Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ချစ်လွန်းလို့ကြံမိသူ

Regular price 7,000 MMK
Regular price Sale price 7,000 MMK
Sale Sold out
Type
အခန်း ၁ 
ရှုံးစရာ့ ဧည့်သည့်
 

          “မောင်ဟာလေ သိပ်ကဲတာပဲ အဟင့်”

          မိန်းမပျိုလေး၏ အသံသည် ရေချိုးခန်းတွင်းမှ ကြည်လင်ပြတ်သား စွာ ထွက်ပေါ်လာသည်။ ခရာတာတာ ညုတုတုဖြစ်စေရန် တမင်ကြိုးစား၍ ပြောလိုက်မှန်းလည်း သိသာထင်ရှားလွန်းလှသည်။ အဘယ့်ကြောင့်ဟူမူ “မောင်ဟာလေ” ဟု ပြောပြီးနောက် စကားကိုချက်ချင်းမဆက်သေးဘဲ ခဏ ရပ်ထားလိုက်ပြီးမှ “သိပ်” ဟူသော စကားလုံးကို အသံခပ်မျှဉ်းမျှဉ်းလေးဖြင့် ဆွဲပြောလိုက်ခြင်းကြောင့် ဖြစ်သည်။

          “ချစ်လိုပေါ့ဟာ”

          ယောက်ျားပျိုတစ်ဦး၏ ပြန်ဖြေသံကလည်း ထင်ရှားစွာပင် ထွက်ပေါ် လာ၏။ “ချစ်ရင်ဒီလိုလုပ်ရသလား ဟင်း ဟင်း”

          ယင်းသည့်နောက် အသံသည် ၄-၅ စက္ကန့်ခန့်မျှ ပျောက်ကွယ်သွား သည်။ ပြီးမှ မိန်းမပျိုလေး၏ “ခစ်” ခနဲ ရယ်မောလိုက်သံတစ်ချက် ထွက် ပေါ်လိုက်ပြီးနောက် ကိုယ်ပေါ်ရေလောင်းချိုးသံများ “တဗွမ်းဗွမ်း” ဖြင့် ဆက်တိုက်ထွက်ပေါ်လာလေသည်။

          ပွဲစားကြီး (သို့မဟုတ်) သူဌေးကြီး ဦးထွန်းအောင်သည် အပြင်ထွက်ရန် ခြေလှမ်းပြင်လိုက်မိပြီးမှ တံခါးဝနားအရောက်တွင် အထက်ပါအသံများ ကို ကြားလိုက်ရသောကြောင့် တစ်ဝက်တစ်ပျက်လှမ်းလိုက်သော ခြေလှမ်းကို မချမိဘဲ မျက်မှောင်တစ်ချက်ကြုတ်ကာ အိမ်ခန်းထဲသို့ ပြန်လှည့်ဝင်လာသည်။

          ဦးထွန်းအောင်သည် မိမိကြားလိုက်ရသော ရေချိုးခန်းတွင်း အသံကို ပြတ်ပြတ်သားသား နားရှင်းလိုသဖြင့် ဧည့်ခန်း၌ အရမ်းအော်မြည်လျက်ရှိ သော ရေဒီယိုကို ပိတ်ပစ်ရန်လှမ်းကြည့်မိလေ၏။ ထိုအခိုက်...

          “ကိုထွန်းအောင်၊ ကိုထွန်းအောင် ကြာလှချည်လား၊ ဘာများ မေ့နေလို့ လဲ” ဟူသော သူဌေးကတော် ဒေါ်တင်ကြည်၏ အော်မေးလိုက်သံကို အောက်ထပ် လှေကားရင်းနားလောက်ဆီက ကြားလိုက်ရလေသည်။

