Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

လင်းထိုက် - ကလေးတွေစိတ်၀င်စားမယ့်အကြောင်းနဲ့အကျိုး(၁)

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ယောက်ျားတွေမှာ ဘာလို့ နို့သီးခေါင်း ပါရသလဲ 

 

မောင် P -  ဟိုတလောက လှယဉ်ကျေးမယ် ပြိုင်ပွဲတစ်ခုလုပ်တာ ဆရာ ကြားလိုက်သေးလား။

ဆရာ Q -  လှယဉ်ကျေးမယ်ပြိုင်ပွဲတို့ကို အလှကုန်ပစ္စည်း ကုမ္ပဏီတွေက ငွေကုန်ကြေးကျခံပြီး  

                လုပ်တာတွေကတော့ အများကြီးပဲလေကွာ။ 

မောင် P -  မဟုတ်ဘူး ဆရာရဲ့။ အဲဒီပွဲက ထူးခြားတယ်။ ယောက်ျားမဒီတွေချည်း

                 ပြိုင်ကြတဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲ ဆရာရဲ့။ တကယ့် အချောအလှ မိန်းမတွေကျနေတာပဲ

                 ဆရာရယ် ရင်သားတွေ၊ ကိုယ်လုံးတွေက အစတကယ့်မိန်းမနဲ့ ခွဲမရအောင်ကို တချို့ တူကြတယ်။ 

ဆရာ Q -  မင်းတောင် ကြည့်ရင်း ကြွေသွားတယ် ဆိုပါစို့။  

မောင် P -  မဟုတ်ပါဘူးဆရာရယ်။ အဲဒီပွဲကိုကြည့်ပြီး ဆရာ့ကို မေးချင်တာလေးတွေ

                ရှိလာလို့။  

ဆရာ Q -  သိပ္ပံနဲ့ မဆိုင်တာတွေ မဟုတ်က ဟုတ်ကတော့ မမေးပါနဲ့ကွာ။ ငါ

                ကြက်သီးထလွန်းလို့။ 

မောင် P -  မေးတော့ကြည့်ချင်တယ် ဆရာရယ်။ ဆရာ့သိပ္ပံနဲ့ဆိုင်တဲ့ဟာဆို ဆရာ

                ဖြေကြည့်ပေးပါ။

               “ယောက်ျားတွေမှာ ဘာလို့ နို့သီးခေါင်းပါတာလဲ” 

ဆရာ Q -  မင်းမေးခွန်းကလည်း အသည်းယားစရာကွာ။ ဒါပေမယ့် ဒါဟာ စဉ်းစား

               စရာပဲ။ ရင်သားဟာ မျိုးဆက်ပြန့်ပွားမှုတာဝန် တစ်စိတ်တစ်ဒေသအဖြစ် 

                ရင်သွေးကိုနို့ချိုတိုက်ကျွေးရတဲ့မိန်းမတွေမှာသာ နို့သီးခေါင်းရှိသင့်ပြီး

                ယောက်ျားတွေမှာ ဘာလို့  နို့သီးခေါင်းက လာရှိနေရတာလဲပေါ့။   မင်းဆိုလိုချင်တာကဒီလိုမလား။

