Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - စန္ဒာဒေ၀ီ

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out

အခန်း (၁)

ကျွန်ုပ်မှာ ၁၂၂ဝ ပြည့်နှစ်တွင် မင်းလက်ဝဲသုန္ဒရကို အစွဲပြု၍ နာမည်ကြီးခဲ့သည့် မန်ကျည်းတုံရွာ၌ မွေးဖွား၍ ငါးနှစ်သားအရွယ်ခန့် တွင် အရူးမကြီးတစ်ယောက်သည် ကျွန်ုပ်၏လက္ခဏာကို ကြည့်ပြီးလျှင် ကြီးပြင်းသောအခါတွင် ကျွန်ုပ်သည် စီးပွားဥစ္စာကိုဖြစ်စေ၊ ချစ်ကြိုက်သော မိန်းမကိုဖြစ်စေ သက်သာစွာနှင့်မရဘဲ အခက်အခဲအမျိုးမျိုးနှင့် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ပြီးမှ ရနိုင်လိမ့်မည်အကြောင်းနှင့် ဟော ပြောခဲ့ဖူး၏။ မိခင်ဖြစ်သူက အရူးမကြီးအား ထပ်လောင်း၍ မေးခွန်းထုတ်သောအခါ အရူးမကြီးသည် ဖြေဆိုခြင်းမပြုတော့ဘဲ “ဂျီးပေဂျီ၊ ပေထီး၊ ဂျီးပေဂျီး ပေထီး” ဟု ပါးစပ်ဆိုင်းတီးကာ ထွက်သွားလေရာ သူရင်းငှား များက ခွေးနှင့် ရှူးတိုက်၍ လွှတ်လိုက်ကြ၏။ ကြီးပြင်းလာသည့်နောက် ကျွန်ုပ်၏အဖြစ်အပျက်များကို ပြန်ပြောင်းဆင်ခြင်လိုက်သည့်အခါ ကလေးစကား၊ အရူးစကား၊ သဘင်သည် စကားတို့သည် မှန်ကန်တတ် သည်ဆိုခြင်းမှာ ဟုတ်တုတ်တုတ် ရှိပေသည်ဟု စဉ်းစားမိ၏။

ကျွန်ုပ်၏ဖခင်မှာ “မြင်းနယ်သား” ဖြစ်သည့်အလျောက် မင်းတုန်းဘုရင်လက်ထက်တွင် မြင်းတပ်ဆိုင်ရာ အရာရှိတစ်ယောက်အဖြစ်နှင့် အမှုထမ်းခဲ့ဖူးရာ မဟုတ်လျှင် မခံချင်တတ်သော ဝါသနာရှိသူတစ်ယောက် ဖြစ်၍ အထက်အရာရှိကြီးများနှင့် မသင့်မတင့်ရှိရာတွင် ကြာရှည်စွာ အမှုထမ်းပါက အသက်ဆုံးရှုံးဖွယ်ရှိသည့်အရေးကို သိမြင်သည်နှင့် ဥပါယ်တံမျဉ်ဖြင့် ရာထူးမှ နုတ်ထွက်၍ ဇာတိဖြစ်သော မန်ကျည်းတုံရွာ သို့ ပြန်လာခဲ့လေ၏။ ထို့နောက်မှ ဆွေကြီးမျိုးကြီးဖြစ်သူ ကျွန်ုပ်၏မိခင် နှင့် ထိမ်းမြား၍ တောင်သူဘာဝ လုပ်ကိုင်စားသောက်ခဲ့လေသည်။