          ဦးထွန်းအောင်သည် ဒေါ်တင်ကြည်၏ အော်မေးသံကို ပြန်ဖြေရန် ပါးစပ်ပြင်လိုက်မိပြီးမှ ဖြေကြားခြင်း မပြုသေးဘဲ ဦးခေါင်းကိုတစ်ချက်ဆတ်၍ ခါလိုက်လေသည်။ ထို့ကြောင့် ဦးခေါင်းထက်က အနည်းငယ် ချောင်နေပုံ ရသော ပန်းနုရောင်ခေါင်းပေါင်းလေးသည် တော်တော်ကြီး စောင်းရွှေ့၍ သွား သည်။ ၎င်းသည် ဒေါ်တင်ကြည်၏ အော်မေးသံကို ဖြေကြားမည်ပြုပြီးမှ နှုတ်ဆိတ်သွားရခြင်းမှာ ထိုအတွင်းမှာပင် ရေချိုးခန်းအတွင်းမှ မိန်းမပျိုလေး တစ်ဦး၏ သီချင်းညည်းသံကို ကြားလိုက်ရပြီးနောက် တစ်ဆက်တည်း “တခစ်ခစ်”ရယ်သံများပါ ဆက်တိုက်ကြားလာရသောကြောင့် ဖြစ်လေသည်။

          ရေချိုးခန်းတွင်း၌ ရေချိုးနေသူမှာ ဦးထွန်းအောင်၏ နှစ်ဦးတည်း သော သားသမီးအနက် အငယ်ကောင် မောင်တင်အောင်ဖြစ်သည်။ ၎င်းသည် ရန်ကုန်တက္ကသိုလ်၌ အိုင်အေအထက်တန်းကို သင်ကြားနေရသော ကောလိပ်ကျောင်းသားတစ်ဦးဖြစ်သော်လည်း လည်လည်ဝယ်ဝယ်ထဲကတော့ မဟုတ် ချေ။ လူပုံကြည့်လျှင်မူ ပေါကြောင်ကြောင်နှင့်ဟု ထင်စရာရှိသော်လည်း တကယ် တော့ လူ့ခွစာတစ်ဦးမျှသာဖြစ်သည်။ သို့သော်လည်း တကယ့်နုံ့အကြီးဟု ကား မဆိုနိုင်ပြန်ပါချေ။ အဘယ့်ကြောင့်ဆိုသော်၊ အချို့ကိစ္စ လူအများ သတိမပြုမိတတ်သော အသေးအဖွဲ့ ဖြစ်ရပ်ကလေးမျိုးတွင်မူ အလွန့်အလွန် သတိထားမိတတ်ပြီး တကယ်လည်း နက်နက်နဲနဲ စဉ်းစားတွေးတောနေတတ် ပြန်သောကြောင့် ဖြစ်လေသည်။ တစ်ရံတစ်ခါတွင်မူ မည်သူတစ်စုံတစ်ဦးနှင့် မျှ စကားပြောဆိုခြင်းမပြုဘဲ တစ်ကိုယ်တည်း နှုတ်ဆိတ်နေသည်လည်း ရှိတတ်၏။ ထိုအခါမျိုးတွင် ၎င်းသည် ကာရန်ပျောက်နေသော ကဗျာဆရာလိုလို၊ ရည်းစားပူမိနေသော အတွေးသမားလိုလို၊ ခေတ်ကုန်၍ အလုပ်လက်မဲ့ဖြစ် နေသော နိုင်ငံရေးသမားလိုလိုဖြင့် အဓိပ္ပာယ်မရှိ တွေဝေငေးမှိုင်နေတတ် သည်။ အိမ်သူအိမ်သားများကမူ သူ့အကြောင်းသိထားကြပြီးဖြစ်၍ တင်အောင် တစ်ယောက်ရောဂါထပြန်ပြီဟုသာ တီးတိုးပြောဆိုရင်း မသိလိုက် မသိဘာသာ နေလိုက်ကြသည်ချည်းဖြစ်သည်။

