Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

လှသမိန် - မှားတတ်သောမြန်မာစာအရေးအသား

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out

သဒ္ဒါနည်းအမှားများ

 

          မြန်မာစာရေးသားရာတွင် သဒ္ဒါနည်းအမှားများကို ရေးသားမိ တတ်ကြသည်။ ဤတွင် သဒ္ဒါဟုဆိုရာ၌ နာမ်၊ ကြိယာ၊ နာမဝိသေသန စသည်တို့ကို ကျွမ်းကျင်စွာအမျိုးအစားခွဲနိုင်သည့် အတတ်ပညာအထိ ကျယ်ပြန့်စေလိုခြင်းမရှိပေ။ အစဉ်သဖြင့် ရေးရိုးရေးစဉ်အတိုင်း ရေးသား ကြရာ၌ ထိုသို့ရေးစဉ် ယွင်းချွတ်ခြင်းကိုသာ ဆိုလိုပေသည်။ ရေးစဉ် ချွတ်ယွင်းသော် အဓိပ္ပာယ်ဆိုလိုရင်းသည်လည်း တိမ်းယိမ်းလေသည်။ နားထောင်ရာ၌လည်း နားကလောလေသည်။ ရှေးရိုးရေးစဉ် မသိမကျွမ်း ရာလည်း ရောက်လေသည်။ ထို့ကြောင့် သဒ္ဒါနည်းအမှားများကို အမှန် ပြင်ဆင်ချက်နှင့်တကွ ပြင်ဆင်ရခြင်းအကြောင်း အတိုချုပ်တို့ကိုပါ ရှင်း ဖွင့် ဖော်ပြလိုက်ပေသည်။

 

လိုက် 

၁။  အမှား။ ထိုစာအုပ်သည် အလွန်ကောင်း၏၊ ထို့ကြောင့် အုပ်ရေ

                 တစ်သောင်း ရောင်းလိုက်ကြပြီးပြီ။

                 နည်းတူ လက်သမားက ပစ္စည်းအပ်သူအားသာလျှင်

                 ကျေ နပ်အောင်လုပ်သည်။ ပစ္စည်းအပ်သူက လက်သမားအား

                 ကျေနပ်အောင် ပြုခိုင်းသည် မဟုတ်ချေ။ ထိုကြောင့် “စေ”မလိုပေ။

     အမှန်။ ထိုစာအုပ်သည် အလွန်ကောင်း၏။ ထို့ကြောင့် အုပ်ရေ

               တစ်သောင်း ရောင်းရပြီးပြီ။

               အကြောင်းပြ။ ထို့ကြောင့်... စသော ဒုတိယဝါကျတွင် ကတ္တားမရှိပါချေ။

               မည်သို့ပင်ဖြစ်စေ  ပထမဝါကျနှင့် ဆက်နေ၍ ကတ္တားသည်

               “စာအုပ်”ပင် ဖြစ်ကြောင်း ထင် ရှားသည်။     

               ထိုကြောင့် “အုပ်ရေတစ်သောင်း”သည် အဖြည့် သာဖြစ်၏။

               စာအုပ်သည် အုပ်ရေတစ်သောင်း ရောင်းလိုက်ကြပြီး

               ပြီ၊ စာအုပ်သည် အုပ်ရေတစ်သောင်း ရောင်းရပြီးပြီ။

               ဤဝါကျနှစ်ခုကို နှိုင်းယှဉ်ကြည့်နိုင်သည်။

              “စာအုပ်”သည် ရောင်းသူ မဟုတ်၊  “အရောင်းခံပစ္စည်း”မျှသာဖြစ်၍

               လိုက် သုံးရန် မလိုချေ။

 

စေ

    ၂။ အမှား။ လက်သမားသည် ပစ္စည်းအပ်သူ ကျေနပ်စေအောင် ကြိုးစားသည်။

        အမှန်။ လက်သမားသည် ပစ္စည်းအပ်သူ ကျေနပ်အောင် ကြိုးစားသည်။

                   အကြောင်းပြ။ “စေ”သည် ကတ္တားကို ကံဖြစ်စေနိုင်သည်။

                  ကျွန်တော် သူ့ကိုပေးသည်။

 

