Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရှင်မဟာရဌသာရ - ပုံတောင်နိုင်မော်ကွန်း

Regular price 600 MMK
Regular price Sale price 600 MMK
Sale Sold out

ပုံတောင်နိုင်မော်ကွန်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဌမခန်း

၁။ ပွင့်လော့ပြည်လုံး၊ ထက်ဝန်းကျုံးလျှင်၊ လက်ရုံးတန်းဆောင်၊ ဘုန်းတော်ရောင်ဖြင့်၊ ရန်မှောင်ပယ်ခြင်း၊ ပြောင်ပြောင်ဝင်းမျှ၊ ထွန်းလင်း ကြက်သရေ၊ နေမင်းဆွေ၏။ အောင်မြေပွဲကြီး။ ဟုတ်တိုင်းချီးပိမ့်။ ငါးစီးရှင်မျိုး။ သတိုးဓမ္မ။ ဘေးတော်ဘလျှင်။ အဝရွှေနန်း။ မြန်းဦးသော် က။ သာကီယတို့။ နွယ်စမင်းချည်း။ တစပ်တည်းဖြင့်။ ခမည်းတော် နောက်။ ခြောက်ဆယ်မြောက်ဝယ်။ ရှိန်တောက်တန်ခိုး။ မိုယ်နှယ်ကြိုး မျှ။ လွှမ်းစိုးခိုင်ဖြိုး။ ရည်တိုင်းပြီးသည်။ စောထီးနရပတိတည်း။

၂။ အရိန္ဒမ။ စသည်ကျော်သောင်း။ ဗောဓိလောင်းတို့။ ကိန်းအောင်း နေရာ။ မင်းတန်းဆာဖြင့်။ စကြာရထား။ ကပ်လှာငြားသို့။ တရားသဖြင့်။ ဘုံမြင့်နန်းထွတ်။ ရောက်တုံလတ်သော်။ သိဒ္ဓတ်ဘုန်းပေါ့။ ဘွားသန့် ဝယ်။ သိမ်မွေ့သစ္စာ။ နက်နဲစွာကို။ ဆရာမသင်။ ပင်ထွက်မြင်သား။ မာတင်မည်ရ။ ပစ္စေကလျှင် ပြောင်းကြွနိဗ္ဗာန်။ ယားလင့်ဟန်သို့။ စွမ်းအင်ရဲရင့်။ တန်ခိုးဘွင့်လျက်။ ရေးခွင့်မျှော်ကြည့်။ လုပ်ကြံဖြည့် ၍။ ပတ်လှည့်ဇမ္ဗူ၊ ချဉ်းပိမ့်ဟူသား။ ထီးဖြူဆောင်းရည်။ မင်းတို့သည် လည်း။ နတ်ပြည်ပြောင်းရဲ။ ကောင်းဘို့လှဲ၏။ အံ့အဲလောက်အောင်။ စောမြတ်ခေါင်ကား။ လူ့ဘောင်ထွတ်ထား။ လွန်မြောက်မြားသည်။ ။ နှစ်ပေါင်းချင်းထောက်မရှိတည်း။ ။

*၃။ ။ဘုန်းပဒေသာ။ ပြည့်စုံစွာ၍။ ပညာတည့်ဖြောင့်။ တရား စောင့်လျက်။ မတောင့်မတ။ မကြောင့်ကြတည့်။ သုခသီးမှည့်။ ဆွတ် ကုန်လှည့်ဟု။ လိုပြည့်လိုထွန်း။ လူရဟန်းအား။ ဝမ်းထွက်သားသို့။ ပိုက်ဖြားသိမ်းထုပ်၊ ပြည်ကြီးအုပ်၍။ ရှားလှုပ်မနိုင်။ တောင်နှယ်ခိုင် လျက်။ ထွတ်တိုင်ရှင်တော် အာနုဘော်ကြောင့်၊ ထွန်းပေါ် ကမ္ဘာ။ ာ်ဦးခါက။ ကျွန်းချာသမုတိ။ တုမရှိတည့်။ ဗောဓိရှေ့တွင်။ အောင် မြေပြင်၌။ ပလ္လင်ရတနာ။ ပေါက်လှည့်ရာကို။ မိစ္ဆာလုယက်။ မာရ်စစ် ထွက်သို့။ ညောင်ရွက်သွန်းသွန်း။ ရွှေထီးဝန်းနှင့်။ တက်ရွှန်းနေတူ။ နန်းဝပြူသော။ ငြူစူမာန်မျိုး၊ မျက်မုန်းကြိုးသည်။ ။တန်ခိုးလက်စဉ်း မသိတည်း။

