Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - ထိပ်ဆုံးသို့အရောက်သွားမည်

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

“လုပ်သင့်တာထက် ပိုလုပ်မယ်ဆိုရင် ရသင့်တာထက် ပိုရမယ်ဆိုတာကိုကျွန်တော် အာမခံပါတယ်”

[၁]

မြို့လေးတစ်မြို့ရဲ့ စတိုးဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တဲ့လူငယ်လေး တစ်ယောက်ကို ကျွန်တော်သိခဲ့ဖူးတယ်။ စီးပွားရေးပျက်ကပ်ဖြစ်နေတဲ့ ဒီကာလတွေမှာ စတိုးဆိုင်တော်တော်များများက ကုန်ကျစရိတ်လျော့ကျအောင် ကုန်လက်ကျန်အနည်းငယ်ပဲ လက်ထဲမှာထားကြတယ်။ အဲဒီအခါ ဝယ်လိုအားနဲ့ကုန်လက်ကျန်တွေ မမျှဘူး မလောက်ဘူးဆိုတာ ထုံးစံပေါ့။ ဒါပေမဲ့လည်း အချင်းချင်း ကုန်လက်ကျန်ချေးငှားရင်း အသက်ဆက်ကြ တယ်။

ချာလီစကော့ဆိုတာ ကျွန်တော်သိတဲ့စတိုးဆိုင်က တောက်တိုမယ်ရ ပြာတာကောင်လေးပေါ့။ အကြိမ်ပေါင်းများစွာ ချာလီစကော့ပြေးလာပြီး ကျွန်တော်အိမ်ဘေးက စတိုးဆိုင်တံခါးကို အပြင်းခေါက်ကာ “မစ္စတာ အန်ဒရူး ခင်ဗျာ ကျွန်တော်တို့ကို ဟိုပစ္စည်းလေး ခဏချေးပါဦး။ ဆိုင်မှာ ကုန်သွား လို့” ဆိုတဲ့အသံကို ခဏခဏကြားခဲ့ရပါတယ်။ ဆိုင်ပိုင်ရှင်အဘိုးကြီး အန်ဒရူးကလည်း “အေး၊ စကော့ မင်းလိုတာ ယူသွားကွဲ”ဆိုတဲ့ သူ့ရဲ့ လက် သုံးစကားနဲ့ပဲ ပြောလေ့ရှိသတဲ့။ ချာလီစကော့ကတော့ အဖြေရရချင်း အပြေး အလွှားယူ၊ အပြေးအလွှားပြန်နဲ့ တက်ကြွနေတော့တာပါပဲ။

တစ်နေ့တော့ ကျွန်တော် အန်ဒရူးကို မေးကြည့်တယ် “ဘာလို့ အဲဒီ ချာလိဆိုတဲ့ကောင်လေး တက်ကြွနေရတယ်ပေါ့ ။ အဘိုးကြီးက ပြုံးပြီးပြန် ဖြေရဲ့ သူလခတိုးချင်လို့ပေါ့။ တိုးမှာလည်း သေချာပါတယ်လေ 'တဲ့၊ ကျွန် တော်က သေချာလို့လား မေးတော့”သူ့ဆိုင်ရှင် မတိုးပေးရင်တောင်၊ ကျွန် တော်ကတော့ တိုးပေးမှာပါ”တဲ့။

“မှန်ကန်တဲ့ သဘောထားတွေကို

ပြန်ရဖို့ထက် ထိန်းသိမ်းရတာ ပိုလွယ်တယ်”

[၂]

ကဲ .. ဘဝရဲ့ စိတ်နေစိတ်ထားငါးမျိုးကို ကြည့်ရအောင်။ ပထမဆုံးက တော့ မိမိကိုယ်ကို တန်ဖိုးထားခြင်းပါ။ သင့်ကိုယ်သင် ဘယ်လိုမြင်လဲ။ ဘယ်လို ခံစားရလဲဆိုတာပေါ့။ သင် ဘယ်ဟာကို တန်ဖိုးထားလဲ ဆိုတာဟာ သင့် ဘဝရဲ့ ရှုထောင့်၊ သင့်ရဲ့ အမြင်တွေအပေါ် လွှမ်းမိုးမှု ရှိလိမ့်မယ်။

