Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဘာသာရေးခံယူချက်

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

တရားဂိုဏ်းများကို ဝေဖန်ထိုက် မထိုက်

တန်ခူးလဆုတ် ၁၃ ရက် (၁၂-၄-၆၁) နေ့က ကျွန်ုပ်၏ ဓမ္မမိတ်ဆွေ တစ်ယောက် ဖြစ်သော မဟာစည်ဆရာတော်၏ တပည့်ရင်းတစ်ဦးသည် သတင်းစာ တစ်စောင်ကို ကိုင်လျက် ကျွန်ုပ်၏ နေအိမ်သို့ ရောက်လာ၏။ မိတ်ဆွေသည် အသားဖြူဖြူရှိသူဖြစ်၍ မခံချင်စိတ်ကြောင့် မျက်နှာနီမြန်း လျက်ရှိရာ သတင်းစာကို ကျွန်ုပ်၏ မျက်နှာအနီးသို့ ထိုးပြလျက် “ဆရာ ကြီး ဒီဝေဖန်ချက်ကို ဖတ်ရပြီလား” ဟု မေး၏။ ကျွန်ုပ်သည် သူပြသော သတင်းစာကို လှမ်းကြည့်လိုက်သဖြင့် ကြေးမုံသတင်းစာ ဖြစ်ခြင်းကို သိရ သည်နှင့် တစ်ပြိုင်နက် မိတ်ဆွေ၏ မျက်နှာ နီခြင်းအကြောင်းကို ရိပ်မိလေ ပြီ။ အကြောင်းမူကား ကြေးမုံသတင်းစာ `စာကြေးမုံ” အခန်းတွင် မဟာစည် ဆရာတော်၏ အဖောင်းအပိန်နည်းနှင့် ကျွန်ုပ်၏ ဒိဋ္ဌေ ဒိဋ္ဌ မတ္တိ စာအုပ် အကြောင်းကို ဦးဓမ္မဝါဒီ ရေးသည့် အရိယာဘုံသွား-ဉာဏ်လှေကားကျမ်းခေါ် စာအုပ်တွင် ပြစ်တင် ရေးသားထားခြင်းအကြောင်းနှင့် ပတ်သက်၍ ဖိုးကြီးမောင်၏ ဝေဖန်ချက်ကို ကျွန်ုပ် ဖတ်ထားပြီး ဖြစ်ပေသောကြောင့်တည်း။ ကျွန်ုပ်သည် ဦးဓမ္မဝါဒီ၏ ကျမ်းစာအုပ်ကို မဖတ်ရဖူးသေးသော်လည်း ၎င်း က မဟာစည်ဆရာတော်၏ အဖောင်းအပိန်နည်းသည် ဗုဒ္ဓဝါဒကို အနုနည်း ဖြင့် အမှည့်ခြွေ ခြွေခြင်းဖြစ်သည်ဟူ၍ လည်းကောင်း၊ မိစ္ဆာဝါဒ မိစ္ဆာဒိဋ္ဌိ ဓမ္မရန်သူ၊ ဓမ္မအန္တရာယ် ဖြစ်သည်ဟူ၍ လည်းကောင်း စွပ်စွဲထားသည်ဟု ဖိုးကြီးမောင်က ကောက်နုတ်ဖော်ပြခြင်းကိုကား ဖတ်ရပြီးပါပြီ။ ထိုကတည်း က ရေးပုံကြမ်းလှချေတကားဟု စိတ်က အောက်မေ့၏။ ဤမိတ်ဆွေမှာမူမဟာစည်ဆရာတော်၏ တပည့်ရင်း ဖြစ်ရုံသာမက ဆရာတော်အား ကြည်ညိုသောနေရာတွင် မည်သည့် အခြားတပည့်များနှင့်မျှ မနှိုင်းယှဉ်နိုင်အောင် ကဲလွန်ပိုမောက်သူ ဖြစ်ပေရကား သူ၏ မျက်နှာနီခြင်းကို ကျွန်ုပ် မအံ့သြ ချေ။ သူ၏ ဆရာတော်အား ကဲ့ရဲ့ ရှုတ်ချဝံ့သူသည် လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်၍ မျက်နှာချင်းဆိုင် တွေ့ရသည်ဆိုပါက ထိုလူအား ကိုယ်ထိ လက် ရောက် မပြုလုပ် ဟူ၍ ကျွန်ုပ် အာမမခံဝံ့ပါ။ ဤမျှအထိ ဆရာတော်အပေါ် ၌ ယုံကြည်မှုသဒ္ဓါ ထက်သန်သူ တစ်ယောက်ဖြစ်ပါသည်။ ဖိုးကြီးမောင်၏ ထုတ်နုတ်ဖော်ပြချက်တွင် ဦးဓမ္မဝါဒီက ကျွန်ုပ်၏ ဒိဋ္ဌေဒိဋ္ဌမတ္တိ စာအုပ် အကြောင်းနှင့် ပတ်သက်၍မူ ပြင်းပြင်းထန်ထန်ကြီး မဟုတ်လှဘဲ ဤ ကျင့်စဉ်သည် အခြားလူများအတွက် မဟုတ်၊ ဗာဟိယနှင့် မာလုကျပုတ္တတို့ နှစ်ပါးအတွက် သက်သက်ဟောခြင်း ဖြစ်သည့်နှယ် ရေးထားသည်ဟု ဆိုလေ သည်။ ။

