Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

အလင်းပွင့် - လုပ်ငန်းဆိုင်ရာအစည်းအ၀ေးကျင်းပနည်း

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

လုပ်ငန်းဆိုင်ရာအစည်းအဝေးများ ထိရောက်အောင်မြင်စွာ ကျင်းပသွားနိုင်စေဖို့

အစည်းအဝေးတစ်ရပ် ကျင်းပတယ်ဆိုတာဟာ လုပ်ငန်းဆိုင်ရာ ကိစ္စတွေကို ဆုံးဖြတ်ချက်ချနိုင်စေဖို့၊ စိတ်ကူးအတွေးအခေါ် အကြံစည် များအား ထုတ်ဖော်ပြောဆိုဆွေးနွေးနိုင်စေဖို့၊ အသင်းအဖွဲ့၊ လုပ်ငန်းစု၊ လုပ်ငန်းခွဲ အသီးသီးအား တက်ကြွစွာ အောင်မြင်အောင် စွမ်းဆောင်နိုင်စေဖို့ အတွက် အကောင်းဆုံးသောနည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ သို့သော်လည်း အစည်းအဝေးတစ်ရပ် ကျင်းပခြင်းကို သင့်အသင်းသားအဖွဲ့နဲ့ ပတ်သက်ပြီး စွမ်းဆောင်ရည် ဘယ်လောက်ကောင်းတယ်ဆိုတာကို ထုတ်ဖော်ပြသဖို့ (သို့) သင့်ရဲ့ ခေါင်းဆောင်နိုင်စွမ်းတွေနဲ့ စီမံခန့်ခွဲမှုတွေ ဘယ်လောက်ကော်တယ် ဆိုတာကို ထုတ်ဖော်ဝံ့ကြွားဖို့ အခွင့်အရေးကောင်းတစ်ရပ်အဖြစ် အသုံးမချ သင့်ပါဘူး။ ကျွန်ုပ်တို့အနေနဲ့ တစ်ခါတစ်ရံ အစည်းအဝေးအင်္ဂါရပ်တွေနဲ့ မညီတဲ့ အစည်းအဝေးတွေကို အမှတ်မထင် ကျင်းပမိတတ်ကြပါတယ်။

ဤစာအုပ်ပါ အကြံပြုလမ်းညွှန်ချက်တွေဟာ သင့် အနေနဲ့ ထိရောက်တဲ့အစည်းအဝေးတွေကို ကျင်းပပြီး အကျိုးရှိရှိလုပ်ငန်းဆောင်ရွက် နိုင်စွမ်းတွေ ရှိလာစေဖို့ အခြေခံကျကျ အထောက်အကူပြုပေးထားပါတယ်။

ထိရောက်ကောင်းမွန်တဲ့ အစည်းအဝေးတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်စေဖို့အတွက် သင့်ဘက်က အောက်ပါဆောင်ရွက်မှုတွေကို လုပ် ဆောင်ပေးရမှာ ဖြစ်ပါတယ်။

- အစည်းအဝေးအစီအစဉ် (အာဂျင်ဒါ-Agenda) အား တိကျ မှန်ကန်စွာ ရေးဆွဲသတ်မှတ်ပေးခြင်း။ ။

- အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ဖိတ်ကြား သင့်သောသူများကို ရွေးချယ်ဖိတ်ကြားပေးခြင်း၊ ထို့နောက် အစည်းအဝေး ဖိတ်ကြားခံရသူများဘက်က အစည်းအဝေး တက်ရောက်မှုအတွက် သေချာသော တုံ့ပြန်မှု ရှိ/မရှိ သေချာစွာ စိစစ်ခြင်း။

- သင့်လုပ်ငန်းအစီအစဉ်များ - ဆွေးနွေးရန်လိုသော အချက် များ အတွက် စီမံခန့်ခွဲခြင်း။

- သင့် အသင်းအဖွဲ့ အား အားသစ်လောင်းပေးနိုင်သော အစီ အစဉ်များ ဆွေးနွေးခြင်း။

- လုပ်ငန်းအတွင်း ဖြစ်ပေါ်ကြုံတွေ့ရသော ပဋိပက္ခများအား ပြေလည်အောင် ဖြေရှင်းခြင်း။

- တိကျခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်ခြင်း။

- အစည်းအဝေး ကျင်းပပြီးနောက်ပိုင်း ချမှတ်လိုက်သော စည်း ကမ်းများအတိုင်း အမှန်တကယ် လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးခြင်း။