ဒုတိယ စိတ်နေစိတ်ထားက အချစ်တဲ့။ သူတစ်ပါးအပေါ် သင် ဘယ်လိုသဘောထားလဲ။ ဘယ်လိုမြင်လဲဆိုတာပေါ့။ အချစ်(သို့)အချစ်စစ် တွေက သူတစ်ဦးတစ်ယောက်ရဲ့ ကောင်းကွက်ကိုပဲ အမြဲမြင်လေ့ရှိတယ်။

တတိယစိတ်နေစိတ်ထားကတော့ ယုံကြည်မှုပါ။ သင်ဘုရားသခင် (သို့) သင့်ကိုးကွယ်ရာအပေါ် ဘယ်လိုသဘောထားလဲပေါ့။ အဲဒီ သဘော ထားက သင့်မိသားစုနဲ့ နောက်လိုက်တွေအပေါ် သင့်ရဲ့ အပြုအမူတွေကို လွှမ်းမိုးထားလိမ့်မယ်။

စတုတ္ထစိတ်နေစိတ်ထားကတော့ မျှော်လင့်ခြင်းပါတဲ့။ သင့်ရဲ့ အနာ ဂတ်အပေါ် သင့်ရဲ့ အမြင်သဘောထားပေါ့။ အဲဖရက်အက်ဒလာဆိုတဲ့ စိတ် ပညာပါရဂူကတော့ ပြောခဲ့တယ်။ “မျှော်လင့်ခြင်းဟာ အပြောင်းအလဲတွေရဲ့ အခြေခံပါပဲ။ အဲဒါဟာ လူတွေကို ဦးတည်ချက် ရှိစေတယ်။ မျှော်လင့် တယ်ဆိုတာ တစ်ခုခုကောင်းတာ ဖြစ်လာမယ်လို့ ယုံကြည်ခြင်းပါပဲ။”

ပဉ္စမစိတ်နေစိတ်ထားကတော့ ခွင့်လွှတ်ခြင်းပါ။ အတိတ်နဲ့ ပတ် သက်လို့ပေါ့။ သူတစ်ပါးအမှားတွေအပေါ် ခွင့်လွှတ်နိုင်စွမ်းက သင့်အနာ ဂတ်အတွက် ကောင်းမွန်တဲ့ရလဒ်တွေ ဖန်တီးပေးပါတယ်။ သင့်အပေါ် အတိတ်မှာဆိုးခဲ့တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ဟာ သင့်ပစ္စပ္ပန်အတွက်ရော၊ သင့်အနာဂတ်အတွက်ပါ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကောင်းကျိုးတွေပေးနိုင် မှာပါ။ အကယ်၍ သင်သာ ခွင့်လွှတ်နိုင်ခဲ့ရင်ပေါ့ ။ ခွင့်လွှတ်တယ်ဆိုတာ ဟာ ဉာဏ်အရှိဆုံး ရွေးချယ်မှုပါပဲ။

အဲဒီအပေါ်က စိတ်ထားငါးခုကို ထိန်းသိမ်းထားပါ။ သင်ထိပ်ဆုံးကို သွားတဲ့လမ်းကြောင်းမှာ ကောင်းကောင်းအထောက်အကူ ပေးပါလိမ့်မယ်။

“ဉာဏ်ကြီးရှင်တွေက အထင်ကြီးခံရတယ် ချမ်းသာသူတွေက အားကျမနာလို ခံရတယ် အာဏာရှိသူတွေက ကြောက်ရွံ့ခံရတယ် ဒါပေမဲ့ ... ။ ကိုယ်ကျင့်တရားကောင်းသူတွေကိုသာ လူတွေက ယုံကြည်ကြတယ်”

