Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဝထ္ထုတိုပေါင်းချုပ်ဒုတိယတွဲ

Regular price 9,000 MMK
Regular price Sale price 9,000 MMK
Sale Sold out

ကိုဇော်ဟိတ်၏ လက်ဝှေ့စွမ်း

ကသာဒိစတြိတ် တွင်းငယ်ရွာကလေးသည် ဧရာဝတီမြစ်၏ လက်ဝဲ ဘက်ကမ်းတွင် တည်ရှိသည့် သာမညရွာကလေးပင် ဖြစ်သော်လည်း လွန်ခဲ့သည့် ၁၉၂၇-၂၈ ခုနှစ်များတွင် ၎င်းနယ်၌ နီလာကျောက်များ တူးဖော်ရရှိသည်ဟု ရုတ်တရက် နာမည်ကြီးခဲ့သည့်အတွက်ကြောင့် ရွှေဘို၊ ကသာ၊ မိုးကုတ် အစရှိသော မြို့ကြီးများမှ ကျောက်ကုန်သည်များ၊ ကျောက်ပွဲစားများ၊ ကျောက်တွင်း သမားများ၊ တွင်းတူး ကူလီများ လာရောက်ကာ စီးပွားရှာကြသဖြင့် အလွန် စည်ကားသော ရွာကလေးအဖြစ်သို့ နေ့ချင်းညချင်းတိုင် ရောက်လာခဲ့ဖူး၏။ စင်စစ်သော်ကား ကျောက်များ တွေ့ရှိဖူးသောနေရာမှာ တွင်းငယ်ရွာမဟုတ်။ ၎င်းရွာနှင့် လေးငါးမိုင်ခန့် ဝေးကွာသည့် ရေညာဦးအမည်ရှိ ရွာကလေး ပတ်ဝန်း ကျင် ဟစ်ဝိုက်၌ ဖြစ်ပေရာ အရပ်ရပ်မှ ကျောက်တွင်းအလုပ်သမားများသည် ရေညာဦးရွာအနီးအပါးတွင် တဲအုံကနားများ ဆောက်လုပ်ကာ တည်းခိုနေထိုင် လျက် အလုပ်လုပ်ကြ၏။ မည်သူသည် ကျောက်တစ်လုံး “အောင်” သဖြင့် သုံးသောင်းနှင့် ရောင်းလိုက်ရသည်။ မည်ဝါသည် ငါးသောင်းတန်ကျောက်တစ်လုံးတွေ့ရှိ၍ ဈေးမတည့်သေးသဖြင့် မရောင်းသေး အစရှိသော သတင်းများသည် အထက်မြစ်ညာ တစ်လျှောက်တွင် တစ်ဆင့်မှ တစ်ဆင့် ကမ်းလှမ်း ပျံ့နှံ့သွားလေ ရကား။

- အညံ့ရှိသော နေရာသို့ ယင်ကောင်များ အုံတတ်သည့်အလားကဲ့သို့ အမြန် သူဌေးဖြစ်ချင်သော လူများသည် ၎င်းအရပ်သို့ စုပြုံလာရောက်ကာ ကံစမ်းကြသဖြင့် တစ်နေ့ထက်တစ်နေ့ တစ်ပတ်ထက်တစ်ပတ် တစ်လထက် တစ်လ တိုးပွားစည်ကားလျက်ရှိခဲ့လေ၏။ အမှန်ကိုဖော်ပြရသော် “အောင်” သောလူတစ်ယောက် ရှိခဲ့လျှင် ပါသမျှ အရင်းအနှီးကလေး ပြောင်၍ပြန်သွားရသော လူပေါင်း ရာထောင်မက ပေါများလေရကား။

