Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - အရှည်ကြည့်၀ါဒ

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

အရှည်ကြည့်ဝါဒ

(တိုင်းပြည်စည်ပင်သာယာခြင်း၏ရေသောက်မြစ်)

ဖြစ်တတ်ပျက်တတ်သော ဤလောကကြီး၌ တစ် စုံတစ်ခုဖြစ်ခဲ့လျှင်၊ အကြောင်းတစ်စုံတစ်ခု ရှိရသည့် နည်းတူ၊ ပျက်ခဲ့လျှင်လည်း အကြောင်းတစ်စုံတစ်ခု ရှိရမည်သာ ဖြစ်၏။ ယခုခေတ်၌ နိပွန်တို့သည် ကြီး ပွားလျက်ရှိ၏။ ဗြိတိသျှတို့ကား ပျက်စီးဆုတ်ယုတ် လျက်ရှိ၏။ ဗြိတိသျှတို့ ပျက်စီးဆုတ်ယုတ်ခြင်းသည် အကြောင်းအမျိုးမျိုးရှိသည့် နည်းတူ၊ နိပွန်တို့ ကြီးပွား တိုးတက်လာခြင်းသည်လည်း အကြောင်းအမျိုးမျိုး ရှိပေလိမ့်မည်။ ဤစာတမ်းကို ရေးသားစီရင်ရာ၌ ကျွန်ုပ်၏ရည်ရွယ်ချက်မှာ ပျက်စီးဆုတ်ယုတ်စေတတ် သော အကြောင်းအမျိုးမျိုးတို့ကို စိစစ်ကောက်နုတ်ဖော်ပြရန်ထက် ကြီးပွားတိုးတက်စေတတ်သော အကြောင်းများကို ဆန်းစစ်ဖော်ပြရန် ဖြစ်ပေရကား ဗြိတိသျှတို့ ပျက်စီးရသော အကြောင်းများကို ချန်လှပ် ၍ နိပွန်တို့ ကြီးပွားတိုးတက်လာခဲ့သည့် အကြောင်း ရင်းကိုသာ စိစစ်ရွေးချယ် ဖော်ပြရပေမည်။

သစ်ပင်ကြီးတစ်ပင် ကြီးပွားပေါက်ရောက်လာခဲ့ ရာ၌ အမြစ်များသည် အကြောင်းရင်းတစ်ခု ဖြစ်ပေရာ၊ အမြစ်များအနက်တွင်လည်း ရေသောက်မြစ်သည် အရေးကြီးဆုံးသော အကြောင်းရင်း ဖြစ်၏။ ထို့အတူ နိပွန်တို့ ကြီးပွားတိုးတက်လာခဲ့ရာ၌ အကြောင်းအမျိုး မျိုး ရှိရမည်ဖြစ်ရာ ၎င်းတို့အနက်တွင် ရေသောက် မြစ်နှင့်တူသော အကြောင်းရင်းအစစ်ကို စိစစ်ရှာဖွေ ကြပေအံ့။