အာသာ ဖရက်ဒ်မန်း

( ၃ )

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပေါ့ ။ ကျွန်တော် ကုန်သွယ်ရေးကျောင်း တစ်ခုမှာ ဟောပြောပွဲလုပ်နေတယ်။ တက်ရောက်လာသူ ရာကျော်ရှိတဲ့အထဲ မှာ ကျောင်းသားအားလုံးရဲ့ သုံးပုံတစ်ပုံပဲ ကျွန်တော် ပြောတာကို အာရုံ စိုက်နေကြတယ်။ ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ တခြား အာရုံရောက်ရင် ရောက်၊ မရောက်ရင် အိပ်ငိုက်နေကြတယ်။

အဲဒီဟောပြောပွဲမှာ ရုပ်သံလိုင်းတစ်ခုက ရိုက်ကူးရေးအဖွဲ့ တစ်ဖွဲ့ လည်း ရှိနေတော့ ကျွန်တော်က ကင်မရာပြောင်းတွေကို ကျွန်တော့်အစား ပရိသတ်ဘက် လှည့်ဖို့ ကျွန်တော့်နောက်ကို လာခိုင်းလိုက်တယ်။ အဲဒီအခါ ထူးဆန်းတာတစ်ခုက တက်ရောက်သူ ပရိသတ်တွေအားလုံးဟာ ခါးတွေ ဆန့် ဟောပြောပွဲကို အာရုံစိုက်လာတယ်ဆိုတာကို တွေ့ရတာပါပဲ။ ၁၀၀% အပြည့်ပေါ့။ ဘာလို့ဆို ရိုက်ကူးရေးမီးမောင်းက သူတို့အပေါ်မှာကိုး။

အဲဒီလိုပါပဲ။ ဘဝရဲ့ ရိုက်ကူးရေး မီးမောင်းတွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရား၊ သိက္ခာတရားနဲ့ ရိုးသားတာဝန်ကျေမှုတွေအပေါ် အမြဲ စောင့်ကြည့်လျက် ရှိတယ်ဆိုတာ သတိရပါ။ သတိမမူမိဘဲ အဖမ်းမခံရပါ စေနဲ့။ ကျွန်တော်တို့ဟာ ဘဝမှာ ရှေ့တည့်တည့်မှာ ကင်မရာရှိနေတယ်လို့ သတ်မှတ်ပြီး နေထိုင်မယ်ဆိုရင် အစဉ်တိုင်း ရိုးသားစွာ နေထိုင်မိမှာပါ။ အဲဒီအခါ ဒီနေ့ မရိုးမသားအပြုအမူတွေအတွက် မနက်ဖြန်မှာ တောင်းပန် စရာ ဖြေရှင်းစရာတွေ မလိုတော့ဘူးပေါ့ ဗျာ။

“ကျရှုံးမှုတွေ မအောင်မြင်မှုတွေဟာသင့်ဆရာတွေသာ ဖြစ်ပါစေ။ သင့်ကို မြေမြှုပ်ပစ်မယ့်သူတွေမဖြစ်ပါစေနဲ့”

 

[]

ဘဝမှာ ပေါ်ပေါက်လာတတ်တဲ့တချို့ လွဲချော်မှုတွေ၊ အမှားတွေ၊ အရှုံးတွေက ကျွန်တော်တို့အတွက် ကြီးမားတဲ့၊ ကမ္ဘာပျက် လောက်တဲ့အမှား တွေ မဟုတ်ပါဘူး။ အချိန် အခိုက်အတန့်လောက်သာ ကျွန်တော်တို့ လှုပ်ရှားမှုကို ထိခိုက်တာပါ။ တစ်ခါတစ်ရံ ကျွန်တော်တို့က အဲဒီအမှား သေးသေးလေးတွေကို လိုအပ်တာထက် ပိုပြီးအချိန်ပေး ခံစားကြေ ကွဲနေ တတ်ကြတယ်။ အဲဒီအခါ အရှုံးသေးသေးလေးတွေကို ဘယ်လို ရင်ဆိုင်ကြ မလဲ။

