Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

လင်းယုန်သစ်လွင် - စာပေခရီးအစနှင့်ဘဝအတွေ့အကြုံများ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out
စာပေခရီးအစနှင့် ဘဝအတွေ့အကြုံများ
[၁]

 

၁၄၊ နိုဝင်ဘာ၊ ၁၉၇၅။

          နံနက်မိုးသောက်၍ အိပ်ရာမှ နိုးထပြီဆိုလျှင်ပင် ထိုတစ်နေ့တာအဖို့ သွားလာလှုပ်ရှားခြင်းပြုရမည့် လူမှု ကိစ္စတာဝန်များက မိမိခေါင်းထဲသို့ အလျှိုလျှို ဝင် ရောက်၍လာပါသည်။ ။

          သည် နေ့အဖို့ ဦးစွာပထမ သွားရမည်မှာ မော်ကွန်းရုပ်ရှင်။ ယင်းကိစ္စသည် မနေ့က ညဦးပိုင်း အိပ်ရာမဝင်မီကပင် မိမိခေါင်းထဲ၌ တေးမှတ်ထားပြီး ဖြစ်သည်။ မော်ကွန်း ရုပ်ရှင်တွင် ကိုသန်းဆွေ (စာရေး ဆရာသိင်္ခ) နှင့်တွေ့ဆုံရန်ကိစ္စတစ်ခုက ရှိနေသည်။

           မော်ကွန်းရုပ်ရှင်တည်ရာသည် ကုက္ကိုင်းသာသနာ့ ရိပ်သာလမ်း (ဟာမစ်တစ်လမ်း)။ ကိုသန်းဆွေနှင့် တွေ့ ဖို့ကလည်း အစောဆုံး ၁ဝ နာရီ။ ရုံးချိန်အတွင်း သွားလျှင် ဖြစ်သည်။ ကိုသန်းဆွေက ရုံးဝန်ထမ်း။ ယခု ခြောက်နာရီသာသာလေး၊ အချိန်က အတော်ပင် စောနေသေးသည်။

          သည်တွင် မိမိခေါင်းထဲသို့ အတွေးတစ်ခု ဝင် ရောက်လာသည်။

          သာသနာ့ရိပ်သာလမ်းတွင် ဆရာ သိန်းဖေမြင့် ရှိသည်။ ထိုအခါ အချိန်ကလေး ရတုန်းရခိုက် ခရီး လမ်းလည်း သင့်ကြုံခိုက် မတွေ့ ရသည်မှာ ကြာပြီဖြစ်သော ဆရာသိန်းဖေမြင့်နှင့် ဝင်ရောက်တွေ့ဆုံရန် ဟူသော ရည်ရွယ်စိတ်ကူးချက် ဖြစ်လေသည်။ 

          ယင်း စိတ်ကူးရှိသောကြောင့်လည်း မိမိသည် ခုနစ်နာရီ မထိုးမီပင် နေအိမ်မှထွက်ခဲ့၏။ ၁၄ ကား နှင့် အမှတ် ၇ ကား နှစ်ဆင့်စီးပြီးမှ သာသနာ့ရိပ်သာ လမ်း ရောက်၏။ အချိန် စောစီးသေးသည် တစ်ကြောင်း၊ မဟာစည် ဆရာတော်ဘုရား၏ ဝိပဿနာရိပ်သာ တည်ရှိရာ ဖြစ်သည် တစ်ကြောင်းမို့ ဝန်းကျင်တစ်ခုလုံး အေးချမ်းငြိမ်ဆိတ်နေ၏။ ဝဲယာ တစ်ဖက်တစ်ချက်ရှိ သစ်ပင် ဝါးပင်ကြီးများသည် လေမတိုးမတိုက်သဖြင့်

ထီးတည်းမားမား ငြိမ်သက်နေသည်မှာလည်း ရင့် ကျက်သော သမာဓိရ ယောဂီပုဂ္ဂိုလ်ကြီးများ အလား မှတ်ထင်ဖွယ် ရှိနေ၏။

          မိမိသည်နေအိမ်ကထွက်လာစဉ် လမ်း တစ်လျှောက် လုံး ၁၄ ကားနှင့် ၇ ကားပေါ် လိုက်ပါလာစဉ် တစ် လျှောက်လုံး၊ သာသနာ့ရိပ်သာ လမ်းထဲဝင်မိသည်တစ်လျှောက်လုံး ဆရာသိန်းဖေမြင့် နေအိမ်မရောက်မီ စပ်ကြား ဆရာသိန်းဖေမြင့်အကြောင်းများကိုသာ ထပ် တလဲလဲ အစဉ်တစိုက် အတွေးဝင်လာခဲ့မိလေသည်။

