Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ချစ်ပန်းပွင့်

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

ဇာတ်လိုက်

ဖဲသုံးချပ်ဇာတ်ကားကို ဘုရင့်ရုံ၌ ဆင်ဆာလူကြီးများအား ပြသ သောအခါတွင် ရုပ်ရှင်ကုမ္ပဏီ၏ ဖိတ်ကြားချက်အရ ဝတ်လုံတော်ရကြီး များ၊ သတင်းစာအယ်ဒီတာများ၊ စာရေးဆရာများ၊ ဘိုင်စကုပ်ဇာတ် လိုက်များမှစ၍ မြို့ပေါ်ရှိ လူကြီးလူကောင်းများနှင့် ရုပ်ရှင်လုပ်ငန်းဆိုင်ရာ ပညာသည်များ လာရောက်ကြည့်ရှုကြသည်ဖြစ်ရာ အဆိုပါ ပရိသတ်များ သာလျှင်မက အခြားကုမ္ပဏီပိုင်ရှင်ကြီးများကပင်လျှင် ဖဲသုံးချပ်ဇာတ် ကားမှာ ထိုအချိန်အခါထိ မြန်မာဇာတ်ကားများအနက်တွင် ခေတ်အဆန် ဆုံး၊ အဆင့်အတန်းအမြင့်ဆုံး၊ အခမ်းနားဆုံးဖြစ်ပေကြောင်းနှင့် ဝန်ခံခဲ့ကြ ရဖူးလေသည်။ ၄င်းဇာတ်လမ်း၌ အကြီးအမှူးဖြစ်သော ပုဂ္ဂိုလ်များမှာ ဇာတ်လိုက်မင်းသား မောင်စိုးတင့်၊ မင်းသမီး ခင်တင်နှင့် လူကြမ်း မောင်တင်ဖေတို့ဖြစ်လေရာ ၄င်းတို့အသီးသီးမှာလည်း “အက်တင်” ၌ လည်းကောင်း၊ အလွမ်းအသော၌လည်းကောင်း ပရိသတ်တို့၏စိတ်ကို ဆွဲငင်စွဲငြိစေလောက်အောင် စွမ်းဆောင်နိုင်သူများ ဖြစ်ကြပါပေသည်။ ဇာတ်ကွက်ဇာတ်လမ်းမှာလည်း အလွန်တရာ “စေ့” လှသည်ဖြစ်သော ကြောင့် ပရိသတ်တို့၏စိတ်ထဲ၌ အကျယ်ချဲ့လွန်းလှသည်ဟု ညည်းညူပြစ်တင်ဖွယ်ရာသော အခန်းပိုများလည်းမပါ၊ အမြန်သော့၍သွားရသော အခန်းမျိုးလည်းမပါဘဲ ဇာတ်လမ်းပြီးဆုံးမည်ကိုပင် စိုးရိမ်ခြင်း၊ နှမြော ခြင်းဖြင့် လည်ပင်းတမော့မော့နှင့် ကြည့်နေကြရသော ဇာတ်လမ်းမျိုး ဖြစ်ချေသည်။

နောက်ဆုံးဖြစ်သောအခန်း၌ လူကြမ်း မောင်တင်မှာ “ဗီလိန်” တို့၏ သွားရာလမ်းကြောင်းအတိုင်း သုတ်သင်ရှင်းလင်းပြီးပြီဟူ၍ ဇာတ် လိုက်နှစ်ယောက်တို့က စိတ်ချလက်ချနှင့် ဖုံပေါ်တွင် အတူယှဉ်တွဲကာ ထိုင်လျက် အစေခံအား စားစရာများယူခဲ့ရန် အမိန့်ပေးထား၏။ အစေခံ ထွက်လာရမည့် တံခါးပေါက်မှ အစေခံ မပေါ်လာဘဲ ဗီလိန်သည် ခြောက်လုံးပြူးတစ်လက်ကိုကိုင်လျက် ဝင်လာရာ ဇာတ်လိုက်နှစ်ယောက် မှာမူကား လှည့်၍မကြည့်သဖြင့် မသိသေးဘဲ တစ်ဦးနှင့်တစ်ဦး ကျီစယ် လျက်ရှိကြ၏။ နောက်တစ်ခဏ၌ သုံးဦးသား မျက်နှာချင်းဆိုင်မိသော အခါတွင် သုံးဦးလုံးတို့၏ မျက်နှာထားမှာ ဇာတ်ကွက်ဇာတ်လမ်းနှင့် လိုက်လျောလှသည်ဖြစ်သောကြောင့် ကျွန်တော်နှင့်တကွ ပညာသည်များ သည် မချီးမွမ်းဘဲမနေနိုင်အောင် ရှိကြ၏။ ခင်မြတင်သည် မိန်းမသားပီပီ ကြီးစွာသော အံ့ဩခြင်းဖြင့် မျက်လုံးပြူးလျက်ကြည့်နေရာ ဇာတ်လိုက် မောင်စိုးတင့်သည် တစ်ခဏကလေးမျှ မဝေခွဲနိုင်အောင် ရှိနေပြီးနောက် ယောက်ျားကောင်းပီသစွာ ဗီလိန်ကို ခုခံရန် ကြိုးစား၏။ သို့ရာတွင် ဗီလိန်၏ လက်ချက်ဦးသောကြောင့် ဇာတ်လိုက်သည် ရှေ့သို့ အလျား မှောက်လဲသွားရာ နောက်တစ်ခဏ၌ ဗီလိန်သည် မိမိကိုယ်ကိုယ် အစတုံး အောင် စီရင်လိုက်၏။

