Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ခေတ်လူငယ်များစဥ်းစားသင့်သည့်အချက်အလက်များ

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

ဗုဒ္ဓဘာသာနှင့်စိတ်သဘာဝ

ဆွေးနွေးခန်း (၁)

ခေတ်လူငယ်များ စဉ်းစားထိုက်သည့်အချက်အလက်များ (က)

တက္ကသိုလ်ကျောင်သား။ ။ ဆရာကြီးရဲ့ ဘာသာရေး စာအုပ်တွေကိုဖတ်ဖူးပါတယ်။ ဆွေးနွေးခန်းတွေကိုလည်း ဖတ်ဖူးပါတယ်။ကျွန်တော်ဟာ လောကမှာ လူကောင်းသူကောင်း တစ် ယောက် ဖြစ်ချင်ပါတယ်။ အောင်မြင်သော လူတစ်ယောက်လည်း ဖြစ်ချင် ပါတယ်။ နောက်ဆုံးမှာ သောတာပန်လည်း ဖြစ်ချင်ပါတယ်။ ဘယ်လို လုပ်ရမလဲ ခင်ဗျာ။ ။

ကျွန်ုပ်။ ။ ဖြစ်ချင်တာတွေကတော့ တယ်မသေးလှဘူး၊ မောင်က ခေတ်ပညာဘက်မှာ ဘယ်လောက် အောင်ခဲ့သလဲ။

တက်။ ။ ကျွန်တော် မနှစ်က ဘီအေ အောင်ပါတယ်။

နုပ်။ ။ အသက် ဘယ်လောက်ရှိပြီလဲ။

တက်။ ။ ၂၃ နှစ် ရှိပါပြီ။

နုပ်။ ။ တော်ပါသေးရဲ့ ကြိုးစားချိန် နှစ်နှစ်တော့ ရှိပါသေးတယ်။

တက်။ ။ ဘာ့ကြောင့် နှစ်နှစ်လဲ ခင်ဗျာ။

နုပ်။ ။ ဆရာကြီး ဘာထရန်ရပ်ဆဲလ်ရဲ့ စာအုပ်ထဲမှာ ဖတ်လိုက်ရ ဖူးတယ်။ လူတိုင်း လူတိုင်းဟာ အသက် ၂၅ နှစ် မပြည့်မီအတောအတွင်း အလေ့အကျင့် ဝါသနာကောင်းများ (Habits) လက်ကိုင် ပြုမိသားအောင် ကြိုးစားရမယ်တဲ့။ ၂၅ နှစ် ကျော်လာပြီ ဆိုမှဖြင့် မကောင်းတဲ့ အကျင့်များကို ပြုပြင်ဖို့ အင်မတန် ခက်တယ်တဲ့ မောင်ရဲ့။

တက်။ ။ ဘယ်လိုဟာကို အလေ့အကျင့်ကောင်းလို့ ဆိုပါသလဲခင်ဗျာ။

နုပ်။ ။ အသေးအဖွဲက စပြီး အကြီးတွေထိအောင် ပါဝင်တာပေါ့မောင်ရယ်။ ဥပမာ- နံနက်စောစောထပြီး လမ်းလျှောက်တာတို့၊ ကိုယ့်ကျန်း မာရေးကို ဂရုစိုက်တာတို့ အပျော်အပါးနဲ့ ပတ်သက်ပြီး အတိုင်းအရှည် နားလည်တာတို့ စသဖြင့်ပေါ့ မောင်ရယ်။

တက်။ ။ အပျော်အပါးကို လုံးဝ ရှောင်နိုင်ရင် သာမကောင်းပေဘူးလားခင်ဗျာ။

နုပ်။ ။ ရှောင်နိုင်လေ ကောင်းလေပဲလို့ တချို့လူများက ပြောကြမှာပဲ၊ ဆရာ့အမြင်ကတော့ ရဟန်းများအဖို့ ကောင်းချင်ကောင်းမယ်၊ လုပ်ကိုင် စားသောက်ရတဲ့ လူသားများအဖို့မှာတော့ လုံးလုံး ရှောင်တယ်ဆိုတဲ့ လူဟာ ထူတုံးကြီး၊ အူကြောင်ကြောင် လူထဲက ဖြစ်သွားတတ်တယ်။ စိပ်ပုတီး လည်ပင်းဆွဲလို့ပ မောင်ရယ်။