နုပ် ။ ။ “ကျွန်တော်လည်း ဖတ်ပြီးပါပြီဗျ၊ ရေးပုံက တော်တော် ကြမ်းတာပဲ”

မိတ် ။ ။ “ခင်ဗျားအကြောင်းတော့ ဘယ်လိုရေးရေးဗျ၊ ဆရာတော် အကြောင်း ရေးပုံတော့ ကျွန်တော် မခံနိုင်ဘူးဗျ”

နုပ် ။ ။ “ဘယ့်နှယ်လဲဗျ၊ ကျွန်တော့်အကြောင်းတော့ ဘာကြောင့် ဘယ်လိုရေးရေး ရေးရမှာလဲဗျ”

မိတ် ။ ။ “ခင်ဗျားက လူပုဂ္ဂိုလ်တစ်ယောက်ပဲဗျ”

နုပ် ။ ။ “ဪ လူကိုတော့ ရေးစေ၊ ရဟန်းကိုတော့ မရေးစေနဲ့ လား။ ဒီလိုတော့ မခွဲခြားပါနဲ့လေ။ လူပုဂ္ဂိုလ်ပေမဲ့ တရားနဲ့ ပတ်သက်လို့ ရေးသားရာမှာ ကိုယ်တိုင် အားထုတ်လို့ အတွေ့သဘောနဲ့ ရေးတယ်ဆိုရင်တော့ မဟာစည်ဆရာတော်ကို ဝေဖန်ထားသလို ပစ်စလက်ခတ် မရေးထိုက် ဘူးဗျ။ ဆရာတော်ကို ရေးပုံဟာ ကျွန်တော်လည်း နာတတ်ပါတယ်။ နို့ပေ မဲ့ ခင်ဗျားက လူတခြား ရဟန်းတခြား လုပ်လာလေတော့ ခင်ဗျားဘက်သား တောင် တယ်မလုပ်ချင်တော့ဘူး”

မိတ် ။ ။ “ခင်ဗျားက ဆရာတော့်ဘက်သားလည်း မဟုတ်ဘူးလား”

နုပ် ။ ။ “ဆရာတော့်ဘက်သား ဟုတ်ပါတယ်၊ ခင်ဗျားဘက်သား မဟုတ်ချင်ဘူး။ ဆရာတော်ကို ခင်ဗျား ကြည်ညိုချင်တိုင်း ကြည်ညိုပါ၊ လူ ဆိုတိုင်းတော့ အထင်မသေးပါနှင့်”

