Skip to product information
1 of 2

Other Websites

လယ်တွင်းသားစောချစ် - ဗုဒ္ဓဂါယာဘုရားဖူး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဗုဒ္ဓဂယာ ဘုရားဖူး

          မြတ်စွာဘုရားရှင်၏ ဝင်ကို ကလေးအရွယ်ငယ်စဉ်ကပင် ပုံပြင် သဖွယ် နားထောင်ခဲ့သည်။ အရွယ်ကလေးရလာသောအခါ ဆရာတော်များ ဟောကြားသည့် ဗုဒ္ဓဝင်ကို ဇာတ်လမ်းသဖွယ် တခမ်းတနားနာကြားမှတ် သားရသည်။

          ရွှေမန်းတင်မောင် စိန်အောင်မင်း စသော ဇာတ်မင်းသားများက ပုဒ္ဓဝင်ကို ဇာတ်အမြင်နှင့် ဇာတ်အသွင် တင်ဆက်သောအခါ လွမ်းမောစွာ သဘောကျရသည်။ ဓာတ်ပြားများကက်ဆက်ခွေများ ထွက်လာသောအခါ လည်း နှစ်သက်စွာ နားထောင်ရသည်။

          ကြီးလာ၍ ဗုဒ္ဓဝင်စာအုပ်များကို ကိုယ်တိုင် ဖတ်မှတ်လေ့လာသော အခါ ပြည့်စုံစွာ သိနားလည်ရသည်နှင့်အမျှ ဗုဒ္ဓမြတ်စွာကိုပို၍ ကြည်ညို သဒ္ဓါပွားရသည်။ မြတ်စွာဘုရား၏ ဖြစ်တော်ပေါင်းတို့ကိုလည်း နေရာဒေသ နှင့်တကွ မှတ်မှတ်သားသားဖြစ်ရသည်။ သို့ရာတွင် ထိုနေရာများသည် ကိုယ့်နိုင်ငံတွင် ရှိသည်မဟုတ်၊ ကိုယ်နှင့် အလှမ်းဝေးကွာလှသည်း ပုံပြင်ထဲမှ ဖြစ်ရပ်များ၊ ဝတ္ထုထဲမှ ဇာတ်လမ်းများ စာပေထဲက မြို့ရွာနန်းတော်များ ကျောင်းတော်ကြီးများကို စိတ်မှန်းနှင့်သာ လွမ်းခဲ့ရသည်။

          နောင်တွင် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသသို့ ဘုရားဖူးခရီးလမ်းများ ပွင့်လာသောအခါ သွားရောက်ကြသော ဘုရားဖူးများနှင့်အတူ ရုပ်ရှင်များ ဗွီဒီယိုအခွေများ ဗွီဒီဗွီဒီများ ပါလာကြသည်။ ထိုအခွေများကိုကြည့်ရသောအခါ ကိုယ်တိုင်ရောက်လိုမြင်လိုစိတ် ကြည်ညိုစွာ ဖူးမြော်လို စိတ်များ ဖြစ်ပေါ်ရသည်။ အချို့သော ဘုရားဖူးများရေးသည့် ခရီးသွားမှတ် တမ်းများကိုလည်း ဖတ်ရသည်။ ကြည်ညို ရိုသေစွာ အားကျခြင်းနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လိုစိတ် ဖြစ်မိသည်။ မြတ်စွာဘုရားဖွားမြင်တော်မူရာ ဘုရားအဖြစ်ပွင့်တော်မူရာ ဓမ္မစကြာဟောတော်မှုရား ပရိနိဗ္ဗာန် စံတော်မူရာ ဖွား - ပွင့် - ဟော - စံ သံဝေဇနိယ လေးဌာနကို ကိုယ် တိုင်သွားရောက် ဖူးမြော်ကန်တော့ရန် ဆန္ဒကြီးစွာ ဖြစ်ပေါ်မိသည်။