လုပ်ငန်းဆိုင်ရာ အစည်းအဝေးများအား ထိရောက် အောင်မြင်စွာကျင်းပခြင်း

အစည်းအဝေးစီစဉ်သူရဲ့ သတ်မှတ်ပေးတဲ့နေရာနဲ့ သတ်မှတ်ပေးတဲ့ နေ့ရက်အချိန် တစ်ခုခုအလိုက် ကျွန်ုပ်တို့အားလုံးလိုလို အစည်းအဝေးတွေ ကို တက်ရောက်ပြီး တင်ပြဆွေးနွေးညှိနှိုင်းမှုတွေကို လုပ်တတ်ကြပါတယ်။

အစည်းအဝေးကျင်းပရတဲ့ ရည်ရွယ်ချက်အရ ကျွန်ုပ်တို့ရဲ့ လုပ်ငန်း တွေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ရမှာ ဖြစ်သော်လည်း အစည်းအဝေးမှာ ဘယ်လိုအချက်၊ အကြောင်းအရာ၊ ပြဿနာတွေကို ဆွေးနွေးမယ်၊ ဘယ်ကိစ္စတွေအတွက် ဆုံးဖြတ်ချက်တွေကို ချမှတ်မယ်ဆိုတာနဲ့ပတ်သက်ပြီး ကြိုတင်အစီအစဉ်ဆွဲထားခြင်း၊ အရေး ပါသော သတင်းအချက်များ စုဆောင်းရယူထားမှု မရှိခြင်းကြောင့် အစည်း အဝေးကျင်းပချိန်အတွင်း အဆိုပါကိစ္စတွေကို ရွေးချယ်နေရခြင်းကြောင့် ကျွန်ုပ်တို့ဆုံးဖြတ်ရမယ့် ကိစ္စတွေအတွက် အပြည့်အဝ အာရုံမစိုက်နိုင်၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်မချနိုင် ဖြစ်သွားတတ်ပါတယ်။ ။

ကျွန်ုပ်တို့အနေနဲ့ အစည်းအဝေးမှာ တင်ပြဆွေးနွေးမယ့် အချက် တွေ၊ ဆုံးဖြတ်ရမယ့် ကိစ္စတွေကို ကြိုတင်စီစဉ်ထားပြီးသော်လည်း တစ်ခါ တစ်ရံ အသင်းအဖွဲ့ရဲ့ အကြီးအကဲ၊ ခေါင်းဆောင်ကို ဖိတ်ကြားဖို့ မေ့နေတတ် တာ၊ ဖိတ်ကြားရကောင်းမှန်း မသိတာတွေ ဖြစ်တတ်ပါသေးတယ်။

အစည်းအဝေးမှာ တင်ပြတဲ့အကြောင်းအရာတွေဟာ အမှန်တကယ် လုပ်ဆောင်နိုင်မယ့် ကိစ္စတွေဖြစ်ဖို့လိုပြီး ဆွေးနွေးမှုတွေအပေါ် ညှိနှိုင်း ဆုံးဖြတ်ရာမှာလည်း တရားမျှတမှုရှိဖို့ လိုအပ်ပါတယ်။ အကျိုးဖြစ် ထွန်းမှုရှိစေတဲ့ အစည်းအဝေးတွေကို ကျင်းပနိုင်ခြင်းဖြင့် လုပ်ငန်းဌာနတွင်း ဖြစ်ပေါ်တတ်သော ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခြင်း၊ ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း၊ စီမံကိန်း အစီအစဉ်များကို ရေးဆွဲ နိုင်ခြင်း၊ မိမိတို့ အသင်းအဖွဲ့ဝင်တွေအပေါ် တက်ကြွနိုးကြားစွာဖြင့် ကြိုးစား အားထုတ်နိုင်အောင် အကောင်းဆုံး လှုံ့ဆော်တိုက်တွန်းနိုင်ခြင်းဆိုတဲ့ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်။