ဖခင်မှာ ပညာလိုလားသူ တစ်ယောက်ဖြစ်သည်နှင့် ကျွန်ုပ်အား ရွာကျောင်းတွင် မထားဘဲ ကိုးကြောင်းတွက်နည်းတွင် နာမည်ကြီးခဲ့သည့် ရွှေဘိုမြို့ရှိ ဘုန်းကြီးဦးကေသရ၏ ကျောင်းတွင် အပ်နှံထားခဲ့ရာ သီတင်း ကျွတ်ကာလအခါတွင် နေ့ကြီးရက်ကြီးဖြစ်သည့်အလျောက် မန်ကျည်း တုံရွာသို့ လေးငါးရက်ခန့်မျှ အလည်အပတ် ပြန်လာခဲ့ရ၏။ ဦးကေသရ၏ကျောင်း၌ သုံးလေးနှစ်မျှ ပညာသင်ကြားရသောအခါ ကျွန်ုပ်မှာ သဒ္ဒါ၊ သဂြိုဟ်စသော ဘာသာရေးဆိုင်ရာ စာများအပြင် ရွှေချိန်တွက်နည်း၊ သစ်တွက်နည်း၊ တင်းရေနှင့် စပါးနှံ တွက်နည်းစသည်တို့ကို ကောင်းမွန် စွာ တွက်ချက်နိုင်ပေ၏။ ထိုစဉ်အခါက ဤမျှလောက် တွက်ချက်နိုင် လျှင် လူတော်တစ်ယောက်ဟူ၍ အသိအမှတ်ပြုခြင်းခံရ၍ အရေးရှိလျှင် လာရောက်မေးမြန်းတတ်ကြ၏။

၁၂၃၈ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့၌ ကျွန်ုပ်သည် မန်ကျည်းတုံရွာမှ ရွှေဘိုမြို့ ဦးကေသရကျောင်းသို့ ပြန်မည်ဟု လွယ် အိတ်တစ်လုံးနှင့် ထွက်လာခဲ့ရာ ဖွတ်လှိုင်းရွာတွင် ညဉ့်အိပ်မည်ဟု အကြံ ရှိသောကြောင့် အတော်ကြီးနေစောင်းမှ ခပ်သုတ်သုတ် လျှောက်လာခဲ့၏။ ရွာမှထွက်လာ၍ တစ်မိုင်ခန့်မျှ မရောက်သေးမီ မိုးကြီးသည် မဆင် မပြင်ဘဲ သည်းထန်စွာ ရွာသွန်းချလိုက်လေရာ ဦးခေါင်းပေါ်၌ ဆောင်းထားသော ခမောက်မျှလောက်သည် အကွယ်အကာ မရနိုင်ဘဲ တစ်ကိုယ် လုံးမှာ ရေများတွင် နှစ်လိုက်ဘိသကဲ့သို့ ရွှဲရွှဲစိုလျက် ဖြစ်သွားလေတော့၏။ .

တည်းခိုရမည်ဖြစ်သော ဖွတ်လှိုင်းရွာမှာ ခုနစ်မိုင်ခန့် ဝေးသေး၍ မန်ကျည်းတုံရွာမှာ တစ်မိုင်ခန့်သာ ကွာသေးရကား များစွာသော ကျောင်း သားတို့မှာ ဤအခြေအနေမျိုး၌ နေအိမ်သို့လှည့်၍ ပြန်ကောင်းပြန်ကြ ပေမည်။ ကျွန်ုပ်မူကား ထိုကဲ့သို့မဟုတ်၊ သွားရမည်ဆိုလျှင် သွားရမှ စိတ်ကျေနပ်တတ်သောကြောင့် မိုးကြီးထဲတွင် အားခဲ၍ လျှောက်လာခဲ့လေ၏။ ထိုသို့ ပြုခဲ့ခြင်းမှာ ပညာကို လိုလားလှသောကြောင့်မဟုတ်၊ မလျှော့ချင်သော ဝါသနာအလျောက်သာ ဖြစ်ချေ၏။