သံဝေဇနိယလေးဌာနသို့

          မဇ္ဈိမဒေသ၊ သံဝေဇနိယ လေးဌာနသို့ သူများဘုရားဖူးသွားသည် ကို အားကျသော်လည်း ကိုယ်ကဝန်ထမ်းပို့ သွားရန်မလွယ်။ ဝန်ထမ်းမှ အငြိမ်းစားယူလျှင် သွားနိုင်အောင်သွားမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော် အငြိမ်းစားယူပြီးချိန်မှာ ကျန်းမာရေးကမကောင်း။ နှစ်ချီ၍ ကြာခဲ့သည်။ပြန်ကောင်းမည်ပင်မထင်။ ဗုဒ္ဓဂယာကဲ့သို့ နိုင်ငံခြားခရီးကိုထား၍ ပြည်တွင်း ခရီးကိုပင် စိတ်ချယုံကြည်စွာ မသွားနိုင်။ အသက်ခြောက်ဆယ်မပြည့်မီထိ ကျန်းမာရေးက ဒေါင်ဒေါင်မြည်။ ခရီးသွားလျှင် ပရုပ်ဆီပင် မဆောင်ရဟု မာနစကားဆိုခဲ့သည်။ ခြောက်ဆယ်ကျော်မှာ ဇရာသာမက နာခြင်းဗျာဒိပါ ရလာပြီ။

          သေခြင်းအတွက် ပြင်ပြီးကျန်းမာရေးနည်းနည်း ပြန်ကောင်းလာ သည်နှင့်အမျှ တောင်ဥက္ကလာပ အမှတ် (၁) အဝိုင်း ရွှေမြင်းမိုရ်မိုးကုတ် ဝိပဿနာတရားစခန်းသို့ ဝင်သည်ဝိပဿနာတရားဘာဝနာ ကြိုးကြိုးစားစား ရှုမှတ်ပွားများရသည်း ဝိပဿနာ ပွားရာတွင် ရှေးဦးစွာ ပဏာမပြုဖွယ်တို့ကို ပြုရာမှာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းအဖြစ် သက်တော်ထင်ရှားမြတ်စွာဘုရားကို အာရုံပြုရ၏။ အရဟံ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ် တော်မူသော မြတ်စွာဘုရား . . .။ ကိလေသာအညစ်အကြေးတို့မှ ကင်းစင်ကြယ်တော်မူခြင်းကြောင့် ကြည်လင်သန့်ရှင်းတင့်တယ်ခြင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို အာရုံမှာ ထင်ရှားစွာဖူးမြင်နိုင်အောင်ကြိုးစား၍ ရှုမှတ်ရသည် စူးစိုက်စွာ ကြိုကြိုးစားစား ရှုမှတ်ပွားများသည်နှင့် အမျှ ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်၍ ကြည်ညိုစဖွယ်ကြည်လင်ရှင်းသန့်စွာ တင့်တယ်သော မြတ်စွာဘုရားရှင်ကို ဖူးမြင်ရ၏။ သဒ္ဓါအားကြောင့် သမာဓိအားကောင်းသည် သမာဓိကောင်းလေ ဘုရားကို ကြည်ညိုစွာ ဖူးမြင်နိုင်လေ ဖြစ်ပါသည် ။

          ဆက်လက်၍ ဒုတိယဂုဏ်တော်ဖြစ်သော သမ္မာသမ္ဗုဒ္ဓေါ အလုံးစုံ သောတရားအပေါင်းတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် ထိုးသွင်းဆင်ခြင်သိမြင်တော်မူသော မြတ်စွာဘုရား...။ဗောဓိပင်ရင်း ရွှေပလ္လင်ထက်တွင် အလုံးစုံသောတရားအပေါင်းတို့ကို သိမြင်၍ ဘုရား၊ အဖြစ်သို့ ရောက်တော်မူသော မြတ်စွာဘုရားရှင်ကို အာရုံပြုသည်။ သမာဓိ အားကောင်းစွာ အာရုံပြု ဖူးမြင်နိုင်လေ ဉာဏ်ကြည်လေ ဖြစ်ပါသည်။ ကျန်သည့် ဂုဏ်တော်များကို တစ်ပါးချင်းစီ ကြည်ညို ရိုသေစွာ အာရုံပြု၍ ဗုဒ္ဓါနုဿတိကမ္မဌာန်းကို စီးဖျန်းရသည်။

          ဗုဒ္ဓါနုဿတိဘုရားကို အာရုံပြုပြီးလျှင် မရဏာနုဿတိ ကမ္မဌာန်း ကို ဆင်ခြင်ပွားများရသည်။

