Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

လှသမိန် - စိတ်ပျိုးထောင်နည်း

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out

ရုပ်ပိုင်းနှင့် စိတ်ပိုင်း

      

          စိတ်ဆိုသည်ကား သိမှုတစ်ခုတည်းပင် ဖြစ်ပေသည်။ သို့ရာတွင် အဘိဓမ္မာသဘောအားဖြင့် ယှဉ်ဖက်စေတသိက် များပြားခြင်းကြောင့် စိတ်အမျိုးအစားသည် အကျဉ်း (၈၉) ပါး၊ အကျယ် (၁၂၁) ပါးအထိ စာရင်းပေါက်လေသည်။

          စင်စစ်အားဖြင့် သိမှုတစ်ခုတည်းသာရှိသော်လည်း သိပုံအနည်း နည်း ကွဲပေသည်။ သိစရာအမျိုးမျိုး ကွဲပြားများပြားပေသည်။ ထို့ကြောင့် စိတ်ကို အမျိုးမျိုး အမည်တပ်ကြရပေသည်။ 

          ဤတွင်ကား အများသိနားလည်သည့်အတိုင်း အကြောင်းအရာ၊ အာရုံကိုလိုက်၍ စိတ်များကို ခွဲခြမ်းအမည်တပ်ကာ သုံးသပ်တင်ပြသွား လိုပေသည်။

          စိတ်ဆိုသည်မှာ အာရုံကိုစွဲ၍ ဖြစ်ပေါ်တတ်သည် ဖြစ်သော်လည်း စိတ်ကို လေ့ကျင့်ပြုပြင်ပေးပါလျှင် (ဝါ) အသိအခံတရားကို ပြုပြင် ထူထောင်ပေးလျှင် ဖြစ်ပေါ်လာသော စိတ်သည် တိုးတက်ထက်မြက် လာမည်သာ ဖြစ်ပေသည်။

          စိတ်ကို လုပ်ယူ၍ ရပေသည်။ လောဘ၊ ဒေါသစိတ်များကို သမာဓိ စိတ်အနေသို့ ရောက်အောင် ပြုပြင်လမ်းကြောင်းကာ ပြောင်းလဲယူ၍ ရပေသည်။ အခက်အလွယ်အားဖြင့်သာ ခြားနားမည်ဖြစ်၍ ပြောင်းလဲ ၍ မရနိုင်သည်ကား မရှိပေ။

          ထို့ကြောင့် ကျွန်ုပ်တို့သည် အခြေခံအားဖြင့် မလိုသောစိတ်ကို စွန့်ပယ်၍ လိုသောစိတ်ကို ရွေးကာ မွေးကြရပေလိမ့်မည်။ အဘယ်စိတ် များသည် မလိုလားအပ်၍ အဘယ်စိတ်များသည် လိုလားအပ်သည်ကို ပိုင်းဖြတ်ချင့်ချိန်နိုင်စွမ်းလည်း ရှိရပေမည်။ 

          အရွယ်ရောက်သော သူတစ်ယောက်အဖို့ မိမိကိုယ်တိုင် ပိုင်းဖြတ် နိုင်မည်ဖြစ်၍ အရွယ်မရောက်သေးသော လူငယ်များအတွက်ကား ဆရာ၊ မိဘ၊ အုပ်ချုပ်သူတို့က ညွှန်ပြရပေမည်။

          စိတ်ဟူသည်မှာ ရုပ်ပတ်ဝန်းကျင်ကို မှီ၍ဖြစ်စေ၊ အဆင့်ဆင့် သိရှိ လာရသော အသိအရင်းခံကို မှီ၍ဖြစ်စေ တိုးတက်ဖွံ့ဖြိုးရမြဲ ဖြစ်ပေသည်။ ပကတိအတိုင်းထားလျှင်ကား လူ၏ရုပ်ခန္ဓာကသာ စည်ပင်ဖွံ့ ထွားပြီး စိတ်က အရွယ်မရောက်၊ မကြီးထွားဘဲ ရှိနေတတ်ပေသည်။

          လူကြီးနှင့် ကလေးစိတ်ရှိနေလျှင် ထိုလူကြီးသည် သူ၏ ဘဝအတွက် သော်လည်းကောင်း၊ နိုင်ငံအတွက်သော်လည်းကောင်း အသုံးမဝင်နိုင် ပေ။ အာဟာရကို မှီဝဲ၍ လိုအပ်သော အခြားမဟာဘုတ်အကြောင်းများ ပြည့်စုံလျှင် ကိုယ်ကောင်သည် အလိုလို ကြီးထွားလာမည်သာ ဖြစ်ပေ သည်။

