အကြည်တော် - ပြုံးရွှင်သည်ငိုတတ်သည်
အလှကန့်လန့်ကာ... ဘဝကန့်လန့်ကာ ဖွင့်ကြပါစို့ရဲ့။
ကြွလာခဲ့ မိတ်သဟာဆွေ
ယနေ့ကြွလာခဲ့ မိတ်သဟာဆွေ
စိတ်အဆာပြေကြစေကြောင်း
ထိပ်ဝဠာဘွေ လက်ဆယ်ချောင်းအစုံနဲ့
ဆုမွန်ကောင်း ဆုမွန်ကောင်းတွေတောင်း တောင်းလိုက်ပါ သဗျာ
အစစအဆင်ပြေပါစေဗျာ
ဘဝဘဝ အသင်္ချေတွေနဲ့
ဘဝင်ပြေအောင် တေးပဏသလိုက်တယ်
အလှကန့်လန့်ကာ ဘဝကန့်လန့်ကာ ဖွင့်ကြပါစို့ရဲ့လေး
ဖွင့်ကြပါစို့ရဲ့လေး လေး။
နာမည်တူများရှိခဲ့ပါက ခွင့်လွှတ်ကြပါကုန်။
အို စာချစ်သူတို့၊ ဇာတ်စင်တစ်ခုကို အပိုင်းနှစ်ပိုင်းခွဲပြီး မြင်ကြည့်ပါ။
ဇာတ်စင်ရှေ့ မီးရောင်အောက်တွင်တော့ လွန်စွာရွှင်ပျ သော လူရွှင်တော်များ ရယ်စရာပြက်လုံးများနှင့် ပရိသတ်အား ရယ်ပွဲ ဖွဲ့ နေလေပြီ။
သူတို့ကို ကြည့်ရှုနေသော ပရိသတ်များမှာ အပူပင်ကင်းမဲ့ စွာ ရယ်မောပျော်ရွှင်နေရလေ၏။ လူရွှင်တော်၏မျက်နှာ၊ လူရွှင်တော် ၏လေများက ရယ်စရာအတိ။ စိတ်ချမ်းမြေ့စရာအတိ။
ဇာတ်စင်၏နောက် အမှောင်ထဲတွင်တော့၊
ဇာတ်စင်၏နောက် အမှောင်ထောင့်တွင်တော့၊
လူရွှင်တော်၏မိန်းမ၊ ယိမ်းသမခမျာ ဖြစ်လေရာ အရပ် လက်သည်နှင့် အသက်ကိုစတေး၍ ရင်သွေးကို မွေးနေရရှာသည်။
ဇောချွေးများ၊ လှိုက်တက်နေသော အပူလှိုင်းများ၊ ဆူညံ သော မီးစက်သံများ။ ဘယ်လိုမှ သည်းမခံနိုင်သော နာကျင်ခြင်းများ ကြောင့် အားကိုးရလိုရငြား သံကုန်ခြစ်အော်လိုက်သည်။
“ကိုပြုံးရွှင်ရေ”
“ကိုပြုံးရွှင်ရေ”
“ဗျဗျ”
“ခွန်းထောက်တော်ပဏာမကို စာသသွားတာဖြင့် ကိုပြုံးရွှင်မှတ်ရဲ့ဗျာ”
“မှန်ရဲ့ ကိုတိုင်းကျော်ရေ၊ ကိုသီဟိုရော ပါရဲ့ လားဗျာ”
“အခစားမပျက်ပါပဲ၊ သော် ဟိုဖက်က ကိုပေါက်လုံး မှတ်တယ်”
“မှန်ရဲ့ ကိုသီဟိုရေ၊ ဇာတ်သဘင်တို့ရဲ့ ထုံးစံအတိုင်း ပထမ ပိုင်း အပျိုတော်၊ စတိတ်ရှိုး၊ အော်ပရာ၊ ပြဇာတ်ပြီးပြန်တော့ ဟော အခုတော့ အများမျှော်လင့်စောင့်စားနေတဲ့ နှစ်ပါးမြိုင်အလှည့် ကျလာပါပြီဗျာ”
“အလှည့်ကျတော့လည်း တာဝန်ကျေအောင် ထမ်းဆောင်ရ ပြန်ပြီပေါ့”
အတွဲညီသော လူရွှင်တော်များကို ပရိသတ်များက မျှော်နေကြသည်။
“ဪ တာဝန်ကျေတဲ့နေရာမှာ ပြုံးရွှင်မိန်းမ ဘယ်လောက် တာဝန်ကျေတယ်ဆိုတာ”
လူရွှင်တော်ပြုံးရွှင်က ဝတ်ထားသော တိုက်ပုံကို ကော်လံ ထောင်ရင်း ပြောသည်။ ပရိသတ်များက ပြုံးရွှင်၏ရုပ်ခံကိုကြည့်ပြီး ရယ်ချင်ချင်။
“ပြုံးရွှင်မိန်းမတို့များ တာဝန်ကျေပုံပြောရရင် သူ့မိန်းမက ဒီဇာတ်က ယိမ်းသမဗျ”
