Skip to product information
1 of 3

Other Websites

လင်းယုန်မောင်မောင် - ဂျူးမလေးအီဗာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အရှင်လတ်လတ် ဘဝပြောင်းခဲ့သူ

          “တကယ်တော့ သမီးရယ်၊ ဒီစစ်ကြီးပြီးသွားတဲ့အခါကျတော့ အမေတို့ မိသားစုထဲက သမီးတစ်ယောက်တည်း အသက်မသေဘဲ ကျန်ချင်ကျန်နေမှာပါ”

          အမေနဲ့ ကျွန်မ နောက်ဆုံးခွဲခါနီးမှာ အမေက ကျွန်မကို ဒီအတိုင်းပဲ ပြောသွားခဲ့ရှာပါတယ် အဲဒီတုန်းက ကျွန်မကို အမေက မှာထားခဲ့တာ ရှိပါသေးတယ်။

          အဲဒီတော့ အီဗာ၊ တကယ်လို့ သမီးသာ အသက်မသေဘဲ ကျန်နေဦးမယ်ဆိုရင် သမီးတွေ့ကြုံရသမျှ ဖြစ်ခဲ့ပျက်ခဲ့မျှအားလုံး ကိုစာနဲ့ရေးပြီး မှတ်တမ်းတင်ဖို့ မမေ့နဲ့ကြားလားသမီး။ ဒီစစ်ကြီး အတွင်း မှာ သမီးဘယ်လိုနေထိုင်ခဲ့ရတယ်၊ အမေတို့ မိသားစုအားလုံး ဘယ်လို ဒုက္ခ သုက္ခတွေ ကြုံတွေ့ခဲ့ကြရတယ်ဆိုတာတွေကို တခြားလူတွေ သိအောင် စာနဲ့ရေးပြဖို့လိုတယ် သမီးရဲ့ သမီးအနေနဲ့ တွေ့ရခဲ့ သမျှအားလုံး တစ်ခုမကျန် ဂဃနဏပြန်ပြီး ရေးရမယ်နော် သမီး”

          ကျွန်မဟာ အမေပြောခဲ့တဲ့ အဲဒီစကားတွေကို ခုထက်ထိ ကြားယောင်နေပါသေးတယ်။ ဟုတ်ပါတယ်။ ကျွန်မ ကောင်းကောင်းကြီးမှတ်မိပါသေးတယ်။ အဲဒီတုန်းက ကျွန်မဟာ တံခါးဝ မှာ မလှုပ်မယှက်နဲ့ မတ်တပ်ရပ်ရင်း အမေ့စကားတွေကို ငိုင်ပြီး နားထောင်နေခဲ့မိပါတယ်။

          ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်မဟာ “ကျွန်မ” မဟုတ် တော့ပါဘူး။ ကျွန်မဟာ ဂျူးမကလေး “အီဗာ” မဟုတ်တော့ပါဘူး။ ယူကရိန်းအမျိုးသမီး လယ်တောသူမကလေး “ကတ်တာရီးနား”ဖြစ်နေပြီ၊ မှန်ပါတယ်။ ကျွန်မဟာ “ကက်တာရီးနား” ဆိုတဲ့ယူကရိန်း တောသူမကလေးတစ်ယောက်အနေနဲ့ ဒီအိမ်က အချိန်ထွက်သွားလို့ရပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ မူလမျိုးရိုးနဲ့ မူလနာမည်ရင်းအတိုင်း ဂျူးအမျိုးသမီးကလေး “အီဗာ” ဆိုတဲ့ နာမည်နဲ့တော့ ဒီအိမ်က အလွယ်တကူထွက်သွားလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ ကျွန်မတို့နေတဲ့ “ဟရီဘင်ကို” မြို့ကလေးကို ဂျာမန်တပ်တွေက သိမ်းပိုက်ထားပြီးဖြစ်နေလို့ပါပဲ။

          အားလုံးသိတဲ့အတိုင်း ဒီအချိန်မှာ ဂျာမန်တွေဟာ ဂျူးလူမျိုးမှန်သမျှကို “ကျူပင်ခုတ် ကျူငုတ်မကျန်” ရအောင် အတင်းဒလကြမ်းဖမ်းပြီး ချွေးတပ်စခန်းတွေကို ပို့နေတဲ့အချိန်ပါပဲ။ ဒါကြောင့်ကျွန်မဟာ ဂျူးမကလေးအီဗာဘဝကနေပြီး ယူကရိန်း တောသူမလေး ကက်တာရီးနားအသွင်မျိုးနဲ့ ရုပ်ဖျက်ပြီး ဒီမြို့ ကလေးကနေ ရှောင်ထွက်သွားဖို့ စီစဉ်ရတာပါ။