နိပွန်တို့ ကြီးပွားလာခြင်းဆိုရာ၌၊ လူတစ်ဦး တစ်ယောက်စီ ကြီးပွားကြွယ်ဝခြင်းကို ဆိုလိုခြင်း မဟုတ်၊ လူမျိုးလိုက်ချီ၍ ကြီးပွားတိုးတက်လာခြင်း ကို ကျွန်ုပ် ဆိုလိုခြင်းဖြစ်၏။ သို့ဖြစ်လျှင် နိပွန်တို့သည် အဘယ်သို့သော အကြောင်းကြောင့် ကြီးပွားလာကြ လေသည်ဟု မေးသည်ရှိသော်၊ ထကြွ လုံ့လဝီရိယနှင့် ပြည့်စုံသောကြောင့် ကြီးပွားကြသည်ဟု ဖြေဆိုငြားအံ့။ ထကြွ လုံ့လဝီရိယနှင့် ပြည့်စုံပါလျက်၊ နိပွန်တို့ကဲ့သို့ မကြီးပွားသော အခြားလူမျိုးများလည်း ရှိနေကြ၏။ သို့ဖြစ်၍ ၎င်းအဖြေသည် လုံးလုံးလျားလျား မှန်ကန်သော အဖြေမဟုတ်နိုင်သေးချေ။ ထို့ပြင် ထကြွ လုံ့လ ဝီရိယနှင့် ပြည့်စုံခြင်းတည်းဟူသော အခြင်းအရာသည် လူတစ်ဦးတစ်ယောက်အတွက် ကြီးပွားစေတတ်သော ဂုဏ်အခြင်းအရာမျှသာဖြစ်၍ လူတစ်မျိုးလုံးကို (လူမျိုး လိုက်ချီ၍) ကြီးပွားစေနိုင်သော ဂုဏ်အခြင်းအရာ မဟုတ်သေးချေ။

စိတ်ကူးဉာဏ်ဖြောင့်မတ်မှု စည်းလုံးခြင်း

သို့ဖြစ်လျှင် စိတ်ကူးဉာဏ်ကောင်းသောကြောင့် ကြီးပွားလာကြသည်ဟု ဖြေဆိုငြားအံ့။ နိပွန်တို့နည်းတူ စိတ်ကူးဉာဏ်ကောင်းသော်လည်း နိပွန်တို့ကဲ့သို့ မကြီးပွားသည့် အခြားလူမျိုးများလည်း ရှိနေကြ၏။ စိတ်ကူးဉာဏ်တည်းဟူသော အရည်အချင်းများလည်း လူမျိုးလိုက်ချီ၍ ပြည့်စုံနိုင်သော အရည်အချင်း မဟုတ် နိုင်။ လူနည်းစုနှင့်သာ သက်ဆိုင်သော အရည်အချင်း မျိုး ဖြစ်၏။ သို့ဖြစ်၍ ၎င်းအဖြေသည်လည်း မှန်ကန် သော အဖြေ မဟုတ်နိုင်ချေ။

သို့ ဖြစ်လျှင် ရိုးသားဖြောင့်မတ်သောကြောင့် ကြီးပွားလာကြသည်ဟု ဖြေဆိုငြားအံ့။ လူရိုးလူဖြောင့်တွေချည်း ဖွဲ့စည်း၍ တစ်ပြည်ထောင် တည်ထောင် ထားစေကာမူ၊ အကြီးပွား အထွန်းကားဆုံးသော တိုင်း ပြည်တစ်ပြည် မဖြစ်လာနိုင်ကြောင်းကို စဉ်းစားဉာဏ်ရှိ သူတိုင်း ရိပ်မိနားလည်နိုင်ကြပေမည်။ သို့ဖြစ်၍ ၎င်း အဖြေသည်လည်း မှန်ကန်သော အဖြေ မဟုတ်နိုင် သေးချေ။

သို့ဖြစ်လျှင် စည်းလုံးညီညွတ်ခြင်း ရှိသောကြောင့် ကြီးပွားလာကြသည်ဟု ဖြေဆိုငြားအံ့။ ၎င်းအသည် မှန်ကန်သလောက် မှန်ကန်သည်ဟု ဝန်ခံရပေမည်။ သို့သော် စည်းလုံးညီညွတ်ခြင်းတည်း ဟူသော ဂုဏ် အချင်းအရာသည် အကျိုးတရားမျှသာ ဖြစ်ရကား၊ အဘယ်သို့သော စိတ်နေသဘောထားမျိုး ရှိကြသည့် အတွက်ကြောင့် စည်းလုံးညီညွတ်ကြသည်ဟူသော အကြောင်းရင်းကို ရှာဖွေကြရပေမည်။ ဥပမာ-တစ်ခုသော အဖွဲ့ သည် စည်းလုံးညီညွတ်ခြင်း၏ အကျိုး ကျေးဇူးကို သိမြင်နားလည်သဖြင့်၊ ညီညွတ်ကြဖို့ ကြိုး စားပါသော်လည်း ညီညွတ်ခြင်း၏ အကြောင်းရင်းကို နားမလည်ခဲ့လျှင်၊ ယင်းတို့၏ ကြိုးစားမှုသည် ကြက်ဥ ကို အစရှာ၍ မတွေ့သကဲ့သို့ ရှိနေကြပေလိမ့်မည်။

