Skip to product information
1 of 16

စိတ်ကူးချိုချိုစာပေ

လင်းယုန်မောင်မောင် - ပုလဲဆိပ်ကမ်းမှတစ်နေ့တာမှတ်တမ်း

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out
မဟူရာညနှင့် ပုလဲဆိပ်ကမ်း၏ အလှ
(ညသန်းခေါင် မတိုင်မီ)

 

          တပ်မတော်မှ သူနာပြုဆရာမကလေး မော်နီကာနှင့် ကမ်းစောင့် အမြောက်တပ်မှ ဒုဗိုလ်ကလေး ဘာနေးတို့သည် ပုလဲဆိပ်ကမ်းအရာရှိ ကလပ်မှ နှစ်ယောက်သား အတူတွဲ၍ ထွက်လာကြသည်။ ပျဉ်းကတိုးပင် များအနီးရှိ လမ်းကြားကလေးအတိုင်း အောက်ဘက်သို့ လျှောက်လာခဲ့ကြရာ ကလပ်ရေဆိပ်သို့ ရောက်လာကြသည်။ သူတို့နှစ်ယောက်သည် ထိုနေရာ တွင် ခေတ္တရပ်၍ ကျောက်ချထားသော စစ်သင်္ဘောကြီးများဆီသို့ ရေတပ် သားများအား ခေါက်တုံ့ခေါက်ပြန် သယ်ယူပို့ဆောင်ပေးနေသည့် မော်တော် ဘုတ်ကလေးများကို စောင့်ကြည့်နေမိကြသည်။

          သူတို့နှစ်ယောက်မှာ စေ့စပ်ကြောင်းလမ်းထားပြီးဖြစ်၍ အမြန်နှင့် အနှေး လက်ထပ်ရန်အရေးမှာ အစစအရာရာ ဖြောင့်ဖြူးသာယာနေပြီ ဖြစ် သည်။

          စက်ရုံအလုပ်ရုံကြီးများ၊ အားကောင်းမောင်းသန်လှသည့် ဧရာမ ဝန်ချီကရိန်းစက်ကြီးများနှင့်တကွ အမေရိကန်ရေတပ်မတော်၏ ကြီးမား လှသော ဟာဝေယံအခြေစိုက်စခန်းမှ အရာဝတ္ထုပစ္စည်း ကြီး၊ ငယ်၊ အသွယ် သွယ်တို့ကို ည၏တိတ်ဆိတ်မှုက ဖုံးကွယ်ပေးထားလျက် ရှိနေသည်။ နေလယ်နေ့ခင်း၏ ဆူညံသော အသံဗလံများလည်း လုံးဝ မရှိတော့။ အလှအပ များသာ ကျန်တော့သည်။ ငွေလရောင် ကလပ်ရှိရာမှ ပျံ့လွင့်လာသော နွဲ့ နှောင်းငြိမ့်ညောင်းလှသည့် ဂီတသံ၊ ပုလဲဆိပ်ကမ်းတစ်ခုလုံးကို လွှမ်းခြုံ ဖြန့်ကြက်ထားသော ပစိဖိတ်ရေတပ်ကြီး၏ တလက်လက် တောက်ပနေ သည့် မီးရောင်များ .... ဤအလှအပများသာ ကျန်တော့သည်။

          တကယ်ဆိုတော့ ယနေ့ညအဖို့ရာ၌ ခါတိုင်းညများထက် ပို၍ပင် မီးရောင်တွေ များနေသေးသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် ဇူလိုင် ၄ ရက် (အမေရိကန် လွတ်လပ်ရေးနေ့) နောက်ပိုင်း သီတင်းတစ်ပတ် ကုန်ဆုံးခဲ့သည့်နေ့များအနက် ယနေ့သည် ပုလဲဆိပ်ကမ်း၌ စစ်သင်္ဘောများ ပထမဆုံးအကြိမ် စုပြုံ၍ အစုံအညီ ဆိုက်ကပ်ထားသည့်နေ့ပင် ဖြစ်သော ကြောင့်ပင်တည်း။

          ပုံမှန်အတိုင်းဆိုလျှင် စစ်သင်္ဘောများသည် အလှည့်ကျအဝင် အထွက်ရှိရစမြဲ ဖြစ်သည်။ ဥပမာ ရေကြောင်း ဗိုလ်ချုပ်ကြီးပီယေးနှင့်အတူ စစ်သင်္ဘော ၆ စင်းသည် တိုက်ခိုက်ရေးတပ်ဖွဲ့ အဖြစ် ခရီးထွက်လျှင်လည်း ထွက်ရမည်။ သို့မဟုတ် ရေကြောင်း ဗိုလ်ချုပ်ကြီး ဟက်စ်လေသည် လေ ယာဉ်တင်သင်္ဘော ၃ စင်းကို ဦးဆောင်၍ တိုက်ခိုက်ရေးတပ်ဖွဲ့ အဖြစ် ခရီး ထွက်လျှင်လည်း ထွက်ရမည်။ ယင်းသို့ အလှည့်ကျ ဝင်ကြ၊ ထွက်ကြရသည်။