မန်ကျည်းတုံရွာမှ ရွှေဘိုသို့သွားရသောလမ်းမှာ ယခုအခါကဲ့သို့ မူးရိုးတစ်လျှောက်၊ ရထားလမ်းတစ်လျှောက် မဟုတ်ဘဲ မထင်ရှားသော လှည်းလမ်းကြောင်းမျှကို ခန့်မှန်း၍ လိုက်ရခြင်းဖြစ်လေရာ လှည်းလမ်းကြောင်းတို့မှာလည်း ဤနေရာ၊ ထိုနေရာစသည်တို့တွင် အစိတ်စိတ် အမြွာမြွာရှိနေသောကြောင့် လမ်းမှားနိုင်ရန် လွယ်ကူလှပေ၏။

မိုးတွင်မျှမက လေပြင်းမုန်တိုင်းသည်လည်း တိုက်ခတ်ပြန်ပေရ ကား ကျွန်ုပ်သည် ခမောက်ကလေးကို မကျွတ်မလွင့်စေရန် လက်တစ် ဖက်ဖြင့် ဖိနှိပ်ထား၍ လက်တစ်ဖက်ဖြင့် ဝါးရင်းတုတ်တစ်ချောင်းကို ကိုင်ကာ တဖြောင်းဖြောင်း သွန်၍ချနေသော မိုးကြီးထဲတွင် ခါးတောင်း တလျှားလျှားနှင့်ကုပ်၍ လျှောက်လာ၏။ လှည်းလမ်းကြောင်းတို့မှာ တစ်ခဏချင်းတွင် ရေဖြင့်ဖွေးလျက်ရှိရာ လမ်း၏အစွန်းကိုနင်းမိသဖြင့် မကြာခဏခြေချော်၍ တဗိုင်းဗိုင်းလဲ ရသေး၏။ . ။

တစ်နာရီကျော်ကျော်မျှ လျှောက်မိလေလျှင် လှည်းလမ်းသည် မြောက်ဘက်သို့ သွားရမည့်အစား အနောက်ဘက်သို့ လှည့်နေသည်ကို တွေ့ရလေရကား ကျွန်ုပ်မှာ လမ်းမှားလာခဲ့ချေပြီဟု သိရှိရ၏။ မည်သည့်အား စူးစိုက်ကာလှမ်းကြည့်လိုက်စဉ် ချီလျက်ရှိသော မျက်ခုံးတို့သည် စိမ်းလဲ့လဲ့ရှိ၍ အဖျားတစ်ဖက်တစ်ချက်တို့မှာ ဖြောင့်တန်းလျက်ရှိကြောင်း တွေ့မြင်မိလေ၏။

လမ်းညွှန်တဲ့နေရာမှာ ဒီက ဝိတ်ပဲ၊ ဒီကနေ့ည ဘယ်ရောက်အောင် သွားချင်တာလဲ...ပြောစမ်း”

ဖွတ်လှိုင်းမှာအိပ်ဖို့ ကြံပါတယ်”

ဒါဖြင့် နောက်ပြန်၊ တစ်ခေါ်လောက်မှာ ပြောင်းခင်းတွေ့လိမ့်မယ်၊ လက်ဝဲဘက်ကိုချိုး၊ ငါးရတွင်းလောက်လျှောက်၊ ကုန်းကလေးတွေ့၊ နေကိုဘယ်ဘက်မှာထား၊ တည့်တည့်ကြီးလျှောက်၊ ချောင်းကလေးရောက်။ ထန်းပင်ညီနောင်တွေ့၊ လက်ယာဘက်ချိုး၊ လမ်းအတိုင်းလိုက်၊ လက်ဦး တွေ့တာ ဖွတ်လှိုင်းရွာပဲ” .

ကျွန်ုပ်သည် ကျေးဇူးတင်ပါကြောင်းပြော၍ အညွှန်းအတိုင်း လှည့် ၍ပြန်ကာ လျှောက်လာခဲ့ရာ ဝင်းထောင့်အရောက်တွင် သူငယ်မကို လှည့် ၍ကြည့်လိုက်ပါသော်လည်း သူငယ်မသည် ကျွန်ုပ်ကဲ့သို့သော သတ္တဝါ တစ်ယောက်ကို ရှိလေသည်ဟူ၍မျှ အမှတ်ရဟန် မတူဘဲ...

