Skip to product information
1 of 2

Other Websites

အကြည်တော် - ကျွန်မကအင်္ဂလိပ်မှမဟုတ်တာမောင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကြေငြာချက် 

          ရည်းစားတစ်ယောက်ကောက်ရထားပါသည်။ ပိုင်ရှင်မှန်အား ပြန်လည်ပေးအပ်ပါသည်။ ပစ္စည်းအားလုံး မယိုင်မယွင်း ထိန်းသိမ်းထား ပါသည်။ တစ်ချို့ပစ္စည်းများအား ထုတ်ကြည့်ယုံမှလွဲ၍ နေရာတကျ ပြန်ထည့်ထားပါသည်။

         ဒါကလည်း သေချာအောင် စစ်ကြည့်ထားခြင်းဖြစ်ပါသည်။ ဒါမှ မိတ်ဆွေပိုင်ရှင်ထံ ရည်းစားကိုတစ်ပြားသားမှ မလျော့အောင် အပ်နိုင်ရန် လေ့လာထားခြင်းဖြစ်ပါသည်။ ထုတ်ကြည့်ပြီးသားများကိုလည်းအသေအချာထည့်သွင်းနေရာတကျ ပြန်ထည့်ထားပါသည်။ ထို့ကြောင့် ကျွန်ုပ်လက်ထဲ မိတ်ဆွေရည်းစား၏ ဘာပစ္စည်းမှ မပျောက်ရှနိုင်ကြောင်း အာမခံပါသည်။

          တချို့ပစ္စည်းများကိုတော့ ပွတ်ကြည့်မိကြောင်း ဝန်ခံပါသည်။ (ဥပမာ သူနှင့်ပါလာသော ပိုက်ဆံအချို့နှင့် စာရွက်စာတမ်းများ)တချို့အရာများကိုတော့ ကြည့်ယုံ၊ နှိုက်ကြည့်ယုံမျှရှိပါသည်။ (ဥပမာ ဇစ်ပါသော ပိုက်ဆံအိတ်၊ အမှုတွဲ၊ သူနှင့်အတူ) မည်သည့်စိတ်မျိုး နှင့်မှ ပြုလုပ်ခြင်းမဟုတ်ဘဲ သေချာအောင် စစ်ဆေးထားခြင်းသာဖြစ် ပါသည်။ ဤသည်ကိုလည်း မိတ်ဆွေအနေဖြင့် လူကြီးလူကောင်း ဆန်စွာ ခွင့်လွတ်နိုင်မည်ဟု ထင်မိပါသည်။

          ဤကြော်ငြာချက် ဖော်ပြပြီးသော မိတ်ဆွေချစ်သူအား အချိန်မရွေး လာရောက်ရွေးချယ်ထုတ်ယူနိုင်ပါသည်။ တစ်လကျော်ပါက မိတ်ဆွေ၏ ပစ္စည်းကိုလည်း ကျွန်ုပ်အာမ မခံနိုင်ပါ။ မကြာခဏ ဟကြည့်ခြင်း၊ ပွတ်ကြည့်ခြင်းများဖြင့် (ပိုက်ဆံအိတ်နှင့် ပိုက်ဆံ၊ စာရွက်စာတမ်းများ) လူကြီးမင်း၏ လက်ဗွေရာများ သက်သေခံပစ္စည်းများ ပျောက်ပျက်သွား နိုင်ပါသည်။

         ထို့ကြောင့် မူရင်းမပျက်ရယူလိုလျှင် အမြန်လာရောက် ရွေးချယ်နိုင်ပါရန် အကြံပြုတိုက်တွန်းပါသည်။ ဤသည်ကိုကြည့်၍ သင်၏ရည်စားအား ကျွန်ုပ်မည်မျှ ရိုးသားစွာစောင့်ရှောက်ထားကြောင်း သိလိမ့်မည်ထင်ပါ သည်။ ထို့ကြောင့် လာရောက်ရွေးချယ်သူမှာလည်းကျွန်ုပ်ကဲ့သို့ ရိုးသားရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိတ်ဆွေအနေနှင့်သင်၏ ရည်းစားအား လာရောက်ရွေးချယ်ချိန်၌ ပို၍သေချာအောင်

          ၁။ ပြစ်မှုကင်းကြောင်း ရဲစခန်းထောက်ခံစာတစ်စောင်

          ၂။ ရပ်ကွက်အတွင်း ရိုးသားစွာနေထိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံစာ။ 

          ၃။ မိတ်ဆွေနှင့်ကျွန်ုပ်ကောက်ရထားသော လက်ရှိရည်းစားမှ အမှန်တကယ် ယခင်ကချစ်သူဖြစ်ခဲ့ကြောင်း အသိအမှတ်ပြု လူဆယ်ဦး၏ထောက်ခံချက်လက်မှတ်တစ်ခုစီ။ 

          ၄။ သင်နှင့်ချစ်သူဖြစ်စဉ်က ကောင်းမွန်စွာ ကျွေးမွေးခဲ့ကြောင်း စားသောက်ဆိုင်ခုနှစ်ဆိုင်မှ စားသောက်ခဲ့သော ဘောက်ချာ၊ (မှတ်ချက်။ ငွေတစ်သောင်းအောက်အကြုံးမဝင်)