          ယခုရက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး ပီယေး၏ စစ်သင်္ဘောများ ဆိပ်ကမ်း တွင် ရှိနေကြသည်ဖြစ်၍ ဗိုလ်ချုပ်ကြီး ဟက်စ်လေ၏သင်္ဘောများ အပြင် သို့ ခရီးထွက်ရမည့် အလှည့်ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်ကြီး ဟက်စ်လေ မှာ အထူးတာဝန်တစ်ရပ်ဖြင့် တစ်နေရာသို့ ရောက်နေသည်ဖြစ်ရာ သူ၏ စစ်သင်္ဘောများကို ပုလဲဆိပ်ကမ်းတွင် ဆိုက်ကပ်ထားခဲ့ရသည်။

          ဝါရှင်တန်မြို့တော်မှ လျှို့ဝှက်သော 'စစ်ရေးသတိပေးချက်” ကို လက်ခံရရှိခဲ့ပြီး ဖြစ်သည်။ ယင်းသတိပေးချက်တွင် ဂျပန်သည် “ဖိလစ်ပိုင်၊ ထိုင်း သို့မဟုတ် ကရာကျွန်းဆွယ် သို့မဟုတ် တိုညိုကျွန်း” စသည်များ ကို တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ပါရှိသည်။ သို့ဖြစ်ရာ စစ် သင်္ဘောကြီး အင်တာပရိုက်စ်သည် ကမ်းတက်တိုက်ခိုက်ရေး တပ်သားများကို တင်ဆောင်ကာ ဝိတ်ကျွန်းဘက်ဆီသို့ စစ်အင်အား ဖြည့်တင်းရန် ထွက် ခွာသွားပြီဖြစ်သည်။ အမှန်စင်စစ် စစ်သင်္ဘောကြီးများ ပါဝင်ခြင်းသည် တိုက် ခိုက်ရေး ရေတပ်တစ်ခုလုံး၏ ချီတက်နှုန်းကို ရေမိုင် ၃၀ မှ ၁၇ မိုင်အထိ နှေးကွေးစေသည်။ ထိုမှတစ်ပါး လေယာဉ်တင် သင်္ဘောကြီးများ၏ အကူ အညီ အကာအကွယ်မပါဘဲ စစ်သင်္ဘောကြီးများ သက်သက်ဖြင့် တိုက်ခိုက် ခြင်းသည်လည်း လွန်စွာ အထိနာတတ်သည်။ ယခုဆိုလျှင် တစ်စင်းတည်း သာလျှင် ရှိနေသော လေယာဉ်တင်သင်္ဘောကြီး လက္ကဇီကွန်မှာလည်း မစ်ဒ်ဝေးကျွန်းသို့ စစ်လေယာဉ်များကို သွားရောက် ပို့ဆောင်နေခိုက်ဖြစ်ရာ စစ်သင်္ဘောအားလုံးမှာ လုံခြုံစိတ်ချရသည့် ပုလဲဆိပ်ကမ်းတွင် စုပြုံရောက် ရှိနေကြတော့သည်။

           ထိုသို့ စစ်သင်္ဘောကြီးများ ဆိပ်ကမ်းတွင် စုပြုံဆိုက်ကပ်ထားကြ သဖြင့်လည်း အရာရှိကလပ်မှာ ခါတိုင်းထက်ပို၍ စည်စည်ကားကားဖြင့် ပျော်စရာ ကောင်းနေတော့သည်။

          မော်နီကာနှင့် ဘာနေးတို့စုံတွဲသည် ကလပ်သို့ ပြန်လာကြပြီး အပေါင်းအသင်း ရောင်းရင်းများနှင့် တစ်ကြောင်း ပြန်ထိုင်ကြပြန်သည်။ သူတို့ ဝိုင်းထဲမှ တစ်ယောက်က ဗိုလ်ကလေး ဆစ်လ်ဗက်စတာကို လှမ်းခေါ်ရန် အကြံပေးသည်။ မှတ်မှတ်ရရ ယနေ့ညတွင်မှ ဗိုလ်ကလေး ဆစ်လ်ဗက်စတာ သည် ဟိုနိုလူလူမြို့တော်၏ အောက်ပိုင်း ၈ မိုင်ခန့်ဝေးသည့် တစ်နေရာတွင် ညစာစားနေသည်။ 