*၄။ ။ပိတ်ထိုင်းကောင်းကင်။ မိုးရပ်ခွင်နှင့်။ ရှေ့ပြင်နှံတောင်း။ ဘယ်ညာပေါင်းသော်။ ကြောက်ညောင်းတုန်လှဲ။ မြေကြီးနဲ့မျှ၊ လေးဆယ့် ငါးယူဇနာ။ နောက်မျက်နှာမူ။ စကြဝဠာထိအောင်။ ဗိုလ်ခြေဆောင် လျက်။ မြတောင်ဇာတိ။ ယိုးဘွယ်ရှိသား။ ဂီရိမေခလာ။ မည်သာတွင် ပြီး။ ဆင်ပြောင်စီး၍။ ဦးဦးလက်လက်။ ပြိုးပြိုးပြက်လျှင်။ လက်နက် စွဲသုံး။ ထောင်လက်ရုံးဖြင့်။ ပတ်ကုံးဘန်ဆင်း။ မာရ်နတ်မင်း၏။ ထန်ပြင်းခွန်အား။ ရဲမက်များကို။ လေးစားမမူ။ ရန်သူမထင်။ ငြိမ့်ငြိမ့်ပင် တည်း။ ပလ္လင်ဝန်းခွေ။ သျှင်တော်နေသို့။ မထေအောက်မေ့။ ထိုရွေ့မကြွ။ ရွှေနန်းမထက်။ စံပသာဝ့်။ ခိုင်ကျည်မြဲသည်။ ။ရဲရဲဘုန်းရောင် ထွန်း ညိတည်း။

၅။ ။ဆက်စည်နန်းရိုး။ မြန်ထိပ်မိုး၍။ ဘေဘိုးဘခင်။ ရဲစွမ်းအင် နှင့်။ မြေပြင်တိမ်းစောင်း။ ကျော်စောဟောင်းတွင် ဆင့်လောင်းအသစ်။ ပြေပရစ်စိမ့်။ ရန်စစ်မတုံး။ မီးနှယ်ပြုံးမူ။ လက်ရုံးရောင်ဝါ။ မပသာဟု။ ကြေညာဟိုးဟိုး။ မိုးနှယ်ကြိုးမျှ။ တန်ခိုးပြိုင်ဘော်။ နတ်နှိုးဆော်၍။ ယင်းတော်ခရိုင်။ သင်းခိုင်ကျေးမက်။ ရွယ်သက်မတန်။ စည်းစိမ်လွန် ၍။ မာန်၏စစ်ခြေ။ ရိုင်းပင်းထွေဖြင့်။ မျိုးဆွေ”သူလောင်။ လိုယောင် စီးပွား။ ပျက်စကားကို။ ယုံမှားလိုက်နာ။ ငတုံးတာလျှင်။ ကြမ္မာအင်ချို့။ ပျက်မည်ဘို့ကြောင့်။ ငါတို့နတ်ရှင်။ တင်သားကျေးဇူး။ ထိမ်မြူးတတ် လှ။ တောင်ငူရနှင့်။ ညီကြပုန်ကန်။ ကမ္ဘာပြန်သို့။ ရန်စွန်ပြည်နား။ မွှေချောက်ချားသည်။ ။လူများနှလုံးတိုင်ထိတည်း။ ။

