Skip to product information
1 of 2

Other Websites

အကြည်တော် - ငုံး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ချုံကလေးကား လှုပ်နေသည်။ 

          ဦးဘမှေး၏ မှေးစင်းသော မျက်ပေတုံးကို လာနှောင့်ယှက်နေ၏။ အရွယ်က သစ်ရွက်လှုပ်တာမြင်ရင်တောင် ကော်ဆဲချင်တဲ့ အရွယ်ကိုး။

          ဒီမြို့ကိုပြောင်း၊ ဒီခြံကိုဝယ်ပြီးကတည်းက တစ်ချီပြီးတစ်ချို့ ရှင်းလာတာယခု ဒီချီကြီးတစ်ချီသာကျန်ရစ်တော့သည်။ ချုံကြီးကလည်း ဟီးထနေ၍ ဦးဘမှေးတစ်ယောက်တည်း မရှင်းနိုင်သေး။

           သြော် ဘဝကလည်း အဖေတစ်ခု သမီးတစ်ခုကိုး၊ အရွယ်ရောက် သမီးကလေးကိုလည်း မခိုင်းချင်၊ မခိုင်းချက်။

           တခြားသူခေါ်ရှင်းဖို့ကျတော့လည်း သမီး အတွက် ရတက်ကမအေး။ ထို့ကြောင့် မျက်စိနောက်နေသော ချုံကြီးကို မျက်စိ အနောက်ခံ၍ မျက်ပေတုံးကိုမချီလူကို ကွ နေအောင် ဆောင့်ကြောင့်ထိုင်ရင်း ကြည့် နေရခြင်းသာ။

          ဘဝကလည်း မြို့ပြောင်းကတည်း က ဘာအလုပ်မှ မယ်မယ်ရရမလုပ်ရသေး။ ရွာက စုဆောင်းလိုက်သမျှလေးကို ထုခွဲ စားသောက်နေရခြင်းမျှသာ။ ရေရှည်တော့ လွယ်လှမည်မဟုတ်။

          ရွာမှာတုန်းကတော့ အဆင်ပြေပါရဲ့။ သို့ပေမဲ့ ကံကြမ္မာက မျက်နှာသာ မပေးလေတော့ ရွာကပြောင်းပြေးခဲ့ရ လေပြီ။

ထိုနေ့ကို မှတ်မိသေးသည်။ မွေး စင်းသော ဦးဘဌေး၏မျက်ဝန်းထဲ အကွက် သေးသေးလေး မြင်ယောင်မိသေး၏။

          ထိုနေ့က ဝါဆိုလပြည့်နေ့ဖြစ် သည်။

          “လောကမှာ လူတိုင်းက စေတနာထားတယ်၊ အလှူဒါနပြု ကြတယ်လို့ ဂုဏ်ယူတတ်ကြတယ်။ ဒါမျိုးတွေ ပါးစပ်ကပြောနေရုံနဲ့ ပြီးမလားကွယ့်”

          “မပြီးပါဘူး ဘုရား” 

          “ဒါဖြင့် ဘာလုပ်ရမှာတုန်း” 

          “ကိုယ်တိုင်ကျင့်ကြံရမှာပါဘုရား”

          ရွာကျောင်းဆရာတော်၏ တရားဒေသနာသံ။ ဘုန်းကြီး ကျောင်းရောက်ခဲလှသော ဦးဘမှေး ငိုက်မျဉ်းနေရာမှ တရားနာများအော်သံကြောင့် လန့်လန့်သွားရသည်။ သူ့ခမျာ မိန်းမ မအာကျယ်ရွာက နှင်လွှတ်ခံရပြီးကတည်းက ဘုန်းကြီးကျောင်း တရားမနာတာ ကြာမို့ တရားသံကြားသည်နှင့် ငိုက်မျဉ်းချင်နေသည်။

          “အဲဒီလို ကိုယ်တိုင်ကျင့်ကြံနိုင်ဖို့ ဘာလိုသလဲဟေ့” 

          “လူမှုပတ်ဝန်းကျင်လည်း လိုပါတယ်ဘုရား”

          “လူမှုပတ်ဝန်းကျင်ရှိရင် မေတ္တာတရားလည်းရှိရမယ်။ လူအချင်းချင်း မေတ္တာထားနိုင်မှ လူမှုဝန်းကျင်လည်း မစိုပြည်နိုင်ဘူးလား”

           “စိုပြည်နိုင်ပါတယ်ဘုရား”

တရားကား အရှိန်တက်နေပြီ။ လူအများလည်း ကိုယ်တော် ရဲ့စကားကို သဘောပေါက်နေလေပြီ။ ဦးဘမှေးက ကြားတစ်ချက် မကြားတစ်ချက်နဲ့ ငိုက်နေတုန်း။

          “ကဲ... အဲဒီတော့ လောကမှာ ဘယ်အရာအမြတ်ဆုံးလဲ ဟေ့”

ဆရာတော်ရဲ့ စကားကို ငိုက်မျဉ်းနေသော ဦးဘမှေး ခေါင်း ထောင်သွားပြီး... ။

          “အရက်ရောင်းတာ အမြတ်ဆုံးပါဘုရား” 

          “ဟယ်”

သူ့စကားကြောင့် အားလုံးထံမှ အာမေခိုတ်သံများ ထွက် သွားကြသည်။ မထွက်ခံနိုင်ရိုးလား။ ဆရာတော်ပြောနေတာက မေတ္တာတရားသာ အမြတ်ဆုံးအကြောင်းဆိုတာကိုး။ ဒါကို ဦးဘမှေး က အူကြောင်ကြောင်နှင့် လိုက်လံဝေ့ကြည့်ရင်း..... ။

           “ဟုတ်တယ်လေ၊ အရက်မူးနေတဲ့သူတွေဆို ရေထိုးရောင်း ရင်ပိုတောင်မြတ်သေး”

သူ့အဖြေဆုံးသည်နှင့် ဆရာတော်မှ ထလာပြီး... 