          စိတ်ကိုမူကား ပြုစုပျိုးထောင်ခြင်းဖြင့် ကိုယ်နှင့် (ဝါ) အရွယ်နှင့် အခြေအနေနှင့် လိုက်ဖက်ညီညွတ်အောင် ပြုပြင်ယူရပေမည်။ စိတ်ကို အလိုအလျောက်အတိုင်း ထား၍ မပြီးပေ။

          ရုပ်ကို အစာကျွေးသကဲ့သို့ စိတ်ကိုလည်း အစာကျွေးရပေသည်။စိတ်သည် အသိတရား အရင်းခံပေါ်တွင် အခြေစိုက်တည်၍ လှုပ်ရှား ရသဖြင့် လိုအပ်သော အသိဓာတ်ခံများ ပေးသွင်းထားရန် လိုအပ်ပေ သည်။

          ဤဓာတ်ခံကို အသိတရားဟူ၍လည်း ခေါ်ကြပေသည်။ အသိ တရား အခြေခံရှိသူ၏ အတွေးအခေါ် အကြံအစည်တို့သည် အသိ တရားမရှိသူ၏ အတွေးအခေါ် အကြံအစည်နှင့် ကွဲလွဲသည်သာမက အမှန်တရား၊ အကျိုးပြုနိုင်စွမ်းတို့သည် ပို၍ ထက်မြက်ပေသည်။

          တွေးပုံခေါ်ပုံ အခြေခံအသိကို အသုံးချမြဲ၊ အားယူမှီတွယ်မြဲ ဖြစ်ပေ သည်။ အခြေခံအသိကြွယ်ဝသလောက် တွေးခေါ်ပုံက ထောင့်စေ့မြဲဖြစ် ပေသည်။

          အသိမပြည့်စုံလျှင် တွေးခေါ်ပုံကလည်း မပြည့်စုံနိုင်ပေ။ အတွေး အခေါ် ထောင့်မစေ့လျှင် ဟာကွက်၊ ပျော့ကွက် ရှိမည်ဖြစ်၍ ဆုံးဖြတ် ချက်များကလည်း ရာနှုန်းပြည့် မမှန်ကန်နိုင်ပေ။

          အခြေခံအသိများ ပြည့်စုံကြွယ်ဝလာသလောက် တွေးခေါ်ပုံလမ်း ကြောင်းကလည်း တိုးတက်လာပေမည်။

          ပုံစံအားဖြင့် ကမ္ဘာကြီးသည် ပြားသည်ဟူသော သိမှုကို လက်ခံ ထားလျှင် အာကာသသိပ္ပံနှင့်ပတ်သက်သော အယူအဆများသည် တလွဲ တော်ပင် ဖြစ်နေပေလိမ့်မည်။

          ကမ္ဘာကို လုံးသည်၊ ကမ္ဘာက လည်ပတ်နေသည်ဟူသော အသိမှန် ကို အခြေခံပါမှသာ အခြားဂြိုဟ်များသို့ သွားရောက်နိုင်မည့် နည်းလမ်း များကို တွက်ဆနိုင်မည်ဖြစ်ပေသည်။

          ထို့ကြောင့် အသိတရား အခြေခံတိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်ပေသည်။ သိသင့်သိထိုက်သော အရာများကို လေ့လာရပေမည်။ မှန်ကန်သော အသိသို့ ရောက်အောင်လည်း စူးစမ်းစစ်ဆေး ကြံဆနေရ ပေမည်။

          ပုံစံအားဖြင့် အရာဝတ္ထုတို့သည် မြူအပေါင်း ပေါင်းဖွဲ့ တည်ရှိနေ ခြင်းဖြစ်ပြီး ထိုပင်ရင်းမြူသည် အသေးငယ်ဆုံး ဒြပ်ဖြစ်ကာ ထိုထက် ခွဲစိတ်၍မရတော့ဟူသော အသိကို တစ်ချိန်တစ်ခါက လက်ခံခဲ့ကြသည်။

          ထိုအတိုင်းဆိုသော် ဒြပ်စင်တစ်ခု၏ မြူအထိ ခွဲစိတ်လေ့လာပြီး လျှင် ဆက်လက်၍ ကြံဆပြုလုပ်ရန်မလိုတော့ဟု သဘောထားရန်သာ ရှိပေလိမ့်မည်။ သို့ရာတွင် ထိုမြူကိုပင် ပရိုထရွန်၊ နျူထရွန်အားဖြင့် ခွဲစိတ်ရနိုင်ရုံသာမက ထိုသို့ အဏုမြူကို ခွဲစိတ်ရာမှ အလွန်ကြီးမားသော စွမ်းအင်ကိုပင် ဖော်ထုတ်နိုင်ကြောင်း သိရှိလာကြရပြန်သည်။

