Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - တစ်ပတ်အတွင်းCover Letter ကောင်းတစ်စောင်ရေးနည်း

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

Halo Effect (ဟေလိုသက်ရောက်မှု)

တကယ်တော့ ပြောလိုသက်ရောက်မှုဆိုတာ လူတစ်ယောက်အ ပေါ် ကျွန်တော်တို့ရဲ့ အမြင်နဲ့ ခံစားချက်ပါ။ ဟေလိုသက်ရောက်မှု ခံစားရတဲ့ လူတစ်ယောက်ဟာ နောက်ထပ်တစ်ယောက်နဲ့ တွေ့ တွေ့ ချင်းမှာ အကောင်းတွေနဲ့စခဲ့မယ်ဆိုရင် နောင်အဲဒီ လူ ဘယ်လိုအား နည်းချက်ပဲရှိရှိ အပြစ်မမြင်တော့တာပါ။ အင်တာဗျူးတဲ့ လူတွေဟာ ဟေလိုသက်ရောက်မှု မခံရဖို့ အမြဲသင်ကြားခြင်းခံရပါတယ်။ ဘာလို့ ဆို လူမှန် နေရာမှန် မရမှာစိုးလို့ပါ။

Reverse Halo Effect (ပြောင်းပြန် ဟေလိုသက်ရောက်မှု)

အခြားတစ်ဖက်မှာတော့ ပြောင်းပြန်ပြောလို သက်ရောက်မှုဆို တာ လူတစ်ယောက် တွေ့တွေ့ချင်းမှာ အလွဲအချော်တစ်ခုဖြစ်ပြီး မကောင်းမြင်သွားပြီဆိုတာနဲ့ တစ်လျှောက်လုံး အကောင်းကို မမြင် နိုင်တော့တာပါ။

တွေ့တွေ့ချင်း တဒင်္ဂရဲ့ တွယ်ငြိမှု ၊

အဲဒီတော့ ပြောလိုသက်ရောက်မှုက ကျွန်တော်တို့ကို ဘာတွေ သင်ပေးခဲ့သလဲဆိုတော့ ...

- တွေ့တွေ့ချင်း၊ မြင်မြင်ချင်း ပထမဆုံးအမြင်တစ်ခုရဲ့ အရေးကြီးပုံ

- တွေ့တွေ့ချင်း၊ မြင်မြင်ချင်း ပထမဆုံး အမြင်တစ်ခုရဲ့ တွယ် ငြိမှု

-တွေ့တွေ့ချင်း၊ မြင်ခြင်ချင်း မှာ အဆင်ပြေသွားပြီဆိုတာနဲ့

နောင်အလားအလာ အခြေအနေ အများကြီး ကောင်းပုံ စတာ တွေကို ပြောပြခဲ့ပါတယ်။

Cover Letter နဲ့ အလုပ်ရှင်တွေရဲ့ သင့်အပေါ် ပထမဆုံး ထင်မြင်ချက်

Cover Letter ဟာ တကယ့်ကို ထင်ရှားတဲ့ အခန်းကမှာ ရှိနေပါတယ်။ သူတို့ဟာ အလုပ်ရှင်တွေ ပထမဆုံးဖတ်တဲ့အရာ ဖြစ် လေတော့ အဲဒီ Cover Letter ကောင်း မကောင်းကို သူတို့မြင်တဲ့ အမြင်ဟာ နောက်ဘာဖြစ်မလဲဆိုတာကို ဆုံးဖြတ်ဖို့ အကြောင်းပြချက် တစ်ခုပါ။ ဥပမာအားဖြင့် ဖျက်ရာ ဗရပွ၊ စာလုံးပေါင်းအမှားတွေနဲ့ ရောက်လာတဲ့ Cover Letter တစ်ခုနဲ့ တွဲလျက်ပါလာတဲ့ CV ဟာ အမှိုက်ပုံးထဲ တန်းရောက်သွားမှာပါ။ သင့် CV မှာ ဘယ်လောက်ပဲ ထင်ရှားတဲ့အချက်တွေပါပါ Cover Letter က သင့် CVကို မြောင်း ထဲရောက်သွားစေနိုင်ပါတယ်။ Cover Letter ကောင်းရင်တော့ သင့် CV လေးကို ဖတ်ကြည့်မယ်။ CV မှာ Ok ရင်တော့ သင့်ကို အင်တာ ဗျူးခေါ်မယ်စတဲ့ အလုပ်ရဖို့လမ်းကြောင်းပေါ်က အဆင့်တွေကို တက် လှမ်းနိုင်မှာပါ။ အလုပ်ခေါ်/ခန့် ဌာနတွေမှာ လုပ်တဲ့လူတိုင်းက သင့်ကို Cover Letterဘယ်လောက်အရေးကြီးတဲ့အကြောင်း၊ သူတို့ CV တွေကို အကုန်မဖတ်တဲ့အကြောင်း ပြောမှာပါ။ ပြီးတော့ သူတို့ အတွေ့အကြုံတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ တစ်ခါတစ်ရံ CV နဲ့ Cover Letter ရဲ့ အရည်အသွေးက ကွာလွန်းတော့ တစ်ယောက်တည်းက ရေးထားတာ ဟုတ်ရဲ့လားလို့တောင် သံသယ ဖြစ် စရာလို့ ထင်ရတာပါတဲ့။

