Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - တစ်မိနစ်မန်နေဂျာနှင့်ခေါင်းဆောင်မှု

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

သူ မန်နေဂျာတွေ တော်တော်များများနဲ့ စကားပြောခဲ့တယ်။ စစ် ဗိုလ်တွေ၊ အစိုးရအရာရှိတွေ၊ ဆောက်လုပ်ရေး အလုပ်ခေါင်းတွေ၊ တက္ကသိုလ် ကျောင်းအုပ်တွေ၊ ရုံးလုပ်ငန်းက အရာရှိတွေ၊ ဖောင်ဒေးရှင်း ဒါရိုက်တာတွေ၊ ဘဏ်မန်နေဂျာတွေ ၊ စားသောက်ဆိုင်၊ ဘား၊ ဟိုတယ် မန်နေဂျာအစုံပါပဲ။ ကြီးငယ် မဟူ ယောက်ျား မိန်းမပေါင်းစုံ စကားပြော ခဲ့တယ်။

ရုံးခန်းပေါင်းစုံလည်း သူ ဝင်ထွက်ခဲ့တယ်။ သေးသေးငယ်ငယ်၊ ကြီးကြီး ကျယ်ကျယ်၊ ဇိမ်ခံ၊ ရှုပ်ပွ အစုံပါပဲ။ လူတွေက လူတွေကို ဘယ်လိုအုပ်ချုပ်သလဲဆိုတာကို သူ ရှာဖွေခဲ့တယ်။

“ဒါပေမဲ့ သူ မြင်ခဲ့သမျှ သူ တစ်ခုမှ မကျေနပ်ခဲ့၊မကြိုက်ခဲ့ဘူး”

သိပ်တင်းကျပ်တဲ့ မန်နေဂျာတွေနဲ့လည်း သူ တွေ့ခဲ့တယ်။ ကိုယ့်ကိုယ့်ကိုယ် အတော်ဆုံးလို့ထင်တဲ့ မန်နေဂျာတွေလည်း ပါတယ်။ များသောအားဖြင့်တော့ သူတို့ကိုယ် သူတို့ ကောင်းလှပြီထင် ကြတာပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ လက်ထောက်ဝန်ထမ်းတွေ အမြင်ကတော့ တခြားစီပေါ့။

အဲဒီလို အပေါ်က မန်နေဂျာမျိုးတွေရဲ့ ရုံးခန်းထဲကို ဝင်ပြီး “သင်က ဘယ်လို မန်နေဂျာမျိုးလို့ သင့်ကိုယ်သင် ထင်လဲ” ဆိုတဲ့ မေးခွန်းကို မေးတဲ့အခါ ...

သူတို့ရဲ့ အဖြေက ထူးမခြားနားပါပဲ။

ကျွန်တော်က “ဦးဆောင်သူ၊ ထိပ်ဆုံးမှာပဲ နေရတယ်လေ” ကျွန်တော်က အရှုံးမခံတဲ့သူ၊ ကျွန်တော်က လက်တွေ့ ကျတဲ့ သူ၊ ကျွန်တော်က ခေါင်းမာတဲ့သူ စတဲ့အဖြေတွေပါပဲ။

သူတို့ရဲ့ ဂုဏ်မောက်တဲ့လေသံနဲ့ ရလဒ်အပေါ်ပဲ အာရုံစိုက် မှုတွေကို သူ မြင်နေရတယ်။

အလုပ်သမားတွေအပေါ် သဘောကောင်းတဲ့ မန်နေဂျာမျိုး တွေနဲ့လည်း တွေ့ခဲ့ရတယ်။ လုပ်ငန်းမြတ်မြတ် ရှုံးရှုံး၊ ဝန်ထမ်းကိုသာ အာရုံစိုက်တဲ့ လူတွေပေါ့။

သူတို့ထဲက အချို့ကလည်း သူတို့ကိုယ်သူတို့ အုပ်ချုပ်သူကောင်းလို့ ထင်ကြတာပါပဲ။ ဒါပေမဲ့ သူတို့ အထက်က လူတွေရဲ့ ထင်မြင်ချက်ကတော့ ဆန့်ကျင်ဘက်ပါ။

သူတို့ကိုလည်း လူငယ်လေးက “ဘယ်လိုမန်နေဂျာမျိုးလို့ ထင်လဲ” မေးတဲ့အခါ ကြားရတာက ကျွန်တော်က ဒီမိုကရက်၊ ကျွန်တော်က ပူးပေါင်းပါဝင်သူ၊ ကျွန်တော်ကတော့ ပံ့ပိုးသူ၊ ကျွန်တော်က သိပ် လူသားဆန်သူ စတဲ့ အဖြေတွေ ကြား ရတယ်။

သူတို့ရဲ့ လေသံတွေထဲမှာလည်း မာနနဲ့ လူတွေအပေါ်ပဲ အာရုံ စိုက်တဲ့ စိတ်ဓာတ်ကို မြင်ခဲ့ရတယ်။