          မည်သို့ဆိုစေ တင်အောင်သည် နှစ်စဉ်စာမေးပွဲ မှန်မှန်အောင်သော ကောလိပ်ကျောင်းသားတစ်ဦး ဖြစ်နေရာ ဤတစ်ချက် တစ်ခုတည်းနှင့်ပင် ၎င်းအား “ပတ်ကလား” ဟု မှတ်ချက်ချရန် ခဲယဉ်းနေပြန်သည်။ ပွဲစားကြီးက မူ တစ်နှစ်ထက်တစ်နှစ် အတန်းကြီးလာသော သားငယ်ဖြစ်သူအတွက် စိုးရိမ် မကင်းဖြစ်လာကာ တစ်ချိန်ကစိတ်ပညာ ဆရာဝန်တစ်ဦးထံ တင်အောင်အား ခေါ်သွားပြီး ပြသခဲ့ဖူးလေသည်။ ထိုစဉ်က ဆရာဝန်၏ မှတ်ချက်မှာ တင် အောင်၌ ပျော့ညံ့သော စိတ်တစ်မျိုးရှိနေကြောင်း၊ ယင်းပျော့ညံ့သော စိတ်

ကြောင့် 'ကလက်တိုမေးနီးယား” (Kleptomania) ခေါ် စိတ်ရောဂါတစ်မျိုး ခံစားနေရကြောင်း၊ ဤရောဂါရှင်များသည် မိမိတို့အတွက် တစ်စုံတစ်ရာ အကျိုးမရှိပါဘဲလျက် သူတစ်ပါး၏ပစ္စည်းဥစ္စာများကို ခိုးချင်ဝှက်ချင် တတ် ကြကြောင်း၊ ၎င်းပြင် ဆန့်ကျင်ဘက်လိင်တို့နှင့် ခပ်ကြမ်းကြမ်း ဆက်ဆံချင် (သို့မဟုတ်) ဆက်ဆံသည်ကို ခံလိုတတ်ကြကြောင်း ဟူ၍ဖြစ်လေသည်။

          ဦးထွန်းအောင်လည်း တော်တော်ကြီး စိတ်ပူပန်သွားမိကာ ယင်းရော ဂါမျိုးမှာ ဘယ်ကစပြီးဖြစ်ပေါ်လာ၍ ဘယ်လိုနည်းဖြင့် ကုစားပါမည်နည်းဟု မေးမြန်းခဲ့ရာ ဆရာဝန်ကြီးသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး နောက် ရောဂါမှာ မိဘမျိုးရိုးနှင့် ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ ရုတ်တ ရက် ပျောက်ကင်းအောင် ကုစားရန်မှာ မလွယ်ကြောင်း၊ သို့သော်လည်း ခေတ်ပညာတတ်သူများအဖို့မှာမူ တဖြည်းဖြည်း အသိပညာတိုးတက်လာ သည်နှင့်အမျှ အသိဉာဏ်ဖြင့် ထိန်းချုပ်သွားနိုင်လျှင် ပျောက်ကင်းသွားမည် သာဖြစ်ကြောင်းဖြင့် ပြန်ပြောပြလေသည်။

          ထိုစဉ်က ဦးထွန်းအောင်သည် မျက်နှာ `ကွက်” ခနဲ ပျက်သွားပြီး ရုတ်တရက်မလုံမလဲဖြစ်လာကာ မနေတတ် မထိုင်တတ်နှင့် အတော်ဣန္ဒြေပျက်ခဲ့ရသည်။ အကြောင်းမှာကား မိမိကိုယ်တိုင် တစ်ချိန်က မယားဖြစ်သူ၏ သေတ္တာတွင်းမှ အတွင်းခံ ထဘီတစ်ထည်ကို အကြောင်းမဲ့သက်သက် ခိုးဝှက် ထားခဲ့မိဖူးသောကြောင့်တည်း။

