Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - တစ်ကျွန်းပြန်မဂ္ဂဇင်းစုံထောက်၀ထ္ထုရှည်များ

Regular price 3,200 MMK
Regular price Sale price 3,200 MMK
Sale Sold out

တစ်ကျွန်းပြန်တစ်ယောက်အမှု၌ မောင်စံရှား စုံထောက်ပုံ

တစ်နေ့သော တနင်္ဂနွေနေ့၌ မောင်စံရှားသည် အိမ်ရှေ့ဧည့်ခန်းတွင် ထိုင်လျက် ဖန်ဘူး ဖန်ခွက် ဖန်ပြွန်မှစ၍ ကိရိယာ တန်ဆာများနှင့် ဓာတ်သတ္တုများကို မိမိဝါသနာအလျောက် ခွဲခြမ်းစိတ်ဖြာ စမ်းသပ်လျက်ရှိနေရာမှ ကိရိယာများကို ရုတ်တရက် ချထားပြီးလျှင် ကုလားထိုင်တွင်မှီကာ အပျင်းပြေ လိမ်ပြီးနောက်

ပြီးပေပြီဗျာ၊ နက်ဖြန်မှပဲ ကျန်တဲ့အတွက် ဆက်ပြီး လုပ်တော့မယ်။ ဒါထက် ကိုသိန်းမောင်ရေ၊ အခုတလော တယ်ပြီး ကျုပ်နှင့်ဆိုင်တဲ့အမှုများက နည်းပါကလားဗျ။ ဘာမဟုတ်တဲ့ အမှုနုကလေးတွေချည်းပဲ တွေ့နေရတယ်။ ကျုပ်က ခင်ဗျားသိတဲ့အတိုင်း အမှုမရပြန်မှဖြင့် ပျင်းပြန်ရောဗျ။ စိတ်ကို အလ ကား မထားတတ်ပဲဟာကိုး ကိုသိန်းမောင်ရဲ့ ။ ပျင်းလှတယ်ဗျာ။ လမ်းလျှောက် ကြဦးစို့လား” ဟု ပြောလျက် ထိုင်ရာမှ ထမည်ပြုသည်တွင် လှေကားမှ ခြေသံ ကြားလိုက်ရာ မောင်စံရှားလည်း ရုတ်တရက် ပြန်၍ ထိုင်ပြီးလျှင်

ကော်ပြီပျို့၊ ကော်ပြန်ပြီ။ အမှုသည်နှင့်တူတယ်။ ခြေသံက တယ်မပြင်း လှဘူး။ မိန်းမခြေသံနှင့် တူတယ်” ဟုပြော၍ မဆုံးမီ တံခါးကို အပြင်မှခေါက်သံ ကြားရလေ၏။

ထိုအခါ မောင်စံရှားလည်း “ဝင်ခဲ့လေ” ဟု ပြောလိုက်သည်တွင် သူငယ်မ တစ်ယောက်လည်း အခန်းတွင်းသို့ မရဲတရဲ ဝင်လာ၍

ကိုစံရှား ဟုတ်ပါရဲ့လားရှင်” ဟု မေးသဖြင့် မောင်စံရှားသည် ဟုတ်ပါ ကြောင်းနှင့် ပြောဆိုပြီးလျှင် ရိုသေသမှုပြုသည့် အမူအရာနှင့် ကောင်းမွန်စွာ နေရာထိုင်ခင်းပေးလေ၏။

၎င်းသူငယ်မမှာ အသက် နှစ်ဆယ်အရွယ်ခန့်မျှ ရှိလျက် တည်ကြည်လှစွာ သော ဣနြေသိက္ခာနှင့်လည်းကောင်း၊ ပွင့်လင်းကြည်သာစွာရှိလျက် ကျက်သရေ ရှိလှသော မျက်နှာဖြင့်လည်းကောင်း၊ လွန်မင်းစွာ ကောင်းမွန်တောက်ပခြင်း မရှိဘဲလျက် သင့်တင့်ရုံမျှရှိသော အဝတ်တန်ဆာများကို ကျစ်လျစ်သိပ်သည်းစွာ ဝတ်ဆင်လျက်လည်းကောင်း၊ အလွန်တရာ ချိုအေးကြည်လင် နုယဉ်လှစွာသော မျက်နှာထားဖြင့်လည်းကောင်း ပြည့်စုံလှပေသည် ဖြစ်ရကား ကျွန်တော်မှာ ဤမျှလောက် ချစ်ခင်ဖွယ်ကောင်းလှသော သူငယ်မကလေးကို ဤအသက် ဤအရွယ်တိုင်ရောက်အောင် တစ်ကြိမ်တစ်ခါမျှ မတွေ့မမြင်ဖူးပေပြီတကားဟု စိတ်၌ မှတ်ထင်မိပါကြောင်း။

