Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

လင်းလက်ကြယ်စင် - မင်းသမီးလေးနဲ့ဖါးပုံပြင်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
THE PRINCESS AND THE FROG
မင်းသမီးလေးနဲ့ဖားပုံပြင်

 

          ရှေးရှေးတုန်းက

          နယူးအော်လင်းမှာနေထိုင်တဲ့ တီရာနာ အမည်ရှိ မိန်းမပျိုလေးတစ်ယောက် ရှိခဲ့သတဲ့။

          တီရာနာက တစ်နေ့မှာကိုယ်ပိုင် စားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ရ လိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့တယ်။

          သူမရဲ့ စိတ်ကူးအိပ်မက်တွေ မမှန်တကယ် ဖြစ်လာဖို့ တစ်ခုတည်းသောနည်းလမ်းက သူမ အလုပ်ကြိုးစား မှဖြစ်မယ်ဆိုတာကို တီရာနာ ကောင်းကောင်းသိပါသတဲ့။ ဒါကြောင့် သူမက အလုပ်တွေကို အရမ်းကြိုးစား လုပ် ကိုင်တာပေါ့။

          သူမက အလုပ်တွေကို ကြိုးစားလုပ်ပေမဲ့ သူမ စိတ်ကူး အိပ်မက်တွေ အမှန်တကယ် အကောင် အထည်မဖော်နိုင်ဘဲ ပျောက်ပျက်သွားမှာကို တွေး ပြီး စိုးရိမ်ပူပန်ရပြန်တယ်။

          တစ်ညမှာတော့ သူမက သောကြာဂြိုဟ်ကိုကြည့်ပြီး အကူအညီတောင်းလိုက်တယ်။

          “သောကြာဂြိုဟ်က စိတ်ကူးအိပ်မက်တွေ အမှန် တကယ်ဖြစ်လာအောင် ကူညီပေးနိုင်တာကြောင့် လိုရာဆုတောင်းပေးနိုင်တယ်လို့ နတ်သမီးပုံပြင်တွေထဲမှာ ပြောထား တယ်။ ဒီတော့ ကျေးဇူးပြုပြီး ကူညီပေးပါရှင့်၊ ကျွန်မရဲ့ ( ကိုယ်ပိုင်စားသောက်ဆိုင်လေးကို အမှန်တကယ် ပိုင်ဆိုင်ရအောင် ကူညီပေးပါ။ ” တီရာနာ အခုလို ဆုတောင်းနေတာကို အနီးမှာရှိတဲ့ ဖားတစ်ကောင်က ကြားဝင်ထောက် ခံလိုက်တယ်။

            “ဆုတောင်းပြည့်ရပါစေမယ် မင်းသမီး၊ ကျုပ်က အိမ်ရှေ့စံ `နာဗင်းန် ́ပါ” ဖားက လှပတဲ့ ဂါဝန်ကို ဝတ်ဆင်ပြီး ရတနာသရဖူဆောင်းထားတဲ့ တီရာနာကို တွေ့တာနဲ့ .. ဘုရင့်သမီးတော် မင်း သမီးလေးတစ်ပါးဖြစ်မှန်း ချက်ချင်းသိလိုက်ရပြီး အခုလိုပြောလိုက်တာပေါ့။ 

          “ကျုပ် ... မင်းကိုကူညီပါ့မယ် ဒါပေမဲ့ ကျုပ်ကိုတော့ နမ်းရလိမ့်မယ်၊ ဒါမှ ငယ်ရွယ် နုပျိုပြီး ခန့်ညားတဲ့ အိမ်ရှေ့စံတစ်ပါးအသွင်ကို ပြောင်းနိုင်လိမ့်မယ်”

          “အို .. ကျွန်မရှင့်ကို အဲဒီလိုကူညီရမယ် ဟုတ်လား .. ဒါဆိုလည်းကူညီပါမယ်... ဒါပေမဲ့

ခက်တာက ကျွန်မက .. ဖားတွေကို မနမ်းချင် ဘူးရှင့်”

          “ဒီလိုတော့ မဖြစ်ဘူးလေ မင်းကျုပ်ကို နမ်းမှဖြစ်မယ်” ဖားက တီရာနာကိုထပ်ပြီး သတိ ပေးလိုက်တာပေါ့။ ပြီးတော့ ဖားက .. အခုလို ဆက်ပြောတယ်။

             “ကျုပ်က အရမ်းကိုချမ်းသာကြွယ်ဝတဲ့ မိသားစုမျိုးရိုးကနေ လာတာပါ။ ကျုပ်မင်းကို အခြားဆုလာဘ်တစ်ခုခုတောင် ချီးမြှင့်နိုင် ပါသေးတယ်။ မင်းသာ ကျုပ်ကို နမ်းမယ်ဆိုရင်ပေါ့"

           တီရာနာက သူ့ကိုယ်သူ အိမ်ရှေ့စံတစ်ပါးပါလို့ပြောနေတဲ့ ဖားရဲ့ တောင်းဆိုချက်ကို သေသေချာချာ ပြန်စဉ်းစားလိုက်သတဲ့။

          တကယ်တော့ သူမနဲ့ဖားက အပြန်အလှန် အကူအညီပေး နိုင်တဲ့သူတွေမဟုတ်လား။ တကယ်လို့ ဖားကို သူမ ... နမ်းလိုက် မယ်ဆိုရင်ဖားဖြစ်နေတဲ့ကျိန်စာတွေ ပြယ်ပြီး အိမ်ရှေ့စံမင်းသားဘဝကို ရောက်သွားမယ်။ ဒီအခါ သူက တီရာနာကို ဆုလာဘ်တစ်ခုလည်း ပေးဦးမယ် မဟုတ်လား။ ဒါဆိုရင် သူမ စိတ်ကူးအိပ်မက်ဖြစ်တဲ့ ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်နိုင်ပြီပေါ့။ တီရာနာ တစ်ယောက်တည်း စဉ်းစားလိုက်ရင်း “အိုကေ .. တီရာနာ နင်ဒါကို လုပ်နိုင်ပါတယ်ဟာ” လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လက်ခံထား လိုက်ပါတယ်။

           တီရာနာက သူမကိုယ်သူမ ရဲဆေးတင် သတ္တိမွေးလိုက်တယ်။ နောက်တော့ သူမရဲ့ ပါးစပ်ကို အသာရှုပ်ပြီး ဖားကို မျက်စိပိတ်လျက် နမ်းလိုက်ပါတော့တယ်။

         ဒါပေမဲ့ တီရာနာက ဘုရင့်သမီးတော်အစစ်မဟုတ်လို့ သူမရဲ့ အနမ်းက ဖားဖြစ်နေတဲ့ အိမ်ရှေ့စံမင်းသားရဲ့ ကျိန်စာကို မပျက်