Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - မြတ်သက်မော်

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

အခန်း (၁)

အဝေးမှ မျှော်ကြည့်လိုက်သည့်အခါ မိုးနှင့် မြေကြီး ထိစပ်သည့် နေရာလောက်၌ စိမ်းစိမ်းစိုစို မှိုင်းမှိုင်းညို့ညို့ ရှိနေသည့်အထဲမှ တစ် ချက် တစ်ချက်တွင် လက်ခနဲ ဝင်းခနဲ မြင်ရ၍၊ အနီးသို့ ချဉ်းကပ်လာ ရာတွင် လက်ခုပ်တစ်ဖောင်ခန့် မြင့်သည့် ဆီးဆူး ခြံစည်းရိုးဝိုင်းကြီး အတွင်း အိမ်ခြေ ၁ဝဝ ကျော် ၂၀၀ ခန့်ရှိ၍ အရပ်လေးမျက်နှာအနက် လှည့်ချင်ရာသို့ လှည့်ဆောက်ထားသည့် အိမ်များလည်းကောင်း၊ အရှေ့ နှင့်အနောက် သို့မဟုတ် တောင်နှင့်မြောက် ကောက်ကောက်ကွေ့ကွေ့ ဖြင့် ဗဟိုမကျတကျ ဖောက်ထားသည့် တစ်ခုတည်းသောလမ်း လည်းကောင်း၊ အပေါက်ဝတစ်ဖက်တစ်ချက်တွင် ဆီးကိုင်းနှင့် ခံခက်များကို ကန့်လန့်ချည်ထားသည့် ဆူးတံခါးနှင့် ကြမ်းပိုးသာမက ပိုးဟပ်၊ အိမ် မြှောင်များပင် ခိုအောင်းဖို့ မဖြစ်နိုင်အောင် ကြမ်းကျဲကျဲခင်းထားသည့် ကင်းတဲများလည်းကောင်း၊ အရှေ့ဘက် မျက်နှာ၌ ဘုန်းကြီးကျောင်း၊ ၄င်းနှင့် မလှမ်းမကမ်းတွင် ငုတ်တိုမျှလောက်သာ ကျန်တော့သည့် ဉာဏ်တော်အစားစား စေတီများအနက်တွင် ဖွေးဖွေးဖြူဖြူ စေတီသစ် တစ်ဆူတစ်လေမျှ လည်းကောင်း၊ အနောက်ဘက်မျက်နှာတွင် သစ်ပင်အို အုပ်စုအောက်၌ အမိုး စုတ်ချာကာ ထရံ နတ္ထိဖြစ်နေသည့် သာလာ ယံ ဇရပ်အိုကြီးနှင့် မလှမ်းမကမ်းတွင် အသစ်တစ်လုံးတစ်လေမျှကို အပဲ့အကျိုး ကိုးလုံးမျှ ခြံရံနေသည့် အုတ်ဂူများ၊ ကုလား ရွှေစက္ကူစုတ် အစအနနှင့် ဝါးကြမ်း အတိုအထွာများ လည်းကောင်း၊ တောင်မျက်နှာ သို့မဟုတ် မြောက်မျက်နှာများတွင် ကြာပဒုမ္မာကို ဗေဒါပင် လွှမ်းထား သဖြင့် နီလာများအထဲ၌ ပတ္တမြားတစ်လုံးတလေ ထည့်ထားခြင်းကို သို့ ကြည်ပြာရောင် ဗေဒါပွင့်များအကြားမှ ပဒုမ္မာတစ်ပွင့်တလေ ထိုး ထွက်နေသည့် သောက်ရေကန် လည်းကောင်း ဤသည်တို့ကား ရှေး ယခင်အခါက ငါးမည်ရသည်ဟု ဂုဏ်ယူခဲ့သော ရွှေဘိုနယ်တစ်လျှောက် ရှိ ကျေးလက်တောရွာများ၏ အသွင်အပြင်ပေတည်း။ ။

အဝေးမှ ကြည့်စဉ်က တစ်ချက်တစ်ချက်တွင် တလက်လက် မြင်နေရသည်ဆိုသော အရာမှာ အခြားမဟုတ်၊ စေတီတော် သို့မဟုတ် “လည် ပေါ်”” ကျောင်းပြာသာဒ်တို့၌ တပ်လေ့ရှိကြသော မှန်ချပ်ကို နေရောင်ဟပ်သည်နှင့် တဖျတ်ဖျတ် အရောင်ပြန်ခြင်းပင် ဖြစ်ပေသည်။