ချစ်တဲ့သူ ကြိုက်တဲ့သူရယ်၊ သခင် မြင်လာဦးကွယ် xx ဘုန်း ကြွယ်ကြွယ်x x x”

ဟူသော တေးချင်းကို ဆက်လက်သီဆိုလျက် ရှိလေ၏။

ထိုအချိန်၌ မိုးသည် ဆက်လက်ရွာသွန်းလျက်ပင် ရှိသေးသော ကြောင့် ကျွန်ုပ်တစ်ကိုယ်လုံးမှာ အရိုးသို့ခိုက်အောင် ချမ်းစိမ့်လျက်ရှိသော် လည်း သူငယ်မ၏လတ်ဆတ် ကြည်ရွှင်သော တေးချင်းသံကို ကြားရ ခြင်းမှာ တဟုန်းဟုန်းတောက်လောင်နေသော မီးဖိုကြီးကို မြင်လိုက်ရ သကဲ့သို့ ချမ်းအေးခြင်းမှ သက်သာရာရ၍ အင်အားတောင့်တင်းခြင်းကို ဖြစ်စေနိုင်ပေ၏။

၎င်းနောက် ကျွန်ုပ်သည် လမ်းညွှန်လိုက်သည့်အတိုင်း လိုက်ခဲ့၍ ပြောင်းခင်းကို လည်းကောင်း၊ ကုန်းကလေးကိုလည်းကောင်း၊ ချောင်း ကလေးကိုလည်းကောင်း တွေ့ရပြီးနောက် ဆက်လက်လျှောက်သွားခဲ့ရာ ထန်းပင်ညီနောင်ကို မတွေ့ရမီ နေလုံးကွယ်ပျောက်ရုံမျှမက အမှောင်သို့ ရောက်ခဲ့လေ၏။

ထိုနေ့မှာ လပြည့်ကျော် ၅ ရက်နေ့ဖြစ်သောကြောင့် လထွက်ရန် အချိန်မှာ အတော်ပင်လိုပေသေးရာ ကျွန်ုပ်သည် မှောင်ထဲတွင် လမ်းကို စမ်းမှန်းကာ လျှောက်လာစဉ် လမ်း၏လက်ဝဲဘက် တစ်ခေါ်လောက်တွင် မီးရောင်ကလေးတလက်လက် မြင်ရသည်နှင့် တဲကလေးများ တွေ့ရချေ မည်လောဟု နားနေရန် လမ်းမှချိုး၍ လိုက်လာခဲ့လေ၏ ။ အနီးသို့ရောက်သောအခါ နွားတင်းကုပ်ဟောင်းတစ်ခုအောက်တွင် လူတစ်ယောက် သည် မီးပုံတစ်ခုအနီး၌ တင်ပျဉ်ခွေလျက် ဟောပြောသောအနေဖြင့် သြဝါဒပေးလျက်ရှိသည်ကို မိန်းမတစ်စုတို့က ပြားပြားဝပ် ကြားနာလျက် ရှိသည်ကို တွေ့မြင်ရလေ၏။ ကျွန်ုပ်သည် မည်သို့သောစကားမျိုးဖြစ် လေသည်ဟု မှောင်ရိပ်မှ တန့်ရပ်ကာ နားထောင်လျက်ရှိစဉ် ထိုလူကြီးက အလွန်စိတ်အားထက်သန်သော အမူအရာဖြင့် အောက်ပါအတိုင်း ပြော ဟောလျက်ရှိလေ၏။ ။

လောကမှာ ဘာအရေးကြီးသလဲ၊ ဥစ္စာပစ္စည်း အရေးကြီးသလား”