          ဒါထက်ပြောရဦးမယ်။ ကျွန်မဟာ တခြားဂျူးမကလေး တွေနဲ့ မတူတာရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ကျွန်မပါးကလေး တွေဟာ ငယ်ငယ်ကလေးတည်းက နီနီရဲရဲကလေးတွေဖြစ်နေတာ ပါပဲ။ အဲဒီလို ထူးထူးခြားခြားပါကလေးနှစ်ဖက်နီတာရဲ့ လေးနဲ့မို့ ကျွန်မကျောင်းသွားတဲ့အခါဖြစ်ဖြစ်၊ ကိစ္စတစ်ခုရှိလို့ မြို့ထဲသွားတဲ့ အခါဖြစ်ဖြစ် ဒါမှမဟုတ် ကျွန်မ သူငယ်ချင်းတွေနဲ့ အိမ်ရှေ့ လမ်းပေါ်မှာ ကစားနေတဲ့အခါဖြစ်ဖြစ် ကျွန်မကို လူတိုင်းလိုလိုက ဂရုစိုက်ပြီး ကြည့်သွားတတ်ကြပါတယ်။ အို လူတိုင်းလိုလို တောင်မကပါဘူး။ လူတိုင်းပါပဲ ယောက်ျားကြီးတွေရော မိန်းမကြီးတွေရော မြို့ပေါ် မှာရှိသမျှ လူတိုင်းက ကျွန်မကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် နီတာ ရဲနေတဲ့ ကျွန်မပါးကလေးတွေကို စိုက်စိုက်ကြည့်ပြီး ကလေးမလေးက ချစ်စရာကောင်းလိုက်တာဟယ်”လို့ ပြောသွားတတ်ကြပါတယ်။ တစ်ခါတုန်းကဆိုရင် ဂိုင်းမပါတဲ့ မျက်မှန်တပ်ထားတဲ့ မှတ်ပုံတင်အရာ ရှိမစ္စတာနိုးဗစ်ဆိုတဲ့ အဖိုးကြီးကတောင် သူ့ခါးကုန်းကြီးနဲ့ ကျွန်မကို ငုံ့ကြည့်ပြီး 'အီဗာ၊ အမယ်လေး နင့်ပါးကလေးတွေက လှလိုက်တာဟယ် ကြည့်စမ်းပါဦး၊ ပါးစို့ကလေးနှစ်ဖက်ထွက်ပြီး ရဲတွတ်နေတာပဲ။ တကယ့် ယူကရိန်းတောသူမကလေးလား အောက်မေ့ရတယ်”လို့ ပြောသွားဖူးပါတယ်။

          အခုတော့ အဲဒီနီတာရဲနေတဲ့ ပါးကလေးတွေနဲ့ပဲ အီဗာဆိုတဲ့ ဂျူးမကလေးဟာ ဆံပင်ကို ဟိုဘက်ဒီဘက် ဖားလျားချပြီးတကယ့် ယူကရိန်းအမျိုးသမီး တောသူမကလေး ပုံစံအတိုင်းဂါဝန်ရှည်ကြီးနဲ့ ဖြစ်နေပါပြီ။ ကျွန်မရဲ့ အဝတ်အစားနဲ့ ဆင်ယင်ထုံးဖွဲ့မှုကို တောကျကျ ယူကရိန်းမကလေးတစ်ယောက်ရဲ့ ဂိုက်မျိုး ဖမ်းထားသလို ကျွန်မ လက်ထဲမှာ ကိုင်ထားတဲ့လက်ကိုင်အိတ်ကလေးထဲမှာဆိုရင်လည်း အမျိုးသားမှတ်ပုံတင်ကဒ်ပြားအတုနဲ့ ထောက်ခံစာအတုတွေ အဆင်သင့်ရှိနေပါပြီး။ မှန်ပါတယ်။ ကျွန်မဟာ ဂျူးမကလေးအီဗာ မဟုတ် တော့ပါဘူး။ ယူကရိန်းလယ်တောသူကလေး ကတ်တာရီးနား ဖြစ်နေအဲသလို အီဗာဘဝကနေ အရှင်လတ်လတ် နေ့ချင်းညချင်း ဘဝပြောင်းသွားခဲ့ရတဲ့ ကတ်တာရီးနားဟာ မကြာခင်ကလေးနှပ် ဒီအိမ်နဲ့ကွ ဒီအိမ်သူအိမ်သားတွေ အားလုံးကို ကျောခိုင်းပြီး ကျွန်မ အတွက် အသက်ရှင်နေနိုင်မယ့် ကမ္ဘာသစ်တစ်ခုရှိရာ ဖေါ်မပါ တကိုယ်တည်း ဆိုတာလို ကျွန်မတစ်ယောက်တည်း ထွက်သွားရပါတော့မယ်။