          ယင်းအတွေးများအနက် အများဆုံး အတွေး ရောက်ခဲ့သည်မှာလည်း မြန်မာနိုင်ငံ စာရေးဆရာ အသင်းကြီးတွင် (၁၉၅၇-၅၈)ခုနှစ်၊ ဒုတိယအကြိမ် အဖြစ် ဆရာသိန်းဖေမြင့် ဥက္ကဋ္ဌအဖြစ် ပြန်လည် ဆောင်ရွက်သော အချိန်ကာလတစ်ခု၏ လုပ်ကိုင် ဆောင်ရွက်ချက်များကိုပင် ဖြစ်လေသည်။

         တကယ်ဆိုတော့ စာပေလောကသားချင်းပင်ဖြစ် ငြားလည်း စောစောပိုင်းအချိန်ကမူ မိမိသည် ဆရာ သိန်းဖေမြင့်နှင့် တရင်းတနှီး မရှိခဲ့။ တွေ့ကြဆုံကြလျှင် လည်း ပြုံးကာရယ်ကာ နှုတ်ဆက်ရုံလောက်သာ ရှိခဲ့ ကြ၏။ ထိုအခါ ဆရာသိန်းဖေမြင့် ၏ အတွင်း သဘောကိုလည်း မိမိသည် အလေးအနက် မသိခဲ့။

လူပြောသူပြောလောက်နှင့်သာ ဟိုတစ်စ သည်တစ်စ သိရသော သိန်းဖေမြင့်။ 

          ထိုအတွင်း ဆရာသိန်းဖေမြင့်နှင့် မိမိ တရင်းတနှီး ဖြစ်ဖို့ အကြောင်း ဆုံ စည်းလာပါသည်။ ယင်း အကြောင်းမှာ မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီး တွင် ဥက္ကဋ္ဌအဖြစ် ဆရာသိန်းဖေမြင့် ဒုတိယအကြိမ် ပြန်လည်၍ အရွေးခံရခြင်း (၁၉၅၇-၅၈) နှင့် ယင်းနှစ် အမှုဆောင်အဖွဲ့တွင် မိမိသည် အမှုဆောင်အဖွဲ့ဝင် တစ်ယောက်ဖြစ်လာခြင်းပင် ဖြစ်လေသည်။

         ၁၉၅၆-၅၇ ခုနှစ် မြန်မာနိုင်ငံ စာရေးဆရာ အသင်းကြီး၏ နှစ်ပတ်လည် သင်းလုံးကျွတ် အစည်း အဝေးကို ဘုရားလမ်း ဆန်းမုန့်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုအကြောင်း ကြေးမုံသတင်းစာ ၂၆-၈-၅၇ တနင်္လာနေ့ထုတ်တွင် ဓာတ်ပုံနှင့်တကွ အောက်ပါ အတိုင်း ဖော်ပြထားလေသည်။ 

                           စာရေးဆရာ အိုနာစာ ကိစ္စ 

                   စာရေးဆရာ နှစ်ပတ်လည် ညီလာခံ၌

                               ပြောဆိုခြင်း 

                       (ရန်ကုန် သြဂုတ်လ ၂၅) 

                    ယနေ့ ၁၂ နာရီက ရန်ကုန်မြို့ ဘုရား လမ်း ဆန်းကိတ်မုန့်တိုက်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း သင်းလုံးကျွတ် နှစ်ပတ်လည် ညီလာခံကျင်းပရာ ယဉ်ကျေးမှုဗိမာန် ညွှန်ကြားရေးဝန် ဦးသာ မြတ်၊ ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်ဟောင်း ဦးဃော (ဆရာဇေယျ)၊ သံ အမတ်ကြီးဟောင်း ဦးမြစိန်နှင့် စာရေး ဆရာများ စုံညီ တက်ရောက်ကြ၏။

          ဥက္ကဋ္ဌ ဦးသိန်းဖေမြင့်က မိန့်ခွန်း ပြော ကြားရာ၌ စာရေးဆရာအသင်းတွင် အချင်းချင်း ဝါဒရေးရာ အယူအဆ ဂိုဏ်း ဂဏ စိတ်ဓာတ်များပယ်ရှားပြီး စာပေစိတ် ဖြင့်သာ လုပ်ကိုင် ဆောင်ရွက်ကြရန် အကျယ်တဝင့် ပြောကြားသွားသည်။