“မကြီးပါဘူး ဆရာကြီး”

“လင်သား အရေးကြီးသလား”

“မကြီးပါဘူး ဆရာကြီး”

“သားသမီး အရေးကြီးသလား”

“မကြီးပါဘူး ဆရာကြီး “ဒါဖြင့် ဘာအရေးကြီးသလဲ”

ဆရာကြီးနဲ့ တွေ့ဆုံကြုံကြိုက်ဖို့ အရေးကြီးပါတယ်”

“တွေ့ဆုံကြုံကြိုက်တော့ ဘာဖြစ်သလဲ”

“နတ်ပြည်ရောက်တာနဲ့ အတူတူပါပဲဆရာကြီး”

နတ်ပြည်ကို အရှင်လတ်လတ် ရောက်ရခြင်းနဲ့တူတယ်ဟုတ်စ”

“မှန်ပါတယ် ဆရာကြီး”

“လူတိုင်း လူတိုင်း တွေ့ဆုံကြုံကြိုက်နိုင်သလား”

“မတွေ့ဆုံ၊ မကြုံကြိုက်နိုင်ပါဘူး ဆရာကြီး”

“ဘယ်လိုလူမှ တွေ့ဆုံကြုံကြိုက်နိုင်သလဲ”

“ကျုပ်တို့လို ပါရမီရင့်တဲ့ မိန်းမများမှ တွေ့ဆုံကြုံကြိုက်နိုင်ပါတယ်”

ထိုအခါ ကျွန်ုပ်သည် အောက်လမ်းဂိုဏ်းအကြောင်းကို ကြားရဖူး သည်နှင့် ထိုမိန်းမများ၏ မိုက်မဲခြင်းကို စဉ်းစားမိသဖြင့် ရယ်ချင်လှသည် နှင့် မိခနဲရယ်လိုက်မိရာ မိန်းမပရိသတ်သည် ကျွန်ုပ်၏ ရယ်သံကို ကြား သဖြင့် လှည့်၍ကြည့်လိုက်ကြသည်တွင် ကျွန်ုပ်ကို တွေ့မြင်သွားကြလေ၏။

ဟောဟိုမှာ လူတစ်ယောက် ဆရာကြီး”

“ဟေ့... မင်းဘယ်သူလဲ၊ ဘာလာပြီး နှောင့်ယှက်တာလဲ”

“ကျွန်တော် ခရီးသွားတစ်ယောက်ပါ၊ နှောင့်ယှက်တာ မဟုတ်ရပါ”

“သူလျှိုထင်တယ် ဆရာကြီး”

ထိုအခါ ကျွန်ုပ်သည် အကြားအမြင် နည်းပါး၍ စဉ်းစားဉာဏ် ခေါင်းပါးသော မိန်းမမိုက်များကို လှည့်ဖြားသွေးဆောင်တတ်သော အောက်လမ်းဂိုဏ်းဆရာကြီး ဦးသာဂိအကြောင်းများကို အတန်ငယ် ကြားရဖူးသည်နှင့် စက်ဆုပ်ရွံရှာခြင်း ဖြစ်မိသော်လည်း ကျွန်ုပ်၏စိတ် သဘောကို ထုတ်ဖော်၍မပြဘဲ ပူနွေးသော မီးပုံတွင် လှုံချင်သောဆန္ဒဖြင့် သူလျှို မဟုတ်ပါကြောင်း ပြောပြလေ၏။