          မှန်တဲ့အတိုင်းပြောရရင် အဲဒီလို အဖေတို့ အမေတို့ကိုပစ်ပြီး အခုလို ထွက်သွားရတဲ့အတွက် စိတ်မချမ်းမသာ ဖြစ်မိပေမယ့် လုံးဝ မသွားချင်တဲ့ စိတ်မျိုးနဲ့ နောက်ဆံငင်ပြီး သံယောဇဉ်အမျှင်မပြတ်တော့ မဖြစ်မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလိုအိမ်က ထွက်သွားဖို့ အတွက် ကျွန်မကိုအမေကိုယ်တိုင်က တိုက်တွန်းပြီး ကျွန်မကိုယ်တိုင် ကလည်း ဒီလိုမသွားလို့ မဖြစ်ဘူး။ မသွားရင် ကျွန်မမှာ အသက် အန္တရာယ်တောင်ဖြစ်နိုင်တယ်ဆိုတာ ကောင်းကောင်းကြီး သဘော ပေါက်ထားလို့ပါပဲ။ ဒါကြောင့်မို့ ကျွန်မဟာ ဒီအိမ်နဲ့မိသားစုကို ခွဲပြီး တကယ်သွားရတော့မယ် ဆိုတဲ့အခါကျတော့ စိတ်မချမ်းမသာ ဖြစ်သွားရတဲ့အထဲက ကိုယ့်စိတ်ကိုယ်ဖြေပြီး အားတင်းနိုင်ခဲ့ပါတယ်။

          ဒါပေမယ့် အခုလိုကျွန်မထွက်သွားပြီးတဲ့နောက်ပိုင်း အမေ တို့ အဖေတို့ဟာ ကျွန်မပြန်မလာမချင်း ဒီအိမ်ကနေပြီး ကျွန်မကို စိုးရိမ်တကြီးနဲ့ စောင့်မျှော်နေကြလိမ့်မယ်လို့ လုံးဝယူဆလို့ မရပါဘူး။ ဟုတ်ပါတယ်။ အရင်တုန်းကဆိုရင် ကျွန်မဟာ ကျွန်မရဲ့ ယောက်ျား ကလေးသူငယ်ချင်းတွေနဲ့ ဟိုဟိုဒီဒီလျှောက်လည်ရင်း မိုးချုပ်တဲ့အထိ အိမ်ပြန်ရောက်မလာဘူးဆိုရင် အမေတို့ အဖေတို့ဟာ ကျွန်မ မပြန် မလာချင်း အိမ်ကနေပြီး စိုးရိမ်တဲ့စိတ်နဲ့ မအိပ်ကြသေးဘဲ စောင့်နေ ခဲ့ကြတာမျိုးတွေ ကျွန်မကြုံတွေ့ခဲ့ရပါတယ်။ အခုတခါတော့ သူတို့တတွေဟာ ကျွန်မကို ဒီလိုစောင့်နေကြလို့ မဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မထွက်သွားပြီးတဲ့နောက်ပိုင်း သူတို့ ကိုယ်တိုင် အိမ်မှာ ကြာကြာနေရဖို့ မဖြစ်နိုင်တော့တဲ့အတွက်ပါပဲ။ ဂျူးလူမျိုးမှန်သမျှကို အမဲလိုက် ခွေးတွေလို အနံ့ခံပြီးလိုက်ရှာ နေကြတဲ့ ဂျာမန်စစ်သားတွေဟာ မကြာခင် တစ်နေ့နေ့မှာ ဒီအိမ်ကို ရောက်လာ ပြီး အမေတို့ အဖေတို့ကို ဖမ်းသွားကြမှာ သေချာသလောက် ဖြစ်နေပါ ပြီ။ ဒါကြောင့်မို့လည်း ကျွန်မတို့မိသားစုကို ဂျာမန်တွေ လာမဖမ်းခင် ကျွန်မဟာ အခုလို ရုပ်ဖျက်ပြီး ဒီအိမ်ကလစ်ထွက်သွားဖို့စီစဉ်ရတာပါပဲ။