          ထိုစဉ်က ဒေါ်တင်ကြည်သည် မိမိကိုယ်တိုင်သေတ္တာထဲ သေသေ ချာချာ သိမ်းဆည်းထားခဲ့သော အတွင်းခံထဘီမှ ရွေးပြီး ပျောက်သွားခြင်းဖြစ် သောကြောင့် “ဗျစ်” တောက် “ဗျစ်” တောက်ဖြစ်ကာ တစ်အိမ်လုံးပွက်ပွက်ညံ၍ သွားခဲ့ရဖူးလေသည်။ ဦးထွန်းအောင်ခမျာ ထဘီကို ပြန်ပေးလိုက်ရကောင်း နိုးနိုး၊ ဖျောက်ဖျက်ပစ်လိုက်ရကောင်းနိုးနိုးဖြင့် တော်တော်ကြီး ကသီလင်တနိုင် ခဲ့ရရှာလေသည်။

          ယင်းဖြစ်ရပ်ကို စဉ်းစားမိပြီး ဦးထွန်းအောင်သည် မိမိကိုယ်ကို မလုံ မလဲဖြစ်လာကာ ဆရာဝန်ကြီး၏ မျက်နှာကို မျက်လုံးထောင့်ကပ်၍ မရဲတရဲ လှမ်းကြည့်လိုက်သည်။ ဆရာဝန်ကြီးမှာ ၎င်းကို မကြည့်ဘဲ..

“ဒါပေမဲ့ သိပ်ပြီးစိုးရိမ်စရာတော့ မရှိပါဘူး။ အသိပညာခေါင်းပါးတဲ့ လူတွေမှာသာ ဒီရောဂါဟာ စိုးရိမ်စရာရှိပါတယ်၊ ပညာသင်ကြားခွင့်ရတဲ့လူ တွေမှာတော့ တဖြည်းဖြည်း အသိပညာ တိုးတက်လာပြီး ရောဂါဟာလည်း အလိုအလျောက် ပျောက်ကွယ်သွားတတ်ကြပါတယ်။ အနည်းဆုံးကိုယ့်စိတ် ကိုယ် ချုပ်ထိန်းသွားနိုင်ကြတယ်ပေါ့လေ” ဟု ပြောလိုက်တော့မှ ဦးထွန်းအောင်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်း ရှည်တစ်ချက် မှုတ်ထုတ်လိုက်ပြီး ဆရာဝန်ကြီး၏ အခန်းတွင်းမှ လျင်မြန် စွာ ထွက်ခွာသွားခဲ့လေ၏။

          ဦးထွန်းအောင်သည် အထက်ပါ ဖြစ်ရပ်ကလေးကို သတိရစဉ်းစား နေမိရာမှ စိတ်အာရုံကို ရေချိုးခန်းထဲသို့ ပြန်လည်စူးစိုက်လိုက်ပြန်သည်။ တင်အောင်မှာ အိမ်ထောင် မရှိသေးသော ကျောင်းသားလူရွယ်တစ်ဦးမျှသာ ဖြစ်ပေရာ သားလူပျိုတစ်ယောက် ရေချိုးနေစဉ် ရေချိုးခန်းတွင်းမှ မိန်းမပျို တစ်ဦး၏အသံကို ကြားမိသည်ဆိုလျှင် အဘယ်မိဘမဆို သင်္ကာမကင်း ဖြစ်မိကြမည်သာ။ အနည်းဆုံး စိတ်ဝင်စားခြင်းတော့ ရှိကြမည်သာ ဖြစ်သည် ဟု စဉ်းစားလိုက်မိသည်။

          ဦးထွန်းအောင်မှာကား စိတ်ဝင်စားမိရုံသာမက မျက်လုံးများပင် မသိချစ်လွန်းလို့ ကြံမိသူ မသာပြူးကျယ်လျက်ရှိနေလေသည်။ “ငါ့သားဟာ ဒီလောက်တော့လည်း မိုက်ရိုင်းလိမ့်မယ်မဟုတ်ပါဘူးလေ”ဟု တစ်ဖက်သော ဦးနှောက်က စဉ်းစား မိသော်လည်း အခြားတစ်ဖက်ခြမ်းသော ဦးနှောက်ကမူ “မလုပ်ဘူးလို့ တထစ် ချဘယ်ပြောနိုင်မလဲ”ဟု စဉ်းစားလိုက်မိပြန်သည်။

          ထိုအတွင်း...