          မော်နီကာက ဆစ်လ်ဗက်စတာကို လှမ်းခေါ်ရင်း အပေါင်းအသင်း ရောင်းရင်းများကို ပစ်ထားခဲ့ပြီး ယခုလို တစ်ယောက်တည်း သွားရကောင်း လားဟူ၍ တယ်လီဖုန်းထဲမှ အပြစ်တင်သံဖြင့် လှမ်းနောက်သည်။ ဤသည် မှာ ညဉ့်နက်လာပြီဆိုလျှင် ခပ်ထွေထွေဖြင့် လူငယ်အချင်းချင်း တစ်နေရာ မှ တစ်နေရာသို့ မကြာခဏလှမ်း၍ ပြောင်နေကျ၊ နောက်နေကျပင် ဖြစ် သည်။ သို့သော် ယခုတစ်ကြိမ် နောက်လိုက် ပြောင်လိုက်မိသည်မှာ အမှတ် တရပင်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ညသည် ဗိုလ်ကလေး ဆစ်လ်ဗက်စတာအတွက် နောက်ဆုံးညပင် ဖြစ်သောကြောင့်တည်း။

            မော်နီကာသည် ဖုန်းပြောပြီးနောက် အကဝိုင်းရှိရာသို့ ပြန်လာ ပြီး ဝင်ကသည်။ အကမှာ ဒပ်ခ်ျအမျိုးသားများ၏ ရိုးရာအကတစ်မျိုးဖြစ်၍ အားလုံးဝိုင်း၍ ကကြရသည်။ ဤကပွဲနှင့်အတူ အရာရှိကြီး ငယ်များက သူတို့မိတ်ဆွေများကို ဖိတ်ကြား၍ ဧည့်ခံသည့် သီးသန့်ပါတီကလေးများ ဖြင့် ကလပ်တစ်ခုလုံးမှာ စည်ကားလျက်ရှိနေသည်။ 

          “ဗိုလ်မှူးကြီး မောင်ဂိုမာရီနှင့် ဇနီးတို့က ပုလဲ ဆိပ်ကမ်းအရာရှိ 

           ကလပ်တွင် ဧည့်ခံပွဲကျင်းပသည် ....”

          “ရေတပ်ဗိုလ်မှူး မစ္စတာဟာရိုးလ်နှင့် ဇနီးတို့ က ပုလဲဆိပ်ကမ်းအရာရှိ 

           ကလပ်တွင် ညစာစားပွဲ ပြုလုပ်   သည်”။

           ဟိုနိုလူလူမြို့မှ တနင်္ဂနွေနေ့ထုတ် “အက်ဒ်ဗာတိုက်ဇာ” သတင်း စာတိုက်မှ ကြော်ငြာတာဝန်ခံသည် နောက်တစ်နေ့ နံနက်တွင် ထွက်မည့် သတင်းစာမှ လူမှုရေး စာမျက်နှာကော်လံတွင် ဖော်ပြရန် အထက်ပါသတင်း များကို တချောက်ချောက်ဖြင့် စာစီလျက်ရှိသည်။

          သည်ညမှာ တကယ်ပျော်စရာကောင်းသည်။ သို့သော် အပျော် ကျူးပြီး မူးမူးရူးရူး ဖြစ်စရာမရှိ၊ အရက်ဘားမှာ ည ၁၂ နာရီတိတိတွင် ပိတ်စမြဲဖြစ်သည်။ ဘင်ခရာတီးဝိုင်းအဖွဲ့မှ တီးမှုတ်သံများမှာလည်း တိုးတိုး သက်သာဖြင့် ပို၍ညင်သာလာသည်။ ဤတီးဝိုင်း၏ အသည်းစွဲ ချိုပြုံး ကလေး လိုင်လာနီ” အမည်ရှိသော ဤတေးသွားကို တီးမှုတ်လာခဲ့ကြသည် မှာ နှစ်ပေါင်းလေးဆယ်ကျော်မျှပင် ကြာခဲ့ပြီဖြစ်သည်။ ဤနေရာ၊ ဤဒေသ ကိုယ်၌က သမားရိုးကျ သိသာထင်ရှားလှသည့် နေရာဖြစ်သည်။ အဆောက် အဦမှာ သုံးထပ်သားများဖြင့် ဆောက်လုပ်၍ သားရေတုများဖြင့် မွမ်းမံကာ ခေတ်မဆန်ဘဲ ရှေးပုံစံ၊ ရှေးဟန်အတိုင်းပင်ဖြစ်ရာ တခြားတခြားသော အရာရှိ ကလပ်များနှင့် ထူးမခြားနား”တစ်မျိုးတစ်စားတည်းပင် ဖြစ်နေသည်။