ကျွန်တော်သည် ဖဲသုံးချပ်ဇာတ်ကားတွင် ပါရှိသော ဇာတ်လမ်း အကြောင်းကို ဤမျှလောက် ပိုမို၍ ဖော်ပြရန် အလိုမရှိ၊ ရည်ရွယ်ချက် လည်း မဟုတ်ချေ။ ဤမျှလောက် ရေးသားဖော်ပြရခြင်းမှာ ရုပ်ရှင်ထိုသူသည် မည်သူ့ကိုမျှ ဂရုစိုက်ဟန် လက္ခဏာမရှိဘဲ “ဇာတ်လမ်းမှာ ပါတဲ့ မိန်းမဟာက တကယ့် သတ္တိကောင်း၊ ပြထားတာကတော့ အရေး ကြုံတဲ့အခါမှာ ကြောက်ချေးပါတော့မလို ဖြစ်နေတယ်။ ဒီဟာကို ခင်ဗျား တို့က ကားကောင်းခေါ်ကြသလား။ အလကားလူတွေချည်းပဲ”

ဟု ဟစ်အော်ပြန်၏။ ထိုအခါ တစ်ယောက်သောသူက “ခင်ဗျား ဘယ့်နှယ်သိသလဲ” ဟုမေးရာ အဝတ်ဟောင်းများနှင့်လူက ဒီဟာ ထိုးဇာတ်မဟုတ်ဘူး။ တကယ့်အဖြစ်အပျက် မူရင်းဖြစ်ပျက်ပုံကို ကျုပ် သိတယ်၊ ဒီမိန်းမမျိုးမဟုတ်ဘူး။ ကြောက်မွေးပါရင် ဇာဂနာနဲ့ နုတ်ပစ် မယ်ဆိုတဲ့ မိန်းမမျိုး၊ ကျုပ် သေသေချာချာသိတယ်”” ဟု ရဲဝံ့စွာပြော လေ၏။ ၄င်းနောက် ထိုသူသည် “ထီ” ခနဲ တံတွေးထွေးလျက် ရုံ ပြင်သို့ ထွက်သွားလေရာ ပရိသတ်များမှာ “လူရူး” ဟူ၍လည်းကောင်း၊ “လူဆန်း” ဟူ၍လည်းကောင်း အမျိုးမျိုး တွေးတောပြောဆိုကာ ကျန်နေ ရစ်ကြလေ၏။

ကျွန်တော့်မှာမူ လူရူးတစ်ယောက်နှင့်မတူသော ထိုသူ၏ အမူ အရာကိုမြင်သဖြင့် စုံစမ်းအံ့ဟု အကြံဖြစ်ပြီးလျှင် ရုံပြင်သို့ ချက်ချင်းထွက် ၍လိုက်သွားရာ ကွမ်းယာဆိုင်ရှေ့တွင်မီသည်နှင့် ပခုံးကိုပုတ်လျက် ကွန်တီနင်တယ်သို့ လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်၏။

(ဒေါသတကြီးနှင့်) “ခင်ဗျားဘယ်သူလဲ၊ ခင်ဗျားကို ကျုပ်မသိ ပါကလား”

ထိုသူမှာ ဟောင်းနွမ်းသော အဝတ်အစားများ ရှိသော်ငြားလည်း မျက်နှာထားမှာ မာနကြီးဟန်ရှိသောကြောင့် ကျွန်တော့်မှာ သာ၍ပင် သိကျွမ်းလိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာ၏။

ကျွန်တော်လည်း စာရေးဆရာတစ်ယောက်ပါပဲ၊ ဘုရင့်ရုံထဲမှာ ခင်ဗျား ခုနကပြောသွားတဲ့စကားကို ကျွန်တော် ကြားလိုက်ရပါတယ်။ကျွန်တော့်စိတ်သဘောအရမှာတော့ ဒီနေရာမှာ ဇာတ်လိုက်မင်းသမီးဟာကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်းပြခြင်းဟာ မှန်တယ်လို့ ကျွန်တော်ထင် မိတယ်”