ကျောက်တွင်းတူးရသော အလုပ်မှာ ထီထိုးရသော အလုပ်မျိုးနှင့် မခြားနားလှချေ။ သို့သော် ဟိုလူမတွေ့သော်လည်း ငါတူးလျှင် တွေ့ရမည်ဟူသော မျှော်လင့်ချက်မျိုးနှင့် လာရောက်တတ်ကြသောကြောင့် လူဆယ်ယောက်တို့က ပြောင်၍ ပြန်သွားတိုင်း နောက်ထပ် လူနှစ်ဆယ် ရောက်လာတတ်ကြ၏။ သို့ဖြစ်ရကား တစ်လတစ်ကြိမ် နှစ်လတစ်ကြိမ် စသည်ဖြင့် တစ်ယောက်ယောက် ကျောက်အောင်လျက်ရှိသမျှ ကာလပတ်လုံး ကျောက်တူးသမားများ မရှား အောင်ဖြစ်ခဲ့ရာ၊ လေးငါးလတိုင်တိုင် မည်သူ တစ်ဦးတစ်ယောက်မျှ ကျောက် အောင်သည်ဟု မကြားရသောအခါမှသာလျှင် လူများ မလာမရောက် ခန်းခြောက် သွားလေတော့၏။

ကျွန်တော်နှင့်ကိုဇော်ဟိတ်တို့မှာ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်း ကြပြီးနောက် မည်သည့်အရပ်ဒေသသို့ သွားရောက်လည်ပတ်ကြရမည်ဟု စဉ်းစား စိတ်ကူးလျက်ရှိကြစဉ် တွင်းငယ်ကျောက်တွင်းအကြောင်းကို သတင်းကြားရသည်နှင့် ကံစမ်းလိုကြသည်လည်း တစ်ကြောင်း၊ မရောက်ဖူးသော အရပ်ဒေသသို့ ရောက်လို ကြသည်လည်း တစ်ကြောင်းကြောင့် စိတ်တူသဘောတူ စုန်ဆင်းလာခဲ့ကြလေ၏။

တွင်းငယ်ဗိုလ်တဲတွင် တစ်ရက်မျှတည်းခိုကြပြီးနောက် ကျွန်တော်တို့သည် ရေညာဦးရွာကလေးသို့ ဆက်လက်သွားရောက်၍ ကျောက်တွင်းတူးသမား ကူလီများ စေ့စပ်ငှားရမ်းပြီးလျှင်၊ သူတစ်ပါးနည်းတူ တွင်းရာတစ်ကွက်ကို လိုင်စင်ခံယူ၍ တူးဖော်လုပ်ကိုင်ကြလေ၏။

ရေညာဦးရွာမှာ ရွာသိမ်ရွာငယ်ကလေးမျှသာ ဖြစ်သော်လည်း ကျောက်တွင်းအရှိန်ကြောင့် လူပေါင်းစုံ လာရောက်ကြသည်ဖြစ်၍ ဖဲသမား၊ ကြက်သမား၊ အရက်သမား၊ လူလိမ် လူညစ်၊ လူရှုပ် လူပွေ၊ လူတေ လူညာ စသည်တို့မှာ ရွာကလေးနှင့် မလိုက်အောင် ခြေချင်းလိမ်မတတ် ထူထပ်ပေါများလှ၏။ ကိုးမီးဝိုင်းများမှာလည်း နေ့ရောညပါ ကစားလျက်ရှိကြရာ အချို့မှာ နံနက်ခင်းက ကျောက်ရောင်း၍ရသော ငွေဆောင်ကိုးရာမျှကို နေမဝင်မီ ရှုံးကုန်သည်ဟု ကြားလိုက်ရ၏။ အချို့ ပိုက်ဆံဝါလားများကမူ အနီထောင်နှင့် လေးကောင်ဂျင်ဝိုင်းများပင် ဖွင့်လှစ်ကစားကြသည်ဟု ကြားသိရ၏။

အံ့ဩသော မျက်နှာမျိုးနှင့် မြင်းစီးသမားကို လှည့်လျက်ကြည့်နေသေး၏။ တစ်ခဏချင်းတွင် မြင်းကြီးသည် တရှူးရှူးမြည်လျက် ကျွန်တော်တို့အနီးမှ ပွတ်ကာ ရေညာဦးရွာဘက်သို့ ပြောင်းသွားလေရာ နောက်မှမျှော်ကြည့်နေကြသော ကျွန်တော်တို့မှာ ဖုံတထောင်းထောင်း ကျန်ရစ်သည့်အဖြစ်ကိုသာ မြင်လိုက်ကြရ လေတော့၏။

ကျွန်တော်။ ။“မြင်းပေါ်ကလူကို သိလို့ အံ့သြနေတာလားဗျ”