          “ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြများလှပြီး ခဏမစဲအိုစမြဲငါလဲ သေဖက်နီးခဲ့ပြီး မသေရမီ ပါရမီ ငါသည်ပြည့်မှ ဖြစ်တော့မည်”

          ကျန်းမာရေးမကောင်း သေဘက်နီးခဲ့သည်။ မရဏာနုဿတိကို ဆင်ခြင်သောအခါ သမာဓိအားကို ဖြစ်စေ၏။ ဇရာနှင့် ဗျာဒီအဆိုးသည် ဝိပဿနာတရားအားထုတ်ရာမှာ ကောင်းကျိုအထောက်အပံ့ကို ဖြစ်စေ၏။

          “ငါသည် မုချသေရမည်။ အချိန်ပိုင်းသာလိုတော့သည်။ အသေမဦးမီ ဉာဏ်ဦးအောင် အားထုတ်ပါတော့မည်"

          သေခြင်းတရားအနီးသို့ ရောက်နေပြီဟု ဆင်ခြင်သတိကြီးစွာထား လျှင် သမာဓိအားကောင်း၏။ သမာဓိအားကောင်းလျှင် ဝိပဿနာပွားရာမှတ် ဉာဏ်အားကောင်းပါသည်။

          မကျန်းမာခြင်းအတွက် စိုးရွံ့အားငယ်ရန် မရှိတော့ပါ။ ၀ိပဿနာတရားပွားများနေခြင်းသည်သာ အကောင်းဆုံးနေနည်းဖြစ်တော့၏။ မြတ်စွာ ဘုရားနှစ်သက်သော နေနည်းလည်းဖြစ်၏။

          ထေရဝါဒဗုဒ္ဓဘာသာ၏ အကောင်းမြတ်ဆုံးသော အနှစ်သာရ သည်မျက်မှောက်ဘဝမှာပင် တရားထူး တရားမြတ်ကို ရနိုင်ခြင်းဖြစ်၏။

          တရားအားထုတ်ခြင်းဖြင့် ဘုရားကိုပို၍ ကြည်ညို၏။ ဝိပဿနာ တရားကို ကြိမ်ဖန်များစွာ ပွားများလေ ဘုရားကို ပို၍ကြည်ညိုလေဖြစ်သည်။

          ပထမအကြိမ် (၁၀)ရက် တရားစခန်းအပြီးမှာပင် (၃)လကျော်ကြာ အောင် ခံစားနေရသော ခါးနာရောဂါ လုံးဝပျောက်ကင်းသွားသည်။ ရောဂါ ပျောက်အောင် တရားထိုင်ခြင်းမဟုတ်သော်လည်း တရားထိုင်လျှင် တရား တန်ခိုးနှင့် အနာရောဂါတို့ သက်သာပျောက်ကင်းသည်မှာ ကိုယ်တွေ့ဖြစ်၏။ တရားစခန်းများသို့ အကြိမ်ကြိမ် ဝင်မိသည်။ (၁၀)ရက်တရားစခန်း များမှာ သမာဓိအားကောင်းချိန်၊ ရှုမှတ်၍ ကောင်းသည့်အချိန်များမှာ ထွက် လာရခြင်းကြောင့် ရဟန်းဝတ်၍ ဝါတွင်းသုံးလပတ်လုံး ချမ်းမြေ့မြိုင် ဝိပဿ နာရိပ်သာမှာ တရားဘာဝနာပွားများသည်။

          တရားအားထုတ်ခြင်းဖြင့် တရားတော်သာ သံသရာဝဋ်ဆင်းရဲအ ပေါင်းမှ လွတ်မြောက်ရာ ဒုက္ခသစ္စာမှ လွတ်မြောက်ရာဟု ယုံကြည်စွာအား ကိုးရာဖြစ်လာသည်။ တရားတော်ကို ကြည်ညိုစိတ်ကြောင့် ဗုဒ္ဓမြတ်စွာကို ပို၍ ကြည်ညိုသည်။ ကိုးကွယ်ဆည်းကပ်ရာအမှန်ဟု သိနားလည်ရသည်။ သံဃာတော်တို့ကို ပို၍ကြည်ညိုရိုသေသည်။ သံဃာတော်တို့၏ ဂုဏ်ကျေးဇူး ကိုလည်း ပို၍သိနားလည်ရသည်။

