စိတ်ကူးချိုချိုစာပေ
ရွှေဥဒေါင်း - လူစွန့်စား
ရွှေဥဒေါင်း - လူစွန့်စား
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊
:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။
---------------------------
လူသားစားကျားဆိုးကို အရှင်ဖမ်းခြင်း
ကျွန်ုပ်၏မိတ်ဆွေ ကိုဇော်ဟိတ်မှာ ကောလိပ်ကျောင်းမှ ထွက်ခဲ့ပြီးသည်နောက် လခစားကျွန်ခံအဖြစ်နှင့် အမှုထမ်းခြင်းမှတစ်ပါး၊ စွန့်စားရသော အလုပ်အမျိုးမျိုးတို့၌ အတော်စုံခဲ့သူတစ်ယောက် ဖြစ် လေရာ ကျွန်ုပ်နှင့် အတူတကွ လည်ပတ်ကြသော အကြောင်းအရာများ ကို ဖော်ပြပြီးခဲ့၍ သူ၏ ကိုယ်တွေ့ အဖြစ်အပျက်များကို သူကိုယ်တိုင် မှတ်သားထားသည့် ဒိုင်ယာရီမှတ်တမ်းများမှ ကောက်နုတ်ဖော်ပြ လိုက်ရပေသည်။
အင်္ဂလိပ်အစိုးရလက်အောက်တွင် ရှမ်း ၉၉-စော်ဘွားဟူ၍ စာရင်းပေါက်သည့်အနက် ကျွန်ုပ်၏မိတ်ဆွေ နယ်စော်ဘွားမှာ စိတ်ဝင် စားဖွယ်အကောင်းဆုံးသော စော်ဘွားဖြစ်ပေ၏။
ငယ်ရွယ်စဉ်အခါက ဖခင်စော်ဘွားကြီး၏ရိပ်ရာကို မခံယူမီ နတ်ရွာစံလျှင်လည်း စံလိမ့်မည်။ အကယ်၍ အသက်ရှည်သဖြင့် နန်း