တက်။ ။ ဒိပြင်ကော ခင်ဗျာ။

နုပ်။ ။ ဆရာ ပြောနေတာက ကိုယ်ကျင့်တရားကို ပြောနေတာမဟုတ်ဘူးနော်၊ အလေ့အကျင့် အထုံ ဝါသနာကလေးတွေကို ပြောခြင်း ဖြစ်တယ်။

တက်။ ။ နားလည်ပါတယ် ဆရာကြီး၊ ဒိပြင်ကောခင်ဗျာ။

နုပ်။ ။အကျင့်ပါသွားအောင် လုပ်စရာကလေးတွေကတော့ အပုံပဲ ပေါ့၊ မောင်လည်း ကိုယ့်ဟာကိုယ် ရွေးတတ်လောက်ပါတယ်။ အရေးကြီးတဲ့ အလေ့အကျင့် အနည်းငယ်လောက် သာ ထောက်ပြပါတယ်။

တက်။ ။ ကောင်းပါပြီခင်ဗျာ။

နုပ်။ ။ မောင်က နောက်ဆုံးမှာ သောတာပန်တည်သည့်အထိရောက်လိုပါတယ်ဆိုတော့ သူတကာထက် အကျင့်ကောင်းကလေးတွေ များများပါနေအောင် လုပ်ဖို့ လိုလိမ့်မယ် မောင်ရေ့။

တက်။ ။ ကြိုးစားပါ့မယ်ဆရာကြီး။ ။

နုပ်။ ။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ ၁ဝ မိနစ်၊ ၁၅ မိနစ် စီလောက်ဗုဒ္ဓကို အာရုံပြုတတ်ဖို့ အလေ့အကျင့် လုပ်ရမယ်။

တက်။ ။ အချိန်တော့ မမှန်ဘူးခင်ဗျ၊ အိမ်ရှေ့က ဘုရားစင်မှာတော့ညတိုင်းလိုလို ဝပ်ချပါတယ်။

နုပ်။ ။ ဗုဒ္ဓအာရုံပြုနည်းနဲ့ ပတ်သက်လို့ ဆရာ့စာတွေကို မဖတ်ဖူးဘူးလား မောင်။

တက်။ ။ ဖတ်တော့ ဖတ်ဖူးပါတယ် လုပ်ရတာ ခက်လို့ပါ ဆရာကြီး။

နုပ်။ ။ ဘီအေ အောင်ထားတဲ့ လူတစ်ယောက် ဖြစ်ပါလျက်နဲ့ဆင်းတုတော်ကို ဝပ်ချတဲ့ အကျိုးနဲ့ ဗုဒ္ဓကို (ဆရာ ရေးပြဖူးသလို) အာရုံ ပြုခြင်း၏ အာနိသင်တို့၏ ခြားနားချက်ကို သဘော မပေါက်ခဲ့ဘူးဆိုတာ ညံ့သေးတာပဲ မောင်ရေ။

တက်။ ။ အမှန်ကတော့ ကျွန်တော် သဘောပေါက်ပါတယ် ဆရာကြီးရယ်၊ ပျင်းမိတဲ့အတွက် မလုပ်မိခြင်းပါခင်ဗျာ။

နုပ်။ ။ရှိစေတော့၊ ဒီကနေ့ ဆရာပါလာပြီး သြဝါဒ ခံယူထားတဲ့ နောက်တော့ လုပ်ဖြစ်အောင် လုပ်ပါမယ်လို့ ကတိပေးရမယ်နော်၊ ဒါလောက်မှ မလုပ်ချင်လျှင် အကြံဉာဏ် ပေးရတာ အပိုဖြစ်မှာမို့ ဆက်မပြောချင်တော့ဘူး။

ဆွေးနွေးချက်များသည် ဆရာကြီး ရွှေဥဒေါင်းနှင့် သူ၏ မိတ်ဆွေ ပင်စင်စား တစ်ဦးတို့ ဆွေးနွေးချက်များ ဖြစ်ပါ သည်။ ယင်းဆွေးနွေးချက်များကို ဆရာကြီး ရွှေဥဒေါင်း လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ၌ အယ်ဒီတာချုပ် အဖြစ် တာဝန်ယူခဲ့စဉ်က ယင်းသတင်းစာ၌ပင် ရေးသားခဲ့သည့် ဆောင်းပါးများ ဖြစ်ပါသည်။