မိတ် ။ ။ “ကိုင်း ရုပ်သိမ်းပါတယ်ဗျာ။ ကြည့်ပါဦးတော့၊ ဓမ္မန္တရာယ် တဲ့ဗျာ။ မဂ်ပေါက်ဖိုလ်ရောက် လမ်းညွှန်ပြတဲ့ ကျွန်တော့် ဆရာတော်ကို ဓမ္မန္တရာယ်တဲ့ဗျ။ ကောင်းရဲ့ လား။ သူကျမ်းပြုချင်ရင် သူ့ဘာသာသူ ပြုရော ပေါ့ ။ ဆရာတော်ကို ဘာကြောင့် ပုတ်ခတ်ရမှာလဲ”

နုပ် ။ ။ “ဆရာတော့်နည်းကို ဝေဖန်တာ မခံနိုင်ဘူးပေါ့ ဟုတ် လား”

မိတ် ။ ။ “ဘယ်ကလာ ခံနိုင်လိမ့်မှာလဲခင်ဗျ”

နုပ် ။ ။ “သူတစ်ထူး စာကို ဝေဖန်ခြင်းနဲ့ ပတ်သက်လို့ ကျွန်တော့် အယူအဆတစ်ခုကို တင်ပြပါရစေဗျ။ နားထောင်မလား”

မိတ် ။ ။ “ကျွန်တော်က အင်မတန် မခံချင်ပြီး စိတ်ဆိုးနေတာဗျ။ ကိုင်း ပြောပါဗျာ၊ နားထောင်ပါ့မယ်” ။

နုပ် ။ ။ “ကိုယ့်စာကိုယ်ရေးပါ၊ သူတစ်ပါးစာကို မဝေဖန်ချင်ပါနဲ့ ဆိုတဲ့ အယူအဆဟာ စဉ်းစားဆင်ခြင်တတ်တဲ့ အလေ့အထနုသေးတဲ့ တိုင်း ပြည်သားများရဲ့ အယူအဆတစ်ခုပဲဗျ”

မိတ် ။ ။ “သူတစ်ပါးစာကို ဝေဖန်လို့ ဘာအကျိုးရှိသလဲဗျ”

နုပ် ။ ။“မယ်ဘွဲ့ မောင်ဘွဲ့ ဟိုအကြောင်းဒီအကြောင်း ရေးသား ထားတဲ့ စာမျိုးတွေကိုတော့ ဝေဖန်လို့ အပိုပဲ ထားပါတော့။ မှန်မှန်မှားမှား အရေးမကြီးဘူးပေါ့။ သို့သော် မဂ်ရောက်ဖိုလ်ပေါက်ဆိုပြီး လမ်းညွှန်ပြနေ ကြတဲ့ နည်းတွေနဲ့ ပတ်သက်လို့တော့ ဝေဖန်လိုက်တယ်ထင်ရင် ဝေဖန်တာ ကို ကျွန်တော်သဘောတူတယ်” ။

မိတ် ။ ။ “နေမြင်လမြင် ခေါ်လောက်တဲ့ ဆရာတော်တစ်ပါးရဲ့ နည်းကို အနုညာတ တစ်ယောက်က ဝေဖန်လို့ တော်နိုင်ပါ့မလားဗျ”

နုပ် ။ ။ “သူတင်ပြချင်တာ တင်ပြပေစေလေ၊ ဖတ်တဲ့လူက ကြည့် ဖတ်ပေါ့။ ကြိုက်တဲ့လူကြိုက် မကြိုက်တဲ့လူနေ။ ဖတ်တဲ့လူမရှိရင် သူ့စာအုပ် မြုပ်သွားမှာပေါ့ဗျ”

မိတ် ။ ။ “လူတွေ နားယောင်မကုန်ပေဘူးလား”

နုပ် ။ ။ “နားယောင်တဲ့လူ ယောင်တာကိုတော့ မတတ်နိုင်ဘူး။ ဒီစာအုပ်က မှန်တယ်၊ ဒီစာအုပ်ကတော့ မှားနေလို့ လူတွေကို နားယောင် စေတတ်လို့ မထုတ်သင့်ဘူးလို့ ကြည့်ပြီးဆုံးဖြတ်နိုင်တဲ့ ရွှေဉာဏ်တော်ရှင် ဘယ်မှာ ရှိသလဲ”