ထိုအခါ ဦးသာဂိသည် ကျွန်ုပ်ကိုခေါ်ငင်၍ မီးပုံရှေ့တွင် ထိုင်စေ

နိဒါန်း

ကျွန်တော်သည် စပ်ကူးမပ်ကူးကာလ အတော အတွင်း၌ များစွာသော “အခြားကလောင်သမား” များ နည်းတူ ကုန်သည်ယောင်ယောင်၊ ပွဲစားယောင်ယောင်၊ ဈေးသည်ယောင်ယောင်၊ “ယောင်သုံးဆယ်” အဖြစ်နှင့် ဖခင်၏ဇာတိဖြစ်သော မန်ကျည်းတုံရွာတွင် နှစ်နှစ်ကျော် သုံးနှစ်ခန့်မျှ နေထိုင်လျက်ရှိစဉ် နံနက်ခင်း အချိန်များတွင် ခြေကျင်ဖြစ်စေ၊ မြင်းတစ်စီးနှင့်ဖြစ်စေ ရွာနီးချုပ်စပ် အရပ် ဒေသများသို့ လှည့်လည်သွားရောက် မွှေနှောက်ကြည့်ရှုခဲ့ပါ သည်။ ယင်းသို့ရှိစဉ် ရွာ၏မြောက်ဘက် ၅ မိုင်ထက် မလှမ်းသောအရပ်ရှိ ကုန်းမြင့်ကလေးတစ်ခုပေါ်တွင် သစ်သားဝင်း ထရံဖြင့် သပ်ရပ်စွာကာရံလျက် ပျဉ်အုတ်ကြွပ်မိုး၍ သစ်သား ဖြင့် ထရံကာပြီးလျှင် ဆင်ဝင်၊ ခါးပန်းဖြူ၊ ပန်းဆွဲဖြူ စသည် တို့ဖြင့် သေသပ်စွာ ဆောက်လုပ်ထားသော ဘိုအိမ်ကြီး တစ်ဆောင်ကို လမ်းနှင့်တစ်ခေါ်လောက်အကွာတွင် တွေ့မြင်ရပါသည်။

ပထမ၌ ကျွန်တော်မှာ ထိုအဆောက်အအုံကို ဘုန်း ကြီးကျောင်း မှတ်ထင်ခဲ့မိရာ တစ်နေ့သောနံနက်တွင် မီးခြစ် ကို မေ့ထားခဲ့၍ ဆေးတံသောက်ချင်လှသည်နှင့် မီးဝင်၍တောင်းသည်တွင်မှ ဘုန်းကြီးကျောင်းမဟုတ်၊ လူနေသော အိမ်ကြီးဖြစ်ကြောင်း သိရှိရပါသည်။ ကျွန်တော်သည် မြင်း ပေါ်မှဆင်း၍ မြင်းကို ဝင်းတံခါး၌ ချိတ်ထားပြီးလျှင် ပန်းပင် ကလေးများကို ကတ်ကြေးတစ်ချောင်းဖြင့်ညှပ်ကာ ပြုပြင်ပေး နေသည့် အဘိုးကြီးတစ်ယောက်ကို မြင်သည်နှင့် မီးခြစ်တောင်းမိရာ အဘိုးကြီးသည် သူငယ်တစ်ယောက်ကို လှမ်း ခေါ်၍ မီးခြစ်ယူခဲ့ရန် ပြောပြီးနောက် ကျွန်တော်၏လူပုံပန်း ကို အကဲခတ်ဟန်နှင့်ကြည့်၍.. ။

“လက်ဖက်ရည် တစ်ပန်းကန်လောက် သောက်သွားပါဦး”

