Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - တဂူကူးကူနှင့်အခြား၀ထ္ထုတိုများ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

တဂူကူးကူး

တစ်နေ့သ၌ ကျွန်တော်နှင့် ဦးစံရှားတို့သည် ဘိုကလေးဈေးလမ်းသို့ ပြောင်း ရွှေ့ နေထိုင်ကြပြီးနောက် ကျွန်တော်တစ်ယောက်တည်း လက်ဖက်ရည်သောက် လျက်ရှိစဉ် ဦးစံရှားသည် ပြန်ရောက်ဖို့ အချိန်မတန်သေးမီ တိုက်ပေါ်သို့ ဖျာယီ ပျာယာ တက်လာ၍ ... ။

ကိုင်း.... ဦးသိန်းမောင်၊ တိုက်အောက်မှာ တက္ကစီစောင့်နေတယ်၊ နှစ်ရက် လောက် ခရီးထွက်ကြဖို့ ကိစ္စတစ်ခု ပေါ်လာတယ်။ ခင်ဗျား ပြင်ဆင်ဖို့ ဆယ်မိနစ် ထက် ပိုပြီး အချိန်မပေးနိုင်ဘူး။ မြန်မြန်လုပ်ပေတော့”

ဟု ပြောသဖြင့် ...

“ခင်ဗျား လုပ်လိုက်မှဖြင့် ဒီကိန်းချည်းပဲဗျာ၊ ဘာကိစ္စတဲ့တုံး” ဟု မေးရာ ဦးစံရှားက ...

“အချိန်မရှိဘူးဗျ၊ လမ်းကျမှ ပြောမယ်၊ မြန်မြန်လုပ်ဗျ” ဟု ပြောပြောဆိုဆို အတွင်းခန်းသို့ ဝင်သွားလေ၏။

ဦးစံရှားသည် ကျွန်တော့်အား ကျောင်းဆရာက ကျောင်းသားကို နိုင်သလို နိုင်နေပြီဖြစ်သောကြောင့် ညည်းညူရန် မဝံ့တော့ဘဲ လဲလှယ်ရန် အဝတ်အနည်း ငယ်မျှကို သားရေအိတ်တစ်လုံးထဲသို့ ထိုးသိပ်ထည့်ကာ တိုက်ပေါ်မှ ဆင်းလာကြ ပြီးနောက် မော်တော်ကားပေါ်သို့ တက်ကြလေ၏။

ထို့နောက် ဦးစံရှားက ဒရိုင်ဘာအား “ပြည်လမ်းမကြီးအတိုင်း မောင်းကွယ်” ဟု ပြောသဖြင့် မော်တော်ကားလည်း ပုဇွန်တောင်ဘက်မှဖြတ်၍ ပြည်လမ်းဘက်သို့မောင်းလာလေ၏။ လမ်းခရီး၌ ကျွန်တော်သည် ဦးစံရှား၏မျက်နှာရိပ် မျက်နှာကဲ ကို ကြည့်ပြီးနောက် .... ။

ခင်ဗျားအမှုက လူသတ်မှုထက်တော့ မငယ်ဘူးထင်တယ်ဗျ၊ ဟုတ်ကဲ့လာ”

ဟု မေးလိုက်မိလေ၏။

အစစ်ပေါ့ ကိုသိန်းမောင်၊ အမှုက ရိုးလွန်းရှင်းလွန်းအားကြီးလွန်းလို့ သဲလွန် စကောက်ဖို့ ခပ်ခက်ခက် ဖြစ်နေတယ်ဗျ”

ရှင်းတာနဲ့ ပိုပြီးခက်နေသလား ဆရာကြီးရယ်”