ဟိတ်။ ။“ခင်ဗျားကော သူ့ကို မသိဘူးလား” - ကျွန်တော်။ ။“မသိပေါင်ဗျာ၊ ဒီနယ်သားဆိုလို့ ကျွန်တော် သိတဲ့လူ အနည်းသားကပဲ”

ဟိတ်။ ။“ဒီလူက ဒီနယ်သားမဟုတ်ဘူးဗျ။ ဇာတိက မန္တလေး သားကပဲ။ မြေပိုင်ရှင် ဦးကျော်ဟိုးရဲ့ သား။ ဘိလပ်ပြန် မောင်မောင်လတ်ဆိုတာ သူပေါ့ ဗျ။ ကသာနယ်က မင်းတိုင်ပင်အမတ်ပေါ့”

ကျွန်တော်။ ။“ဪ. . .သော်။ ကြားဖူးတယ်ဗျို့။ ဒါ့ထက် အမတ်တော်မင်းက ဒီနယ်မှာ ဘာများလာလုပ်ပါလိမ့်”

ဟိတ်။ ။“အမတ်ဆိုတာမျိုးဟာ ရွေးကောက်ပွဲနီးလျှင် ကိုယ့်နယ် အတွင်းလှည့်ပြီး မဲဆွယ်တဲ့ အလုပ်က အရေးကြီးဆုံးပေါ့ဗျ”

၎င်းနောက် ကျွန်တော်တို့သည် ရွာဘက်သို့လှည့်ကာ ပြန်လာခဲ့ကြ၍ တည်းအိမ်သို့ ရောက်သောအခါ ကျွန်တော်မှာ မိတ်ဆွေများထံ စာများရေးနေစဉ်၊ ကိုဇော်ဟိတ်မှာ ၎င်းသဘောအတိုင်း လည်ပတ်လျက်ရှိလေ၏။ စာရေးပြီးစီး လတ်သော် ကိုဇော်ဟိတ် ပြန်မလာသေးသည်နှင့် ကျွန်တော်မှာ လက်ဖက်ရည် တစ်ခွက်သောက်ရန် တရုတ်အဝိန်၏ ဆိုင်ဘက်သို့ ထွက်လာခဲ့လေ၏။

အဝိန်၏ဆိုင်ကြီးမှာ တစ်ဘက်တွင် အရက်အမျိုးမျိုးရောင်းချ၍ အခြား တစ်ဖက်တွင် ခေါက်ဆွဲကြော်၊ ကြာဆံကြော် စသည့် အကြော်အလှော် အမျိုးမျိုးတို့ အပြင် လက်ဖက်ရည် ကာဖီစသည်ကို ရောင်းချသဖြင့် အခါခပ်သိမ်း လူစည် ကားလျက်ရှိ၏။ ကျွန်တော်သည် စားစရာ ရောင်းသောဘက်သို့ ဝင်မည်ပြုစဉ် အရက်ရောင်းသည့်ဘက်တွင် တစ်ဘက်လပ်ကိုစိန်ကို မြင်သည်နှင့် ၎င်းအား ကျွန်တော်တို့ဘက်သို့ လှမ်းခေါ်ပြီးလျှင် လက်ဖက်ရည်သောက်ရင်း စကားပြော နေကြလေ၏။

စားစရာခန်းနှင့် အရက်ခန်းတို့မှာ မျက်ကွက်ထရံတစ်ချပ်မျှသာ ခြားထား လေရကား တစ်ဖက်မှ တစ်ဖက်သို့ မြင်နိုင်ပေ၏။

စိန်။ ။ “နောက်ဆုံးသတင်း ကြားပြီးပြီလားဗျ” ကျွန်တော်။ ။“ဘာအကြောင်းများလဲဗျ”