          ကျန်းမာရေးကလည်း ကောင်းလာ၍ မူလရည်မှန်းချက်ဆန္ဒရှိသည့် အတိုင်း ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားလိုစိတ် ပြန်လည်ပေါ်ပေါက်လာသည်။ သွားလျှင်လည်း တစ်ယောက်တည်းမသွားချင်း ကျွန်တော် တရားဘာဝနာ ပွားများအားထုတ်နိုင်ရန် လိုလေသေးမရှိ ပံ့ပိုးကူညီခဲ့သော ဇနီးကိုပါ ပို့ချင်သည်။ သူ့ခမျာ နိုင်ငံရပ်ခြားဆို၍ ဘယ်ကို ရောက်ဖူးသည်မဟုတ်။ ဗုဒ္ဓဂယာနိုင်ငံခြားခရီးဆိုလျှင် တစ်ချက်ခုတ် နှစ်ချက်ပြတ်သာမက ကုသိုလ် များစွာရလိမ့်မည်။

ဘုရားဖူးလမ်းညွှန်အဖွဲ့များ

          ယခုအခါတွင် ဗုဒ္ဓဂယာဘုရားဖူးလမ်းညွှန်အဖွဲ့များစွာ ရှိနေကြပါပြီး အလွန်ဟန်ကျပါသည်။ အစစအရာရာ ဘုရားဖူးအဖွဲ့များက အဆင်ပြေအောင် စီစဉ်ပေးနိုင်ကြပါသည်း ဘယ်အဖွဲ့နှင့်သွားရမည်နည်း စုံစမ်းမေးမြန်း ရသည် ကိုယ်သွားချင်သည့်ရက်၊ ကိုယ်သွားနိုင်မည့်ကာလတွက်၍ စုံစမ်း ရသည်။

         ရွှေမျှင်တင် ဦးညိုအဖွဲ့၊ မဟာတိုးအဖွဲ့၊ ရွှေမဟာအဖွဲ့၊ ရန်ကုန် ဘုရားဖူးအဖွဲ့၊ အောင်ချမ်းသာအဖွဲ့ စသည်ဖြင့် အဖွဲ့ အမျိုးမျိုး ရှိသကဲ့သို့ ဆရာတော်များခေါင်းဆောင်သည့် သီးခြားအဖွဲ့များလည်း ရှိသည်။

          ဘုရားဖူးအဖွဲ့များသည် ပတ်စ်ပို့ ဗီဇာကိစ္စမှစ၍ အားလုံးအဆင် ပြေအောင် ဆောင်ရွက်ပေးသည်။ ယခင်က ဤခရီးသည် ငွေရှိရုံနှင့် သွားရန် မလွယ်။ ယခုအခါတွင် ခရီးသွားအဖွဲ့များ၏ စီစဉ်ပေးမှုကြောင့် ရက်အနည်းငယ်နှင့် သွားရမည့်နေရာများ စုံလင်အောင် သွားနိုင်မည်။ သွားရန်၊ စားရန် နားရန်၊ လှူရန်တမ်းရန် ဝယ်ချမ်းရန်မှအစ အစီအစဉ်တကျရှိမည်။ စိတ်အေး ချမ်းသာစွာ ကုသိုလ်ကောင်းမှုပြုရမည်။ ဗီဒီယိုမှတ်တမ်း ဓာတ်ပုံမှတ်တမ်းမှအစ ပြည့်စုံစွာ ပြန်ရမည်။ တစ်လမ်းလုံး သိသင့်သိထိုက်သည်ကိုလည်း လမ်းညွှန်ပြောပြဦးမည်းကောင်းလေစွ။ ရှေးဦးစွာ အသိမိတ်ဆွေ ဆရာမကြီး ဒေါ်လှလှစိန်၏ ဆက်သွယ်ပေးမှုနှင့် ရွှေမျှင်ဦးတင်ညိုအဖွဲ့ကို ဆက်သွယ် သည်။ အဆင်ပြေပါသည်။ သို့သော် ပတ်စ်ပို့ရုံးမှာ ဓာတ်ပုံရိုက် ကိုယ်တိုင် သွားပြီး ဖြည့်စွက်တံဆိပ်တုံးထုရမည့် စာရွက်ကို သွားရောက်ဆောင်ရွက် ရင်းမှ လင်မယားနှစ်ယောက် ဟိုပေါ်တက်လိုက်ဦး ဟိုလျှောက်လွှာယူလိုက် ဦး ဒါလေးဖြည့်လိုက်ဦး။ ဟိုဘက်သွားလိုက်ဦးနှင့် လုပ်ရင်းလုပ်ရင်း ပတ်စ် ပို့ထွက်အောင် ကိုယ်တိုင်လုပ်မိလျက်သား ဖြစ်နေသည်။ ဓာတ်ပုံသွားယူ သည့်နေ့တွင် ကိုယ်ရေးအချက်များဖြည့်ပြီး အဆင့်ဆင့် တင်ပြသည့်အခါ စလစ်စာရွက်ရလာသည်။ တစ်လခန့်ကြာလျှင် ပတ်စ်ပို့လာရောက်စုံစမ်း ဟု သိရသည်မသိ၍လုပ်မိခြင်းဖြစ်သည်။ အလုပ်များသည်။ လူငယ်များနှင့်တိုး၍လျှောက်လွှာယူရ တင်ရ ဖြည့်ရသည်။ မောသည်။