မောင် P -  ဟုတ်တယ်ဆရာ။ 

ဆရာ Q -  ဒီလိုကွ။ မိခင်တွေက သူတို့ရဲ့ ရင်သွေးကို နို့ချိုတိုက်ကျွေးရင်

                ရင်သားမှာအထူးပြုထားတဲ့ ချွေးဂလင်း (Sweat glands) တွေရှိတယ်။

                အဲဒီ ဂလင်းတွေကို    (mammary   glands) လို့ခေါ်တယ်။

                မင်း ခုနကပြောတဲ့ယောက်ျားတွေမှာ နို့သီးခေါင်းပါရတဲ့ ဖြစ်စဉ်ဟာ

                သန္ဓေသားဘဝရဲ့  ဟိုးအစောပိုင်းကာလနဲ့ သွားသက်ဆိုင်နေတယ်။

                အဖိုသန္ဓေသားအဖြစ် သန္ဓေ တည်မယ့်  အဖိုလိင်ခရိုမိုဆုန်း   (Chromosome) ရဲ့

                ဖြစ်စဉ်ဟာ စတင်   သန္ဓေတည်တာကနေခြောက်ပတ် (Six Weeks) လောက် အထိ အမရဲ့  

                သွင်ပြင် ပုံသဏ္ဌာန်တွေ ထင်ဟပ်နေတုန်းပဲ။  အဲဒီ   ခြောက်ပတ်ကျော်    

                ကာလရောက်တဲ့အခါမှ အဖိုသားလောင်းရဲ့ စရိုက်လက္ခဏာတွေ စတင်

                ဖွံ့ဖြိုးလာတာ ဖြစ်တယ်။ အဲဒီအခါမှာ အစ်မရဲ့ သွင်ပြင်သဏ္ဌာန်ဖြစ်တဲ့

                နို့သီးခေါင်း (nipples) ဟာ  အဖိုသားလောင်းမှာ အရာထင် ကျန်ရစ်ခဲ့တဲ့သဘောပဲ။

မောင် P - အဲဒါဆို အမာရွတ်ပုံသဏ္ဌာန် အရာသက်သက်ပဲပေါ့ နော် ဆရာ။ 

ဆရာ Q -  အဲဒီလိုလည်း မဟုတ်ပြန်ဘူး။ နို့သီးခေါင်းနဲ့အတူ

                ရင်သားတစ်ရှူးတွေပါ   ကျန်ရှိနေတာကွ။  မိန်းမလောက် မဖွံ့ဖြိုးပေမယ့်

               တစ်ရှူးအနေနဲ့တော့ ရှိနေတယ်။ အဲဒါကြောင့်  ယောက်ျားတွေမှာလည်း 

                ရင်သားကင်ဆာ ဖြစ်နိုင်တယ်တဲ့ကွ။ 

မောင် P -  ဆရာပြောမှပဲ ယောက်ျားလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ

                ကျွန်တော် ကြားဖူးတော့တယ်။ 

ဆရာ Q - ဖြစ်နိုင်ခြေတော့ တော်တော်နည်းတာပေါ့ကွာ။ ယောက်ျားတစ်ယောက်

               ဟာ ဆေးပညာအကူအညီနဲ့ မိန်းမတွေလို

               ရင်သားကို ကြီးအောင် ပြု   လုပ်ထားတယ်ဆိုရင်   ရင်သားကင်ဆာလည်း

               ဖြစ်နိုင်ခြေရှိတာပဲ။  ရင်သားက တစ်ရှူးတွေကို ဟိုမုန်းတစ်မျိုး ထုတ်ပေးလိုက်ရင် 

               ရင်သားဟာ ကြီးလာ တတ်တယ်။ ယောက်ျားတွေရဲ့

               ပုံမှန်မဟုတ်တဲ့  ရင်သားကြီးထွားခြင်းကို ဆေးပညာမှာ “Gynecomastia”လို့ခေါ်တယ်။ ငါလည်း 

               ဆရာဝန်တစ်ယောက်လောက်တော့    သေသေချာချာ တိတိကျကျ 

               မသိပါဘူးကွာ။    ဟိုဖတ်ဒီဖတ်ရင်းနဲ့ မင်းကို ရှင်းပြရတာ။ 

မောင် P -  ကျွန်တော်ကတော့ ယောက်ျားတွေမှာ နို့သီးခေါင်းရှိတာ အပိုသက်သက်လို့

                မြင်တာပဲ။  

ဆရာ Q -  လောကကြီးမှာ ဘယ်အရာမှ အပိုသက်သက်၊ အကြောင်းမဲ့သက်သက်ဖြစ်တည်နေတာ 

                မရှိဘူး။   မင်းက   အဲဒီကိစ္စကို အပိုသက်သက်လို့ မြင်ပေမယ့် 

                တချို့ယောက်ျားတွေကတော့  အဲဒီကိစ္စဟာ သူတို့ရဲ့ အဓိက 

                လိုအပ်ချက်ကြီးတစ်ခုလို့ ပြောမှာပဲ။  အပိုသက်သက်မဟုတ်လို့ မင်းခုနက ပြောတဲ့ 

                လှယဉ်ကျေးမယ် ပြိုင်ပွဲဟာ ဖြစ်ပေါ်လာတာပဲ။ လူတွေပြော ပြောနေသလို 

                လောကကြီးက မတရားတာ မဟုတ်ဘူး။ သေချာစဉ်းစား ကြည့်ရင် 

                 လောကကြီးက တရားပါတယ်ကွာ။

 

 

 နှပ်ချေး 

မောင် P -  ဆရာ့ကို မေးစရာတစ်ခုရှိတယ်။ အားနာတာနဲ့ မမေးဖြစ်တာ။

ဆရာ Q-  ပညာသင်ရာ မရှက်ရာတဲ့။ အားနာတာတွေ၊ ရှက်တာတွေ ခဏထားကွာ။

               လူအများ ဗဟုသုတတိုးပွားဖွယ်ဖြစ်မယ်ဆိုရင် မေးမှာသာ မေးစမ်းပါကွာ။ 

မောင် P -  ဒီလို ဆရာရဲ့။ အင်္ဂလိပ်စာ လေ့လာရင်းနဲ့ စကားလုံးတစ်လုံး 

               ကျွန်တော်သွားတွေ့တယ်။  “Phlegmatic”တဲ့၊ အဓိပ္ပာယ်က 

               လေးကန်တည်ငြိမ်သော၊ လေးလံထိုင်းမှိုင်းသော ဆိုတဲ့သဘောပေါ့။ 

               အဲဒီမှာ “Phlegm” ကို  အဘိဓာန်ပြန်လှန်ကြည့်တော့ “ချွဲ၊ သလိပ်” ဆိုပြီး သွားတွေ့တယ်။ ချွဲ