“ဪ ခင်မြရီလေးကို ပြောတာလား”
“အေး အဲဒီခင်မြရီလေး၊ သူက စင်ပေါ်မှာ ယိမ်းကတုန်းသာ ညကြေးက ဘာမှမရတာ”
“ဆိုပါဦး”
“ယိမ်းကပြီးလို့ ပွဲဈေးထဲ တစ်ပတ်ပတ်လိုက်ရင် ငွေကလေး ငါးထောင်မျိုး ပါလာတာဗျ”
သီဟို၏အပြော ပြုံးရွှင်၏ရုပ်ခံကြောင့် ပရိသတ်များ ဝါးခနဲ ပွဲကျသွား၏။ ဒါကို ပြုံးရွှင်မှဆက်၍
“ဪ ဒါကတော့ကွာ ပွဲဈေးမှာ ရွှေဘောလုံး သွားကစား တာလေ၊ သူနိုင်လာလို့ဖြစ်မှာပေါ့”
“မင်းကလည်း ရွှေဘောလုံးသွားကစားတယ်သာ ပြောတာ ဆံထုံးတွေက ပြေလို့”
ပရိသတ်ရယ်သံ ကြားရပြန်သည်။
“အိုကွာ ဒါကတော့ တိုးရ ကြိတ်ရတာကိုး၊ တစ်ယောက်နဲ့ တစ် ယောက် တိုးမိကြိတ်မိတော့ ဆံထုံးက ပြေတော့တာပေါ့”
ဆံထုံးပြေတာ ထားပါတော့၊ လိမ်းထားတဲ့ မိတ်ကပ်တွေလည်း ပျက်
ပရိသတ်များ ဝါးခနဲ ပွဲကျ သွားပြန်သည်။
“အိုကွာ ဒါကတော့ လူကြား ထဲဆိုတော့ ပူတယ်လေကွာ၊ ဒီတော့ မိတ်ကပ်တွေကကွက်ပြီး ပျက် ပျက် တော့တာပေါ့”
“မိတ်ကပ်ပျက်တာလည်း ထားပါတော့၊ ဝတ်ထားတဲ့အင်္ကျီတွေ၊ ထဘီတွေမှာ ဖုန်တွေသဲတွေလည်း ပေလို့”
ပရိသတ်က ပွဲကျပြန်သည်။ ပြုံးရွှင်မှာ ဘာမှမတတ်နိုင်တော့။ ရုပ်ခံဖြင့်သာ လုပ်နေရသည်။
ပြုံးရွှင်က အခံရုပ်ကောင်း သည်။ နဂိုမျက်နှာကြီးက ပြုံးရွှင်နေသည် မို့ ပရိသတ်က သူခံရတိုင်း ပွဲကျ၏။ ပရိသတ်ရယ်သံစဲမှ ပြုံးရွှင်က၊
“အေး ငါ့မိန်းမခင်ရီက ပွဲဈေးအမှောင်ထောင့် ကန်သင်းရိုးမှာ သွားအိပ်လာတာဟူသွားအိပ် လာတာ၊ မှတ်ပြီလား၊ ဒါကြောင့် ပိုက်ဆံရလာတာ”
ရှေးသမားစဉ် ပြက်လုံးဟောင်းပင် ဖြစ်လင့်ကစား ပြက်လုံး က အခံအအုပ်ကောင်း၍ ပတ်တုတ်မရအောင် ပွဲကျလေသည်။
ဒါကို နံဘေးနားကလူရွှင်တော်တိုင်းကျော်က နင်းဝင်သေး သည်။
“ကိုသီဟိုကလည်းဗျာ၊ ကိုပြုံးရွှင်ကို ပြောနေလိုက်တာ သုံးမရ တဲ့နွားကြီး ကျနေတာပဲ။ အမှန်တော့ ဒီလိုမဟုတ်ဘူးဗျ။ မှန်းစမ်း ကိုပြုံးရွှင် ခင်ဗျားရဲ့ ပါးစပ် ဟစမ်း"
ပြုံးရွှင် ပါးစပ်ဟသည်။ ဒါကို တိုင်းကျော်က တစ်ဆင့် တက်၍၊
“ပြစမ်းပါဦး၊ ခင်ဗျားခြေထောက်"
“ဘာလို့လဲကွ”
“ပြမယ့်သာပြစမ်းပါ”
ပြုံးရွှင် ခြေထောက်မြှောက်ပြလိုက်သည်။ ထိုတော့မှ တိုင်း ကျော်က၊
“ဟုတ်ပါ့ကွာ”
“ဘာတုန်းဟ”
သီဟိုက ဝင်ထောက်သည်။
“ဒီကောင်ကြီး ခွာနာလျှာနာဖြစ်နေတာ”
ပရိသတ် သဘောပေါက်ပြီး ဝါးခနဲရယ်ပြန်သည်။ ဒါကို တွဲဖက်လူရွှင်တော် ပေါက်လုံးက ပြေးလာပြီး
“ဟာ မင်းပြောမှ ပိုဆိုးကုန်ပြီ၊ ကဲ ကဲ ကိုပြုံးရွှင် ဟိုဖက်နည်း နည်းရွှေ့”
“ဘာလုပ်ဖို့တုန်းဟ”