အဓိကအချက်

သင့် CV ကို အကောင်းဆုံးဖြစ်စေဖို့ နာရီပေါင်းများစွာ အကုန်ကျခံပြီး ပြင်ဆင်တာဟာ Cover Letter တစ်စောင် မပါဘဲနဲ့တော့ အသုံးမဝင်ပါဘူး။ ပြိုင်တူကောင်းမွန်သော V နဲ့ Cover Letter နှစ်ခုလုံးကို တူညီတဲ့အချိန်၊ တူညီတဲ့ လုံ့လနဲ့ ပြင်ဆင်ရမှာပါ။ အဲဒီနှစ်ခုဟာ အတူတကွ သင့်ကိုလမ်းမှန်ပေါ်ခေါ်ဆောင်သွားကြမှာပါ။ တစ်ခုတည်းနဲ့တော့ - အလုပ်မဖြစ်ပါဘူး။

အခွင့်အလမ်းကို ရနိုင်သမျှ ယူပါ ။

Cover Letter ကို မလိုပါဘူးကွာဆိုတဲ့ လူတွေ အများကြီး ရှိပါတယ်။ အချို့ အလုပ်လျှောက်လွှာတွေကို သူတို့ ကိုယ်တိုင် ပြု လုပ်ထားတဲ့ စလစ်လေးတွေနဲ့ ဖြစ်စေ၊ လိပ်စာကတ်တွေနဲ့ဖြစ်စေ သူတို့ကို သူတို့ မိတ်ဆက်ဖို့ အသုံးပြုလေ့ရှိတယ်။ အချို့ကတော့ အဖြစ်သဘောပဲ တစ်ကြောင်း၊ နှစ်ကြောင်း၊ ဥပမာ- "I wish to apply for the position () A Copy of my CV is enclosed. Yours sincerely" စသည်ဖြင့် အဖြစ်ပဲ အလွယ်တကူ ရေးပေးလိုက်လေ့ရှိပါတယ်။ အဲဒီလို လျှောက်လွှာတွေရဲ့ အကျိုးသက်ရောက်မှုက အဲဒါတွေကို ဘယ်သူဖတ်သလဲဆိုတာပေါ် မူတည်ပါတယ်။ အချို့ အလုပ်ရှင်တွေက အဲဒီလို ရေးပေးလိုက်တဲ့ လူတွေကို အထင်သေးလေ့ရှိကြတယ်။ အဲဒါဟာ သင့်အပေါ် ဆိုးရွားတဲ့ ပထမဆုံး မှတ် ချက်တစ်ခုပါ။ ဒါပေမဲ့ အဲဒီထက်ပိုပြီး အရေးကြီးတာတစ်ခု ရှိပါသေး တယ်။ တကယ်တော့ Cover Letter ဆိုတာ စစချင်း အထင်ကြီးမှု ကို ရယူရမယ့် အရာပါ။ အဲဒီ အခွင့်အရေးကြီးကို လက်လွှတ်လိုက်ရတာဟာ သိပ်ကို စိတ်မကောင်းဖြစ်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် လူပေါင်း ထောင်ချီလျှောက်ထားတဲ့၊ သိပ်ကို ပြိုင်ဆိုင်မှုများပြားတဲ့ အလုပ်နေရာအတွက် သင့်လျှောက်လွှာကို တွေ့တွေ့ချင်းခဏမှာ အထင်ကြီးလေးစားတဲ့ မှတ်ချက်တစ်ခုကို ရယူဖို့ လိုပါတယ်။ အဲဒီ လို လုပ်ဖို့အတွက် Cover Letterထက် ကောင်းတာ ဘာရှိဦးမှာလဲ။