               တွေ၊ သလိပ်တွေရဲ့ စေးပျစ်လေးကန်တဲ့သဘောနဲ့ ယှဉ်ပြီးသုံးထားတဲ့ စကားလုံးဖြစ်နေတယ်။ 

               အဲဒီမှာ ချွဲတွေ၊ သလိပ်တွေ၊ နှပ်ချေးတွေအကြောင်း ကျွန်တော်စပြီး စိတ်ဝင်စားသွားတာ ဆရာရေ။ 

               နေမကောင်းတဲ့ အခါမျိုးမှာ ကျွန်တော်တို့ရဲ့ နှပ်တွေဟာ အစိမ်းရောင်ပြောင်းသွားတာ

               တို့နှပ်ရယ်၊   ချွဲရယ်၊ တံတွေးရယ်၊ သလိပ်ရယ်ဟာ အမျိုးအစား အတူတူပဲလား။

               အဲဒါတွေ  ကျွန်တော့်ခေါင်းထဲမှာ ရှုပ်နေလို့ ကျွန်တော့်ခေါင်းလေး  

               ကြည်လင်သွားအောင် နည်းနည်းလောက် ကူညီပေးပါဦးဆရာ။ 

ဆရာ Q -  မင်းခေါင်းထဲမှာ နှပ်တွေ၊ သလိပ်တွေနဲ့ ပြည့်နေတာကိုး။ မင်းက သိချင်

               မှတော့ ငါကလည်း နှပ်ချေးဋီကာ ဖွင့်ရတာပေါ့။ ဒီလိုကွ မင်းပြောတဲ့ နှပ်တွေ၊

               သလိပ်တွေ၊ ချွဲတွေ၊   တံတွေးတွေ အားလုံးဟာ “Mucus”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ 

               ရှိနေကြတာကွ။  အဓိပ္ပာယ်လေးတွေ ခွဲခြားပြီး ဆရာ ရေးပြမယ်။

               Phlegm - ချွဲ၊သလိပ်

               Snot - နှပ်ချေး 

               Spit - တံတွေး 

               Sputum -ချွဲပါတဲ့တံတွေး၊အကုန်လုံးကိုခြုံငုံပြီးတော့ "Mucus” ခေါ်တာ။ 

               ကိုယ့်ခန္ဓာရဲ့ အမျိုးမျိုးသော အမြှေးပါး “Membranes” တွေမှာ တည်ရှိနေနိုင်တ

               အချွဲအကျိတွေကို   ခေါ်တဲ့စကားလုံးပဲ။ “Mucus”တွင် ပါဝင်သော အရာများ ... 

              (m) “Mucins”လို့ခေါ်တဲ့ ချောဆီကဲ့သို့“Proteins” 

              (ခ) “Inorganic” ဆားများ (ရေတွင်ပျော်ဝင်သော)

 

              Mucus လုပ်ငန်းဆောင်တာ 

             (က) ဆရာတို့ ပုံမှန်အသက်ရှူတဲ့အခါ နှာခေါင်းက ဝင်လာနိုင်တဲ့ ပြင်ပက

                    မလိုအပ်တဲ့ အရာတွေ (ဖုန်မှုန့်၊ ဆေးလိပ်မီးခိုး စသည်) ဟာ “Mucus”မှာ ငြိတွယ်ကပ်ငြိပြီး 

                    အဆုတ်ထဲ ဝင်မလာနိုင်အောင်တားဆီးပေးတယ်။ 

             (ခ)  ဆရာတို့ အစာစားတဲ့အခါ လွယ်လွယ်ကူကူ မျိုချနိုင်အောင် ကူညီပေးတယ်။ 

             (ဂ)  အစာအိမ်က ထွက်တဲ့ အက်ဆစ်တွေ (အစာခြေပေးသော)

                  အစာအိမ်နံရံဆီ   တိုက်ရိုက်မထိနိုင်အောင် 

                 “Mucus”  တွေက ကာကွယ်ပေး ထားတယ်။

 