သူတို့ကိုလည်း လူငယ်လေး မကြိုက်ပြန်ပါဘူး။ထင်ထားတဲ့အတိုင်းပါပဲ။ ကမ္ဘာပေါ်က မန်နေဂျာအတော် များများက ရလဒ်ကို စိတ်ဝင်စားရင် စား၊ မစားရင် လူတွေ အတွက်ပဲ အာရုံစိုက်ကြတယ်။

ရလဒ်ကို အာရုံစိုက်တဲ့ မန်နေဂျာတွေကို အာဏာရှင်ဆန် တယ်။ တင်းကျပ်တယ်၊ ဘုတ်အုပ်ကြီး စသည်ဖြင့် သမုတ် ကြတယ်။ သူ့လူတွေအပေါ် ပျော့ပျောင်းတဲ့ မန်နေဂျာကျတော့ ဒီမိုကရက်တစ်ဖြစ်တယ်လို့ ရည်ညွှန်းကြပြန်ရော။

တစ်ယောက်မှ သူ့စိတ်ကြိုက်မတွေ့ခဲ့ပါ။

သူ စိတ်ပျက်လက်ပျက်နဲ့ အိမ်ကို ပြန်လာခဲ့တယ်။ ကမ္ဘာအနှံ့ ရောက်ခဲ့တဲ့ မန်နေဂျာရှာခရီးစဉ် လက်လျှော့ရမလိုတောင် ဖြစ်လာတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက သူတွေ့ချင် တဲ့ မန်နေဂျာပုံစံကို သူ တိတိကျကျ သိတာပါပဲ။

တကယ်တော့ အဲဒီမန်နေဂျာ အမျိုးအစားနှစ်မျိုးလုံးဟာ အတိုင်းအတာတစ်ခုအထိပဲ ထိရောက်မှုရှိတာပါ။လူငယ် လေးကတော့ သူတို့ကို တစ်ဝက်တစ်ပျက် မန်နေဂျာတွေလို့ပဲ ယူဆပါတယ်။ ထိရောက်မှုရှိတဲ့ မန်နေဂျာဆိုတာ လုပ်ငန်းကိုရော၊ လက်အောက်ငယ်သားတွေကိုပါ အကျိုးရှိအောင် အုပ်ချုပ်နိုင်မှ ဖြစ်မယ်လို့ သူကတော့ ယူဆနေပါတယ်။

လူငယ်လေးဟာ နေရာစုံအနှံ့မှာ မန်နေဂျာရှာပုံတော် ဖွင့်ခဲ့ တယ်။ ဒါပေမဲ့ သူတွေ့ခဲ့တဲ့ ထိရောက်တဲ့ မန်နေဂျာမျိုးဟာ တကယ့်ကို နည်းပါတယ်။ ပြီးတော့ သူတို့အားလုံးကလည်း လျှို့ဝှက်ချက်ကို ပြောမပြချင်ကြဘူး။

မန်နေဂျာကောင်းတစ်ယောက်ဖြစ်နိုင်ဖို့ နည်းလမ်းကို သူ ဘယ်တော့မှ ရှာမတွေ့နိုင်တော့ဘူးလို့ တွေးထင်စပြုလာပါ တယ်။

သိပ်မကြာခင်မှာပဲ သူတို့မြို့နဲ့ အနီးအနားမြို့က မန်နေဂျာ တစ်ယောက်ရဲ့ အကြောင်းတွေ၊ လုပ်ရည်ကိုင်ရည် ကောင်းမွန် ထိရောက်တဲ့ အကြောင်းတွေကို သူ ကြားသိရတယ်။ လူတွေ ကလည်း အဲဒီမန်နေဂျာအတွက်ဆို အလုပ်လုပ်ပေးချင်ကြပြီး အတူတကွ အောင်မြင်မှုတွေ ရယူကြတဲ့အကြောင်းလည်း ကြားရပြန်တယ်။ ဒီသတင်းစကားသာ မှန်တယ်ဆိုရင် သူ့ကို လျှို့ဝှက်ချက်ပြောပြမယ့် မန်နေဂျာတစ်ယောက်တော့ပေါ်ပြီ ဆိုတာ သူ သိလိုက်တယ်။

ချက်ချင်းပဲ အဲဒီထူးဆန်းတဲ့ မန်နေဂျာဆီကို ဖုန်းဆက်ပြီး တွေ့ခွင့်တောင်းတော့ သူ့အတွင်းရေးမှူးက ဖုန်းလွှဲပေးပြီး တိုက်ရိုက်ပြောစေတယ်။ ဗုဒ္ဓဟူးနေ့မနက်ကလွဲပြီး ဒီတစ် ပတ်ထဲ ကျန်တဲ့အချိန် အဆင်ပြေပါတယ်။ မင်းကြိုက်တဲ့ အချိန်ရွေးပါ လို့ ပြောတော့ လူငယ်လေးက ခဏတိတ်သွားပြီး ဘယ်လို မန်နေဂျာပါလိမ့်လို့ တွေးလိုက်တယ်။ ဒါပေမဲ့ သူ ပျော်သွားပါ တယ်။

အဲဒီမန်နေဂျာကို သူ သွားတွေ့ခဲ့တယ်