မိတ် ။ ။ “ဒီလိုဆို ခက်နေရောပေါ့ဗျ”

နုပ် ။ ။ “မခက်နဲ့လေ။ ညစ်ညမ်းတဲ့ စာပေမျိုး မဟုတ်လျှင် သူ့ အယူအဆကို သူထုတ်ပြနိုင်ခွင့် ရှိသင့်တာပဲ”

မိတ် ။ ။ “ဒါဖြင့် ဆရာကြီးက ဦးဓမ္မဝါဒီရဲ့ ကျမ်းကို ထောက်ခံ တယ်ပေါ့လေ”

နုပ် ။ ။ “သူ့စာအုပ်ကို ထောက်ခံတယ်လို့ ဆိုလိုခြင်း မဟုတ်ပါ ဘူး။ မဂ်ရောက်ဖိုလ်ပေါက်ဆိုတဲ့ ကျင့်စဉ်တစ်ခုကို ဝေဖန်ချင်တဲ့လူရှိလျှင် ဝေဖန်နိုင်ခွင့် ရှိသင့်တယ်လို့ ဆိုလိုခြင်းသာ ဖြစ်ပါတယ်။ သို့သော် ဦးဓမ္မ ဝါဒီရဲ့ ဝေဖန်ပုံဝေဖန်နည်းကတော့ တစ်ဆိတ် ကြမ်းလွန်းတယ်လို့ ဆိုရမယ်”

မိတ် ။ ။ “ကြမ်းဆို လွန်နေတာပဲဗျ။ ဓမ္မန္တရာယ်တဲ့။ မိစ္ဆာဝါဒတဲ့။ မိစ္ဆာဒိဋ္ဌိတဲ့။ အမှည့်ခြွေ ခြွေတယ်တဲ့။ ကောင်းနိုင်သေးရဲ့ လားဗျ”

နုပ် ။ ။ “စကားလုံးတွေ ကြမ်းတာကတော့ အမှန်ပဲ။ သူ့ကျမ်း စာအုပ်ကိုတော့ မဖတ်ရသေးလို့မို့ ဒီလိုဆိုရလောက်အောင် အကြောင်းပြ ဘယ်လောက်များ ကောင်းတယ်လို့တော့ မပြောတတ်ဘူး။ အဖျားဆွတ် သုံးထားတဲ့ စကားလုံးတွေကတော့ ဆိုးရွားလိုက်တာဗျာ”

မိတ် ။ ။ “မဟာစည်ဆရာတော်ကို အသာထားပြီး ဒီဘုန်းကြီးနဲ့ ကျွန်တော်နဲ့ ပြိုင်စမ်းချင်ပါတယ်ဗျာ”

နုပ် ။ ။ “ခင်ဗျားက ကိုယ့်ဆရာတော်ကို ထိလို့ မခံချင်လို့ ပြော နေတာကိုးဗျ။ တကယ့်တကယ်ဆိုတော့ အကြောင်းယုတ္တိ ခိုင်လုံအောင် ပြပြီး ခင်ဗျား ငြင်းနိုင်ပါ့မလား”

မိတ် ။ ။ “ငြင်းနိုင်ပါတယ်ဗျာ”

နုပ် ။ ။ “ခင်ဗျားက သူ့စာအုပ်ကို ဖတ်ပြီးပြီလား”

မိတ် ။ ။ “မဖတ်ဖူးပါဘူးဗျာ၊ ဖတ်လည်း မဖတ်ချင်ပါဘူး”

နုပ် ။ ။ “ဒီလို ဘယ့်နှယ်ဖြစ်နိုင်မလဲဗျ။ သူ့ကို ငြင်းမယ်ဆိုရင် သူ့ကျမ်းကို ဖတ်ဦးမှပေါ့”

