့်ပါတယ်။ လူတွေ ဆီက အကြမ်းဖျင်း တုံ့ပြန်ချက်လောက်ကိုပဲ အလွယ်တကူ မမေးပါ နဲ့။ သင့် အကြံဉာဏ်တွေ၊ နည်းလမ်းတွေအတွက် သူတို့ကို ပါဝင် စဉ်းစားခွင့်၊ ဝေဖန်ထောက်ပြခွင့် ပေးလိုက်ပါ။ ဝေဖန်ချက်ဆိုတာ ကိုယ့်အိုင်ဒီယာတွေ စမ်းသပ်ဖို့ အသုံးဝင်ဆုံး နည်းလမ်းဖြစ်သလို အဲဒီလို ဝေဖန်ခွင့်ပေးခြင်းဟာ လူတွေ၊ အဖွဲ့အစည်းတွေကို တာဝန် ခံမှုဆိုတဲ့ အတွေ့အကြုံတွေ ရစေတယ်။