လှည့်ကြည့်လိုက်သောအခါ အလွန်တုတ်ခိုင် ထွားကျိုင်း၍ မျက်နှာနီသော လူတစ်ယောက်သည် ဆိုင်ထဲသို့ ဝင်လာပြီး စားပွဲကို တုတ်ကောက်ကြီးနှင့် ရိုက်တီးလိုက်လေ၏။ ထိုခဏ၌ ကိုစိန်သည် ကျွန်တော်၏ပေါင်ကို လက်ဖြင့် တို့လျက် “သတိထား၊ ခွေးဘီလူးဘိုးနီဆိုတာ ဒီအကောင်ပဲ။ လူတစ်ယောက်ကို ခါးချိုးသတ်လို့ ထောင်ဆယ်နှစ်ကျဖူးတဲ့ အကောင်ပဲ။ ရန်လည်း အင်မတန် ဖြစ်ချင်တဲ့အကောင်။ ကျုပ်တို့ ရှောင်ထွက်ကြရင် ကောင်းမယ်ထင်တယ်”ဟု သတိပေးသော်လည်း ကျွန်တော်တို့မှာ မောင်မောင်လတ်က မည်ကဲ့သို့ ပြန်ပြော မည်ကို ကြားလိုသည်နှင့် မထဘဲ ထိုင်၍နေလေ၏။

မောင်မောင်လတ်သည် နားမလည်သော အမူအရာမျိုးနှင့် ခပ်အေးအေး ထိုင်လျက်ရှိသောအခါ ဘိုနီက “ဟေ့ဆရာ၊ ကျုပ်ပြောတာ မကြားဘူးလား။ ကျုပ်ဖို့ပါ တစ်ခွက်မှာစမ်းပါဦး”ဟု ထပ်၍ ပြောလေ၏။ ထိုအခါ မောင်မောင် လတ်သည် ဘိုးနီဘက်သို့ လှည့်ကြည့်၍ “ဟေ့ ဆရာဆိုတာ ဘယ်သူ့ကို ပြောတာလဲ”ဟု မေးလိုက်သောအခါ ဘိုနီက မျက်နှာပျက်လျက် “ကိုယ့်ပြော လို့မှ ပြောမှန်းမသိအောင် တယ်ထူတဲ့လူပါကလား။ မှာလိုက်ပါ။ ကျုပ်ဖို့ ခေါက်ဆွဲတစ်ပန်းကန်”

လတ်။ ။“မင်း စားချင်လို့လား”

နီ။ ။“ခက်ပါပြီ။ စားချင်လို့ ပြောတာပေါ့”

လတ်။ ။“စားချင်ရင် ကိုယ့်ဘာသာ မှာစားပါလား”

နီ။ ။(နီသောမျက်နှာသည် တိုး၍ နီလာလျက်) “နေစမ်းပါဦး၊ ကျုပ် ဘယ်သူဆိုတာ ခင်ဗျားသိရဲ့လား”

လတ်။ ။“မသိဘူး၊ သိလည်း မသိချင်ဘူး”

နီ။ ။“ခွေးဘီလူး ဘိုနီဆိုတာ ကျုပ်ပဲ”

လတ်။ ။“အေး၊ ခွေးဘီလူးနှင့်တူတာတော့ ငါမြင်ပါပြီ”

ထိုခဏ၌ ခေါက်ဆွဲရပြီးသော ကူလီများသည် မစားနိုင်ကြဘဲ ပန်းကန် ပြားကို ရှေ့တွင်ချလျက် ကြည့်နေကြလေ၏။ ခွေးဘီလူးဘိုးနီသည် ခပ်ရှက်ရှက် မျက်နှာမျိုးဖြင့် မောင်မောင်လတ်အနီးသို့ ချဉ်းကပ်လာရာ မောင်မောင်လတ် ကမူ ဣန္ဒြေမပျက်ဘဲ ကာဖီကို သောက်မြဲတိုင်း သောက်နေလေ၏။

နီ။ ။“ခင်ဗျားက ခေါက်ဆွဲတစ်ခွက်တောင် မကျွေးချင်ရင် ကျုပ်က ကျွေးပါ့မယ်ဗျာ၊ ခင်ဗျား ဘာစားမလဲ၊ မှာစမ်း” –

လတ်။ ။“တော်ပြီ။ ငါဘာမှ မစားချင်ဘူး”

နီ။ ။“စားပါဗျ။ ကျုပ်မှာ ပိုက်ဆံပါပါတယ်”ဟု ပြောကာ လူကြားလူကျယ်တို့ ထုံးစံအတိုင်း ငွေစက္ကူသုံးလေးချပ်ကို ထုတ်၍ပြလေ၏။