အချို့သော သူငယ်မကလေးတို့သည်မှာ မျက်နှာထားအားဖြင့် လှပ တင့်တယ် ရှုချင်စဖွယ်ရှိကြပေ၏။ အချို့မှာလည်း ကိုယ်လုံးကိုယ်ပေါက်အားဖြင့် အဆင်းအတက် ပြေပြစ်ညီညွတ်ခြင်းနှင့် ပြည့်စုံကြပေ၏။ အချို့မှာလည်း အဝတ် အစား၏ စတိုင်ကျခြင်း၊ ဝတ်တတ်စားတတ်ရှိခြင်း စသည်နှင့် ပြည့်စုံကြပေ၏။ သို့ရာတွင် ချစ်ခင်ဖွယ်ကောင်းခြင်း၊ ယောက်ျားတို့၏ စိတ်နှလုံးကို နူးညွတ်အောင် ဖြစ်စေခြင်း အစရှိသည့် အရာဌာန၌မူ ၎င်းမိန်းကလေးထက် ထူးကဲသော မိန်းကလေးတို့မှာ ရှာ၍ တွေ့နိုင်မည်မဟုတ်တော့ချေ။

မိန်းကလေးသည် အနည်းငယ် တုန်လှုပ်သော အမူအရာနှင့် မောင်စံရှား က ခင်း၍ပေးသော ကုလားထိုင်တွင် ထိုင်ပြီးနောက်

လွန်ခဲ့တဲ့သုံးနှစ်လောက်က ကျွန်မမိတ်ဆွေတစ်ယောက် ဒေါ်သင်းကြည် ဆိုတာကို ဒီက အစ်ကိုကြီးက ကူညီစောင်မဖူးတဲ့အတွက် ကျွန်မကို လမ်းညွှန် လိုက်လေတော့ ကျွန်မကိုလည်း ထိုနည်းအတူ ကူညီလိမ့်မယ်လို့ မျှော်လင့်ပြီး လာခဲ့ရပါတယ် အစ်ကိုကြီးရှင့်” ဟု မောင်စံရှားအား အလွန်တရာ အားထားလှ သော မျက်နှာထားဖြင့် ပြောလေလျှင် မောင်စံရှားလည်း စဉ်းစားသည့် မျက်နှာ ဖြင့်

ဒေါ်သင်းကြည်...ဒေါ်သင်းကြည်၊ ဪ...သတိရပြီဗျို့။ ဟုတ်တယ် ...ဟုတ်တယ် ကျုပ် နည်းနည်းကူညီဖူးတယ်။ သို့သော်လည်း သူ့အမှုက တယ်ကြီး မနက်လှပါဘူး။ ခပ်ရိုးရိုး ခပ်ရှင်းရှင်းပါပဲ”

အစ်ကိုကြီးမှာသာ ရှင်းပါတယ်ရှင်၊ ခမျာမှာဖြင့် ဟိုတုန်းက ရှုပ်ရှာလွန်း လို့ မကြံတတ်အောင်ဖြစ်ပြီးနေလို့မို့ အစ်ကိုကြီး ကူညီတာများ ပြောလို့တောင် မဆုံးနိုင်ရှာပါဘူးရှင်။ သို့သော်လည်း သူ့အမှုကတော့ ဘယ်လိုပင် ရှင်းသည် ဖြစ်၍ ယခု ကျွန်မ လာရောက်ခဲ့ရတဲ့ အမှုဟာကဖြင့် အင်မတန်လည်း ထူးဆန်း၊အင်မတန်လည်း ရှုပ်ထွေးတဲ့ အမှုပါပဲ အစ်ကိုကြီးရှင်” ဟု ပြောလျှင် မောင်စံရှား လည်း အလွန်တရာ နှစ်သက်အားရရှိလှသော မျက်နှာထားနှင့် သူငယ်မအား ကြည့်ပြီးလျှင် “ကိုင်း...မိန်းကလေး အမှုပြောပြစမ်းဗျာ”ဟု ပြောလျက် နားစိုက် ကာ ရှိနေလေ၏။