အဆင့်တစ် - သင်ဟာ ကျရှုံးသွားတယ်ဆိုတာကို လက်ခံလိုက်ပါ။

အဆင့်နှစ် - အကောင်းမြင်စိတ်နဲ့ အဲဒီအရှုံးဟာ ကြာကြာမခံဘူးဆိုတာကို တွေးပါ။ တစ်ဆက်တည်း အဲဒီ အမှားကို ကျော်လွှားဖို့ သင့်ကိုယ်သင် ဆုံးဖြတ်ပါ။အားတင်းလိုက်ပြီး ရှေ့ဆက်ပါ။

အဲဒီနှစ်ချက်ဟာ ဘာကိုဖော်ပြသလဲဆိုရင် သင်ဟာ ပထမအဆင့်မှာ သင့်ရဲ့ ကျရှုံးမှုအတွက် အသိအမှတ်ပြုပြီး ဒုတိယအဆင့်မှာ အဲဒီအရှုံးအတွက် တာဝန်ယူလိုက်ပါတယ်။ အဲဒီ တာဝန်ယူမှုဟာ ဘယ်လောက်အကျိုးသက် ရောက်မှုရှိလဲဆိုရင် သင့်အမှားသေးသေးလေးတွေဟာ သင့်အတွက် အောင် မြင်မှုကြီးကြီးတွေဖြစ်လာဖို့အတွက် တွန်းအားတွေ ဖြစ်သွားပါလိမ့်မယ်။

“သင် ဘယ်ကစခဲ့သလဲဆိုတာ သင် ဘယ်နေရာမှာ ပြီးဆုံးသွားတယ် ဆိုတာလောက် အရေးမကြီးပါဘူး”

[]

အကယ်၍ သင်ဟာသင့်ကိုယ်သင်တောင် သနားမိတဲ့ အခြေအနေ တစ်ခုကို ရောက်ခဲ့ပြီး ကျွန်တော့်ကို “ဇစ်(ခ်)၊ မင်း ငါ့အတိတ်ကို နားမလည် နိုင်ပါဘူးလို့ ပြောခဲ့မယ်ဆိုရင် ကျွန်တော်မှာ အကြံကောင်းတစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဘာကြောင့် သင် မအောင်မြင်ရသလဲဆိုတာ ရှင်းပြ မယ့်အစား၊ အခြားလူတွေ ဘယ်လိုအောင်မြင်ခဲ့လဲဆိုတာကို ပြောပြဖို့ပါ။

ဖရန့်ကလင်ဒီရုစဗဲ့လ်၊ ဆာဝင်စတန်ချာချီ၊ ကလာရာ ဘာတန်၊ ဟယ် လင်းလား၊ မဟတ္တမ ဂန္ဒီ၊ မာသာ ထရီဇာ၊ မာတင်လူသကင်း ဂျူနီ ယာတို့လို့ ကမ္ဘာ့ခေါင်းဆောင် ၃ဝဝ ကို သုတေသနလုပ်ခဲ့တဲ့ စစ်တမ်း တစ်ခုက ဘာပြောလဲဆိုရင် အဲဒီခေါင်းဆောင်တွေထဲက ၂၅%က ခန္ဓာကိုယ် သန်စွမ်းမှု၊ ချို့ယွင်းနေကြပြီး၊ နောက်ထပ် ၅ဝ%က အနိုင်ကျင့်ခံရမှုတွေ၊ ဆင်းရဲတဲ့ ပတ်ဝန်းကျင်ရှိတဲ့ ကလေးဘဝကို ပိုင်ဆိုင်ခဲ့ရတာပါတဲ့။

