Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - မေတ္တာတရားနှင့်ကိုယ်ချင်းစာတရား

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ဆွေးနွေးခန်း (၁)

ပင်စင်စား။ ။ သင်္ကြန်တွင်းမှာ ခင်ဗျား ဘယ်သွားပြီး ဘာများ လုပ်သေးလဲဗျ။

ကျွန်ုပ်။ ။ ဘယ်မှ မသွားနိုင်ဘူးဗျို့၊ ဟိုနေ့က ကျုပ်တို့ပြောကြတဲ့အကြောင်းကို ဆက်လက်ပြီး စိတ်ကူးမိတာနဲ့ မငြိမ်းချမ်း သလို ဖြစ်လေတော့ ဥပုသ်စောင့် မေတ္တာဘာဝနာပွားရင်း အကြံ ထုတ်နေမိတယ်ဗျို့။

ပင်။ ။ ဘယ်လိုများ အကြံပေါ်သလဲဗျာ။

နုပ်။ ။ လူအများ သိကြတာက ကိုယ်ကာယမှာရှိတဲ့ အင်အားကိုသာ သိကြတယ်ဗျ၊ စိတ်ထဲမှာလည်း အင်အား ရှိတယ်နော်။စိတ်မှာရှိတဲ့ ဓာတ်အမျိုးအနက် မေတ္တာဓာတ်ဟာ အလွန် တရာ အစွမ်းထက်မြက်ကြောင်း ကျုပ် တွေ့ထားတယ်ဗျ။

ပင်။ ။ နည်းနည်းချဲ့စမ်းပါဦးဗျာ။ ။

နုပ်။ ။ လူတစ်ဦးတစ်ယောက်၏ မေတ္တာဓာတ်ထက် လူ အမြောက်အမြား စုပေါင်းထားတဲ့ မေတ္တာဓာတ်အားသည် ပို၍ အရေးကြီးပြန်တယ်ဗျ။

ပင်။ ။ စိတ်ဓာတ်တို့ မေတ္တာဓာတ်တို့ ဆိုတာမျိုးဟာ စုလို့ ပေါင်းလို့ရနိုင်သလားဗျာ။

နုပ်။ ။ ရစကောင်းတယ်လို့ ကျုပ် နားလည်တယ်ဗျ။ လူအမြောက် အမြားရဲ့ စိတ်ဓာတ် (mass mind) အင်အားကို စုပေါင်းပြီးအသုံးချတဲ့အခါ မယုံကြည်နိုင်လောက်အောင် ကြီးမားတဲ့ တန်ခိုးသတ္တိမျိုး ပေါ်ထွက်လာနိုင်တယ်လို့ ကျုပ် ဖတ်ရဖူးတယ်။

ပင်။ ။ ခင်ဗျား ဘယ်လို ဖတ်ရဖူးသလဲဗျာ။

နုပ်။ ။ စိတ်ဝိညာဉ်နဲ့ဆိုင်ရာ သိပ္ပံကျမ်းများမှာ ကျုပ် တွေ့ရဖူးပါတယ်၊ အနောက်တိုင်း ပညာရှင်ကြီးများသည် ၎င်းပညာရပ်အကြောင်းကို စုံစမ်းတွေ့ရှိထားကြသော်လည်း ကျုပ်မှာ ယခု စိတ်ကူးရရှိထားတဲ့ နည်းလမ်းမျိုးမှာ သူတို့ အသုံးချကြဖူးတယ်လို့တော့ မကြားရသေးဘူးဗျ၊ ကျုပ် ပြောမယ့် နည်းကတော့ သင်္ကြန်အကြတ်နေ့က ဘွားခနဲ ဖြစ်ပေါ်လာတဲ့ စိတ်အကြံတစ်ခု ဖြစ်ပါတယ်။

ပင်။ ။ ရည်ရွယ်ချက် ဘယ်လိုလဲဗျ။

နုပ်။ ။ ပြည်တွင်းငြိမ်းချမ်းရေး၊ ထို့နောက် ကမ္ဘာ့ငြိမ်းချမ်းရေးပဲဗျ။

ပင်။ ။ ခင်ဗျား တစ်ယောက်တည်း အလုပ်လုပ်လို့ မရဘူးလားဗျာ။

နုပ်။ ။ အလုပ် သဘာဝကိုယ်နှိုက်က လူအမြောက်အမြား တညီ တညွတ်တည်း တစ်ချိန်တည်း တစ်ပြိုင်နက်တည်း အလုပ် လုပ်ကြမှ အကျိုး အာနိသင် ပေါ်ထွက်လာနိုင်တဲ့ အလုပ်မျိုးဖြစ်တယ်ဗျ။

ပင်။ ။ ပိုက်ဆံကုန်စရာ မလိုဘူးပေါ့နော်ဗျာ။

နုပ်။ ။ တစ်ပြားတစ်ချပ်မှ ကုန်စရာ မလိုပါဘူး၊ စိတ်အားထက်သန် ဖို့နဲ့ စေတနာသန့်ရှင်းဖို့သာ လိုပါတယ်။

ပင်။ ။ ကိုင်း.....ဒါဖြင့် ပြောပြစမ်းဗျာ။

နုပ်။ ။ ကျုပ် ရွတ် ရွတ်ပြတဲ့ မေတ္တာပို့ကလေးကို မှတ်မိသေးလား။

ပင်။ ။ မှတ်မိပသော်ကောဗျာ၊ ကျုပ်လည်း ခဏခဏ ရွတ်ပါတယ်။“ကမ္ဘာသားအချင်းချင်း၊ သင့်သင့်မြတ်မြတ်၊ ကြင်ကြင်နာနာ၊ ကိုယ်ချင်းစာလျက်၊ သဒ္ဓါကြည်ဖြူ၊ ကူညီစောင်မနိုင်ကြပါ စေသတည်း” မဟုတ်လားဗျာ။