၆။ ။မကော်မရော်။ ထိုသို့သော်လည်း။ မျက်တော်မလျင်။ ရင်း ကျင်းငင်သော်။ ပြတ်ကျင်လိလိ။ လျှော့ချမိလည်း။ လွတ်ဘိဘနန်း၊ ဪရေးငန်းဖြင့်။ စီးစွန်းမသွား။ အသာဖြာ၍။ ပုပ္ပားမကြွင်း။ နတ် မောက်ပင်းကို။ လက်တွင်းထားမြောက်။ ငသရောက်က။ စသည်ကုန်အောင်။ ရွှေတောင်ပလင်း။ ချဉ်းနင်းပျက်ဆန်း။ သုံ့ပန်းဘမ်းဆီး။ ပြုန်း တီးရွာစွန်၊ ပြင်းထန်ပူလောမောသောခိုးသူ။ တဖြင်မူလျက်။ တောင်ငူ ရှိရှား။ ယင်းတော်စားတို့။ သုံးပါးစုရုံး။ သုံးလွန်းထံသို့။ စည်းရုံးပေါင်းသော်။ ပင့်နှိုးဆော်က။ ဘိုးတော်ပြည်မင်း။ အရင်းတည်ပြီး လုပ်ကြီးကြံမ။ အရထဲသံ။ ပုဂံချူရွယ်။ ပုခန်းငယ်က။ တသွယ်စဉ့်ကူ။ မြို့လုံးယူမှ။ ပြောထုကြည်းရေ။ တခဲထွေလျှင်။ စလေပတ်ကုံး၊ ရံပိတ်ဖုံးသည်။ ။ ချုံးချုံးမိုယ်နှယ်လဘိတည်း။

၇။ ။ဇမ္ဗူတလွှား။ လူချင်းထားဘိ။ မြင့်ဖျားတိမ်ထွတ်။ ကောင်း ကင်ထက်က။ မာရ်နတ်စစ်ချေ။ လာပစေဟု။ စလေသက်နှံ။ စောင့်မြဲ မြဲသား။ မြို့ခံမြို့စား။ ကျွန်တော်များတို့။ ရဲအားလောက်စွာ။ မင်းတရာ နှင့်။ ပဉ္စာလရာဇ်။ သူရဲ့စစ်တိ။ ဆဲ့ရှစ်ခေါဘဏီ။ ရုံးညီပေါင်းညှိ။ စူဠဏီလျှင်။ ရံဘိလတ်သော်။ ပညာကျော်သား။ မဟော်ကီနက်။ ဘွားဘက်တစ်ထောင်။ ရဲသောယောင်သို့။ ရဲခေါင်တိုင်လှ။ ရဲကိစ္စ ဖြင့်။ မြို့ကပစ်ချောက်။ မီးပေါက်မညံ။ လေးသံမစဲ။ ကျော်သဲညီညာ။ မျက်နှာပန်းသွင်။ လန်းလန်းရွှင်မျှ။ လွင်ပြင်ထွက်စုတ်။ သိန်းနှုတ်သုတ်လျက်။ ထိုးချက်တွေ့တိုင်း။ ပိုင်ရရိုင်းလျှင်။ °ပည်းလှိုင်းသူကောင်။ ဦးလည်ဆောင်၍။ ရန်အောင်မြို့ ကောင်း၊ မိကျောင်းကျွဲလှေ။ ရွှေငွေကစ။ စင်းလုံးရ၏။ ငါးလမြောက်စင်။ မြင့်ကြာတင်မှ။ တိုင်းခွင်ဝန်းလျား။ ပြည်စီးပွားကို။ ဘုရားရှုကြည့်။ ချမ်းသာဖြည့်ဟု။ မိုးရှည့်ချီးမြှောက်။ နားတော်လျှောက်က။ ရွှေမှောက်ရန်နှင်း။ ရဲမာန်ပြင်းသည်။ တောင်မင်း မြင်းမိုရ်တရှိတည်း။

၈။ ။ထိုရော်ခဏ။ ရှေးကျိုးမ၍။ ရင့်လှသမ္ဘာ။ စောမြတ်စွာကား။ ပွင့်လျာဘုန်းရှိ။ မင်းတေမိ၏။ ဇာတိပုံထား။ သိတရားဖြင့် သူ့အား

၁။ ပည်းလှိုင်း (ပေါရာဏ)အများအပြား။ ၂။ ရွှေမှောက်(ပါရာဏ)မင်း။ ၃။ အချို့သောပေမူတို့၌ စောတေမိဟူ၍ရှိသည်။ အဓိပ္ပာယ်မထူးခြား။