          “ကိုထွန်းအောင် ကိုထွန်းအောင်၊ ရှင်ဘာများ လုပ်နေတာလဲ” ဟူသော အသံနှင့်အတူ အချိန်အတန်ကြာမျှ စောင့်နေသော်လည်း ဆင်းမလာသော ကြောင့် စိတ်တိုနေဟန်တူသော ဒေါ်တင်ကြည်သည် ဧည့်ခန်းထဲသို့ စူဆောင့် ဆောင့်ဖြင့် ဝင်ရောက်လာသည်။ ဦးထွန်းအောင်သည် မယားဖြစ်သူအား တစ်ချက်မျှ လှည့်ကြည့်၍ စကားမပြောရန် ပါးစပ်နား လက်ညှိုးထောင်ပြ ပြီး တစ်ဆက်တည်း ရေချိုးခန်းဘက်သို့ လက်ညှိုးတငေါက်ငေါက် ထိုးပြ လိုက်သည်။

          ဒေါ်တင်ကြည်သည် ဦးထွန်းအောင် ဘာဆိုလိုသည်ကို နားမလည် သဖြင့် စိတ်ရှုပ်သည့် အမူအရာဖြင့် ရေချိုးခန်းဘက်သို့ ဂရုစိုက်ပြီး လှမ်း ကြည့်သည်။

ရေချိုးခန်းမှာ အတွင်းကပိတ်ထားသောကြောင့် တစ်စုံတစ်ရာ ထူးခြား သည်ကို မတွေ့ရချေ။

          ထိုစဉ်မှာပင် မိန်းမပျိုတစ်ဦး၏ တခစ်ခစ် ရယ်မောလိုက်သံသည် ရေချိုးခန်းတွင်းမှ ထင်ရှားစွာ ထွက်ပေါ်လာလေရာထိုအခါမှပင်ဒေါ်တင်ကြည်လည်းရုတ်တရက်အံ့အားသင့်ပြီးပါးစပ်ကြီးအဟောင်းသားဖြစ်ကာ ဘယ်လိုလဲ”ဟူသော အကြည့်မျိုးဖြင့် ဦးထွန်းအောင်အား လှည့်ကြည့်သည်။ ဦးထွန်းအောင်ကလည်း “ငါလည်းအဲဒါ စိတ်ဝင်စားနေလို့” ဟူသော အကြည့် မျိုးဖြင့်သာ ပြန်ကြည့်နေသည်ကို တွေ့ရလျှင် ဒေါ်တင်ကြည်သည်ရေချိုးခန်း ဆီသို့ ပြန်လှည့်သွားသည်။ သို့နှင့် လူကြီးနှစ်ယောက်သည် အဓိပ္ပာယ်ကို ဘယ်လိုစဉ်းစားတွေးတော၍ မရသဖြင့် တစ်ဦးမျက်နှာတစ်ဦး ပြန်ကြည့်ရင်း အူကြောင်ကြောင် ရပ်နေမိကြလေသည်။