ပြောတော့ ခွပြောတယ် ထင်ရလိမ့်မယ်၊ နို့ပေမဲ့ ရှုပ်တဲ့အမှု ဆန်းတဲ့အမှု မျိုးမှာ သဲလွန်စတွေ့ရရင် ကွက်ခနဲ မြင်နိုင်တယ်။ အမှုက ရှင်းရှင်းကြီး စင်းစင်းကြီး ဖြစ်နေပြီဆိုမှဖြင့် သဲလွန်စရှာရတာ အင်မတန်ခက်တယ်ဗျ”

ဆိုစမ်းပါဦးဗျ၊ ခင်ဗျားအမှုက”

ညောင်ပင်လှရွာဆိုတာ ဘူတာနဲ့ ပြည်လမ်းကြီးအကြားမှာ အိမ်ခြေတစ် ထောင်လောက်ရှိတဲ့ ရွာကြီးပေါ့ဗျ။ အဲဒီရွာမှာ အညာတစ်ခွင်က ကြွယ်ဝပြီး ပြန်လာ တဲ့ မြေပိုင်ရှင် ဦးသိန်းဇံနဲ့ သမီး မသိန်းညွန့်ဆိုတာ ရှိသဗျ။ ဦးသိန်းဇံက အညာ မှာတုန်းက သိကျွမ်းလာခဲ့တဲ့ ဦးတုတ်ပေါဆိုတဲ့ လူကြီးကို ဧက ၅၀ လောက်ရှိတဲ့ `လယ်ကြီးတစ်ကွက်ကို အခမဲ့ လုပ်စားဖို့ ပေးထားသတဲ့ဗျ။

ဦးတုတ်ပေါမှာ မောင်သန်းထွန်းဆိုတဲ့ သားတစ်ယောက်ရှိတယ်။ လူကြီး နှစ်ဦးစလုံးက မုဆိုးဖိုချည်းပဲ။ တစ်ယောက်နဲ့တစ်ယောက် အင်မတန်ခင်မင်ကြ သတဲ့။ ကိုင်း ... ဖြစ်ပျက်ပုံကို ပြောတော့မယ်။

လွန်ခဲ့တဲ့ တနင်္လာနေ့ ညနေ ၃ နာရီ အချိန်လောက်မှာ ဦးတုတ်ပေါက အိမ်က တစ်ယောက်တည်း ထွက်လာပြီး သာဓုကန်ဆိုတဲ့ ရေအိုင်ကလေးဘက်ကို လျှောက်သွားသတဲ့ဗျ။

အဲဒီနေ့မနက်က ဦးတုတ်ပေါဟာ ဘူတာကို တပည့်တစ်ယောက်နဲ့ သွား သေးသတဲ့။ ပြန်လာတော့ ချိန်းထားတဲ့ကိစ္စကလေးတစ်ခု ရှိသေးလို့ သူ့တပည့်ကို ပြောခဲ့ပြီး ထွက်လာခဲ့သတဲ့။ ထွက်သွားရာကနေပြီး ဦးတုတ်ပေါပြန်မလာတော့ဘူး”

ဘယ်ရောက်သွားသလဲ”

နေဦးဗျ၊ သာဓုကန်နဲ့ ရွာနဲ့က မိုင်တစ်ပတ်လောက်ဝေးတယ်။ လမ်းခရီးမှာ ဦးတုတ်ပေါကို မြင်လိုက်တဲ့ လူနှစ်ယောက်ရှိတယ်။ တစ်ယောက်က မိန်းမကြီး၊နာမည်ကတော့ ကျုပ် မေ့သွားပြီ။ ဒုတိယတစ်ယောက်က ဦးသိန်းဇံရဲ့ အစေခံ ကိုတိုင်းကျော်တဲ့။

မြင်လိုက်ရသူနှစ်ယောက်လုံးက ဦးတုတ်ပေါဟာ တစ်ယောက်တည်း ခြေကျင်လျှောက်သွားတယ်လို့ ထွက်ဆိုကြတယ်။