အဲဒီခေါင်းဆောင်တွေဟာ ဘဝကို လက်လျော့ရမယ့်အစား ကြိုးစား ရင်ဆိုင်ခဲ့ကြတယ်။ အဲဒီတော့ အမြဲတမ်းသိထားပါ။ ဘဝမှာ သင့်ကို ပြောင်း လဲစေမှာက သင့်အပေါ်သက်ရောက်နေတဲ့အခြေအနေတွေ မဟုတ်ပါဘူး။ အဲဒီ အခြေအနေတွေကို သင် ဘယ်လိုရင်ဆိုင်ကိုင်တွယ်ပြီး ရှေ့ဆက်သွား မလဲ ဆိုတာပါ။

“ကိစ္စတစ်ခုက ဖြစ်ကို ဖြစ်ရမယ်ဆိုရင်သင့်အပေါ်မှာ မူတည်ပါတယ်ဆိုတဲ့ စကားဟာ အကြွင်းမရှိ မှန်ပါတယ်

အဖြေကတော့ ၊ အခုချက်ချင်း စလုပ်ဖို့ပါပဲ”

( ၆ ]

လူတော်တော်များများက သူတို့ရဲ့ ပါရမီခံတွေကို အသုံးမချ၊ မမြှင့်တင် ကြတာ ငြင်းကွယ်နေကြလို့ပါပဲ။ ပါရမီတစ်ခုကို ငြင်းကွယ်ထားရင် သက် သာတယ်ဆိုတာ လူတွေကသိကြတယ်။ အဲဒီအခါ ငြင်းကွယ်ရင်း ငြင်း ကွယ်ရင်းနဲ့ပဲ သူတို့ ရဲ့ ပါရမီကို ဂရုမပြုမိတော့ပဲ နောက်ဆုံးပျောက်ကွယ် သွားတာပါတယ်။

လူတွေသူတို့ရဲ့ ပါရမီတွေကို မသုံးဖြစ်တဲ့ ဒုတိယတစ်ချက်ကတော့ အချိန်ဆွဲတာပါ။ တချို့က သူတို့ရဲ့ ပါရမီကိုဘယ်တော့မှမရှိတဲ့ အနာဂတ်မှာ ဘယ်တော့မှမရှိတဲ့ အရာတွေအတွက် သုံးဖို့ ဆုံးဖြတ်ထားကြတယ်။ မနက်ဖြန်ဆိုတာ သင့်အတွက် မသေချာပါဘူး။

တတိယအချက်ဖြစ်တဲ့ အကြောက်တရားကလည်း ကျွန်တော်တို့ရဲ့ ပါရမီ၊ အရည်အချင်းတွေကို မသုံးဖြစ်တဲ့အချက်တစ်ခုပါပဲ။ လူတစ်ချို့က ရှုံးနိမ့်ခြင်းဆိုတာ အဖြစ်အပျက်တစ်ခုသာဆိုတာကို နားမလည်ကြဘူး။ သူတို့ အပေါ် အကျိုးသက်ရောက်မှု မရှိတဲ့အရှုံးတွေအတွက် ကျွန်တော်တို့ အများ စုက ဘာမှထူးထူးထွေထွေ မစွန့်စားလိုကြဘူး။

လူတွေ သူတို့ရဲ့ ပါရမီကို အသုံးမချဖြစ်တဲ့စတုတ္တအချက်ကတော့ တာဝန်မဲ့မှုပါပဲ။ သူတို့ဟာ အရှုံးတွေအတွက် သူတစ်ပါးကိုအပြစ်ဖို့ရလေ လွှဲချရတာကို သာယာကြတယ်။

ဝမ်းနည်းစရာအကောင်းဆုံးစကားစုက ဘာတွေဖြစ်လာမှာပါလိမ့်ဆို တဲ့ စိုးရိမ်ကြောင့်ကြမှုပါ။ ဗစ်ကီဟစ်ဇက်(စ်)က အကောင်းဆုံးအဖြေကို ပေးခဲ့တယ်။ လုပ်ခဲ့ရင်အကောင်းသားနဲ့ လုပ်လိုက်မိလို့ တော်သေးတယ်” ဆိုတာ သင့်ရွေးချယ်မှုပါတဲ့။