          ထိုအတွင်း ရေချိုးခန်းထဲမှ အသံသည် ရုပ်ရှင်ပိတ်ကားပေါ်မှ ရှုခင်း တစ်ခု ရိပ်ခနဲ ပြောင်းလဲသွားသည့်ပမာ အကြောင်းအရာတစ်ခုမှ အခြားတစ်ခုသို့ ရုတ်ခြည်းပြောင်းလဲသွားသည်။ စောစောက ကြားနေရသော အသံ များမှာ ယောက်ျားပျိုတစ်ဦးနှင့် မိန်းမပျိုတစ်ဦး၏ ချစ်တင်းနှီးနှောနေသံ၊ ကြင်နာယုယသံများ ဖြစ်ပြီး ယခုကြားလာရသောအသံများမှာ “ဘွတ်အဲ.. ဘွတ်အဲ” ဟူသော နွားအော်သံလိုလို တစ်ချက်ကြားလိုက်ရပြီးနောက် ချူသံ လိုလိုကိုလည်း တစ်ဆက်တည်း ကြားလိုက်ရသည်။ မိန်းမပျိုလေး၏ သီချင်းညည်းသံမှာလည်း စောစောကလို အချစ်နှင့်အလွမ်းသီချင်းများ မဟုတ် တော့ဘဲ ကောက်စိုက်သမတစ်ဦး လယ်ကွင်းထဲပျော်ရွှင်စွာ အလုပ်ဆင်းနေ သည့်အကြောင်းကို ဖွဲ့နွဲ့စပ်ဆိုထားသော လယ်သူမ တေးသံတစ်ပုဒ်ဖြစ်သွား ပြန်သည်။

          ထိုအတွင်း ရွှံ့ဗွက်တောထဲ နင်းလျှောက်သွားသော အသံမှာ ထင်ရှား စွာပေါ်၍လာလေသည်။

         ယင်းအသံတို့ကြောင့် အပြင်ဘက်တွင် ရပ်ပြီးအကဲခတ်နားထောင်နေ ကြသော လူကြီးနှစ်ယောက်သည် အချင်းချင်း “ဖျတ်”ခနဲ လှည့်ကြည့်ရင်း မျက်စိမျက်နှာပျက်သွားကြသည်။

          ထိုစဉ်မှာပင် တံခါးမင်းတုပ်ဖြုတ်သံ ‘ဂျောက် ခနဲ ပေါ်လာပြီး ရေချိုး ခန်း တံခါးလည်း ပွင့်၍လာသည်။ တင်အောင်သည် အတွင်းခံ ‘ဆပ်ဆပင် ဒါလေးဖြင့် ထွက်လာရာ ပါးလွှာသော ဆပ်ဆပင်ဒါ”မှာ ရေစိုပြီး အမြင်မ

တော် ဖြစ်နေသဖြင့် တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက်တွင် တိတ်ဆိတ်စွာရပ်နေကြသော လူကြီးနှစ်ယောက်ကိုတွေ့လိုက်ရလျှင် လက်ထဲ ကိုင်ထားသော မျက်နှာသုတ်ပဝါကြီးကို ခါးပေါ်ကပျာကယာ ရစ်ပတ်ထား လိုက်သည်။ လူကြီးနှစ်ယောက်သည် မိမိကိုပင် အကဲခတ်ကြည့်နေကြကြောင်း သတိထားမိလျှင် တင်အောင်လည်း မလုံမလဲဖြစ်လာပြီး အခန်းထဲပဲပြန်ဝင် သွားရမလို၊ အပြင်ဘက်ပဲ ထွက်ပြေးသွားရတော့မလို အူကြောင်ကြောင်ဖြစ် သွားမိရှာသည်။ ပြီးမှအသံကို သတိထားပြီး... 

