အကြည်တော် - SexyPose
သူများတွေ တစ်ချိန်လုံး အင်တာနက်မှာ ချက်နေကြတော့ ကိုယ်လဲ လိုက်ချက်ချင်စိတ်ဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက်ပေါ်မှာ ချက်ကြရင်း ချစ်သူရည်းစားဖြစ်သူတွေ၊ ချိန်း တွေ့သူတွေ့နဲ့ အိုဗျာ ရှင်းရှင်းပြောရရင် အင်တာနက်ကောင်းမှုနဲ့ အိမ်ထောင်တွေကျ၊ မုဒိန်းမှုတွေတောင် ဖြစ်နေချိန်မှာ ကိုယ်က အင်တာနက်ကို တောက်တောက်တောက်တောက်မှ မခေါက်ဖူးရင် ဘယ် လိုလူရာဝင်တော့မှာလဲ ဟုတ်ဖူးလား။
အခြားနိုင်ငံမှာတော့ အင်တာနက်ဆိုတာ စီးပွားရေးလုပ်ဖို့ စာရင်းဇယားတွေတွက်ချက်ဖို့ တစ်နေရာနဲ့တစ်နေရာ ကုန်ပစ္စည်း မူကြမ်းတွေ တင်ပို့ဖို့ စသည် စသည် အသုံးပြုကြပေမယ့် ကျွန်တော် တို့ဆီမှာတော့ ချက်တင်ထိုင်ဖို့ ရည်းစားရှာဖို့လောက်ပဲ အသုံးပြုကြပါတယ်။ ဒီတော့ကာ မည်သို့ပင်ဖြစ်စေ။ အများနည်းတူ ချက်နေကြ လေတော့ ကျွန်တော့်လို လူ့ဆတ်ဆလူးက မချက်ချင်ဘဲ နေပါ့မလား။
ကိုယ့်ရှေ့မှာ ရွယ်တူတွေ လက်တွဲသွားပြီး ပြုံးပျော်ကာ “အင်တာနက်က တွေ့တာလေ”ဆိုတိုင်း ဝမ်းထဲက ကျလိကျလိဖြစ်မိရော။ သူတို့တောင် တွေ့သေးရင် “ငါကရော ဘာလို့မတွေ့ရမှာလဲ”ဆိုတဲ့စိတ်နဲ့ မနက် ခင်းမုန့်ဟင်းခါးတစ်ပွဲစာ ငွေလေးရာကို “ ဘာမှမစားမသောက်ဘဲ “အင်တာနက်ပေ့ ဆိုတာကြီး ဝင်ထိုင်တော့တာပေါ့။
သြော် ကိုယ့်မှာလဲ သူများအင်တာနက်လို့သာ လိုက်နက် ရတာ ဘယ်ကဘယ်လိုချက်ရမှန်းကို မသိဘူး။ကွန်ပျူတာရှေ့ ငူငူငိုင်ငိုင်ထိုင်ပြီး ဒီဇိုင်းပဲလုပ်ရမလို၊ စာပဲ ထရိုက်ရမလိုဖြစ်နေတာ။
ဒါနဲ့ပဲ မျက်နှာပြောင်တိုက်၊ ဘေးကလူမေးကြည့်တော့ “အကောင့်ဖွင့်ရမယ်လေ”တဲ့။
အကောင့်ကလဲ ဘယ်လိုဖွင့်ရမှန်း မသိလေတော့
“အကောင့်က ဘယ်လိုဖွင့်ရတာလဲ”
ဘေးနားက ကိုယ့်ထက်တောကျတဲ့ငတိက ကိုယ့်ကို တောသားဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ဘောက်ဘက်ဘောက်ဘက်ထကာ
“ဒီလိုဖွင့်ရတယ် ဟောဒီမှာကြည့်”
ဆိုပြီး တောက်တက်တောက်တက်နဲ့ ရိုက်သွားတာ ဖြောင့် လို့။ ပြီးမှ
“ခဏစောင့်”
“ဘယ်လောက်စောင့်ရမလဲ