ထိုအခါ ကျွန်တော်လည်း ကျွန်တော်၏ရှေ့၌ မိန်းကလေးသည် စကား စုံလင်စွာ ပြောရမည်ကို ကြောက်ရွံ့မည်စိုးသဖြင့် ထိုင်ရာမှ ထမည်ပြုလေလျှင် သူငယ်မက

ကိစ္စမရှိပါဘူးရှင်၊ ထိုင်သာထိုင်ပါ။ တစ်ဆိတ်ကလေး အစ်ကိုကြီးက တောင်းပန်ပေးပါရှင်။ အစ်ကိုကြီး မိတ်ဆွေဖြစ်ခဲ့လို့ရှိလျှင် ကျွန်မအမှုကို နှစ် ယောက်လုံးကြားကြရင် သာပြီးကောင်းပါလိမ့်မယ်ရှင်” ဟု ပြောသဖြင့် ကျွန် တော်လည်း ပြန်၍ ထိုင်ရလေ၏။ ၎င်းနောက် မိန်းကလေးက

ကိုင်း...ကျွန်မ အတိုချုပ်ပြီး ပြောပါရစေရှင်။ ကျွန်မအဖေက ပထမ ကတော့ ကျောင်းဆရာလုပ်ပြီးနေခဲ့၊ လွန်ခဲ့တဲ့ စစ်ကြီးအတွင်းမှာ ကျောင်းဆရာ အလုပ်ကိုစွန့်ပြီး အသက်ပင်ကြီးသော်လည်း အသက်ကို လျှော့ပေါ့ပြောပြီး စစ်မှုထမ်းရွက်ဖို့ စစ်ထဲကို လိုက်သွားရပါရော့ရှင်။ ကျွန်မ မိခင်ကတော့ ကျွန်မ ငယ်ငယ်ကလေးကပဲ သေဆုံးသွားရှာ၊ ကျွန်မမှာ ဒေါ်ဒေါ်တစ်ယောက်နှင့် အတူ တကွ နေထိုင်ပြီး အင်္ဂလိပ်စာများကို သင်ကြားခဲ့၊ ၇ တန်းနှင့် ဆရာဖြစ် ပရိုင်မာရီ စာမေးပွဲကို အောင်မြင်ပြီး ကျောင်းဆရာအလုပ်နဲ့ ကိုယ်ဝမ်းကိုယ်ခါး ကို ထိန်းကျောင်းခဲ့ရပါတယ်ရှင်။

ဒီနောက် စစ်ကြီးပြီးမြောက်လေတော့ ကျွန်မတို့အဖေ ပြန်လာမယ် လို့ စာများရတာနဲ့ ကျွန်မမှာ စောင့်ဆိုင်းပြီးနေခဲ့။ တစ်နေ့သ၌တော့ ပြန်လာ ကြောင်း သတင်းကြားတဲ့ပြင် မိတ်ဆွေတစ်ယောက်အိမ်မှာ တည်းခိုနေထိုင် ကြောင်း သတင်းကြားရပါရောရှင်။ ဒီတော့ ကျွန်မမှာ ကျွန်မအဖေဟာ ပြန်လာ ရက်နှင့် ကျွန်မကိုမှ နှုတ်မဆက်သေးဘဲ သူတစ်ပါးအိမ်မှာ တည်းခိုရက်လေခြင်း လို့ စိတ်ထဲမှာ မခံချင်သော်လည်း အဖေရှိရာသွားပြီး တစ်မနက်ခင်းမှာ မေးပါရော ရှင်။ မေးတော့ သူ့တည်းအိမ်က လူတွေက ကျွန်မအဖေဟာ ညကတည်းက ထွက်သွားလိုက်တာ ယခုတိုင် ပြန်မလာသေးကြောင်း ကြားရပါရောရှင်။ ဒါနဲ့ ကျွန်မလည်း တစ်ရက်တစ်ရက်နဲ့ စောင့်လိုက်တာ ငါးရက် လောက်ကြာတော့ ဘာများဖြစ်လေသလဲလို့ စိတ်မချတာနဲ့ ပုလိပ်ကို တိုင်ချက် ပေးပါရောရှင်။ ဒီတော့ ကျွန်မလည်း ပုလိပ်အရာရှိများ အကြံပေးချက်အရ သတင်းစာထဲမှာထည့်ပြီး ကြော်ငြာ၊ ပုလိပ်စုံထောက်များကိုလည်း စုံထောက်ဖို့ပြော။ အမျိုးမျိုး ကျွန်မ ကြိုးစားသော်လည်း ဘယ်နည်းနဲ့လုပ်လို့မှ သတင်းမရဘူးရှင်။ ဒီတော့...”