          “ လွှားထဲမှ”

ဆိုကာ သင်းပိုင်ကိုမပြီး...။ “မင်းလားကွ၊ အရက်ရောင်းတာအမြတ်ဆုံးဆိုတာ”

           “ဟာ”

ဦးဘမှေး၏ မှေးစင်းသောမျက်ပေတုံးထဲ ပြေးဝင်လာသောဆရာတော့်ခြေဖဝါး။

            "ဗုန်း"

           “အင့်"

ဆရာတော်၏ ကြီးမားသော မေတ္တာတရားက ဦးဘမှေး၏ကျောပေါ်လာကျသည်။ ပြီးနောက် ဆရာတော်၏ မေတ္တာတရားသံကား

          “ဒီကောင့်ကို ဒီရွာမှာ ငါမမြင်ချင်ဘူး၊ အခုချက်ချင်း ရွာပြင်မောင်းထုတ်လိုက်စမ်း”

-----

         ပါရမီဖြည့်ဖက်သာဖြစ်သည်၊ ငါ၏သီလကို ပိုစင်ကြယ်စေသော ငါ၏တရားများကို ပို မိုလေးနက်စေသော ငါ၏ရဟန်းများကို ပို မိုကြည်ညိုစေခဲ့သော ပါရမီဖြည့်ဖက်သာ ဖြစ်သည်တဲ့၊ ကဲ”

          “ဒေဝဒတ်လို ပါရမီဖြည့်ဖက်မျိုး ဖြစ်နေရင် ဘယ့်နှယ်လုပ်မှာလဲ၊ ကိုယ်က ၊ ဘုရားခြေဖဝါးအောက်က မြူမှုံထက် ဆယ် ကမ္ဘာလောက်ဝေးတဲ့သူ"

          လက်ဖက်ရည်ဆိုင်က တရားဝိုင်း ဖြစ်သည်။ ဦးဘမှေးခမျာ သူတို့ပြောသမျှ တစ်လုံးမှနားမလည်သော်ငြား ခပ်တည် တည်နှင့် ခေါင်းညိတ်ခေါင်းခါ လုပ်နေသည်။

          အဓိက အကြောင်းအရာကတရားဆွေးနွေးနေခြင်းမဟုတ်။ ဘုရား ဒါယိကာ ဦးကြာညို ယခင်မိန်းမဆုံးလို့နောက်မိန်းမယူရန် ပြင်ဆင်ရာမှ တရားဖက်လှည့်လာခြင်းပင် ဖြစ်လေသည်။

          ဦးဘမှေးကတော့ ရွာကျောင်း ဆရာတော်သော်မှ ရွာကနှင်လွှတ်ထားသူ ဖြစ်၍ တစ်လုံးတစ်ပါဒမှ ဝင်မဆွေးနွေး သိချင်ယောင်ဆောင်၍ ခေါင်းညိတ်နေ ခြင်းမျှသာ။

          “ဦးဘမှေးကရော ဘာများဆွေးနွေးချင်လဲ”

          ရုတ်တရက်မေးလိုက်သော ဘုရားဂေါပက ဦးတင်ဥ၏ အမေးကြောင့် ဦးဘမှေး ပျာပျာသလဲဖြစ်သွား၏။ နောက်မှ ရှက်ကိုး ၊ ရှက်ကန်းနှင့်

         “အဲ ပါရမီယာဉ်လိုင်းအကြောင်းတော့ ကျွန်တော်သိပ် မသိဘူး၊ လမ်းပေါ်မှာတော့ ပါရမီတွေ အများကြီးတွေ့တာပဲ၊ ဘယ်သူ ကပါရမီရှင်လည်းတော့ မပြောတတ်ဘူးပေါ့နော်၊ အဲ.. အဲ ပါရမီ ဆယ်ပြား လက်ကိုင်ထားတော့ အကြွေအမ်းဖို့ လွယ်တာပေါ့၊ ကဲ ကဲ ၊ ကျွန်တော်သွားဦးမယ်"

ဆိုကာ ထထွက်လာခဲ့လေသည်။ အားလုံးက သူ့နောက် ကျောကို ငေးကြည့်နေကြမှာ သေချာ၏။

         လမ်းရောက်မှ တွေးရင်းတွေးရင်းနှင့် ။

          “အင်း. . မြို့ပေါ်မှာ လူရာဝင်ဝင် စကားပြောနိုင်အောင် ပါရမီဂိတ်ဝင်းလေးတော့ စုံစမ်းထားဦးမှ”

          ဘုရားအကြောင်း၊ တရားအကြောင်း တစ်လုံးမှနားမလည် ၍ ဘယ်နေရာမှ လူရာမဝင်ကြောင်းသိသည်။ ထို့ကြောင့် ခေါင်းငိုက် ချ၍သာ အိမ်သို့ပြန်လာရလေသည်။

          သူ့ခမျာလည်း အကုသိုလ်အလုပ်နှင့်သာ အကျိုးပေး၍ ထိုကိစ္စများ မေ့နေသည်မှာ ကြာပြီပဲ။

          အိမ်ဝင်းထဲဝင်သည်နှင့် အိမ်နောက်ဖေးက ခုတ်ထွင်မထား သောချုံကြီးလှုပ်သွားတာမြင်တော့ ဦးဘမှေး ခြေလှမ်းများ တန့်သွား သည်။

          “ဟာ”

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)