           Mucus အား အမျိုးအစားခွဲခြင်း 

           Phlegm-  အသက်ရှူစနစ်က အကန့်အသတ်နဲ့ ထွက်လာတဲ့ ချွဲ၊ သလိပ်။ 

           Snot     – နှာခေါင်းကနေ အဓိကထွက်တဲ့ နှပ်ချေးကို ဆိုလိုတာ ဖြစ်တယ်။ 

           Sputum -  ချောင်းဆိုးတဲ့အခါ ချွဲများပါသည့် တံတွေးကို ခေါ်သည့် စကားလုံး။ 

           Spit-   ပါးစပ်မှ ရိုးရိုးထွက်သော တံတွေး။ နောက် ဆရာတို့ရဲ့ ဒွါရလေး ပေါက်က

                ထွက်တဲ့   အကျိအချွဲတွေကိုလည်း Phlegmလို့ပဲ သုံးနှုန်းတယ်။

                အင်္ဂလိပ်စာမှာ သုံးသော Phlegmi Phlegm ရဲ့သဘောက သွက်လက်စွာ

                မစီးဆင်းဘူး၊ လေးကန်  တယ်ဆို၊ “Phlegmatic” ဆိုပြီး 

                လေးကန်တည်ငြိမ်တဲ့သဘော၊  ပျင်းရိနှေးကွေးတဲ့သဘော သုံးချင်တဲ့အခါမှာ သုံးတယ်။ 

                Apathetic တို့ Sluggish စတဲ့ အင်္ဂလိပ်စကားတွေနဲ့ ဆင်တူ တယ်။ 

                မြန်မာမှာလည်း   ဘန်းစကားအနေနဲ့ နှပ်ချေးကျတယ်ဆိုတဲ့စကားရှိတယ်မလား။

မောင် P -  ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာမှာ အကျိ၊ အချွဲ၊ သလိပ်တွေ ရှိနေတာဟာ

                ပုံမှန်ကိစ္စပဲလား ဆရာ။ ။ ဆရာ Q - လည်ချောင်း၊ နှာခေါင်းမှာ ချွဲသလိပ်ရှိတာ 

                ပုံမှန်ပေါ့ကွ။   ဒါပေမယ့်မင်းနေမကောင်းတဲ့အခါမျိုးမှာ မင်းမှာ ချွဲ၊ သလိပ်တွေ 

                ပိုများနေမယ်။  ပြီးတော့ ချွဲသလိပ်တွေရဲ့ အရောင်ဟာ ကိုယ်ခန္ဓာအတွင်းက

                ဘက်တီးရီးယားတွေကြောင့် အစိမ်းရောင်လို၊ အဝါရောင်လို အရောင်မျိုးကို

                ပြောင်နေလိမ့်မယ်။ မောင် P - ဆရာပြောမှ နှပ်ချေးအကြောင်း ခေါင်းကို ရှင်းသွားတာပဲ။ 

ဆရာ Q -  ပိုရှင်းသွားအောင် အပျော်သဘော “နှပ်ချေးအတုလုပ်နည်း” လေးပါ

                မင်းကို ပေးလိုက်ဦးမယ်။ 

                အဆင့် (၁) 500 ml (ဖန်ခွက်နှစ်ခွက်စာ) ပူနွေးနေတဲ့ရေထဲကို ဖန်ခွက်ရဲ့

                               ရှစ်ပုံတစ်ပုံစာလောက် လက်ချားထည့်ပါ။ (လက်ချားများ ထပ်မံ မပျော် 

                               ဝင်တော့လျှင်   ရပြီဟုမှတ်)။ 

                အဆင့် (၂) အထက်ပါ ရေနှင့် လက်ချားဖျော်ရည်အား အခန်းအပူချိန်တွင် အအေးခံပါ။

                အဆင့် (၃) သီးခြား ခွက်တစ်ခုတွင် ကော်နှစ်ဇွန်းနှင့် ရေသုံးဇွန်း ရောထည့်မွှေပါ။

                အဆင့် (၄) ကော်နှင့်ရေ ရောထားသော ခွက်ထဲသို့ အရောင်ဆိုးဆေး နှစ်စက် ထည့်၍ မွှေပါ။ 

                အဆင့် (၅) လက်ချားဖျော်ရည် ထည့်ထားတဲ့ ခွက်ထဲက ဇွန်းတစ်ဇွန်းစာကို

                                ယူပြီး ကော်ရည်ထဲ  ထည့်ပါ။ ပြီးလျှင် မွှေပေးပါ။ ထိုအခါ နှပ်ချေးအစစ်နှင့်

                                ခွဲမရသော  နှပ်ချေးအတုလုပ်နည်း အောင်မြင် ပြီးဆုံးခြင်းသို့ ရောက်လေ၏။