အကယ်၍ ကျင်းပလိုက်တဲ့ အစည်းအဝေးတစ်ရပ်က ကျွန်ုပ်တို့ အတွက် အကျိုးဖြစ်ထွန်းမှု မရှိဘူးဆိုရင် အချိန်တွေ အလဟဿ ကုန်ရုံမက ကျွန်ုပ်တို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေကိုလည်း နှောင့်နှေးကြန့်ကြာမှု ရှိလာစေပါလိမ့်မယ်။

အောင်မြင်တဲ့ အစည်းအဝေးတစ်ရပ်ကို သိသာပေါ်လွင်စေတဲ့ အဓိပ္ပာယ်နဲ့ လေးနက်တဲ့အချက်တွေကတော့ အစည်းအဝေးမကျင်းပမီ ဖြစ်စေ၊ အစည်းအဝေး အထမြောက်စွာ ပြီးဆုံးသွားလျှင်ဖြစ်စေ၊ တက်ရောက် သူအားလုံးက တစ်နေရာတည်း၊ ခန်းမတစ်ခုတည်းမှာ သက်သောင့် သက် သာစွာ ထိုင်နေခြင်းသာ ဖြစ်ပါတယ်။

အောင်မြင်ထမြောက်တဲ့ အစည်းအဝေး ပြီးဆုံးသွားတဲ့အခါ လူအများစုက ချက်ချင်းလက်ငင်း ထပြန်ခြင်းမရှိကြသေးဘဲ နောင်လာမယ့် အစည်းအဝေးတွေမှာ ပိုမိုထိရောက်တဲ့ ဆွေးနွေးမှုတွေလုပ်ကြဖို့ ညှိနှိုင်း တိုင်ပင်တာတွေ အပြန်အလှန် ရင်းနှီးခင်မင်စွာ နှုတ်ဆက်ကြတာတွေ လုပ် တတ်ကြပါတယ်။

သင့်အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ခြင်း

သင်က အစည်းအဝေးတစ်ရပ်ကို ဦးဆောင်ကျင်းပတော့မယ်ဆိုရင် အစည်းအဝေးကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်၊ ထိရောက်တဲ့ အစည်းအဝေး အစီအစဉ် ရေးဆွဲခြင်း၊ အစည်းအဝေးသို့ မဖြစ်မနေတက်ရောက်သင့်သည့် သူများကို ဖိတ်ကြားခြင်း၊ တက်ရောက်လာသောသူများအတွက် လုံလောက်သော နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊ အစည်းအဝေး၌ ဆွေးနွေးမည့် အကြောင်း အရာများကို ကြိုတင်ရေးသား စိစစ်ခြင်း၊ ဆုံးဖြတ်ချက်ရမယ့် ကိစ္စများကို ကြိုတင်ပြင်ဆင်ခြင်းဆိုတဲ့ အလုပ်တွေကို သေချာစွာ ဆောင်ရွက်ရမှာဖြစ်ပါ တယ်။

အစည်းအဝေးတစ်ရပ်အတွက် ရှိသင့်ရှိထိုက်သော အင်္ဂါရပ်တွေနဲ့ ပြည့်စုံနေပြီဆိုရင်... အခြားသောအပိုကိစ္စ အဆောင်အယောင်တွေကို ထည့် သွင်းစဉ်းစားပေးဖို့ မလိုအပ်ပါဘူး။ သင့်အနေနဲ့ နောက်ထပ် သတိပြုစရာ အချက်ကတော့ အစည်းအဝေးတစ်ရပ် ကျင်းပတော့မယ်ဆိုရင် စည်းကမ်း တစ်ရပ်ကို လိုက်နာရတဲ့ သဘောဆောင်တာကို လက်ခံရပါမယ်။

အစည်းအဝေး တစ်ကြိမ်ကျင်းပတိုင်း အခြေခံကျတဲ့ အကောင်းဆုံး သော ပြင်ဆင်မှုတွေကို ကြိုတင်ရေးဆွဲထားနိုင်မယ်ဆိုရင် အရေးပါတဲ့ အစည်းအဝေးတွေကို စဉ်ဆက်မပြတ် ကျင်းပသွားနိုင်မှာ ဖြစ်ပါတယ်။