ရှား။ ။ “နေပါဦး မိန်းကလေးရယ်၊ ရက်စွဲ ပြောစမ်းပါ၊ ဘယ်ရက်က ပြန်လာသလဲ”

မိန်းကလေး။ ။ “၁၉၁၉ ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်ရောက်ပါ တယ်ရှင်”

ရှား။ ။ “ဘယ်နှရက်နေ့က ပျောက်သွားသလဲ”

မိန်းကလေး။ ။ “နောက်တစ်ရက်ပဲ ပျောက်သွားတယ်ရှင့်။ ၁၃ ရက်နေ့”

ရှား။ ။ “တစ်နှစ်ကျော်သွားပါပြီကောဗျာ။ ဒါထက် သူ့ပစ္စည်းများကော မကျန်ရစ်ဘူးလား”

မိန်းကလေး။ ။ “များများမကျန်ရစ်ပါဘူးရှင်၊ အဝတ်အစားကလေး နည်းနည်းနဲ့ စာအုပ်ကလေး သုံးလေးအုပ်နဲ့ သည့်ပြင် တိုလီမိုလီပစ္စည်း ကလေး နည်းနည်းပါးပါးပါပဲရှင်”

ရှား။ ။ “ရန်ကုန်မြို့ထဲမှာ သူတည်းတဲ့အိမ်မှတစ်ပါး ဒီပြင် မိတ်ဆွေ များ ရှိသေးသလား”

မိန်းကလေး။ ။ “ဒီပြင်မိတ်ဆွေ တစ်ယောက်သာ ရှိတယ်လို့ ကျွန်မ ကြားဖူးပါတယ်ရှင်။ ဒီမိတ်ဆွေက ကျွန်မတို့အဖေနဲ့ အတူတူ စစ်ထဲမှာ အမှုထမ်းပြီး မမာလို့ ပြန်လာတာ။ သူက ခြောက်လလောက် အရင် ရောက်နှင့်ပါတယ်ရှင်။ သူ့အိမ်ကိုလည်း ကျွန်မ သွားပြီး မေးပါတယ်။ မေးတော့ သူက ကျွန်မတို့အဖေ ပြန်ရောက်လာတယ်ဆိုတာတောင် သူ မသိရပါဘူးတဲ့”

ရှား။ ။ “သူ့နာမည်က ဘယ်သူတဲ့လဲ”

မိန်းကလေး။ ။ “ဦးထွန်းကျော်တဲ့ရှင့်”

ရှား။ ။ “ဘာရာထူးလဲဗျ၊ စစ်ထဲမှာ”

မိန်းကလေး။ ။ “ဂျမဒါပါတဲ့ရှင်”

ရှား။ ။ “သူငယ်မ အဖေကကော အတူတူပဲလား”

မိန်းကလေး။ ။ “ဟုတ်ပါတယ်ရှင်၊ ဂျမဒါပါပဲ။ အမည်ကတော့ ဦးသာ ဟန်ပါတဲ့”

ရှား။ ။ “ကိုင်း...ဒီပြင် ပြောစမ်းပါဦးဗျာ”