စည်းလုံးညီညွတ်ခြင်း၏ အကြောင်းရင်းကို အဘယ်သို့နည်းဟု ဆင်ခြင်သည်ရှိသော်၊ သည်းခံခြင်းသည် ညီညွတ်ခြင်းကို ဖြစ်စေတတ်သည်ဟု ရှေးဦးစွာ အကြံဖြစ်ပေါ်တတ်ကြပေလိမ့်မည် ကောင်းပါ၏။ သို့သော် သည်းခံခြင်းဆိုရာ၌ အခြားသော အဖွဲ့ ဝင် တစ်ယောက်၊ သို့မဟုတ် အဖွဲ့ဝင်အများတို့က အယွင်း ယွင်း အမှားမှား မတရားသဖြင့် ပြုကျင့်နေကြသည်ကို သိမြင်ပါလျက်နှင့် ညီညွတ်မှု ပျက်ပြားမည်ကို စိုးရိမ် သည့်အတွက်၊ အောင့်အည်းသည်းခံနေခြင်းကို ဆိုလို ပါသလော။ ယင်းသို့ဆိုပါလျှင် တစ်ဖွဲ့လုံး အကျိုး ပျက်စီးဖွယ်ရာ ရှိသောကြောင့် ညီညွတ်မှုအတွက် “အကျိုးပျက်စီးခြင်း ခံရရာသို့ ရောက်၍ တစ်ပေါင်း တစည်း တညီတညွတ်တည်း ပျက်စီးခြင်းတိုင် ကြရ ပေလိမ့်မည်။ သို့ဖြစ်၍ ဤသို့သော သည်းခံနည်းမျိုး သည်လည်း နည်းလမ်းမှန်ကန်နိုင်မည် မဟုတ်ချေ။

အရှည်မျှော်ကြည့်။

ယင်းသို့ဖြစ်လျှင် စည်းလုံးညီညွတ်ခြင်း၏ အကြောင်းရင်းသည် အဘယ်နည်း။ အဘယ်သို့သော စိတ်နေသဘောထားမျိုး ရှိခြင်းသည် စည်းလုံးညီညွတ် ခြင်းကို ဖြစ်စေတတ်သနည်း။ မျက်ခုံးမွေးတစ်ဆုံးခန့်

လောက်သာ မကြည့်ဘဲ၊ အရှည်ကို မျှော်၍ ကြည့် တတ်သော နည်းစနစ်သည် စည်းလုံးညီညွတ်ခြင်းကိုဖြစ်စေနိုင်သည့် နည်းစနစ်အစစ်အမှန် ဖြစ်၏။

ရှင်းလင်းဦးအံ့၊ သတ္တဝါတို့၏ ဓမ္မတာသဘော ကား၊ ကိုယ်ကျိုးအတွက် ပထမဦးစွာ ကြည့်တတ်ကြ သော အလေ့အထ ရှိတတ်ကြ၏။ လူနှင့် တိရစ္ဆာန်တို့ ၏ ခြားနားခြင်းကား၊ လူသည် နက်ဖြန်သဘက် စသည်၌ အကျိုးဖြစ်ထွန်းမည့်အရေးကို မျှော်ခေါ်ထောက်ထားခြင်းအားဖြင့် စီမံခန့်ခွဲတတ်၏။ တိရစ္ဆာန် မူကား၊ ယခု လက်ငင်းကိုယ်ကျိုးရှိမည့် အလုပ်ကိုသာ မြင်တတ်သိတတ်ရှာ၏။ ကိုယ်ကျိုးကို ကြည့်တတ် ခြင်း အရာဌာနတွင်မူကား များစွာ မခြားနားလှချေ။ လူတို့ အနက်တွင်လည်း အသိပညာရှိလျှင် ရှိ သလောက် အရှည်ကို မျှော်ကြည့်တတ်၍၊ အသိပညာ နည်းလျှင် နည်းသလောက် အပြစ်ဆိုတတ်ပေရာ၊ အချို့သော လူများမှာ တိရစ္ဆာန်ထက် များစွာ အရှည် မျှော်ကြည့်တတ်ဟန် လက္ခဏာမရှိပေ။