          ဘုရားဖူးသွားမည့်သူများကို အကြံပြု သတိပေးလိုပါသည်။ အဖွဲ့က လုပ်ပေးလျှင် သက်သာပါသည်။ ကျွန်တော်တို့ကဲ့သို့ မသိဘဲလုပ်ရင်းနှင့်ပင် ပန်းမှာ စိုးရိမ်ပါသည်။

          ပတ်စ်ပို့ရသောအခါ ဇနီးအတွက် အဆင်ပြေစွာထွက်လာသော် လည်း ကျွန်တော့်ပတ်စပို့က ကျမလာသေး၍ ဆက်စောင့်နေရသည်။ ဦးညို အဖွဲ့နှင့် မူလသတ်မှတ်ရက်မှာ အချိန်မမီ၍ မလိုက်နိုင်တော့ကြောင်း ပယ်ဖျက် လိုက်ရသည်။

          နောက်နှစ်ပတ်ခန့်ကြာမှ နှစ်ယောက်လုံးပတ်စ်ပို့ရသည်။ သာသနာ ရေးဝန်ကြီးဌာနမှာ စုံစမ်းသောအခါ ဦးအေးသိန်းနှင့် အဆက်အသွယ်ရ၍ ရန်ကုန်ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့နှင့် ဆက်မိသည်။ ပတ်စ်ပို့ပေး စာရင်းသွားသွင်းသောအခါ ၁၅ . ၁၀ .၂၀၀ရ ထွက်မည့် (၁၂)ရက်ခရီးမှာ (၂)ယောက် - မလိုက်နိုင်၍ လိုက်လိုလျှင် လိုက်နိုင်ကြောင်း ပြောသည်။ ဝမ်းသာအားရ သဘောတူလိုက်သည်။

          ရန်ကုန်ဘုရားဖူးအဖွဲ့သို့ ငွေသွင်းသည်။ တစ်ယောက်လျှင် မြန်မာ ငွေ (၅)သိန်း (၂)သောင်း သွင်းရသည်။ ကျွန်တော်တို့က ပတ်စ်ပို့ရှိပြီးဖြစ်၍ (၁)သောင်းလျှော့သည်။ သို့သော် ကိုယ့်ဘာသာလုပ်ရသည်မှာ သွားစ ရိတ်၊ စားစရိတ် လျှောက်လွှာဝယ်စရိတ် ကူညီသူကို ပေးရစရိတ် စသည်တို့ ပေါင်းလျှင် နှစ်ယောက်ပေါင်း (၅)သောင်းကျော်ကုန်သည်။ လူလည်း ပင်ပန်းသည်။ အဖွဲ့ကလုပ်ပေးသူများမှာ ပို၍ အဆင်ပြေစွာ လူသက်သာသည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)