နုပ်။ ။ အဓိပ္ပာယ်လေးနက်ပုံကို ကျုပ် နည်းနည်းထပ်ပြီး ရှင်းပြသေးတယ်ဗျာ။

ပင်။ ။ လုပ်ပါလေဗျာ။

နုပ်။ ။ သင့်မြတ်ခြင်းဆိုတဲ့ အခြင်းအရာဟာ ဒီခေတ် ဒီကမ္ဘာမှာအရေးတကြီး လိုအပ်နေတဲ့ အရာတစ်ခုဖြစ်တယ်။ မသင့်မြတ်မှုတွေဟာ ကမ္ဘာနဲ့ အနှံ့အပြား အလွန်တရာ အားကြီး နေတယ်။ ကျုပ်တို့ ပြည်တွင်း ရေးမှာလည်းပဲ အထူးသဖြင့် အရေးကြီးနေတဲ့ ကိစ္စတစ်ခု ဖြစ်နေတယ်။ ဒါကြောင့် ကျုပ်က ဒါကို ရှေ့ဆုံးမှ ထားပြီး နှလုံးသွင်းတရားကြီး တစ်ခုအနေနဲ့ တင်ပြထားခြင်း ဖြစ်ပါတယ်။

ပင်။ ။ ရိပ်မိပါတယ်ဗျာ။

နုပ်။ ။ ထို့နောက်မှ ကြင်နာမှုတို့၊ ကိုယ်ချင်းစာမှုတို့ ထည့်ထားတယ်၊က နောက်ဆုံးမှာမှ ကြည်ဖြူစွာ ကူညီ စောင့်ရှောက်မှုကို ဖော်ပြတင်ထားတယ်။ နောက်ဆုံး အပိုဒ်ကတော့ မေတ္တာပို့ရုံ သက် သက်သာမက မိမိတို့ကိုယ်တိုင် ကိုယ်ထိလက်ရောက် လေ့ကျင့်ဖို့ အလုပ် ဖြစ်တယ်ဗျာ။

ပင်။ ။ နားလည်ပါပြီဗျာ၊ ခင်ဗျားက ဘာလိုချင်လို့လဲဗျ။

နုပ်။ ။ ကျုပ် လိုချင်တာက ကျုပ် မေတ္တာပို့စာပိုဒ်ကလေးကို တွေ့မြင်ဖတ်ရှုရတဲ့ စာဖတ်ပရိသတ်အနက် လူဦးရေ တစ်ထောင် လောက် ယုံယုံကြည်ကြည် စိတ်ပါလက်ပါ၊ လေးလေးနက်နက် သဘောထားပြီး ရွတ်ဆိုရင်း ရွတ်ဆိုတဲ့အတိုင်း စိတ်ထဲကပါ လိုက်ပြီး အနက်အဓိပ္ပာယ်ကိုပါ ပေါ်လွင်လာအောင် သဘောထားစေချင် တယ်ဗျ။

ပင်။ ။ ပြီးတော့ကောဗျာ။

နုပ်။ ။ ဒီအဓိပ္ပာယ်အတိုင်းဆိုလျှင် ဗုဒ္ဓဘာသာဝင်များသာမကခရစ်ယာန်များရော၊ ဟိန္ဒူများရော၊ မူစလင်များရော မလိုလားစရာ ဘာမျှ မရှိဘူး ဟုတ်လား။ ။

 ပင်။ ။ ဘာသာတိုင်းက ဘာမှ ကန့်ကွက်စရာ မလိုဘူးဗျာ။

နုပ်။ ။ ပြီးတော့ လူရော၊ ရဟန်းရော၊ အရာရှိရော၊ မိန်းမရော၊ အလုပ် သမားရော၊ လယ်သမားရော၊ သောင်းကျန်းသူရော ကန့်ကွက်စရာ မရှိဘူး ဟုတ်လားဗျာ။

ပင်။ ။ ကန့်ကွက်စရာ မရှိပါဘူး၊ မယုံကြည်လျှင်သာ ရှိကြမှာပေါ့ဗျာ။

နုပ်။ ။ မယုံကြည်သူများ မလုပ်ကြနဲ့ပေါ့ဗျာ၊ ထောင်ပေါင်း ငါးဆယ် ကျော်လောက် ရှိတဲ့ စာဖတ်ပရိသတ်အနက်မှ လူတစ်ထောင်လောက် ရလျှင် ကျုပ်က လက်ပန်းပေါင်းခတ်နိုင်ပါတယ်။

ပင်။ ။ ယုံကြည်ကြပါပြီတဲ့ဗျာ ဘယ်လို လုပ်ရမှာလဲဗျ။

နုပ်။ ။ လူတစ်ယောက် တစ်ယောက်စီ မေတ္တာပို့ခြင်းထက် လူဦးရေတစ်ထောင်လောက် တစ်ပြိုင်တည်း တစ်ချိန်တည်း မေတ္တာ ( ဓာတ် လွှတ်လိုက်ရလျှင် ပိုပြီး ခွန်အားကြီးတယ်လို့ ကျုပ် ပြောခဲ့တယ် ဟုတ်လား။

ပင်။။ ဟုတ်ပါတယ်။

နုပ်။ ။ ရုပ်လောကမှာ လေးလံသော သစ်တုံးကြီးတစ်တုံးကို လူ၅ ယောက်ချင်း၊ ၁၀ ယောက်ချင်း ရံဖန်ရံခါ တစ်လှည့်စီ လာ၍ လာ၍ ဆွဲခြင်းအားဖြင့် လူ ၁ဝဝ ပြည့်သော်လည်း