          ၅။သင်နှင့်ချစ်သူဖြစ်စဉ် သူဝယ်ပေးခဲ့သော (ယခုကျွန်ုပ်ကောက်ရထားသော ရည်းစား) ဝမ်းနှုတ်ဆေးမှအစအတွင်းခံအဆုံး သက်သေခံသုံး ခု။ (မှတ်ချက်။ သူ့ လက်ဗွေရာအတိအကျပါရမည်။) စသည်များကို တင်ပြရမည်ဖြစ်ပြီး ကျွန်ုပ်မေးသော မေးခွန်းများကို လည်း အတိအကျမှန်ကန်အောင် ဖြေဆိုမှသာလျှင် ပိုင်ရှင်ထံပြန်လည် ပေးအပ်မည်ဖြစ်ပါသည်။ မေးခွန်းများမှာ - 

          (၁) သင့်ချစ်သူ၏ ခါးဆိုဒ်။ 

          (၂) သင့်ချစ်သူတင်ပါးတွင် အမှတ်ရှိမရှိ။ (ရှိလျှင် နေရာအတိအကျ) 

          (၃) သင့်ချစ်သူ တစ်ခါမှမပြောဖူးသော သူ့ ဆွေမျိုး အမည်။

          (၄) သင့်ချစ်သူက သင့်ကိုဖြောင်းခနဲနေအောင် ပါးချခဲ့သော အချိန်နာရီစက္ကန့်အတိအကျ။ 

          (၅) သင့်ချစ်သူတစ်ကိုယ်လုံးမှာရှိသော အမွေးအရေအတွက်၊ ဤသို့ လွယ်ကူသော မေးခွန်းများကို နှုတ်တိုက်ဖြေရမှာဖြစ်ပြီး မေးခွန်းအားလုံးကို မှန်ကန်စွာ ဖြေဆိုပြီးပြီဆိုကာမှ ညှိနှိုင်းမေးခွန်းအနေဖြင့်

         (၁) သင့်ချစ်သူက သင့်ကို ပြန်လည်ပေါင်းလိုစိတ် ရှိမရှိ။

         (၂) သင့်ချစ်သူနှင့်ကျွန်ုပ်နှစ်ဦးသဘောတူ သုံးဖြုန်းထားသော အကြွေးအားလုံးကို ဆပ်ပေးရန်အစီအစဉ်။

          (၃) ထင်ကျန် သော ကျွန်ုပ်လက်ဗွေရာများ တရားဝင်ပယ်ဖျက်ပေးရန်။ 

          (၄) ကျွန်ုပ်အားကြည်ဖြူသောအကြည့်။

          (၅) ကောက်ရသိမ်းဆည်းပေးသောကျွန်ုပ်အား ချီးမြှင့်မြောက်စားမည့် ငွေကြေးပမာဏအားလုံး ရှင်းလင်းပြီးမှ သင်၏ရည်းစား သင့်ချစ်သူအား ရပ်ကွက်လူကြီးများရှေ့၊ အသေအချာပြန်လည်အပ်နှံမည်ဖြစ်ပြီး နောက်ဆက်ဖြစ်မည့် ပြဿနာကြီးငယ်တို့မှာ ကောက်ရထားသူ ကျွန်ုပ်နှင့်လားလားမှမသက်ဆိုင်ဘဲ ကိုယ်တိုင်သာ တာဝန်ယူဖြေရှင်းပေး မည်ဖြစ်ကြောင့် အသိသက်သေများ ရှေ့ လက်မှတ်ထိုးရမည်ဖြစ်ပြီးကျွန်ုပ်၏နှုတ်မှ 

          “သင်သွားလိုရာသွားနိုင်ပြီ"

ဟုလည်းကောင်း၊ သင့်ချစ်သူ တင်ပါးအား သုံးချက်ရိုက်ပြီး နှုတ်ဆက်ပြီးဆိုကာမှ သင့်ချစ်သူအား တရားဝင်ခေါ် ဆောင်ခွင့် ပြုမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

                                                                   ပုံ/ အင်မတန်ရိုးသားသူ

                                                                       အကြည်တော်

 

ယုံကြည်ချက်တွေဘိုဆန်ဖို့ ကျွန်မက အင်္ဂလိပ်မှမဟုတ်တာမောင်'