ကိုတိုင်းကျော်ဆိုတဲ့ အစေခံကတော့ ဦးတုတ်ပေါနဲ့တွေ့ပြီး နောက် များ မကြာမီအတွင်းမှာ သူ့သား မောင်သန်းထွန်းဟာ သေနတ်ထမ်းပြီး လိုက်သွားတာ မြင်လိုက်တယ်လို့ ပြောတယ်တဲ့ဗျ။

ကိုတိုင်းကျော်ကလည်း အမှတ်တမဲ့နေမိတာ ဦးတုတ်ပေါ သေပြီဆိုတော့မှ ဒီအကြောင်းကို ဖြုန်းခနဲ သူ သတိရမိသတဲ့ဗျ။

သူတို့ သားအဖကို ဒီပြင် မြင်လိုက်တာ ရှိသေးတယ်။ ရွာထဲက သောင်းကြည်ဆိုတဲ့ မိန်းကလေးဟာ ရေကန်နားမှာ ပန်းခူးနေတုန်း သားအဖ နှစ်ယောက် ရေကန်တစ်ဖက်ကမ်းမှာ ရန်ဖြစ်နေတာ မြင်ခဲ့ရတယ်တဲ့ဗျ။

အဖေလုပ်တဲ့လူက ဒေါသတကြီးနဲ့ အော်လားငေါက်လားလုပ်တော့ သား လုပ်တဲ့လူက လက်သီးနဲ့ထိုးတော့မလို့ လက်ကိုမြှောက်လိုက်တာ မြင်လိုက်ရတယ် တဲ့ဗျ။

ဒါနဲ့ မိန်းကလေးက ကြောက်အားလန့်အားနဲ့ အိမ်ပြန်ပြေးလာပြီး သားအဖ နှစ်ယောက် ရန်ဖြစ်နေကြတယ်လို့ သူ့အမေကို ပြောပြတာကိုးဗျ။

ဒီလိုပြောတုန်းမှာပဲ မောင်သန်းထွန်းက ပျာယီးပျာယာပြေးလာပြီး အဖေ သေနေတာ တွေ့ရပါတယ်လို့ ပြောပြီး မိန်းကလေးရဲ့ အဖေနဲ့ ရွာသားတွေကို ခေါ်သွားတယ်တဲ့ဗျ။ မောင်သန်းထွန်းရဲ့ လက်မှာ သေနတ်လည်းမပါဘူး။ သူ့အင်္ကျီ လက်မောင်းမှာလည်း သွေးတွေပေလို့တဲ့ဗျ။

ဒါနဲ့ ရွာသားတွေ ဝိုင်းလိုက်သွားကြတော့ ဦးတုတ်ပေါဟာ ရေကန်နားမှာ စင်းစင်းကြီးသေလို့တဲ့ဗျ။ သူ့ခေါင်းမှာ တစ်စုံတစ်ခုနဲ့ဆောင့်ထားတဲ့ ဒဏ်ရာမျိုးလို ကြေမွနေတာ တွေ့ကြရသတဲ့ဗျ။

ဒဏ်ရာအခြေအနေက သေနတ်ဒင်နဲ့ ဆောင့်တဲ့ ဒဏ်ရာမျိုးဖြစ်မယ်ဆို ဖြစ်နိုင်သတဲ့ဗျ။ သေနတ်ကိုလည်း အလောင်းနားမှာ တွေ့ကြရသတဲ့။

ဒီတော့ ဘာပြောစရာရှိသလဲ၊ မောင်သန်းထွန်းကို လူသတ်မှုနဲ့ ဖမ်းချုပ် လိုက်ကြတာပေါ့။ အဲဒီအထိ ပုလိပ်များစစ်လို့ သိထားရသေးတာပဲဗျ”

ဒီအတိုင်းဆိုရင်တော့ ဒီအမှုလောက် ထင်ရှားတဲ့ လူသတ်မှုဟာ ခပ်ရှားရှား နေလိမ့် ထင်ပါလားဗျ”