          “ဖေဖေတို့ ဘာလို့ ရပ်ကြည့်နေကြတာလဲ” ဟု မေးလိုက်လေ၏။

           ဦးထွန်းအောင်သည် ဒေါ်တင်ကြည်၏ မျက်နှာကို တစ်ချက်ခိုးကြောင် ခိုးဝှက်လှမ်းကြည့်ပြီး မျက်လုံးအစုံကို တစ်ဖက်သို့ပြန်လွှဲပစ်လိုက်ရင်း

          “မင်း ဘာလုပ်နေတာလဲ” ဟု တင်အောင်၏ မေးခွန်းကို မေးခွန်းအသစ်တစ်ခုနှင့် တုံ့ပြန်လိုက်သည်။

          “ကျ... ကျွန်တော် ဘာလုပ်နေရမှာလဲ၊ ရေချိုးနေတာပေါ့၊ မတွေ့ ဘူးလား”

          တင်အောင်အား ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်နေလေ၏။

          ဦးထွန်းအောင်သည် ရေချိုးခန်းထဲသို့ တစေ့တစောင်း အကဲခတ်ကြည့် လိုက်ရင်း သက်ပြင်းတစ်ချက် မသိမသာ မှုတ်ထုတ်ကာ၊

          “ဘာသံတွေလဲကွ မင်းရေချိုးနေတုန်း ကြားရတဲ့အသံတွေက”

ထိုအခါမှ တင်အောင်လည်း မိဘနှစ်ပါး စိတ်ဝင်စားနေသည့် အကြောင်းရင်းကို ရိပ်မိကာ ရောင်ရောင်ကလေး ပြုံးလာနိုင်တော့သည်။ နောက် ရေချိုးခန်းဘက်သို့ တစ်ချက်လှည့်ကြည့်ရင်း...

          “အော်... အော်.. ဟော်၊ အဲဒါမေးတာလား၊ အဲဒါ ဟိုအဘိုးကြီးတို့ ဂီတအော်သံ”တေး တူရိယာအဖွဲ့က နောက်ဆုံး သွင်းထားတဲ့ ဇာတ်လမ်း ပမာ နားဆင်စရာ တိပ်ရီကော်ဒါကို ရေချိုးရင်း ဖွင့်နားထောင်နေတာပါ”

          တင်အောင်၏ စကားအဆုံးတွင် ဦးထွန်းအောင်သည် ဒေါ်တင်ကြည် ကို လှမ်းကြည့်ရာ အကြည့်ချင်းဆုံသွားမိကြသည်။ လူကြီးနှစ်ယောက်စလုံး ပင် ရယ်ရမလို ပြုံးရမလို ဖြစ်သွားမိကြလေ၏။

          “မင်းနှယ်ကွာ ရေချိုးရင်းနဲ့များ တိပ်ရီကော်ဒါ ဖွင့်ရတယ်လို့”

          နောက်ဆုံး၌ ဦးထွန်းအောင်သည် မိမိအဖြစ်ကို ရယ်ချင်လာသဖြင့် အရှက်ပြေအပြစ်တင်သံနှင့် ပြောလိုက်တော့သည်။

          “ဖေဖေကလည်း ရေချိုးရင်း နားထောင်မှ ပိုပြီး ဇိမ်ရှိတာ” တင်အောင်ကလည်း အပြစ်တင်မခံဘဲ ဆင်ခြေပေးလိုက်ပြန်သည်။

          ဦးထွန်းအောင်သည် ဆက်ပြီး စကားကြော မရှည်လိုတော့ဟန်ဖြင့် ဒေါ်တင်ကြည်ဘက် တစ်ချက်လှည့်ကြည့်ပြီး၊ တင်အောင်ဘက် ပြန်လှည့် လိုက်ကာ

          “ကဲ၊ ငါတို့အလှူပွဲတစ်ခုသွားစရာရှိလို့ သွားလိုက်ဦးမယ်၊ မင်းတို့ မောင်နှမတွေ ထမင်းစား စောင့်မနေကြနဲ့၊ ကြားလား” ဟု ပြောခဲ့ပြီးနောက် လင်မယားနှစ်ယောက်စလုံး အပြင်ဘက်သို့ ထွက်ခွာသွားကြလေတော့၏။

          တင်အောင်သည် ယနေ့အဖို့ရာ၌ မိမိတစ်သက်တာ ဘဝတွင် ပျော်ရွှင်