သင်ဘာကြောင့် အစည်းအဝေး ကျင်းပရတာလဲ

အစည်းအဝေးတစ်ရပ် ကျင်းပပြီဆိုတာနဲ့ အစည်းအဝေး ကျင်းပရ ခြင်းရဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိကိုရှိနေပြီ ဖြစ်ပါလိမ့်မယ်။ ။

ဥပမာအနေနဲ့ သင် အစည်းအဝေးကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်က တက်ရောက်လာသူအားလုံးကို စိတ်ရှုပ်ထွေးအောင် ပြောဆိုဖို့လား သို့မဟုတ် လတ်တလော ကြုံတွေ့ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လား သို့မဟုတ် သင့်အသင်းအဖွဲ့ ကို အရေးပါတဲ့ သတင်းအချက်အလက်တွေ ပေးဖို့ လား။

အရေးပါတဲ့ကိစ္စတွေကို ပြောဆိုဆွေးနွေးမယ်ဆိုရင်... ဘယ်လိုကိစ္စ တွေကို အဓိကအသားပေး ဆွေးနွေးမှာလဲ၊ ဘာကြောင့် ဆွေးနွေးရတာလဲ။ သို့ အရေးကြီးနေတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်မှာလား သို့မဟုတ် အမည် တင်သွင်းခံရသူ တစ်ဦးချင်းအလိုက် တာဝန်လွှဲပြောင်း၊ လက်ခံခြင်းတွေ အတွက် အသိပေးကြေညာဖို့လား ... ဆိုတာတွေကို အစောပိုင်းကတည်းက ကြိုတင်စီစဉ်ထားရမှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ သင်က အစည်းအဝေးကို ဦးဆောင်ကျင်းပပြီး အထူး စီမံချက်တစ်ခုအတွက် တစ်ယောက်ယောက်ကို ဝင်ရောက်ဆွေးနွေးဖို့ ဖိတ် ခေါ်တယ်ဆိုရင်... တုံ့ပြန်မှုရလဒ်အပေါ် သင်က ဘယ်လိုဆုံးဖြတ်နိုင်မလဲ ဆိုတဲ့ အချက်ကိုပါ ကြိုတင်ထည့်သွင်း စဉ်းစားထားဖို့လိုပါတယ်။ အကယ်၍ အစည်းအဝေး တက်ရောက်လာတဲ့သူတွေဘက်က အမျိုးမျိုးသော ထင်မြင်ယူဆချက်တွေပေးခြင်းအပေါ် သင်က အာရုံစူးစိုက်မှုမရှိခဲ့ရင် သို့ မသိကျိုးကျွန်စွာနဲ့ ဥပေက္ခာပြုထားခဲ့မယ်ဆိုရင် သင်က တက်ရောက်ဆွေး နွေးလာသူ အားလုံးအပေါ် စိတ်အနှောင့်အယှက်ပေးလိုက်တဲ့ ပုံစံဖြစ်သွား တတ်ပါတယ်။

အစည်းအဝေးတိုင်းရဲ့ မှန်ကန်သင့်မြတ်တဲ့ ရည်ရွယ်ချက်တွေအရ တက်ရောက်လာသူ အားလုံးနဲ့ ဦးဆောင်ကျင်းပပေးသူတို့အကြားမှာ အပြန် အလှန် လေးစားယုံကြည်မှု... တစ်ဦးရဲ့ ဆွေးနွေးချက်တွေအပေါ် ကျန် တစ်ဦးက လိုအပ်သလို ဖြည့်စွက်ပြောဆိုမှုတွေ ရှိထားဖို့လိုပါတယ်။

အထက်ပါ အရေးပါတဲ့အချက်တွေကို အမှားမရှိအောင် သတိပြု ပြင်ဆင်ထားနိုင်မယ်ဆိုရင်တော့ သင်ဟာ လိုအပ်တဲ့အင်္ဂါရပ်တွေနဲ့ ပြီးပြည့်စုံ တဲ့ အစည်းအဝေးတွေကို အခြေအနေအချိန်အခါနဲ့ လုပ်ငန်းဆိုင်ရာ လိုအပ် ချက်တွေအရ အပြစ်အနာအဆာကင်းမဲ့စွာ ကျင်းပသွားနိုင်မှာ ဖြစ်ပါတယ်။