“မနက်ဖြန်မှ ပြန်လာခဲ့”
သွားပြီ။ လေးရာ။ မစားရက်မသောက်ရက် စုထားတာ လေး။ အင်တာနက်တောင် မတောက်တက်ရသေး ဆုံးပြီ။ ဒီလိုနဲ့ တစ်ရက်စောင့်တာပေါ့။
နောက်နေ့မနက်လဲ မုန့်ဟင်းခါးတောင်မစားဘဲ ရေလေးပဲ ပုံမှန်သောက်ပြီး အင်တာနက်ဆိုင်ရောက်ခဲ့တယ်။မနေ့ကတောသား ကြိုရောက်ပြီး ပြုံးပြုံးကြီးကြူနေပြီ။ဒါနဲ့ ကိုယ်လဲ မနေ့က သူပြထားတဲ့အတိုင်း တောက်တက် တောက်တက်နဲ့ ဖွင့်လိုက်တော့ အင်တာနက်က ပွင့်လာရော။
ဒီလိုနဲ့ သူများဟိုင်းရင်ပြန်ဟိုင်း။
သူက “ဘာလုပ်နေလဲ”ဆို “လေ့ကျင့်နေတယ်ပေါ့။
“ဘာလုပ်ဖို့လဲ”ဆို"ဘာမှမလုပ်ဘူး”
“ဘယ်သူ့အတွက်လဲ”ဆို“ဘယ် သူ့အတွက်မှမဟုတ်ပါဘူး”လို့ဆို စသည်ဖြင့် ကိုင်တော့တာ။
ဒီနေရာမှာ တစ်ခုသတိထားမိတာက အင်တာနက်ပေါ့” ဓာတ်ပုံတင်ထားကြသူတွေဟာကိုရီးယားမင်းသား မင်းသမီးပုံတွေ ဒါမှမဟုတ် ပန်းလေးဘာညာပေါ့။ အဲ အများဆုံးကတော့ မျက်နှာကို အပြည့်အဝဖော်မထားဘဲ တစ်ခြမ်းစောင်းတွေ ဆံပင်တစ်ခြမ်း ဖုံးတွေ၊ ပါးဖောင်းတွေနဲ့ တင်ထားကြတာချည်းပဲ။ တချို့ကလဲ အပေါ်စီးက ကင်မရာယူပြီး မျက်လုံးကိုပင့် ပါးဖောင်းထားတဲ့ပုံတွေ ချည်းပဲ။
ဒါနဲ့ ကိုယ်လဲပဲ အင်တာနက်ကဓာတ်ပုံတွေ ပြုကြည့် အနည်းငယ်ရုပ်ချောနိုင်သူကို ပေါ်တင်ဝင်ချက်တော့တာ။ဒါကလဲ သတိမထားလို့မဖြစ်ဘူး။ တချို့တွေဆို အင်တာ နက်ပေါ်တင်ထားတဲ့ပုံကိုကြည့်ပြီး သဘောကျ ချိန်းတွေ့လေမှ မျက် လုံးကြီးစောင်း၊ မျက်နှာကြီးရဲ့ ရုပ်ဆိုးမကြီးတွေနဲ့ တွေ့နေတတ်တာ ကိုး။ အများဆုံးကြုံရတာကတော့ မျက်နှာလေးတစ်ခြမ်းစောင်းနဲ့
ဒါပေမယ် ကျွန်တော်ကံကောင်းပါတယ်။
မုန့်ဟင်းခါးပွဲပေါင်း ငါးရာနီးပါးမှာ
အင်တာနက်ကတစ်ဆင့် မဒီတစ်ပွေနဲ့
ဆုံပါလေရောလား
ရိုက်ထားတာကို သဘောကျ အပြင်မှာချိန်းတွေ့မှ ဖက်တီးဘုတ်ကြီး ဖြစ်နေလို့ ထွက်ပြေးကြရတဲ့ သာဓကတွေလဲ မနည်းပါဘူး။
ဒါကြောင့် ကိုယ့်အလှည့်မှာ တစ်ကောင်ဆိုတစ်ကောင်မိအောင် အသေအချာချိန်ပစ်ရတာ။ဒီလိုနဲ့ မုန့်ဟင်းခါး ပွဲငါးရာနီးပါးကုန်တဲ့အချိန်မှာ စတွေ့ တော့တာပါပဲ။အမှန်တော့ တစ်နာရီ လေးရာဆိုတာ မများလှပေမယ့် တစ်နေ့ ဆယ့်နာရီထိုင်ရင် လေးထောင်ပဲဗျ။ ဒါနည်းလှတာတော့ မဟုတ်ဘူး။