အရှေ့ပေါက်မှ ဝင်လာ၍ “ဟာနံနံ ဟာနံနံ” တည်းဟူသော ဦးပဉ္စင်းများ၏ စာပြန်သံများနှင့် “ဘောဒေဝပုတ္တာ အိုနတ်သား”” တည်းဟူသော မင်္ဂလသုတ်ကို ဘုန်းတော်ကြီး ကြားစေလောက်အောင်လေရှည်ဆွဲကာ ကုန်းဟစ်နေကြသည့် ရွာကျောင်းသားများ၏ စာကျက် သံများကို ကြားခဲ့ရပြီးနောက် ရွာထိပ်သို့ ရောက်လာသည်တွင် “ဂျောက်ဂလင်ချောက်” တည်းဟူသော ရက်ကန်းရက်သံများ၊ “မိထူး ရေ၊ နွားမတွေ ဖွင့်လွှတ်လိုက်ပါတော့ တဲ့” စသည်ဖြင့် မိခင်က သမီးကလေးအား နွားကျောင်းခိုင်းသော အသံ။ “ရွှေလှိုင်ရို့ ရွှေနိုင် ရို့၊ ငါခေါ်တာ ဘောက်မဲ့ မထူးကြသလဲ” စသည်ဖြင့် မိခင်က “ကြက် ထုပ်ပစ်တမ်း ကစားခြင်းကို မက်မောနေကြသော သမီးနှစ်ယောက်တို့အား ဟစ်ခေါ်လိုက်သောအသံ။ “နွားနှယ်ကရို့၊ တစ်လှမ်းချင်း လုပ်နေ လိုက်တာ ကြည့်စမ်း၊ ကတောက် ကတောက် ဗျင်း”စသည်ဖြင့် ဆီဆုံ တစ်ဆုံမှ နွားကို တက်ခေါက်ကာ ရိုက်မောင်းနေသော အသံ။ “နီတာရေ၊ သလောင်းဖုံးထဲမှ မင်းကြမ်းကို ညှက်ခဲလေးနဲ့ သားပီး လယ်တော သွားလိုက်ဦးဟေ့” စသည်ဖြင့် အဘွားကြီးက မြေးကလေးကို စေခိုင်းသော အသံတို့ကို ကြားလိုက်ရပါမူ တစ်ခါတစ်ရံမှ ရောက်လာသည့် ဧည့်သည်တစ်ယောက်အဖို့မှာ မရယ်နိုင်သည့်တိုင်အောင် မပြုံးမိဘဲ နေနိုင်လိမ့်မည် မဟုတ်ပေ။

ရွာလယ်ပိုင်းတွင် လမ်းဘက်တစ်ချက် ကျယ်ပြန့်လှ၍ အမှိုက် သရိုက် တစ်ပင်၊ နောက်ချေးတစ်ပုံမျှ မရှိရအောင် ပြောင်စင်စွာ တံ မြက်လှည်းထားသည့် ဝင်းကြီးနှစ်ဝင်းတို့ မျက်နှာချင်းဆိုင် တည်နေကြ ပေရာ၊ ထိုအရပ်၌ ဗိုလ်အိမ်ခေါ်ကြသည့် အမိုးလေးဖက် အုန်းလက်ချ ကာ ဆောက်ထားသည့် တိုက်အိမ်ကြီး နှစ်လုံးသည် ဝင်းအလယ်တွင် တစ်ဖက်နှင့် တစ်ဖက် မျက်နှာချင်းဆိုင် တည်လျက်ရှိကြ၏။ နွားဘဲ၊ မြင်းဇောင်း၊ စပါးကျီ၊ ကောက်ရိုးတဲ၊ မီးဖိုတဲ၊ ကနားဖျင်း စသော အဆောက်အအုံများသည် လည်းကောင်း၊ အိမ်ကြီး အသီးသီးကို ခြံရံ လျက် လှည်းကြမ်း၊ လှည်းယဉ်၊ ရေစည်လှည်း၊ မြင်းချည်တိုင်၊ ရေလှောင်စဉ့်အိုးကြီးများ အစရှိသော ပစ္စည်းများကို လည်းကောင်း၊ ချက် ကြ ပြုတ်ကြ၊ လုပ်ကြ ကိုင်ကြဖြင့် ရှုပ်ယှက်ခတ် ဖြစ်နေသော အခြင်း အရာကို လည်းကောင်း မြင်ရခြင်းအားဖြင့် ကျေးတော လူရတတ်များ နေထိုင်ရာ ဌာနဖြစ်ကြောင်း အကဲခတ်နိုင်လောက်ပေ၏။