မိန်းကလေး။ ။ “ဒါနဲ့ ကျွန်မလည်း သတင်းမကြားလေတော့ စိတ်ညစ် ညစ်နဲ့ လက်လျှော့ရမလိုဖြစ်နေတုန်း ခြောက်လလောက်အကြာမှာ တစ်နေ့သ၌ တော့ သတင်းစာတစ်စောင်ထဲမှာ ဂျမဒါဦးသာဟန် သမီးတစ်ယောက်ဟာဘယ်အရပ် ဘယ်ဒေသမှာ နေထိုင်ကြောင်း၊ ၎င်းသတင်းစာထဲမှာ ပြန်ကြား ဖြေဆိုလျှင်ဖြင့် ကျေးဇူးရှိပါလိမ့်မယ်တဲ့ ...ပါလာတာကိုးရှင့်။ ဒီတော့ ကျွန်မ က ကျွန်မဒေါ်ဒေါ်ကို တိုင်ပင်ပြီး မကြာမီအတွင်းပဲ နေရပ်နဲ့တကွ လိပ်ကို ဖြေကြားလိုက်ပါရောရှင့်။ ဒီလိုလည်း သတင်းစာထဲကနေပြီး ဖြေလိုက်ပါရော၊ နောက်တစ်နေ့မှာ ကျွန်မအမည်နဲ့ အထုပ်ကလေးတစ်ထုပ် ရောက်လာပါရော ရှင့်။ ဒါနဲ့ ကျွန်မ ဖြည်ကြည့်တော့ အင်မတန် အရောင်ကောင်းတဲ့ ပုလဲကြီး တစ်လုံး တွေ့ပါရောရှင်။ ဒီပြင်တော့ စာလည်းမပါ။ ဘာလည်းမပါ။ ဘယ်က ပို့လိုက်လို့ ဘယ်လိုအကြံအစည်နဲ့မှန်းလည်း ကျွန်မ မသိရပါဘူးရှင်။ ဒါနဲ့ ဒီပုလဲကို စိန်တိုက်က ဘာဘူများကို သွားပြတော့ အဖိုးသုံးရာ ထိုက်တန်တယ်လို့ အဖိုးဖြတ်လိုက်ပါတယ်ရှင်။ ဖြတ်လိုက်ပေမဲ့ ဘယ်လိုအကြံအစည်နဲ့ ပို့လိုက်မှန်း မသိလေတော့ ကျွန်မလည်း မရောင်းဘူးရှင့်။ ရတဲ့လခကလေးနဲ့ပဲ ကျစ်ကျစ် ကလေး စားသောက်နေခဲ့ပါတယ်။ ဒါနဲ့ အဲဒီနေ့ကစပြီး လဆန်း တစ်ရက်နေ့ တိုင်း တစ်ရက်နေ့တိုင်း ဒီပုလဲမျိုး တစ်လုံးတစ်လုံး ရောက်ရောက်လာပါတယ် ရှင်။ ယခု ၁၂ လရှိလို့မို့ ပုလဲ ၁၂ လုံး ကျွန်မဆီ ရောက်ပါပြီရှင်။ အရွယ် . ကလည်း ညီ၊ အရောင်ကလည်း ညီပါဘိသနဲ့ ကြည့်ပါတော့ရှင်” ဟု ပြောလျက် သူငယ်မလည်း ကနုကမာဖြင့် ပြုလုပ်ထားသော သေတ္တာငယ်အတွင်းမှ ပုလဲ ၁၂ လုံးကို ကျွန်တော်တို့အား ထုတ်၍ ပြလေ၏။

မောင်စံရှားလည်း ပုလဲကို သေချာစွာကြည့်ရှုပြီးနောက်

ကောင်းပါတယ်။ ကောင်းတဲ့ ပုလဲကြီးတွေ။ တစ်လုံး ၄ဝဝ ထက်မနည်း တန်ပါရဲ့ဗျာ။ ကိုင်း...ကိုင်း...ဒီပြင် ပြောပါဦးဗျာ”

မိန်းကလေး။ ။ “ဒါနဲ့ ဒီလို လစဉ် ပုလဲ တစ်လုံး တစ်လုံး ရပြီး လာခဲ့၊ ဒီကနေ့တော့ အခါတိုင်းလို ပုလဲမရောက်လာဘဲနဲ့ ဟောဒီစာတစ်စောင် ရောက်လာပါတယ်ရှင်” ဟု ပြော၍ စာတစ်စောင်ကို ထုတ်၍ပြရာ မောင်စံရှားက “စာအိတ်ပါပေးဗျာ” ဟု ပြော၍ စာအိတ်ပါ ယူ၍ ကြည့်ပြီးနောက်

အင်း...စာတိုက်တံဆိပ်က ကြည့်မြင်တိုင်တံဆိပ်၊ ရက်စွဲက စက်တင် ဘာလ ၁ ရက်နေ့ ၊ စာအိတ်ထောင့်က လက်မရာကြီးဟာက စာပို့ကုလားရဲ့ လက်မရာပဲနဲ့တူတယ်။ စာအိတ်ကလည်း စာအိတ်ကောင်း၊ စာရေးစက္ကူက လည်း စက္ကူကောင်း။ အနည်းဆုံး တစ်ရာကို သုံးကျပ်လောက် ပေးရမယ်။ စာထဲမှာ လက်မှတ်လည်း မထိုးဘူး။ နေရပ်လည်း မပါဘူး။ ရက်စွဲလည်း မပါဘူး။ ကိုင်း...ကိုင်း ...စာထဲမှာ ဘာပါသလဲ ကြည့်ရအောင်” ဟု ပြောလျက် မောင်စံရှားလည်း အောက်ပါအတိုင်း ဖတ်လေ၏။