CV ရဲ့ အစိတ်အပိုင်းတစ်ခု

သင့်ရဲ့ Cover Letterကို သင့် CV ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် မြင်နိုင်ဖို့ဟာ သိပ်ကို အရေးကြီးပါတယ်။ သင် နှစ်သက်တတ် မယ်ဆိုရင် Cover Letter ကို CV ရဲ့ ပထမဆုံးစာမျက်နှာအဖြစ် ခေါ်ဆိုနိုင်ပါတယ်။ နောက်မှာလည်း တွေ့မှာပါ။ Cover Letter ဟာ CVထဲက အဓိကအချက်တွေ၊ အထူးသဖြင့် သင် လျှောက်ထား တဲ့ အလုပ်နဲ့ ဆက်စပ်တဲ့ အဲဒီအချက်တွေကို ဆွဲထုတ်ဖော်ပြပေးပါ တယ်။ သတင်းစာတစ်စောင်ရဲ့ မျက်နှာဖုံးလိုပါပဲ။ သင့်ကို ဆွဲဆောင် နိုင်မယ့် ခေါင်းစဉ်တွေကို အဲဒီမှာ တွေ့ပါမယ်။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ အသေးစိတ်အရာတွေကတော့ အထဲမှာပေါ့။ ။

အဓိကအချက်

သင့်ရဲ့ အလုပ်ရရှိရေးလုပ်ငန်းစဉ်မှာ ထူးရှယ် Cover Letter တစ်စောင်နဲ့ ပြည့်စုံကောင်းမွန်တဲ့ တစ်ခုကို အနိုင်ရမယ့် အဖွဲ့ တစ်ခုလို မြင်ပါ။

သင့်အတွက် Cover Letter က ဘယ်လိုအလုပ်လုပ်ပေးသလဲ

ရှေ့မှာ Cover Letterက သင့်အပေါ် ကောင်းမွန်တဲ့ ဦးဆုံး မှတ်ချက်တစ်ခုရဖို့ အရေးပါတဲ့ အကြောင်း ခဏခဏ ပြောခဲ့ပြီးပါပြီ။ အဲဒီမှာ ပထမဦးဆုံး သင်ရတဲ့ ဦးဆုံးမှတ်ချက်ကောင်းတစ်ခုကို သင် ရပြီးပြီဆိုတာနဲ့ အဲဒီ ကောင်းမွန်တဲ့ အမြင်တစ်ခုဟာ သင်နဲ့အတူ အမြဲရှိနေပြီး သင့်အတွက်လည်း အလုပ်ရဖို့ ကူညီပေးမှာပါ။ နောက် တစ်ခုသိထားရမှာက အလုပ်လျှောက်ထားတဲ့ ဖြစ်စဉ်တစ်ခုဟာ ဆက်လက်ဆောင်ရွက်လေ လူများများနဲ့ တွေ့လာရလေဆိုတာပါပဲ။ ဥပမာ သင်ဟာ ရွေးချယ်ခေါ်ယူမယ့် ပဏာမလူစာရင်းထဲ ပါလာခဲ့ ရင် သင် ပထမဆုံးတွေ့တဲ့ HR မန်နေဂျာဟာ သင့်ရဲ့ စာရွက်စာတမ်း တွေကို နောက်တစ်ဆင့် အင်တာဗျူးမယ့် မန်နေဂျာ(တကယ် အလုပ်ရ သွားခဲ့ရင် သင့်အထက်အရာရှိဖြစ်မယ့်သူ)ဆီ လွှဲပေးလိုက်မှာပါ။ အဲဒီနောက်တစ်ယောက်ကလည်း သင့် Cover Letter ကိုပဲ စဖတ်မှာ ပါ။ ခုမှ ထပ်တွေ့ရတဲ့ မျက်လုံးအသစ်တစ်စုံဆီကလည်း တွေ့တွေ့ ချင်း မှတ်ချက်ကောင်းတစ်ခုထပ်ရဖို့ကို သင့် Cover Letter က ဆက်လက်ကူညီပေးသွားမှာပါ။