ရွာလယ်လမ်း တစ်ဖက်တစ်ချက်၌ မျက်နှာချင်းဆိုင် ရှိနေ၍ ပုံစံ ခပ်ဆင်ဆင် ဆောက်လုပ်ထားခြင်းကို ကြည့်ရခြင်းအားဖြင့် ၄င်း အိမ် ကြီးရှင် နှစ်ဦးတို့မှာ ညီအစ်ကိုသားချင်းများ ဖြစ်ကြလေသလောဟုတွေးထင်ဖွယ်ရှိ၏။ စင်စစ်သော်ကား ၄င်းအိမ်ကြီးရှင်များမှာ ဦးကျော်ဟိုး နှင့် ဦးပြည့်စုံတို့ဖြစ်ကြ၍ ညီအစ်ကိုလည်း မတော်စပ်၊ ဆွေမျိုးသားချင်း လည်း မဟုတ်၊ တစ်ယောက်နှင့်တစ်ယောက် ဂုဏ်တုဂုဏ်ပြိုင် လုပ်နေ ကြသည့် လူရတတ်ကြီးများ ဖြစ်ကြလေသည်။ တစ်ယောက်က ဗိုလ် အိမ်ဆောက်လျှင် အခြားတစ်ယောက်ကလည်း ဗိုလ်အိမ်၊ တစ်ယောက် က မြင်းကောင်း မြင်းချောဝယ်လျှင် အခြားတစ်ယောက်ကလည်း မြင်း ကောင်းမြင်းချော၊ တစ်ယောက်က ကျောင်းဆောက်လျှင် အခြားတစ် ယောက်ကလည်း ဘုရားတည်၊ တစ်ယောက်က အလှူပေးလျှင် အခြား တစ်ယောက်ကလည်း ဆွမ်းကျွေး၊ တစ်ယောက်က သိမ်နှင့် ရေတွင်း၊ အခြားတစ်ယောက်က ဇရပ်နှင့် ရေကန်စသည်ဖြင့် နေရာတကာတွင် အပြိုင်အဆိုင် ပြုလုပ်နေကြသော လူကြီးနှစ်ယောက် ဖြစ်ကြလေသည်။

နဂိုကတည်းက ဂုဏ်တုဂုဏ်ပြိုင် သဘောထားချင်ကြသည့်အထဲ တွင် ဦးကျော်ဟိုး၌ သားတစ်ယောက် ဖွားလျှင် ဦးပြည့်စုံ၌လည်း သားတစ်ယောက်၊ ဦးပြည့်စုံ၌ သမီးတစ်ယောက် ဖွားပြန်လျှင် ဦးကျော် ဟိုး၌လည်း သမီးတစ်ယောက် မွေးဖွားခြင်းအားဖြင့် သဘာဝဓမ္မက လည်း ၄င်းတို့နှစ်ယောက် ဂုဏ်ပြိုင်ခြင်းကို အားပေးအားမြှောက် ပြု လုပ်ပေးသကဲ့သို့ ရှိလေတော့သည်။

ဦးကျော်ဟိုး၏ သားနှင့်သမီးကို မောင်သာမြတ်နှင့် မငွေညီဟု မှည့်ခေါ်၍ ဦးပြည့်စုံကမူ မိမိ၏ သားနှင့်သမီးကို မောင်လူမော်နှင့် မရွှေရီဟု မှည့်ခေါ်ထား၏။ ထိုသူနှစ်ယောက်တို့၌ ကူညီသော အခြား အချက်တစ်ခု ရှိသေး၏။ ၄င်းမှာ သမီးမိန်းကလေး တစ်ယောက်စီ မွေးဖွားပြီးသည်နောက် များမကြာမီအတွင်း မယားသေဆုံးကြ၍ မုဆိုး ဖိုအဖြစ်နှင့် အတန်ကြာနေခဲ့ကြခြင်းပင် ဖြစ်လေရ၊ ကစ်ယောက်၏ အကဲကို တစ်ယောက် ကြည့်နေကြရာမှ ဦးကျော်ဟိုးက ဒုတိယ အိမ်ထောင်ပြုသောအချိန်တွင် ဦးပြည့်စုံကလည်း နောက်အိမ်ထောင်ဖက် ရှာလေတော့သည်။

မိဘများ ဂုဏ်ပြိုင်ကြခြင်းကို သားသမီးများက ဆက်ခံကြသေး ပုံကား သာမြတ်နှင့် လူမော်တို့သည် ဘုန်းကြီးကျောင်းတွင် သင်္ဂြိုဟ်ပြိုင် ဘက် လေ့ကျက်ကြ၍၊ ငွေညီနှင့် ရွှေရီတို့ကလည်း ရွာကျောင်းကလေးတွင် မင်္ဂလသုတ်၊ နမက္ကာရ စသည်တို့ကို အပြိုင်အဆိုင် ရွတ်ဆိုကြ၏။ ဦးကျော်ဟိုးက သမီးကို ငွေညီဟု မှည့်ခေါ်ရာတွင် ဦးပြည့်စုံက ရွှေရီ ဟု မှည့်ခေါ်လိုက်ခြင်းကိုပင်လျှင် တစ်နည်းအားဖြင့် ဂုဏ်ပြိုင်လိုက်ခြင်း ဖြစ်တော့သည်။