သို့သော် အကျိုးခံစားခွင့်ဆိုသည်ကား လက်ငင်း ခံစားမှု၊ နောင် အရှည်မှ ခံစားမှု၊ တိုက်ရိုက်ခံစားမှု၊ သွယ်ဝိုက်သောနည်းဖြင့် ခံစားမှုဟူ၍ လေးမျိုးရှိ၏။ ၎င်းလေးမျိုးကို အကျယ်တဝင့်ဖော်ပြရသော် (၁)လက် ငင်းတိုက်ရိုက်ခံစားမှု၊ (၂)နောင်အရှည်မှတိုက်ရိုက် ခံစားမှု၊ (၃)လက်ငင်းသွယ်ဝိုက်သောနည်းဖြင့် ခံစားမှု၊

လောကုတ္တရာမှုဆိုင်ရာ မဂ္ဂင်ရှစ်ပါးအနက်၊ သမာဒိဋ္ဌိဟူသော မဂ္ဂင်အရ၊ လောကကြီးသည် အနိစ္စ-ဒုက္ခ-အနတ္တမျှသာဖြစ်သည်ဟု မသိမြင်သေးသော်လည်း မျက်စိမှိတ်၍ ယုံကြည်ထားရန် အရေးကြီးသည့်နည်းတူ၊လောကီမှု ကြီးပွားရေးတွင်လည်း ၊ “လူအများ ကောင်းစားမှ ငါကောင်းစားမည်”ဟူသော ဝါဒကို မျက်စိမှိတ်၍ ယုံကြည်ထားကြဖို့ အရေးကြီး၏။ ဤအတိုင်း ယုံကြည်ကြ၍ အလုပ်လုပ်ကြလျှင် မညီညွတ်ဖွယ်ရာ အကြောင်း မရှိ၊ မကြီးပွားနိုင်ဖွယ်ရာ အကြောင်းမရှိချေ။ အလွန်တရာ အရေးကြီးလှသော အချက်တစ်ခုမှာ လူအများကောင်းစားမှ ငါကောင်းစားမည် ဟူသော အရှည်ကြည့်နည်းကို ငယ်ရွယ်စဉ်ကတည်းက စွဲမြဲအောင် လေ့ကျင့်ပေးကြဖို့ လို၏။ အကောင်းဆုံးသော နည်းလမ်းတစ်ခုမှာ ...

ယခုစာအုပ်နှင့်ပတ်သက်၍ စာရေးဆရာမဂ္ဂဇင်းနှင့် ဆရာကြီး

ရွှေဥဒေါင်း

စာရေးဆရာ အစည်းအရုံးကြီးကို ၁၉၄ဝ ပြည့်နှစ်လောက်က ဆရာကြီးပီမိုး နင်း ကွယ်လွန်သွားသောအခါ ရန်ကုန်ဆေး ရုံကြီးမှ ရွှေ့ယူလာခဲ့သော အသုဘကို သရက်တောကျောင်းတိုက်တွင် ၁၀ ရက် တိုင်တိုင်ထားကာ ညစဉ် စာရေးဆရာ အသီးသီးတို့က ဟောပြောခဲ့ကြသည်။