ဆိုးရွားတဲ့ အင်္ဂလိပ်စာအရေးအသား

အားလုံးသိတဲ့အတိုင်း Cover Letter တွေကို ရေးသားရမယ့် အဓိကဘာသာစကားကတော့ အင်္ဂလိပ်စာပါ။ စာလုံးပေါင်းအမှားတွေ၊ သဒ္ဒါ အမှားတွေ၊ ဆိုးရွားတဲ့ အရေးအသားပုံစံတွေနဲ့ Cover Letter တွေဟာ အလုပ်ရှင်တွေနဲ့ အစေးမကပ်လှပါဘူး။ အဲဒီတော့ ခုအချိန်ဟာ အင်္ဂလိပ်စာအရေးအသားအတွက် လုံလောက်တဲ့ ပြင်ဆင်ချိန်နဲ့ ကြိုးစားအားထုတ်မှုမရှိတဲ့ အလုပ်လျှောက်ထားသူတွေအတွက် သူတို့ရဲ့ ဆိုးရွားတဲ့အင်္ဂလိပ်လို Cover Letter အရေးအသားဟာ သူတို့ရဲ့ အလုပ်လျှောက်ထားမှုကို ဘယ်လောက်ဆိုးရွားစွာ ထိခိုက်နိုင် လဲဆိုတာကို ပြောပြဖို့ အချိန်ပါ။

အဲဒါတွေကို ပြောပြပြီးရင်တော့ Cover Letter ရေးတဲ့အခါ အင်္ဂလိပ်စာအရေးအသားကို ဂရုစိုက်ဖို့ ဖြစ်သွားပါပြီ။ ကျွန်တော် တို့က ကိုယ့်ကိုယ်ကို အမှားသေးသေးလေးတွေ မှားတဲ့သူ၊ နမော်နမဲ့ နိုင်တဲ့သူတွေအဖြစ် မမြင်လိုကြပါဘူး။ အဲဒါကပဲ CV တွေ၊ Cover Letter တွေမှာ ဆိုးရွားတဲ့အမှားတွေ တွေ့ရတဲ့အချက်ပါ။ အဲဒီ နှစ်ချက်ကို ခေါင်းထဲထည့်ထားပြီး သေချာစစ်တဲ့လူတွေအတွက်တော့ အဲဒီအမှားတွေ မရှိတော့တဲ့အပြင် အလုပ်ရှင်အနေနဲ့လည်း တကယ် အလုပ်ခန့်လိုက်လို့ တာဝန်ပေးတဲ့အခါ သေးသေးလေးကအစ ဂရုစိုက် နိုင်တဲ့သူအဖြစ် စိတ်ချနိုင်မှာပါ။ နောက်ရက်တွေမှာ အရေးအသား နဲ့ ပတ်သက်လို့ ဆောင်ရန် ရှောင်ရန်တွေ သင်ပေးပါ့မယ်။ ဒီနေ့ကတော့ တကယ် ဘာမှ မရေးခင် သင် သိထားရမယ့်ခေါင်းထဲ ထည့် ထားရမယ့် အတွေးအခေါ်တွေကို ပြောပြပေးနေတာပါ။

စာလုံးပေါင်းစစ်ဆေးခြင်း၊ စာလုံးပေါင်း အမှားတွေ

ခုလို တိုးတက်လာတဲ့ခေတ်မှာတော့ စာလုံးပေါင်းအမှားတွေကို လူက လိုက်စစ်စရာမလိုတော့ပါဘူး။ အသုံးများတဲ့ Microsoft Word လို စာရိုက်ရာနေရာမျိုးတွေမှာ Spellcheckers လို့ခေါ်တဲ့ အလို အလျောက် စာလုံးပေါင်းစစ်ဆေးပေးတဲ့စနစ်တွေ ရှိလာပါပြီ။ အဲဒီ စာလုံးပေါင်းစစ်ဆေးတဲ့ အော်တိုစနစ်တွေ ပေါ်လာလို့ စာလုံးပေါင်း မမှားတော့ဘူးလားဆိုတော့ ပိုလို့တောင် ဆိုးလာပါတယ်။ အရင်က