          ဒီအိမ်ဆိုလို့ တကယ်တော့ အခုကျွန်မတို့နေတဲ့ဒီအိမ်ဟာ ကျွန်မတို့ရဲ့ မူလအိမ်မဟုတ်ပါဘူး။ ကျွန်မတို့မူလနေခဲ့တဲ့အရင်အိမ်က ကျွန်မတို့အဖေပိုင်တဲ့အိမ်ပါ ။ အဲဒီအိမ်က အောက်ထပ်မှာ ကုန်စုံဆိုင် ဖွင့်ထားပြီး အပေါ်ထပ်မှာ အခန်းသုံးခန်းနဲ့ ရေချိုးခန်း၊ အိမ်သာခန်းနဲ့ အကျအနပါ။ အဖေဟာ မြို့နယ်တရားရုံးနဲ့ကပ်နေတဲ့ မြေကွက် တစ်ကွက်ကို ဝယ်လိုက်ပြီး ကုန်စုံဆိုင်ကလေးဖွင့်ရင်းနဲ့ ရသမျှပိုက်ဆံ ကလေး ခြစ်မြုပ်စုရင်းနဲ့ အဲဒီအိမ်ကို တစ်ထပ်ကနေ နှစ်ထပ်ဖြစ်အောင်ဆောက်လာခဲ့ရတာပါ။ ဒီလိုနေလာခဲ့ကြရာက ၁၉၃၉ခုနှစ် နွေရာသီ ရောက်တော့ ပိုလန်ပြည်က ကျွန်မတို့အခုနေတဲ့အပိုင်းကို ရုရှားတပ် တွေ ဝင်လာကြပြီး ကုန်စုံဆိုင်ဖွင့်ထားတဲ့ အဖေ့အိမ်ကို ရုရှားတပ်တွေက သိမ်းလိုက်ကြတာပါပဲ။ အဲဒီနောက် နှစ်နှစ်လောက် ကြာတော့ ကျွန်မ အထက်တန်းအောင်တဲ့နှစ်မှာပဲ ဂျာမန်တပ်တွေဝင်လာပြီး ရုရှားတပ် တွေကို မောင်းထုတ်လိုက်ကြပြန်ပါတယ်။ ဒါပေမယ့် ကျွန်မတို့နေခဲ့တဲ့ အိမ်ကလေးကို ပြန်မရပါဘူး။ အဲဒီအိမ်ကို ဂျာမာန်တွေက တစ်ခါထပ် ပြီး သိမ်းပိုက်လိုက်ကြပြန်ပါတယ်။

          ပထမဆုံး ရုရှားတပ်တွေဝင်လာလို့ ကျွန်မတို့အိမ်ကို သိမ်း လိုက်တဲ့အချိန်ကစပြီး ကျွန်မတို့မိသားစုဟာ စိန့်စတီဖင်ဘုရားရှိခိုးကျောင်းနားက အဖေ့မိတ်ဆွေရင်းချာဖြစ်တဲ့ မစ္စတာဘလူးမင်းဖိုးတို့ အိမ်နားကို ပြောင်းလဲခဲ့ကြရပါတယ်။ ကျွန်မတို့အခုနေတဲ့ ဒီအိမ်နေရာ ပါပဲ။

          ဘလူးမင်းဖိုးတို့ မိသားစုဟာ ကျွန်မတို့လို ဂျူးတွေလဲဖြစ်ပြန် အဖေနဲ့ကလည်း သိပ်ရင်းနှီးပြန်ဆိုတော့ ကျွန်မတို့အိမ်နဲ့သူတို့အိမ်ဟာ နှစ်အိမ့်တစ်အိမ်ပဲဆိုပါတော့။ နောက်ပြီးတော့ ပိုပြီးရင်းနှီးဖို့ဖြစ်လာတာက အဲဒီ ဘလူးမင်းဖိုးတို့ရဲ့ သမီး 'အယ်လာ ဆိုတာက တိုက်တိုက်ဆိုင်ဆိုင် ကျွန်မနဲ့ပဲ တစ်နေ့တည်းတစ်ရက်တည်း မွေးတာကိုးရှင့်။