မုန့်ဟင်းခါးတစ်ပွဲစားရင် သုံးနာရီတော့ အဆာခံမှာပဲ။ အင်တာနက်တစ်နာရီထိုင်တော့ သုံးနာရီဆာနေတာပါပဲ။ ဒါကလဲ နည်းတာတော့မဟုတ်ဘူး။
ဒါပေမယ့် ကျွန်တော်ကံကောင်းပါတယ်။ မုန့်ဟင်းခါးပွဲ ပေါင်းငါးရာနီးပါးမှာ အင်တာနက်ကတစ်ဆင့် မဒီတစ်ပွေနဲ့ ဆုံပါ လေရောလား။
အင်တာနက်ဆိုတာလဲ သိတဲ့အတိုင်း အဲဒီတုန်းကတော့ မြန်မာဖောင့်(န်)တွေကလဲ မရိုက်တတ်ကြ။ အင်္ဂလိပ်လိုကလဲ မကျွမ်း ကျင်ကြလေတော့ မြန်းဂလီလို့ခေါ်တဲ့ မြန်မာသံအင်္ဂလိပ်စကားနဲ့ အဆင်ပြေအောင် ပြောယူကြရတာပါပဲ။ ဥပမာ
"chit lar"
"Hta min sar pee pe lar"
အဲဒီလိုတွေပေါ့။ လူတိုင်းနီးပါးတော့ နားလည်ကြတယ်ဗျ။
ထားပါတော့ဗျာ။ ဒီလို မြန်မာလိုရော အင်္ဂလိပ်လိုရော မတတ်တဲ့ကျွန်တော်နဲ့ကတော့ အဲဒီ မြန်းဂလိပါ မတတ်ဘဲ ဘယ်လို အဆင်ပြေသွားလဲတော့ မသိပါဘူးဗျာ။ ကောင်မလေးတစ်ယောက် နဲ့ အဆင်ပြေပါလေရောလား။
သူ့နာမည်က မြန်မာလိုမဟုတ်ဘူးခင်ဗျ။ အကောင့်နာမည် ပြောပါတယ်။ ခရစ်စတကယ် ပင်(န်)ကီပေါ့ဗျာ။ (နာမည်ရင်း မဟုတ်ဘူးနော်။ နာမည်တူရင် ခွင့်လွှတ်ပါ)ဘဲ အဲဒီလိုနာမည်မျိုး၊ဓာတ်ပုံတင်ထားတာတွေ့တော့လဲ တောသူရုပ်ကလေး။ကျွန်တော်ကလဲ ဆံပင်ရှည်ကို တစ်ခြမ်းစောင်းချထားတဲ့ ပုံနဲ့ဆိုတော့ သွားတွေ့တော့တာပေါ့။ ဒါနဲ့ပဲ
"Ma Nat Phan arr Lar"
"arr tal”
"ah pyin martwe ya ag"
"Inn Bal mar twe ma lel"
"Kantawgyi mar"
"bal o clock lel"
“ 9:0 dock”
ဒီလိုနဲ့ အဆင်ပြေပါရောလား။ ဒီလိုနဲ့ နောက်နေ့မနက် ချိန်းထားရာကိုသွားတွေ့တာပေါ့။ သူက လှိုင်သာယာဖက်ကလာမှာ။ ကျွန်တော်က တောင်ဒဂုံ။ နှစ်ယောက်လုံးအဝေးကြီး၊ ဒါပေမယ့်ပေါ့။
ပြောတာတော့ မဟုတ်ဘူးဗျို့။ ကောင်မလေးက အရပ်မြင့်မြင့် ရုပ်ကသိပ်မဆိုးဘူးဗျ။
ရုပ်ကတောသူရုပ်ဆိုပေမယ့် ခန္ဓာကိုယ်က ရှာမှရှားလို့ဆို ရမယ်။ ခါးသေးရင်ချီပဒုံမဏီလို့ ဆိုရမှာပဲဗျ။ ခါးလေးက တကယ့် ကို သေးသေးမှသေးသေးလေး။ ပြောရရင် sexy လေးပေါ့ဗျာ sexy လေး။