မိတ် ။ ။ “သူ ဘာတွေရေးရေး ကျွန်တော် ငြင်းနိုင်တယ်ဗျာ”

နုပ် ။ ။ “ဒီလိုလည်း မဟုတ်သေးဘူးလေ။ သို့သော် ဦးဓမ္မဝါဒီ ရဲ့ စာအုပ်နဲ့ပတ်သက်လို့ ကျွန်တော် မြင်ထားတဲ့ အပြစ်တစ်ခုတော့ ရှိတယ်

မိတ် ။ ။ “ခင်ဗျားက တစ်ခုတည်း မြင်တယ်။ ကျွန်တော်က အားလုံးကုန် အပြစ်ချည်း မြင်တာပဲ”

နုပ် ။ ။ “မဖတ်ရဘဲနဲ့ မြင်တယ်လား” မိတ် ။ ။ “အလကားစာအုပ် နေမှာပေါ့ ဗျာ”

နုပ် ။ ။ “ခင်ဗျားကတော့ ဆရာတော်ကို ဝေဖန်တဲ့ စာအုပ်ဆိုရင် အလကား စာအုပ်၊ ဝေဖန်တဲ့လူဆိုလျှင် အလကားလူ၊ ဒီလိုမဟုတ်လား”

မိတ် ။ ။ “ဟုတ်တာပေါ့ ဗျ။ ကျွန်တော့်ဆရာတော်လိုဟာမျိုး” နုပ် ။ ။ “ခင်ဗျားက ပုဂ္ဂိုလ်စွဲ သိပ်အားကြီးတာကိုး”

မိတ် ။ ။ “ဆိုချင်လည်း ဆိုတော့ဗျာ။ ကျွန်တော့်အဖို့မှာတော့ မဟာစည်မှ မဟာစည်ပဲဗျို့။ ဒါထက် ဦးဓမ္မဝါဒီရဲ့ စာအုပ်မှာ ဆရာကြီး မြင်တဲ့ အပြစ်တစ်ခုဆိုတာ ကြားပါရစေဗျာ”

နုပ် ။ ။ “ကျွန်တော်မြင်တဲ့ အပြစ်ကတော့ ဝေဖန်စရာရှိလို့ ဝေဖန် ပေမဲ့ စကားလုံး ကြမ်းကြမ်းကြီးတွေကို ရှောင်သင့်တယ်။ ဥပမာ မိစ္ဆာ ဒိဋ္ဌိလို့ သူက ဆိုထားတယ် မဟုတ်လား။ ဒီလိုစကားလုံး ကြမ်းကြမ်းကြီးနဲ့ ဖွင့်ဆိုမယ့်အစား မဟာစည် ဆရာတော်ရဲ့ အဖောင်းအပိန် ကျင့်စဉ်ဟာ ဗုဒ္ဓဝါဒနဲ့ ဘယ်ပုံ မကိုက်ညီလို့မို့ အမြင်မှားဖြစ်နေပုံ၊ အယူမှားဖြစ်နေပုံ၊ ဗုဒ္ဓဝါဒနဲ့ ဘယ်ပုံဘယ်နည်း ဆန့်ကျင်နေပုံ စသည်တို့ကို ထောက်ပြနိုင် တယ် ဆိုရင် ပြသင့်ပါတယ်။ မိစ္ဆာဒိဋ္ဌိပဲ၊ မိစ္ဆာဝါဒပဲ၊ ဓမ္မန္တရာယ်ပဲလို့ အမည် ကြမ်းကြီးတွေ ဖော်ထုတ်ပြီး ရေးတာမျိုးကတော့ တစ်ဖက်သား နာကြည်းအောင် ကလော်တုတ်တာမျိုးနဲ့ တူနေတာပေါ့။ ကျွန်တော်တို့ မြန်မာပြည်မှာ စာကို ဖြစ်စေ၊ ပညာရပ်တစ်ခုကို ဖြစ်စေ၊ တရားကို ဖြစ်စေ စစ်ဆေးဝေဖန်