ဆရာကြီး၏ ဈာပနကိစ္စ ပြီးစီးသော အခါ စာရေးဆရာ အစည်းအရုံးကို ရေကျော် မက်သဒစ်ကျောင်းတွင် စတင်ဖွဲ့ စည်းခဲ့သည်။

ဥက္ကဋ္ဌ ဒီးဒုတ်ဦးဘချို၊ အတွင်းရေးမှူးသင်္ခါတို့ ဖြစ်ကြ၏။

ဂျပန်ခေတ်သို့ရောက်သောအခါ ဆရာ ဦးဘချိုသည် ရွှေဘိုသို့ စစ်ပြေးခဲ့သဖြင့် အဝေးသို့ရောက်နေပြီး စစ်ကြောင့် စာရေး ဆရာများ ကစဉ့်ကလျားဖြစ်ကာ အသက် မွေးဝမ်းကျောင်းအဖြစ် ရရာလုပ်လျက် ရှိကြသည်။

ဂျပန်ခေတ်၏တစ်နေ့သ၌ ဆရာ ဦးသိမ်းမောင်နှင့် ဆရာဇဝနတို့ သည် ဆူးလေဘုရားနှင့် မျက်စောင်းထိုးမှာရှိသည့် ဗလီကြီးရှေ့က လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေစဉ် ကြီးပွားရေး ဦးလှနှင့် သိပ္ပံကျော်ထင်တို့ ရောက်လာကြ သည်။

ဦးလှက သူ့ညီ ကိုဆောင်း (ရဲဘော်သုံး ကျိပ်ဝင် ဗိုလ်ထိန်ဝင်း)နှင့် တွေ့ခဲ့ပုံ၊ အမှတ် (၁၅) ဂျပန်တပ်မတော်ဝါဒဖြန့်ချိရေးအဖွဲ့နှင့် ပါလာသော ဂျပန်စာရေးဆရာ တကာမီက မြန်မာစာရေးဆရာအသင်းဖွဲ့ရန် လိုသည့် အကူအညီများကို ပေးမည်ဟု ကိုဆောင်း ထံမှ သိရကြောင်း ပြောပြသည်။

စာရေးဆရာအသင်း ဖြစ်ပေါ်လာခဲ့ လျှင် မဂ္ဂဇင်းထုတ်ဝေခွင့် ရမည်ဖြစ်ရာ စာရေးဆရာများအဖို့ အသင့် အတင့် အကျိုးရှိမည်ဖြစ်ပြီး နောင်စာအုပ်များပါ ထုတ်ဝေနိုင်မည့် အလားအလာကိုမြင်ကာ စာရေးဆရာအသင်းဖွဲ့ရန် သဘောတူပြီး ၎င်းတို့လေးဦး လက်မှတ်ဖြင့် အစည်း အဝေးခေါ်သည့် ကြေညာချက်ကို သတင်း စာများ၌ ထည့်လိုက်လေသည်။

၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် နေ့တွင် အစည်းအဝေးကျင်းပပြီး ဦးသိမ်းမောင်ကို ဥက္ကဋ္ဌ၊ ဒဂုန်နတ်ရှင်ကို ဒုတိယ ဥက္ကဋ္ဌတင်မြှောက်၍ ဆရာဇဝနအပါအဝင် အမှုဆောင်များဖြင့် စာရေးဆရာအသင်းကို ဖွဲ့စည်း ခဲ့သည်။

ထို့နောက် စာရေးဆရာမဂ္ဂဇင်းထွက် စေရန် စီစဉ်ရာ မစ္စတာတကာမီက အရင်း မတည်ငွေ သုံးထောင်ကို ဂျပန်စစ်ဘက်မှ ထုတ်ယူပေးခဲ့သည်။ မဂ္ဂဇင်းအတွက် စက္ကူ ကို သူရိယတိုက်မှ ဈေးရင်းနှင့်ရအောင် ဦးသိမ်းမောင်က ပြောပေးသည်။

၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာလထုတ် စာရေး ဆရာမဂ္ဂဇင်း အမှတ်(၁)ကို ဆင့် ၁ဝဝ ဖြင့်ရောင်းချခဲ့ရာ တွင်တွင်ကျယ်ကျယ် ရောင်း ချခဲ့ရလေသည်။ စစ်အတွင်း ရေးစရာနေရာ ရှားနေချိန်တွင် စာရေးဆရာမဂ္ဂဇင်း ထုတ် ဝေနိုင်ခဲ့ခြင်းကြောင့် စာရေးဆရာများအဖို့ ရေးစရာနေရာ ရလာခဲ့သည်။ သို့ရာတွင် ဂျပန်စစ်ဘက်ပြန်ကြားရေးဌာနခွဲက စာရေး ဆရာမဂ္ဂဇင်း ထုတ်ဝေစေချင်သည်မှာ သူတို့ ဂျပန်စာပေနှင့် ဂျပန်ယဉ်ကျေးမှုများကို မြန်မာတို့နှင့် ထိတွေ့နီးစပ်စေရန် ဖြစ်သည်။ သူတို့ မျှော်လင့်သလို ဖြစ်မလာသောအခါ အသင်းအပေါ် စိတ်မဝင်စားတော့ဘဲ မစ္စတာ တကာမီ ဂျပန်ပြန်သွားသည့်နောက် တွင် ထောက်ပံ့ကြေးကို ရပ်စဲလိုက်လေ သည်။

စာရေးဆရာအသင်းမှ စာရေးဆရာ မဂ္ဂဇင်းကို လစဉ်ပုံမှန်ထုတ်ဝေရန် စီစဉ်ခဲ့သော်လည်း အမှတ်(၄)အထိသာ အချိန်မှန် ထုတ်ဝေနိုင်ခဲ့ပြီး အမှတ်(၅)မှစ၍ လကျော် ၁၈ သာ ထုတ်ဝေနိုင်ခဲ့သည်။

စာရေးဆရာမဂ္ဂဇင်းသည် ပုံစံမပျက် ကြိုးစားထုတ်ဝေနေရာမှ သူရိယတိုက်မှ စက္ကူမရတော့သဖြင့် ရုံးသုံးတစ်ဖက်လွတ် စက္ကူများဖြင့် ရိုက်နှိပ်ထုတ်ဝေရလေသည်။

ဆင်ဆာပညတ်ရေးရုံးမှ တစ်ဖက် လွတ်ရုံးသုံးစက္ကူများဖြင့် ရိုက်နှိပ်ထုတ်ဝေ သည်ကို ခွင့်ပြုသော်လည်း သူတို့ မကြိုက်သော ဆောင်းပါးများ၊ ဝတ္ထုများကို ဖြုတ်ခိုင်း ခဲ့သည်။ နောက်ဆုံးထုတ်ဝေခဲ့သော စာရေး ဆရာမဂ္ဂဇင်း အမှတ်(၁၃)တွင် စာစောင် လိုက် ဖြတ်တောက်ခဲ့လေသည်။

ထိုစာရေးဆရာမဂ္ဂဇင်းတွင် ဆရာကြီး ရွှေဥဒေါင်းသည် ဆောင်းပါးများ အခါအားလျော်စွာ ရေးသားပေးခဲ့သည်။ ယခုရှာဖွေ ရရှိသလောက်မှာ ဆောင်းပါး ၄ ပုဒ်နှင့် ဝတ္ထုအရေးအသားတစ်ပုဒ် ဖြစ်သည်။ ထို ဝတ္ထုမှာ ဆရာကြီးရွှေဥဒေါင်းအမည်ဖြင့် မဟုတ်ဘဲ “ရွှေအုခေါင်း” အမည်ဖြင့် ရေး သားခဲ့လေသည်။

မြင့်ဆွေဦး