ကျွန်တော်လဲ တစ်သက်လုံးကံမကောင်းခဲ့သမျှ ဒီတစ်ခါ ကံကောင်းပြီဆိုတဲ့စိတ်နဲ့ အပြေးသွားလိုက်တယ်။ အနားရောက်တော့
“ခရစ်စတယ်လား” သူက လှည့်ကြည့်ပြီး “ဂျွန်နသန်နော်”
ဘယ်ရမလဲ၊ ကိုယ်ကလဲ တောသားမှန်းသိရင် အလိမ်ခံရ မှာစိုးလို့ ဆံပင်ရှည်ထားရင်း ဂေါ်လီဖြစ်လာတဲ့ကောင်ပဲ။ ဒီလောက် တော့နပ်တာပေါ့။
တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်တယ်။ အတော်လေးကို မဆိုးဘူး။ သူသာ သည်းခံပေါင်းနိုင်ရင် တစ်ပတ်လောက်အရင်ပေါင်းကြည့်။ တစ်ပတ်ပေါင်းပြီးလို့ အဆင်ပြေမှ ရက်ရှည်ထပ်ပေါင်း၊ အဆင်မပြေဘူးဆိုရင် တစ်ပတ်အတွင်း ပါးနားရိုက်ပြီးမောင်းချ နာတယ် တစ်ခွန်းမှမပြောဘူး။ အဲ အဲဒီလိုရုပ်လေးဗျ ။
အဓိက,ကသူ့ခါးသေးသေးလေးက ညှစ်ချင်စရာ။ ဘောင်း ဘီရှည်အကျပ်ကလေးဝတ်ထားတော့ ပိုသိသွားတာပေါ့။
ကိုယ်ကသာ ပီတိဖြစ်နေတာ ခမျာလေးကတော့ ရှုံ့မဲ့မဲ့။ဒါကလဲ သိပ်မထူးဆန်းပါဘူး။ မိန်းကလေးတိုင်း ကျုပ်တို့ မျက်နှာမြင်ရင် ဒီအတိုင်းပဲဟာ။ ဒါနဲ့ပဲ
“ဆိုင်တစ်ဆိုင်ဆိုင် ထိုင်ရအောင်လေ”
ကောင်မလေးမျက်နှာ ဝင်းလက်သွားသယောင်။ “ဟုတ် ထိုင်လေ”
ရွေ့ နိပ်ပဟ။ တစ်ခါတည်းစည်းရုံးပြီး တစ်ခါတည်းပါလာ တာ ဒီတစ်ခါရှိတာ။ ဒါနဲ့ပဲ ၊
“အထဲမှာ သွားထိုင်မယ်လေ” “ဟုတ်”
ကိုယ်က အရှေ့ကသွား၊ သူက အနောက်ကလိုက်ပေါ့။ “ဒီဆိုင်ထိုင်မလား”
အကာအရံမဲ့၊ ဟင်းလင်းပြင်ဆိုင်က ကန်ဖက်လှည့်ထား တော့ ရှုခင်းကောင်းတာပေါ့။ ဒါပေမယ့် ကောင်မလေးက နှာခေါင်းရှုံ့ပြီး
“ဟင့်အင်း မထိုင်ချင်ဘူး အမိုးမရှိ အကာမရှိ”
ဘယ်လိုပျော်လို့ပျော်မှန်းမသိပါဘူးဗျာ။ အမိုးရှိအကာရှိ လုံခြုံတဲ့နေရာဆိုတာ ချစ်စခင်စ ချစ်သူတွေသာ ထိုင်တတ်တာမျိုး ၊ မဟုတ်လားဗျာ။ ဒါနဲ့ပဲ
“ဒါဆို ဟိုဖက်နှာသွားရအောင်၊ အဲဒီဆိုင်က လုံခြုံတယ် ကိုယ်သိတယ်”
ဆိုပြီး အင်မတန်မှ လုံခြုံတဲ့ဆိုင်တစ်ဆိုင်ခေါ်သွားတယ်။ ပန်းခြံထဲကဆိုင်ဆိုတော့ အလုံခြုံကြီးတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမယ့် ထင်သလောက်မဆိုးဘူးပေါ့။
“ကဲ ဘာမှာမလဲ မှာလေ”