          မောင်တို့ပြောစကားအရ “ယုံကြည်ချက်ကအစ ဘိုဆန်ရမယ်” ဆိုတာ ဘယ်လိုများပါလိမ့်မောင်။

          ယုံကြည်ချက်က ဘယ်လိုဘိုဆန်လို့ရမှာလဲ။ ဒါပေမဲ့ပေါ့မောင်ရယ်။ ဒီလောကကို ရောက်လာမှတော့ မောင်တို့ ပြောတဲ့ အတိုင်း ယုံကြည်ချက်ကအစ ဘိုဆန်စေဖို၊ ဘိုမုဒ်တွေခိုးတု၊ ဘိုလိုရူးသွပ် ရတော့တာပေါ့။ “ကျွန်မက အနုပညာကို သိပ်ရူးသွပ်တာ” ဒီစကားကို နှုတ်ဖျားကမချဘဲ ပြောနေရတာကိုက ရှက်စရာပါမောင်ရယ်။ အင်္ဂလိပ်စကား Crazyကို မြန်မာမှုအလွယ်ပြုပြီး ‘ရူးသွပ်'လုပ်ထည့်လိုက်တော့ ကျွန်မတို့အားလုံး အရူးတွေဖြစ်ကုန် အပေါ့။ရူးရုံတင်မကပဲ၊ သွပ်တွပ်တွပ်ပါဖြစ်ရတဲ့ဘဝ ကျွန်မတို့ ကျပ်မှ ပြည့်ကြသေးရဲ့ လားလို အတွေးဝင်မိတယ်မောင်။

           “ဟာ၊ မင်းသမီးကလဲ ဓာတ်ပုံရိုက်မယ်ဆိုမှ ဘယ့်နှယ်ထဘီကြီးနဲ့ တက်ချလာတာတုန်း။ သွားသွားပြန်ချွတ်”

          ဓာတ်ပုံရိုက်တာ ထဘီမဝတ်ရဘူးလို့ ဘယ်အစိုးရက ကန့်သတ်ခဲ့လို့ လဲကွယ်၊ ဟိုးအရင်ကမြန်မာမိန်းမတွေ ချိတ်ထဘီရှည်ကြီးတွေဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့တာ၊ ကျက်သရေရှိလို့ ကမ္ဘာကသိခဲ့တယ်မဟုတ်လား။ အခုတော့. . . 

           ''ဒါဖြင့်လဲ မြန်မာပီပီ ထဘီလှန်ပြီး ရိုက်မယ်လေ”

          လွှတ်ခနဲစကား။ ဒါရိုက်တာကြီး ကမ္ဘာပြားသွားတယ်။ 

          "ဘာ၊ ထဘီလှန်ပြီးရိုက်ရအောင် ရပ်ကွက်ပတ်ဆဲတာမှမဟုတ်တာ သွားသွားသွားပြန်ချွတ်”

          ထဘီလှန်ရိုက်တာနဲ့ ထဘီချွတ်ရိုက်တာ ဘယ်အရာက ဣနြေ ရှိနိုင်မလဲကွယ်။

          ထဘီလှန်တော့ ဆဲတာတဲ့။ ထဘီချွတ်မှ Sexy တဲ့။ ကဲ .. လည်မှုနည်းနည်းလွဲသလားလို့။ ဒါပေမဲ့ တတ်နိုင်ပါဘူးလေ။ သူတို့ပြောသလို ယုံကြည်ချက်တွေဘိုဆန်ဖို့ ထဘီချွတ်၍ဒွန့်လိုက်သည်ပေါ့။ “ဟာ၊ ရှည်နေတယ်လေ” မြင်မြင်ခြင်းစကား။ ယောင်ဝါးဝါးနဲ့ ဆံပင်လားဟင်"

         အာ၊ ဆံပင်ရှည်တာ အပြစ်လား။ အခုဟာက ဘောင်းဘီရှည်နေ တယ်ပြောတာ။ ကျွတ် အဲဒါပဲစိတ်ညစ်တာ။ ယုံကြည် ချက်ကိုက ဘိုမဆန်ရင် ဘယ်လိုလုပ်မလဲ”

          ပြန်ငုံ့ကြည့်မိတယ်မောင်။ သရီးကွာတားဘောင်းဘီကို ရှည်တယ်ဆို တော့ ဘယ်လိုလုပ်ရမလဲဟင်။ ကိုယ့်အတွေးမဆုံးမီ 'သူများဆို ဒီလိုသရီးကွာတားမပြောနဲ့၊ တူးကွာတား၊ ဝမ်းကွာတား အပြင်၊ ဇီးရိုးကွာတားတောင်ဖြစ်နေကြပြီ၊ စုံစမ်းဦး ပတ်ဝန်းကျင်လေး ဘာလေး”

         သြော် ဇီးရိုးကွာတားတဲ့။ သူတို့ပြောမှ ကြားရတဲ့စကား။ မိန်းမတွေ များ ချွတ်ပြီးသွားနေကြပြီလားကွယ်။ ဒီခေတ်မှာပြောပါတယ်။

         'ကဲကဲ ..လဲနေရင်ကြာဦးမယ်။ ဒီဝတ်စုံနဲ့ နည်းနည်းရိုက်ကြည့်မယ် ပို့စ်လုပ်ပြ”

ရောက်လေရာ ပါးပေါ် လက်နှစ်ချောင်းတင် ခပ်ခွင်ခွင်လေးကောက် တော့ . . . 

          “အာ၊ ဘာလုပ်နေတာလဲ။ အင်တာနက်ပေါ် ဒုချိချိပုံလာမလုပ်နဲ့။ နှစ်ကုန်းတစ်ကော့ပုံထုတ်”

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)