                 ကျွန်တော် သူ့ကိုပေးစေသည်။

                 ဤဝါကျနှစ်ခုကို နှိုင်းယှဉ်လျှင်

                 ပထမဝါကျ၌ (ကျွန်တော်) ကပေး၍၊ ဒုတိယဝါကျ၌ သူကသာပေးရလေသည်။

 

အဘယ်ကြောင့်ဆိုသော်         

 ၃။  အမှား။ သူသည် သွေးသားစင်ကြယ်၏၊ အဘယ်ကြောင့်ဆိုသော်

                  ရေများစွာသောက်၏။

       အမှန်။ သူသည် သွေးသားစင်ကြယ်၏။ အဘယ်ကြောင့်ဆိုသော ရေများစွာ 

                  သောက်သောကြောင့် ဖြစ်၏။ 

                  အကြောင်းပြ။ အဘယ်ကြောင့်ဖြစ်သနည်းဟုဆိုရသည်

                  ရှိသော် ဟူ၍   အစချီထားခဲ့လျှင်                                            

                  နောက်ဆုံး၌ ထိုစကားပြေလည်အောင် 

                  သောကြောင့်တည်း။

                  ခြင်းကြောင့် ပင်ဖြစ်သည်။

                  သည့် အတွက်ကြောင့် ဟူ၏။ 

        စသည်ဖြင့် အကွပ်အသိမ်းစကားတစ်ခုခု လိုအပ်သည်။ အကယ်၍

                  သူသည် သွေးသားစင်ကြယ်၏။ ထိုသို့စင်ကြယ်စေ

                   ရန် ရေများစွာသောက်၏။ 

       ဟူ၍ (အဘယ်ကြောင့်ဆိုသော်) မပါဘဲရေးလျှင်ကား မှန်ကန်မည်သာဖြစ်သည်။

မှာ

     ၄ ။ အမှား။ ဆရာပြောသည်မှာ ကြိုးစားကြ။

          အမှန်။ ဆရာပြောသည်မှာ ကြိုးစားကြ ဟူ၍ဖြစ်၏။

                     တစ်နည်း (ဆရာကကြိုးစားကြရန်ပြောသည်)။ 

                      အကြောင်းပြ။ မှာ ဟူသောစကားမှာ ဖြစ်ကြောင်း ရှိကြောင်း 

                      ကြိယာတစ်ခုခုအဆုံးသတ်ရန် ခင်းထားသော စကားဖြစ်၍

                      အဆုံးကွပ်ရန်လိုနေသည်။ မှာ ...ဟု အစချီ ပြီး၊ ထိုတန်းလန်းစာပိုဒ်နှင့်

                      ပြန်၍ဆက်သည့် စကားလုံး မပါဘဲ တစ်ပိုင်းတစ်စထားခဲ့ခြင်းသည်

                      မပြည့်စုံ၊ မမှန်ကန် ချေ။

 

သည် 

         ၅။ အမှား။ အိမ်သည် တံခါးရွက်ရှိ၏။

               အမှန် ။ အိမ်မှာ တံခါးရွက်ရှိ၏။ (၌) ကိုလည်း သုံးနိုင်သည်။

                          အကြောင်းပြ။ “သည်” ဟူသော ကတ္တားနောက်လိုက်  

                          စကားလုံးသည် ပြုခြင်းကြိယာ၊ ဖြစ်ခြင်းကြိယာ အတွက်

                          သာဖြစ်သည်။ ရှိခြင်းကြိယာအတွက် ၌၊ မှာ စသော ဝိဘတ်စကားလုံးမျိုးကိုသာ သုံးရသည်။

 

ကို

        ၆။  အမှား။ ဒဂုန်မြို့ကို ရန်ကုန်ဟု တွင်၏။ 

             အမှန်။ ဒဂုန်မြို့သည် ရန်ကုန်ဟု တွင်၏။

                        အကြောင်းပြ။ “တွင်”ဟူသော ကြိယာသည် ကံပုဒ်မလို

                        သော ကြိယာမျိုးဖြစ်သည်။ ထို့ကြောင့် (ကို)ကို သုံးရန်

                        မလိုပေ။ အကယ်၍“ခေါ်”ဟူသော ကံပုဒ်လိုသည့် ကြိယာ ကို သုံးပါမူကား။

                        ဒဂုန်မြို့ကို ရန်ကုန်ဟု ခေါ်၏။ ဟူ၍ရေးနိုင်ပေသည်။

       