          ဧည့်သည်တော်များကိုယ်စား ဆရာ ဇေယျက ဂျပန်ခေတ်မှစတင်၍ အခက် အခဲ အမျိုးမျိုးကြားမှ   ဖွဲ့စည်းတည်ထောင် ခဲ့ရသော မြန်မာနိုင်ငံ စာရေးဆရာ အသင်း ကြီး၏ ရာဇဝင်ကို အသေးစိတ်ပြောကြား

သွား၏။

          ၎င်းပြင် စာရေးဆရာအို ကြီးများအတွက် “အိုနာစာရန်ပုံငွေမရှိသောကြောင့် စာမရေးနိုင်တော့သည့် တစ်နေ့တွင် ဒုက္ခနှင့် ရင်ဆိုင်တွေ့ကြုံရမည် ဖြစ်ကြောင်း။

          နိုင်ငံရပ်ခြားတွင် စာရေးဆရာ သက် ကြီးအိုများအတွက် အိုနာစာ ရန်ပုံငွေ ရှိသောကြောင့် သက်သာရာရကြောင်း၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်းကြီးက လည်း မြန်မာစာရေးဆရာများအတွက် အိုနာစာရန်ပုံငွေ ထားရှိသင့်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသွား ၏။

          ထို့နောက် 

          ၁၉၅၇-၅၈ ခုနှစ်အတွက်

          ဥက္ကဋ္ဌ ဦးသိန်းဖေမြင့် (ယခင်နှစ် ဥက္ကဋ္ဌ)၊ ဒုဥက္ကဋ္ဌများအဖြစ် မောင်ထင်၊ ဇဝန၊ အတွင်းရေးမှူး ခင်မောင်ရီ၊ တွဲဖက် ဒေါင်းနွယ်ဆွေ၊ ငွေထိန်း ဒဂုန် ဦးလှဘေ၊ စာရင်းစစ် ဦးလှသောင်း။

          အမှုဆောင်များအဖြစ် မွန်း(ဓာတု)၊ အောင်လင်း၊ မင်းအောင်၊ ဘဝင်း၊ တက္ကသိုလ် ညွန့်ဦး၊ ပါရဂူ၊ လင်းယုန်သစ်လွင်၊ စီးပွား ရေးမြင့်ဦးတို့ ပါဝင်သော အမှုဆောင် အဖွဲ့ ကို ရွေးကောက်တင်မြှောက်ကြ၏။

           စင်စစ်မူ ဥက္ကဋ္ဌ ဦးသိန်းဖေမြင့် ပြောကြားသွား သော မိန့်ခွန်းနှင့် ဆရာဇေယျ ပြောကြားသွားသော စာရေးဆရာများ၏ အိုနာစာကိစ္စမှာ အတော်ပင် အသေးစိတ်ကျပါသည်။ အတော်ပင်ပြည့်စုံလှပါ သည်။ ဆရာဇေယျသည် စာရေးဆရာများ အိုနာစာ ကိစ္စ၊ စာရေးဆရာများ ဘဝ ရပ်တည်နိုင်ရေးအတွက် အလေးအနက် ကြောင့်ကြ စိုးရိမ်ကြဟန် ရှိပါသည်။

          အစည်းအဝေးတွင် ဆရာဇေယျ၏ မိန့်ကြားချက် ကို နားထောင်ရင်းမှ မိမိကြုံခဲ့ဖူးသည့် ဖြစ်ရပ်တစ်ခုကို လည်း စာရေးသူ အမှတ်ပြုမိပါသည်။

          ၁၉၄၉-၅၀ ခုနှစ်လောက်က ထင်ပါသည်။ အတိ အကျ မမှတ်မိတော့ပါ။

          ထိုစဉ်က မိမိသည် လင်းယုန်သတင်းစာတွင် အလုပ်သမား သတင်းထောက်အဖြစ် သတင်းနှင့်

ဆောင်းပါးများ ရေးသားနေခိုက် ဖြစ်ပါသည်။ တစ်နေ့ တွင်မူ မိမိ၏ သတင်းထောက် မှတ်ပုံတင်ကတ်ပြား အတွက် ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန် ဆရာ ဇေယျ၏ရုံးခန်းရှိရာ ပန်းဆိုးတန်းသို့ သွားရောက်ပါ