(ကျွန်တော့်အား ရှုတ်ချဟန်နှင့်ကြည့်လျက်)

ခင်ဗျားဒီလိုထင်ရင် ခင်ဗျားမှားတာပေါ့။ ကိုင်း ဒါဖြင့်လာ ခင်ဗျားတိုက်တဲ့ လက်ဖက်ရည်ကိုသောက်ပြီး ခင်ဗျားနားလည်အောင် ကျုပ်ရှင်းပြမယ်”

ကျွန်တော်တို့သည် ကွန်တီနင်တယ်ဟိုတယ်သို့ ဝင်ကြပြီးနောက် စားစရာများကို မှာယူကြရာ ထိုသူသည် ဣန္ဒြေမဆည်နိုင်အောင် လျင် မြန်စွာ စားသောက်သည်ကို တွေ့ရသဖြင့် အံ့သြစွာဖြင့် ထပ်လောင်း မှာယူရပြန်၏။

ကျုပ်စားပုံကို ခင်ဗျားမအံ့သြနဲ့၊ ကျုပ်အဖြစ်မျိုး ခင်ဗျားကြုံရရင် ကျပ်လိုပဲ ခင်ဗျားစားမှာပဲ၊ ပါးစပ်နဲ့ စားစရာနဲ့ မတွေ့ရတာ နာရီပေါင်း ၄၀ ကျော် ကြာသွားပြီဗျ။ တမြန်နေ့ညက ညစာဟာ ကျုပ်မှာ နောက်ဆုံး စားရခြင်းပဲခင်ဗျ” ထိုအခါ ကျွန်တော်မှာ ကရုဏာဖြစ်သည်နှင့် မုန့်ချို များသာလျှင်မက ဘီစကစ်၊ ကက်သလက် အစရှိသော ဆိုက်ဒစ်များကို မှာယူကျွေးမွေးရလေ၏။ ဝမ်းဝအောင်စားပြီး၍ ဆေးပြင်းလိပ်ကို မီးညှိပြီး နောက် ထိုသူသည် အလွန်ကျေနပ်သော အမူအရာနှင့် ကုလားထိုင်၌မှီ ကာ ပြုံးရွှင်စွာသော မျက်နှာထားဖြင့် ကျွန်တော့်အား စိုက်လျက်ကြည့် နေ၏။

ကိုင်း ကျွေးခမွေးခကလေးကျေအောင်ဟာ ပြောပြရတာပေါ့ဗျာ”

(ခပ်တင်းတင်းမျက်နှာနှင့်) “ဒီလိုတော့ သဘောမထားနဲ့ဗျာ။ ကျွန်တော်က ကရုဏာနဲ့ကျွေးတာပါ။ အဖိုးအခရယ်လို့ သဘောမထားပါနဲ့။ ခင်ဗျားပြောချင်မှပြောပါ”

သည်းခံပါမိတ်ဆွေ၊ ကျုပ်က စိတ်ချဉ်ပေါက်နေတဲ့ လူတစ် ယောက်ဖြစ်လေတော့ ကော်ချင်ခတ်ချင်တဲ့သဘောတွေ အားကြီးနေလို့ ပါ။ ရှေးအခါက ကျပ် ကောင်းစားစဉ်ကတော့ ဒီလိုသဘောမျိုး မဟုတ် ပါဘူးဗျာ။ အကြံအစည် အပေါက်အလမ်းမတည့်တော့ လူဆိုတာ ကော် ချင်ခတ်ချင်တတ်တာမျိုးလားဗျ။ သည်းခံဗျာ”

ကိစ္စမရှိပါဘူးဗျာ။ တောင်းပန်နေရလောက်အောင် မဟုတ်ပါဘူး”

ခုနကကြည့်ခဲ့ရတဲ့ကားကို ခင်ဗျား ဘယ့်နှယ်သဘောရသလဲ”

“ကောင်းတာပေါ့ဗျာ၊ သိပ်ကောင်းပေတာပဲ”

“အဲဒါ ကျုပ်ရေးတဲ့ဇာတ်လမ်းပဲ”

“ဘယ့်နှယ်ပြောတယ်”

ဒီဇာတ်လမ်းကိုလည်း ကျုပ်ရေးခဲ့တယ်၊ မူလဇာတ်လမ်းတုန်းက ကျုပ်ကိုယ်တိုင် ဇာတ်လိုက်လည်းလုပ်ခဲ့တယ်”

မူလဇာတ်လမ်းကိုဆိုတာ ဘယ့်နှယ်လဲဗျ၊ ဒီဇာတ်လမ်းကို ဒီတစ်ခါပဲ ရိုက်ဖူးသေးတယ်မဟုတ်လား”