ပြီး

         ၇။  အမှား။ ဤသတင်းသည် သတင်းစာ၌ ပါပြီးသည်။

               အမှန်။ ဤသတင်းသည် သတင်းစာ၌ ပါပြီး(သောသတင်း)ဖြစ်

                         သည်။ သို့မဟုတ်၊ ဤသတင်းသည် သတင်းစာ၌ ပါပြီး

                         အကြောင်းပြ။ အကူကြိယာ(ပြီး)ကို (သည်)နှင့် မတွဲစပ်

                         ချေ။ ပြီးသောအရာဖြစ်သည်။ ပြီးပြီဟူ၍သာ သုံးရသည်။

                        (ပြီး) ကို သီးခြားကြိယာအဖြစ် သုံးမူကား၊

                         ပွဲ ညနေတွင် ပြီးသည်။ ဟူ၍ သုံးနိုင်သည်။

 

 

မှ

               ၈။  အမှား။ ဦးဘ မှ ဖိတ်ကြားပါသည်။

                    အမှန်။ ဦးဘ က ဖိတ်ကြားပါသည်။

                              အကြောင်းပြ။ ဦးဘသည် ဖိတ်သူ ကတ္တားဖြစ်၍(က)ကို သုံးရန်လိုသည်။

                              (မှ)သည် ထွက်ခွာရာကို ပြသောပုဒ်ဖြစ်၍ ကတ္တားနှင့်မဆိုင်ချေ။

                               ဦးဘထံမှ ဖိတ်စာပို့သည်။ ဟုရေးနိုင်ပေသည်။ (ဖိတ်စာပို့သည်)မှာ

                              အခြေခံဝါကျဖြစ်၍ ပို့ရာ အရပ်သည်

                               ဦးဘ၏အထံဖြစ်ကြောင်းကို (မှ)ဖြင့် ထင်ရှားစေသည်။

 

က

                 ၉။ အမှား။ ဘာက အနှောင့်အယှက်ဖြစ်နေသလဲ။

                     အမှန် ။ ဘာက အနှောင့်အယှက်ပြုနေသလဲ။

                                အကြောင်းပြ။ (က)သည် ပြုလုပ်ကြောင်းကြိယာနှင့်သာ

                                တွဲ၍သုံးနိုင်သော ပုဒ်ဖြစ်သည်။  ဖြစ်ကြောင်းကြိယာနှင့် မသုံးနိုင်။

                               ထို့ကြောင့်  ဘာ(သည်)အနှောင့်အယှက် ဖြစ်နေသလဲ ဟူ၍သာ ရေးလိုက ရေးနိုင်သည်။

                               

 

မည်သည့်

                ၁၀။ အမှား။ မည်သည့် စာအုပ် မကောင်းချေ။

                      အမှန်။ မည်သည့် စာအုပ်မျှ မကောင်းချေ။

                                အကြောင်းပြ။ (မည်သည့်)မှာ ပုဒ် မပြည့်စုံသေးချေ။

                                နောက်မှ(မျှ၊ မဆို၊ ဟူ၍တွင်) စသည်တို့ကို ဆက်၍သုံးမှ ပြည့်စုံသည်။

                                မေးခွန်းဖြစ်မူ နောက်ဆက်မပါဘဲ-

                                မည်သည့်စာအုပ်နည်း၊ စသည်ဖြင့်သုံးနိုင်လေသည်။

 

မို့

                ၁၁။ အမှား။ သူမသိမို့ မေးသည်။

                      အမှန်။ သူမသိလို့ မေးသည်။

                                 အကြောင်းပြ။ (ဍ)ကို ကြိယာနှင့်မတွဲ၊ နာမ်နှင့်သာ အတွဲ