ကောင်မလေးက ကျုံ့ကျုံ့နံ့နံ့ ထိုင်ရင်း “ရတယ် သူမှာတာပဲစားမယ်” “အေး ဒါဆို ဘီယာတစ်ခွက်”
ကောင်မလေးတွန့်သွားတယ်။ ဇာတိက ချက်ချင်းပေါ်တာ ကိုး။ ဒါနဲ့မထူးဘူးဆိုပြီး
“အခေါက်ကင်တစ်ပွဲ၊ ခေါက်ဆွဲကြော်တစ်ပွဲ”
ဖြစ်ချင်တော့ အဲဒီတုန်းက အကြည်တော်နာမည်နဲ့ စာ မရေးခင် စောကြည်ဖြူနာမည်နဲ့ ရုပ်ပြဇာတ်လမ်းရေးတာ တစ်ပုဒ်ကို တစ်သောင်းနှစ်ထောင်ရတာကိုး။ ဒါကို ရုပ်ပြထုတ်ဝေသူက ကျွန် တော့်ကို အထင်သေးပြီး ““ရေးနိုင်သလောက်ရေး၊ ချက်ချင်းငွေချေမယ်”ဆိုတာနဲ့ တစ်ရက်တည်း လေးအုပ်ရေးပြီး သွားအပ်လိုက် တော့ ထုတ်ဝေသူပါ “လေ” သွားတယ်။ အဲဒီလေးအုပ်မှာ တစ်အုပ် ပဲထွက်ဖြစ်ခဲ့ပြီး အဲဒီထွက်ဖြစ်ခဲ့တဲ့စာအုပ်က ဗီဒီယိုပြန်ရိုက်ရတယ်၊ ဗီဒီယိုနာမည်က “မင်းအချစ်က သေစေနိုင်တယ်”အဲဒီဇာတ်လမ်းကိုစောကြည်ဖြူးနာမည်နဲ့ရေးခဲ့တာပါ။
ဆိုပါတော့ဗျာ။ အမှန်တော့ အဲဒီငွေတွေနဲ့ မရှိတဲ့အိမ်ငှား နေရမှာ။ အဲဒါကို အင်တာနက်ပေါ်တက်ပြီး ကမြင်းလိုက်တာ အခု လို အနေအထားရောက်လာတာ။
အခုတော့ တော်တော်လေးအဆင်ပြေနေပြီ။
“စားလေ မှာထားတာတွေ”
ကောင်မလေးက ဘေးဘီဝေ့ကြည့်ပြီး စားမလိုလုပ်ပြီးခါမှ
“အင်း ဟိုလေ Tollet က ဘယ်နားလဲမသိဘူး”
“ဪ မေးပေးမယ်” ကောင်မလေးတွေ စိတ်လှုပ်ရှားရင် ဒီလိုပဲ ဖြစ်တတ်တာ သိတာပေါ့။ ဒါနဲ့ ကိုယ်လဲ စိတ်ကောင်းချင်ယောင်ဆောင်ပြီး ကိုယ် တိုင်ထမေးကာ
“ဒီမှာတော့မရှိဘူး၊ ဒါပေမယ့် ဒီဖက်ကိုသွားလိုက်၊ အဲဒီမှာ အများသုံးသန့်စင်ခန်းရှိတယ်” ။
ကောင်မလေးက ဟန်ပင်မဆောင်နိုင်ဘဲ “အင်း အင်း အဲဒါဆို ခဏသွားမယ်နော် စောင့်နေ”
ဆိုပြီး သူဆောင်လာတဲ့ လက်ကိုင်အိတ်ကလေးချပြီး လိမ် ကျစ်လိမ်ကျစ်နဲ့ ထထွက်သွားတော့တယ်။
ဆိုလိုတာက ပြန်လာမယ်ဆိုတဲ့ သဘောပေါ့။ သူ့အိတ် ကလေးတောင် ချသွားတယ်ဆိုတော့ ထွက်မပြေးပါဘူးဆိုတဲ့သဘောပေါ့။ဘယ်တတ်နိုင်မှာလဲ။ ကိုယ်လဲ စိတ်ရှည်လက်ရှည်နဲ့ပဲ စောင့် ရတာပေါ့။ထင်ထားတာထက် နည်းနည်းပိုကြာတယ်။ တစ်ယောက် တည်းကျန်ခဲ့တယ်ဆိုပေမယ့် အိတ်ကိုထားအယုံသွင်းပြီး ထွက်ပြေး ပြီလား ပြန်ထင်နေမိတယ်။