          ထိုအသိဖြင့် အဏုမြူစွမ်းအင်ကို ထုတ်ယူသုံးစွဲနိုင်ခဲ့ကြပေသည်။ အကယ်၍ အသိဟောင်းဖြင့် စဉ်းစားကြံဆနေလျှင် အဏုမြူစွမ်းအင် သည် ပေါ်လာရန်နှင့် လူတို့အသိတရားထဲသို့ ဝင်လာရန် အကြောင်းမရှိ ပေ။

          စိတ်ဓာတ်ရင့်ကျက် ကျယ်ပြန့်ရန်အတွက် အသိကျယ်ပြန့်အောင် ကြိုးစားရေးမှာ လူ၏အရေးကြီးသော တာဝန်ပင်ဖြစ်ပေသည်။ ဒုက္ခ ဟူသည်ကို တွေ့ကြုံခံစားရခြင်း မရှိဖူးသောသူသည် ဒုက္ခတစ်ခုကို တွေ့ရချိန်တွင် ကြီးကျယ်သော အခက်အခဲ၊ ဆိုးရွားပြင်းထန်သော အတားအဆီး၊ ရွံရှာမနှစ်မြို့ဖွယ် အနှောင့်အယှက်အဖြစ်နှင့် မြင်ပေမည်။

          သို့ရာတွင် လူ့လောကသည် အမျိုးမျိုးသော ဒုက္ခမျိုးများကို ခံစား ရာဘုံဘဝဖြစ်သည်ကို နားလည်သိမြင်ထားလျှင်လည်းကောင်း၊ ဒုက္ခ မျိုးစုံကို အကြိမ်ကြိမ် တွေ့ဆုံခဲ့ရသော အတွေ့ အကြုံ ရှိထားလျှင်လည်းကောင်း ဒုက္ခတစ်စုံတစ်ရာအပေါ်တွင် သဘောထားပုံမှာ များစွာ ပြောင်း လဲသွားပေမည်။

          သာမန်ဒုက္ခလောက်ကို အပြုံးမပျက် ခံယူနိုင်ပေမည်။ ဒုက္ခဆိုသည် မှာ ဘာမျှမထူးဆန်း၊ ပုရွက်ဆိတ်ကိုက်ခံရခြင်း၊ ဆေးလိပ်မီးပွားလွင့် ထိခြင်း၊ ဆေးထိုးအပ် စူးဝင်ခြင်းမျှလောက်သာ သဘောထားလာပေ လိမ့်မည်။

          အသိတရား၊ အသိအမြင်၊ ဗဟုသုတအတွေ့အကြုံတို့၏ ပမာဏ သည် လူကို တစ်မျိုးတစ်မည် ပြောင်းလဲနိုင်ပေသည်။ အတွေ့အကြုံ ဗဟုသုတကို ရင်းနှီး၍ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊ ဝင်ငွေတိုး ပွားအောင်ပြုလုပ်ခြင်း၊ တီထွင်ဖန်တီးခြင်း၊ လူတို့၏ သာယာကြည်နူးမှု ကို ပို၍ဖြည့်စွမ်းခြင်းများ ပြုလုပ်နိုင်ပေလိမ့်မည်။ 

          ဤသည်မှာ ရုပ်ဝတ္ထုအသွင်ဖြင့် အကျိုးပြုမှုပင်ဖြစ်ပေသည်။ ထိုမျှ မက စိတ်အင်အားကို အကျိုးပြုနိုင်သောအပိုင်းလည်း ရှိပေသေးသည်။ သဘာဝတ္ထကိုသိခြင်း၊ သမိုင်းဖြစ်ရပ်ကို နားလည်ခြင်း၊ ဒေသအပြင် တစ်ဝန်းကို လှမ်းမျှော်၍ သုံးသပ်နိုင်ခြင်း စသည်တို့ကြောင့် စိတ်ဓာတ် အင်အားကို တိုးတက်ခြင်း၊ လောကဓံကို ခံနိုင်ခြင်း၊ အခြေအနေနှင့် ကိုက်ညီစွာ ဆုံးဖြတ်နိုင်ခြင်း၊ လူသားတို့အပေါ်တွင် စာနာမှုထားနိုင် ခြင်း၊ ဖြစ်ပျက်တို့ကို မျှမျှတတ သုံးသပ်နိုင်ခြင်း စသော အရည်အချင်း များလည်း တိုးတက်လာရသည်သာ ဖြစ်ပေသည်။ 