တစ်ပိုင်းကဟုတ်တယ်၊ တစ်ပိုင်းက မူလမဟုတ်ဘူး။ တစ်ပိုင်း ဟာက ရှေးတုန်းက တစ်ခါရိုက်ဖူးပြီ။ ခုတောင် ကော်ပီရှိသေးတယ်”

““ဒီအကြောင်းကို အခု ကုမ္ပဏီပိုင်ရှင်က သိသလား”

သိသလား မသိလား မဆိုနိုင်ဘူး။ နို့ပေမဲ့ ရိုက်ဖူးတဲ့ ဇာတ်လမ်း ဟာက ပြတော့မှာ မဟုတ်လေတော့ အကြောင်းမထူးလှပါဘူး”

ဘယ်အပိုင်းက ခင်ဗျားပါဖူးသလဲ””

ဇာတ်လိုက်မင်းသား စိုးတင့်နေရာဟာ ကျုပ်နေရာပေါ့ဗျ။ ကျုပ် ကိုယ်တိုင် ဇာတ်လိုက်မင်းသား လုပ်ခဲ့ဖူးတယ်”

ထိုအခါ ကျွန်တော့်မှာ ပါးချောင်ကျကျ၊ မျက်တွင်းဟောက် ဟောက်နှင့် ဆေးလိပ်သောက်လျက်ရှိသောလူကို စေ့စေ့ကြည့်လျက် မည်သို့မျှမပြောဘဲ ဆိတ်ဆိတ်နေခဲ့၏။

“ကျုပ် လူပုံကိုကြည့်ပြီး ဇာတ်လိုက်လုပ်ဖူးတယ်ဆိုလို့ ခင်ဗျားက မယုံနိုင်ပေဘူးပေါ့။ သို့သော် ဟိုတုန်းက ကျုပ် ဒီလိုမဟုတ်ဘူးဗျ။ နေဦး၊ အစကစပြီး ကျုပ်ပြောပြမယ်၊ ခင်ဗျားနားထောင်”

ထိုသူသည် ဆက်လက်၍ မပြောသေးမီ ဘီယာခွက်ကို ကျိုက်ချ ၍ ဆေးပြင်းလိပ်တစ်လိပ်ကို မီးညှိပြန်လေ၏။

ဒီလိုဗျာ၊ ကျွန်တော်က ရုပ်ရှင်လုပ်ငန်းဘက်မှာ ဝါသနာပါလေ တော့ ယခုလို ကားကြီးတွေမဟုတ်သေးဘဲ တောက်တီးတောက်တဲ့ ကားကလေးတွေရိုက်တဲ့ လက်ထက်ကတည်းက ဇာတ်ထုပ်ကလေးတွေ လည်း ရေးခဲ့တယ်။ ဇာတ်လမ်းရေးတဲ့ဘက်မှာ ဟိုတုန်းက တော်တော် ကလေး နာမည်ရခဲ့ပါရဲ့။ အခုတော့ လူမသိကြပါဘူး။ နောက်ပေါ်တဲ့ လူတွေခေတ်စားပြီး ကျုပ်တို့လူစု မြုပ်ကုန်ပါပြီ။ ဘယ်လိုနာမည်နဲ့ ရေးတယ်ဆိုတာလည်း `မမေးပါနဲ့တော့ မထူးပါဘူး။ တစ်နေ့သ၌တော့ မန္တလေးက ရုပ်ရှင်ကုမ္ပဏီတစ်ခုက ကျုပ်ကို ဒါရိုက်တာအလုပ်နဲ့ ငှား တယ်ဗျ။ ဇာတ်ထုပ်နာမည်တော့ ကျုပ်မေ့နေပြီ။ သို့သော် အဲဒီဇာတ် ထုပ်မှာ ဒါရိုက်တာအဖြစ်နဲ့ ကျပ်လုပ်စဉ်က ဇာတ်လိုက်မင်းသမီး ခင်မြင့် မြင့်ဆိုပါတော့။ အဲ သူနဲ့ကျုပ်နဲ့ မြင်မြင်ချင်းဆိုသလို ချစ်ကြိုက်ကြ တယ်” ထိုသူသည် ခပ်ပြုံးပြုံးမျက်နှာနှင့် ကျွန်တော့်အား ကြည့်နေပြီးမှ ဆက်လက်၍...

ကိုယ်ချစ်ကြိုက်တဲ့ မိန်းမဆိုတာ ချောတယ်၊ လှတယ်လို့ ထင် မှတ်ကြစမြဲပဗျာ၊ သို့သော် ခင်မြင့်မြင့်ဟာကတော့ ကျုပ်တစ်ယောက် တည်း ထင်မြင်ချက်မဟုတ်၊ မန္တလေးမြို့ပေါ်ရှိ အင်္ဂလိပ်ကျောင်းသား