          နောက်ပြီးတော့ အဲဒီ 'အယ်လာ ရဲ့ အစ်မ ဖရက်ဒါကလည်း ကျွန်မအစ်မကူဘာနဲ့သက်တူရွယ်တူ တစ်နှစ်တည်းမွေးတာတွေဖြစ်နေပြန်တော့ ကျွန်မတို့ အိမ်ထောင်စုနှစ်စုဟာ တကယ့်မိသားစု တစ်စုထဲလို ရင်းနှီးသထက် ပိုပြီးရင်းနှီးစရာဖြစ်နေတော့တာပေါ့။

          ဒီလိုနဲ့ ကျွန်မတို့မိန်းကလေး လေးယောက်ဟာ ငယ်ငယ် ကလေးထဲက သွားအတူလာအတူ၊ ကစားအတူ ကျောင်းနေတော့ လည်း လေးယောက်သားတစ်တွဲတွဲနဲ့ အတူနေခဲ့ကြတာပါပဲ။ အယ်လာတို့ ဖရက်ဒါတို့အဖေ မစ္စတာဘလူးဖိုးမင်းကြီးကလည်း ဘော်ဘော်ခေတ်မှီပြီး လာဘ်မြင်တဲ့လူကြီးတစ်ယောက်ပါ။ သူတို့အိမ် မှာ စန္ဒယားလည်းရှိတယ်။ ပြီးတော့ ကျွန်မတို့ဟရီဘင်ကိုမြို့ကလေး မှာ တယ်လီဖုန်းကို ပထမဆုံးစတပ်ခဲ့တာ သူတို့အိမ်ပဲ။ ရေဒီယို ပေါ်လာတော့လည်း သူတို့အိမ်ကပဲ ပထမဆုံးဝယ်ခဲ့တာပဲ။ ဒါတင် မကသေးဘူး ကျွန်မတို့မြို့မှာ မိန်းကလေးတွေထဲက ပထမဆုံးစက်ဘီး ဝယ်စီးခဲ့ကြတာလည်း အယ်လာနဲ့ဖရက်ဒါတို့ ညီအစ်မပဲ။ ကျွန်မနဲ့ ကျွန်မအစ်မ တူဘာတို့ကတော့ ဒုတိယပေါ့။

          အဲ ...တူတာဆိုလို့ ပြောရဦးမယ်။ ကျွန်မ အစ်မတူဘာကို ဂျာမန်တွေ လာဆွဲသွားတာ အဲဒီဘလူးဖိုးမင်းတို့အိမ်ကပေါ့။တတိယ အကြိမ် ရှာဖွေဖမ်းဆီးရေးလုပ်တုန်းက ပါသွားတာပါပဲ။ ဖြစ်ပုံက ဒီလိုရှင့် ....။ ကျွန်မတို့မြို့ကို ဂျာမန်တွေသိမ်းပြီးရပ်ကွက်လိုက် ရပ်ကွက် လိုက် တွေကို ပိုက်စိပ်တိုက်ဖမ်းတာ သုံးကြိမ်ရှိသွားပြီ။ အဲဒီတတိယ အကြိမ် ဂျာမန်စစ်သားတွေ ဝင်မွှေနေတုန်း ဘာဟာ သူ့သူငယ်ချင်း မလေး လေးယောက်ကို သူတို့အိမ်ပြန်လိုက်ပို့ဖို့ ဘလူးမင်းဖိုးတို့အိမ်က အထွက်မှာ အဲဒီကောင်မလေး လေးယောက်ရော တူဘာပါ ဂျာမန်တွေ နဲ့ ပက်ပင်းပါဝင်တိုးပြီး တစ်ခါတည်း ပါသွားတော့တာပါပဲ။

          အဲဒီလို တူဘာပါသွားတဲ့အတွက် ကျွန်မတို့မြို့မှာနေလို့ မဖြစ်တော့ဘူး၊ ဒီအိမ်မှာလည်းနေလို့ မဖြစ်တော့ဘူးဆိုပြီး အခုလိုရှောင်ထွက်သွားဖို့ ဆုံးဖြတ်လိုက်ရတာပဲ။ တူတာတို့ ဂျာမန်တွေဆွဲသွား ပြီးတဲ့နောက် ကျွန်မတို့တတွေဟာ လေးငါးရက်လောက် ဘာလုပ်လို့

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)