သာမြတ်နှင့် ငွေညီ၊ လူမော်နှင့် ရွှေရီတို့မှာ ဗမာစစ်သည့်အတိုင်း လူချော လူလှ ရှားပါးသော နယ်ဖွားများ ဖြစ်ကြသည့်အလျောက် ရုပ်ရည်အလွန်တရာ မလှပငြားသော်လည်း တရုတ်ကပြားယောင်ယောင်၊ ကရင်ယောင်ယောင်၊ မွတ်ဆလင်ယောင်ယောင် မှတ်ထင်ရသည့် အခြား နယ်သားများကဲ့သို့ မဟုတ်ဘဲ ဗမာပီသသော မျက်နှာမျိုး ရှိကြလေ သည်။ ဆိုလိုရင်းမှာ မွတ်ဆလင်ယောင်ယောင် မှတ်ထင်လောက်အောင် နှာတံပေါ်လွင်ခြင်းလည်း မရှိ။ တရုတ်ကပြားယောင်ယောင် ထင်လောက်အောင် ဝါကြန့်ကြန့်ရှိသော အသားလည်း မရှိ။ ဗိုလ်ကပြား တစ်ယောက် ထင်လောက်အောင် ဖြူဆွတ်သောအသားလည်း မရှိ။ ဖြူလှပါသည်ဆိုမှ လတ်ရုံရှိ၍ လူလုံးလူဟန်များလည်း ခပ်ထွားထွား ခပ်ကြမ်းကြမ်း ရှိကြလေသည်။ သို့သော် ဗမာစစ်သောအပိုင်း၌သာ တွေ့ရသည့် ခပ်တင်းတင်း ခပ်မာမာ မျက်နှာထားနှင့် တတ်သိနားလည် ခြင်းကို ဖော်ပြသည့် မျက်လုံးမျိုးရှိကြ၏။ တစ်ခုစီ ခွဲစိတ်ကြည့်လိုက် သော် မည်သည့်အတွက်၌ မည်ကဲ့သို့ လှပပေသည်ဟု ချီးကျူးလောက် အောင် မရှိသော်လည်း မှန်တမ်းသာသာကြီးရှိသော အရည်အချင်းနှင့်စိတ်ဓာတ်တို့ကို ၄င်းနယ်သားများ၏ မျက်နှာတွင် ဟစ်အော် ကြွေးကြော်နေဘိသကဲ့သို့ ပေါ်လွင်ထင်ရှားလျက် ရှိတော့သည်။ ထို့ကြောင့်လည်း ဦးအောင်ဇေယျနှင့် လက်ဝဲသုန္ဒရအမတ်တို့ ချက်မြှုပ်သောဒေသ ဖြစ်ခဲ့ ဟန်တူပေသည်။

မြန်မာပြည်အတွင်း အထိုက်အလျောက် ဒေသန္တရ ဗဟုသုတရှိသူ တစ်ယောက်အနေဖြင့် ကိုယ်တွေ့အကြောင်းအရာတစ်ခုကို ဖော်ပြရသော် ရွှေဘိုနယ်သူနယ်သားများသည် မြန်မာသွေး စစ်စစ်နှင့် မြန်မာပီသသော အမူအရာနှင့် မျက်နှာမျိုးရှိခြင်းမှတစ်ပါး သိတတ်ခြင်း သဘာဝအားဖြင့် လည်း နှစ်နှစ်၊ သုံးနှစ်ခန့် ရှေ့ရောက်သည်ဟု ဆိုချင်၏။ အဓိပ္ပာယ်မှာ ရှစ်နှစ်သားအရွယ် ရွှေဘိုနယ်သား ကလေးတစ်ယောက်သည် ၁၀ နှစ် သို့မဟုတ် ၁၁ နှစ်သားအရွယ်ရှိသည့် အခြားနယ်သား ကလေးတစ်ယောက်နှင့် တူညီသော ပါးရည်နပ်ရည် ရှိသည်ဟု ဆိုလို၏။ ခေတ် ဗဟုသုတ အရာဌာန၌ နောက်ကျသည့်အတွက် နိုင်ငံရေးအစရှိသည့် ပြိုင်ပွဲများတွင် နောက်ကျန်ရစ်ကြသော်လည်း ပင်ကိုဉာဏ်အားဖြင့်မူကား အမှန်သာသော လူစုဖြစ်၏။ တစ်နေ့သ၌ ခေတ်ပညာနှင့် နိုင်ငံခြားရေး ဆိုင်ရာ ဗဟုသုတများသည် ပြည်ထောင်စု တစ်ဝန်းလုံးသို့ ညီညာစွာ ပျံ့နှံ့သော အချိန်အခါတွင် ရွှေဘိုနယ်သားများ တစ်စခန်း ထကြဖွယ်ရာ ရှိပေသေးသည်။