          သို့သော် ဤကလပ်မှာ ဈေးသက်သာသည်။ ထမင်းတစ်ပွဲမှ တစ် ဒေါ်လာသာ ပေးရသည်။ ပြီးတော့ ဖော်ရွေမှုလည်း ရှိသည်။ ဤကလပ်များကြောင့် ထိုနေ့ထိုရက် (၁၉၄၁၊ ဒီဇင်ဘာ ၆) ကဆိုလျှင် ရေတပ်အမှုထမ်း

မှန်သမျှ အားလုံးတစ်ယောက်ကို တစ်ယောက် မသိသူမရှိသလောက်ဟူ၍ ပင် ထင်မှတ်ရသည်။

          ဤနေရာမှ ၁၂ မိုင်ဝေးကွာသည့်ဒေသတွင် အမှတ် ၂၄ ခြေလျင် တပ်မဟာကို အုပ်ချုပ်ကွပ်ကဲနေရသော ဗိုလ်ချုပ်ဝီလ်ဆင်သည်လည်း စကိုး ဖီးလ်စစ်တန်းလျားမှ အရာရှိကလပ်တွင် အလားတူ ပျော်စရာညနေခင်းကို ကြုံတွေ့နေရသည်။ ကလပ်တွင်လည်း စနေနေ့ညတိုင်း ရှိသည့်ကပွဲမှာ ယနေ့ ည ခါတိုင်းထက်ပို၍ ပျော်စရာ၊ မြူးစရာဖြစ်နေသည်။ အကြောင်းမှာ အမှတ် ၂၄ နှင့် ၂၅ တပ်မဟာမှတပ်သားများမှာ တစ်ပတ်လုံးလုံး ကြမ်းတမ်းကြာညောင်းစွာ ကွင်းဆင်းလေ့ကျင့်ခဲ့ကြရာမှ ပြန်ရောက်လာသောကြောင့် ဖြစ် သည်။     တခြားအကြောင်းမှာ နာမည်ကျော် ကချေသည် အင်းအက်ဇလာ ၏ အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ဤဖျော်ဖြေရေးအစီအစဉ်မှာ နှယ်နှယ်ရရ သာမည မဟုတ်။ တစ်နှစ် တစ်ကြိမ်သာလျှင် ကျင်းပသည့် တကယ့်ပွဲကြီးပွဲကောင်းဖြစ်သည့်အပြင် ဗိုလ်မှူးချုပ်ဝီလ်ဆင်၏ ခပ်ရွှင်ရွှင် ပြောပြချက်အရ “တပ်နယ်မြေမှာ အနှိပ် ဆုံးဆိုတဲ့ ကောင်မလေးတွေထဲက ရွေးပြီးမှ ပွဲထုတ်တဲ့ အစီအစဉ်” ဖြစ်သည်။

          ဤပွဲမှာ အဆိုနှင့် အကများကို အပျော်တမ်းသီဆို ကပြခြင်းသာ ဖြစ်၍ နည်းနည်းတော့ ငြီးငွေ့စရာ ကောင်းချင်ကောင်းနေမည်ဖြစ်သည်။ သို့သော် ရန်ပုံငွေ အလှူပွဲအဖြစ် ပြုလုပ်ကြခြင်းဖြစ်ရာ ဟာဝေယံစစ်ဒေသ တစ်ခုလုံး၏ အကြီးဆုံးတပ်မှူးကြီးဖြစ်သော ဗိုလ်ချုပ်ကြီးဝေါ်လ်တာရှော့ အပါအဝင် လူတိုင်းက ဤပွဲကို အားပေးကြသည်။

          တကယ်တော့ ယနေ့ညအဖို့ရာ၌ ဗိုလ်ချုပ်ကြီးရှော့မှာ ပါတီသို့ နောက်ကျပြီးမှ ရောက်လာသည်။ ဤသည်မှာလည်း ဟိုနိုလူလူမြို့အပြင် ဘက်ရှိ တပ်မတော်အုပ်ချုပ်ရေး ဌာနချုပ်မှ သူနှင့်သူ၏ ထောက်လှမ်းရေး အရာရှိ ဒုဗိုလ်မှူးကြီးဖီလ်ဒါတို့ နှစ်ယောက်သား ပါတီသို့ ထွက်လာတော့ မည့်ဆဲဆဲတွင်မှ တယ်လီဖုန်း လာနေသောကြောင့် ဖြစ်သည်။ တစ်ဖက်မှ တယ်လီဖုန်းပြောသူမှာ တန်ပြန်ထောက်လှမ်းရေးအရာရှိ ဒုဗိုလ်မှူးကြီး တစ် ကနဲလ် ဖြစ်သည်။ သူက ဗိုလ်ချုပ်ကြီးတို့အား တစ်စုံတစ်ရာ စိတ်ဝင်စား