`ဟုဆိုကာ နေရာထိုင်ခင်း ပေးလေ၏။

ကျွန်တော်သည် ဆေးတံကို ဆေးထည့်၍ မီးညှိကာ သောက်ရင်း ကြိမ်ချုပ်ကရားမှ ငဲ့ထည့်ပေးသော လက်ဖက် ရည်ကြမ်း တစ်ပန်းကန်ကို သောက်လျက်ရှိစဉ် အဘိုးကြီး၏ ရုပ်လက္ခဏာကို အကဲခတ်မိရာ ထိုလူကြီးမှာ လူပင်အိုသော် လည်း ပျိုနုသောစိတ်နှင့် ဖျတ်လတ်သော အမူအရာရှိသေးကြောင်း အကဲခတ်မိလေ၏။ ၎င်းနောက် ကျွန်တော်၏ အလုပ်အကိုင်အကြောင်းကို မေးသည်နှင့် ကလောင်တံဖြင့် အသက်မွေးခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ယခု စပ်ကူးမပ်ကူး ကာလဖြစ်သည်နှင့် ကုန်ရောင်းကုန်ဝယ် အလုပ်ဖြင့် ကြံဖန်၍ အသက်မွေးနေရကြောင်းများနှင့် ပြောပြသည်တွင်...

မောင်တို့က အရောင်းအဝယ်နဲ့ စီးပွားရှာရတဲ့ ကုန်သည်အလုပ်ကို အနုပ်စုတ်ကုပ်စုတ် အောက်မေ့ပြီး မင်းမှုထမ်း လခစားအလုပ်ကိုမှ အမှန်ထင်ကြဟန်တူတယ်”

ထင်ကြတဲ့လူများက ထင်ကြပါစေဦးရယ်၊ သို့သော် ဒီလိုထင်တဲ့အထဲမှာ ကျွန်တော် မပါပါဘူး။ ဝါသနာ အလျောက် ကလောင်တံနဲ့ အသက်မွေးခဲ့သော်လည်း စီးပွား ရှာတဲ့နေရာမှာ ကုန်သည်များမှ တကယ် ကြီးပွားနိုင်ကြောင်း ကို ကျွန်တော်ကိုယ်တိုင် အကြိမ်ကြိမ်ထောက်ခံပြီး ရေးခဲ့သား ခဲ့ဖူးပါတယ် ဦး ခင်ဗျာ”

အဘိုးကြီးသည် ကျွန်တော်၏စကားကို ကျေနပ်ဟန် လက္ခဏာရှိသည်နှင့် ကျွန်တော်၏မျိုးရိုးဇာတိနှင့်တကွ လွန်ခဲ့သော အဖြစ်အပျက်များကို မေးမြန်းရာ ကျွန်တော်၏ အဖြေစကားများကို ပိုမို၍ကျေနပ်သဘောကျဟန် လက္ခဏာ နှင့် ဤဒေသတွင် ကျွန်တော် နေထိုင်လျက်ရှိသည့် အတော အတွင်း ၎င်း၏နေအိမ်သို့ ရံဖန်ရံခါ ဝင်ရောက်ခဲ့ပါလျှင် ၎င်းထံမှ မှတ်လောက်သားလောက်၊ နည်းယူလောက်သော အဖြစ်အပျက် အခြင်းအရာများကို ကြားနာရမည်ဖြစ်ကြောင်း များနှင့် ပြောဆိုကာ ဖိတ်မန္တက ပြုလေ၏။ ။

ကျွန်တော်လည်း ၎င်း၏ ဖိတ်ကြားခြင်းကို ဝမ်း မြောက်ဝမ်းသာ လက်ခံပြီးလျှင် ထိုနေ့မှစ၍ နံနက်တိုင်း အခြားနေရာသို့ မသွားတော့ဘဲ အဘိုးကြီး၏နေအိမ်သို့ မှန်မှန်ကြီး သွားရောက်ဝင်ထွက်ခဲ့လေ၏။