          စိတ်အင်အား တိုးတက်ရေးတွင် အခြေခံအသိ (ဝါ) ခံယူချက်အပြင် ရုပ်ဝတ္ထုပတ်ဝန်းကျင်၏ အခြေအနေသည်လည်း အကြောင်းတရား တစ်ရပ်ဖြစ်ပေသေးသည်။ မတောင့်မတ မကြောင့်ကြရသော သူ၏စိတ် သည် သောကကင်းဝေးသည့်အလျောက် အင်အားပိုမိုတိုးတက်ရပေ သည်။ အူမတောင့်သဖြင့် သီလစောင့်နိုင်စွမ်းလည်း ရှိလာပေသည်။

          ဤတွင် သုံးသပ် စဉ်းစားစရာများ ရှိလာပေသည်။ လူတစ်ယောက် သည် နောက်ကြောင်းအခြေအနေ ပြည့်စုံသည့်အတွက် အသိဉာဏ်၊ စာရိတ္တ တိုးတက်ကောင်းမွန်လာနိုင်ပါသလော ဟူသော အချက်ပင်ဖြစ်ပေသည်။ အူမတောင့်ပါလျက် သီလမစောင့်ဘဲ ရလေလိုလေ အိုတစ္ဆေ ဖြစ်နေကြသူများလည်း အသင်္ချေရှိသည် မဟုတ်လောဟူ၍ စောဒက တက်မည်ဆိုလျှင်လည်း တက်နိုင်ပေသည်။

          ဤပြဿနာသည် စဉ်းစားအဖြေရှာမရသည့် ပြဿနာပင်ဖြစ်ပေ သည်။ ရုပ်ဝတ္ထုအခြေအနေ ပြည့်စုံလာသောအခါ လူသည် ပင်ပန်းအား ထုတ်မှုများ သက်သာလျော့ပါးလာ၍ သာယာမှုခံစားရန် အချိန်ပို၍ရ သောကြောင့် သာယာမှုကို ခံတွင်းတွေ့ကာ ပို၍ခံစားလိုသောစိတ်၊ အပျင်းထူသောစိတ်၊ ဖောက်ဖောက်ပြန်ပြန် သာယာမှုရှာလိုသောစိတ် များ ပေါ်ပေါက်လာတတ်သည်မှာ ငြင်းစရာမလိုပေ။

          ထိုမှတစ်ပါး အသိဉာဏ်၏အရေးတွင် ရုန်းကန်လှုပ်ရှား အသုံးချ နေသလောက် ရှင်သန်တိုးတက်နေရသည်ကိုလည်း အသိအမှတ်ပြုရ ပေလိမ့်မည်။

          ထို့ကြောင့် အခြေအနေပြည့်စုံသော မိဘ၏ သားသမီးများသည် ပေါ့ပေါ့စား၊ ပေါ့ပေါ့ နေကာ ပညာရေးညံ့ဖျင်း၍ တိုးတက်မှုလျော့ပါး သည်ကိုလည်း တွေ့ ရပေမည်။ ဆင်းရဲနွမ်းပါးစွာ ဘဝနာသော သား သမီးများကား ကြိုးစားအားထုတ်သဖြင့် ထူးချွန်လာရသည်ကိုလည်း တွေ့ ရပေမည်။ သို့ရာတွင် ထိုသဘောတရားသည် ပုံသေမဟုတ်သေးပေ။

          တစ်ဖက်တွင် ဆင်းရဲနွမ်းပါးသဖြင့် အသိဉာဏ်မဖွံ့ဖြိုး၊ ဘဝတွင် ကျေနပ်မှုမရဘဲ ဆိုးသွမ်းပေတေကာ မိမိကိုယ်နှင့် မိမိ မိဘ၏သိက္ခာ ကိုပင် ဆည်ရကောင်းမှန်း မသိသော လူငယ်များလည်း ရှိ၍ မိဘအရှိန် အဝါပြည့်စုံမှုတို့ဖြင့် သာတောင့်သာယာ ပညာသင်ကြားကာ တော်ပေါ့ တတ်ပေ့ဆိုသော ဆရာသမားတို့ဖြင့်လည်းကောင်း၊ စာအုပ်စာတမ်း ဖောဖောသီသီဖြင့်လည်းကောင်း၊ ဆရာပို့ချချက်ကို အသံသွင်းစက်ဖြင့်