နောက်ရက်များ၌ ကျွန်တော်သည် အဘိုးကြီးပြောပြ သည့် အဖြစ်အပျက်အခြင်းအရာများတွင် အမျိုးသားတို့အတွက် အသက်ကိုစွန့်ကာ ဆောင်ရွက်ခဲ့ပုံ၊ မဆုတ်မနစ်သော လုံ့လ၊ မလျှော့သောဇွဲ၊ ထက်မြက် သောစိတ်ကူးဉာဏ် တို့ဖြင့် စီးပွားရှာခဲ့ပုံ၊ မိမိနှင့်အဆင့်အတန်းချင်း အလွန် ကွာခြားလှသော မိန်းမတစ်ယောက်ကို မိမိထက် နေရာ တကာတွင် ထူးကဲသာလွန်သော ယောက်ျားများနှင့်ယှဉ်ပြိုင်၍ လူပျိုလှည့်ခဲ့ရပုံ စသည်တို့ကို ကြားသိရသောအခါ စိတ်ကူး ဉာဏ်အရာ၌ ဦးစံရှားကိုလည်းကောင်း၊ သတ္တိအရာ၌ ကိုဇော်ဝိတ်ကို လည်းကောင်း ထိပ်တန်းထားမိခဲ့သည့်နည်း တူ လူနှင့်လူချင်း ဆက်ဆံခြင်းနှင့် ဇွဲသတ္တိကောင်းခြင်းအရာ ဌာနတွင် ဤလူကြီးကို ထိပ်ဆုံးတန်းမှ ထားခဲ့မိပါသည်။

ဤလူကြီးမှာ အသက် ၉၀ ခန့်ရှိသော်လည်း ၇၀ ကျော်အရွယ်ခန့် လောက်မျှသာ မှတ်ထင်ရပေရာ မင်းတုန်း မင်း၊ သီပေါမင်းနှင့် အင်္ဂလိပ်ခေတ်သို့တိုင်အောင် ခေတ်သုံး ဆက်မျှ စီးပွားရှာခဲ့၍ ကြီးပွားထွန်းကားခဲ့သည့်အလျောက် ပေါက်ဖွားခဲ့သော သားမြေးများအနက် မြေးတစ်ယောက်မှာ အိုင်စီအက်ဘွဲ့ခံ အစိုးရအမှုထမ်း၍လည်းကောင်း၊ သား တစ်ယောက်မှာ အရေးပိုင်၊ တစ်ယောက်မှာ -နယ်ပိုင်ဝန်ထောက်၊ တစ်ယောက်မှာ လယ်ဝန်၊ တစ်ယောက်မှာ ကုန် သည်ကြီး၊ တစ်ယောက်မှာ မြေပိုင်ရှင်၊ မြေးတစ်ယောက်မှာ ဆရာဝန်၊ တစ်ယောက်မှာ မင်းတိုင်ပင်အမတ်၊ တစ်ယောက် မှာ ရာဇဝတ်ဝန်ကလေးလည်းကောင်း၊ ထို့ပြင် မြေးမိန်းမတို့ မှာ မင်းကတော်၊ ဝန်ကတော်၊ သူကြီးကတော် စသည်တို့ သာလျှင် ဖြစ်နေကြရကား ဤလူကြီးသည် မိမိကိုယ်တိုင် ကြီးပွားထွန်းကားစေတတ်ရုံမျှမက မိမိ၏သွေးသားများကိုလည်း ကြီးပွားထွန်းကားစေရအောင် သွန်သင်ဆုံးမ သြဝါဒ ပေးနိုင်ပါသည်တကားဟု များစွာချီးမွမ်းမိပါပေ၏။

ယင်းသို့ဖြစ်ရကား ထိုလူကြီး၏ကြံပုံ၊ စည်ပုံနှင့် တကွ စိတ်နေသဘောထားတို့မှာ အမှန်စင်စစ် အတုခိုးနည်း ယူလောက်သူ ဖြစ်ပေသောကြောင့် ကျွန်တော်မှာ ၎င်း၏အဖြစ် | အပျက်အခြင်းအရာတို့ကို ကျွန်တော်၏ စကားဖြင့်မဟုတ်ဘဲ | ၎င်းကိုယ်တိုင် ရေးသားထားသည့် အလားကဲ့သို့ ခရေစေ့တွင်းကျ ဂနသေချာစွာ ရေးသားဖော်ပြလိုက်ရပေအံ့သတည်း။