Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ကျွန်ုပ်၏တစ်သက်တာအတွက်ရည်မှန်းချက်ကြီးနှစ်ခုနှင့်ဆွေးနွေးခန်းများ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

ကမ္ဘာလောကနှင့် စိတ်အကြောင်း ဝိဝါဒကွဲလွဲကြပုံများ

ငြိမ်း ။ “အဏုမြူ ဟိုက်ဒရိုဂျင်ဗုံးတွေ တဝင့်ဝင့် လုပ်နေကြတဲ့ ကမ္ဘာကြီး

ဟာ ပျက်ဖို့နီးလာပြီ ထင်သလားဗျာ”

ရွှေ ။ “ဒီခေတ်လောကဓာတ်ဆရာများကရော၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာကျမ်းများ၏ အဆိုကတော့ ကမ္ဘာရော၊ နက္ခတ်တာရာတွေ ရော၊ ဘာတွေညာတွေရော သူ့ အချိန်အခါနဲ့သူ တစ်လှည့်စီပျက်ပြီး တစ်လှည့်စီပြန်ပေါ်ခဲ့ကြတာပဲလို့ ဆိုကြတာပဲဗျ”

ငြိမ်း ။ “ခင်ဗျားကကော ဘယ်လိုသဘောကျသလဲဗျာ”

ရွှေ ။ “ဒီအတွေးအခေါ်တွေဟာ သဘာဝကျတယ်လို့ပဲ ကျုပ်ယူဆ

တယ်ဗျို့”

ငြိမ်း။ “ကျုပ်တို့ကမ္ဘာကော ပျက်လုနီးပြီလားဗျာ”

ရွှေ ။ “ပျက်တယ်ဆိုတာဟာ ပျက်ပုံပျက်နည်း နှစ်မျိုးရှိလိမ့်မယ်ဗျ”

ငြိမ်း ။ “ဆိုပါဦးဗျာ”

ရွှေ ။ “တစ်နည်းက မြေမျက်နှာပြင်မှာရှိကြတဲ့ သတ္တဝါတွေဟာ ဟိုအစိတ်အပိုင်း၊ သည်အစိတ်အပိုင်း စသည်ဖြင့် ရေလွှမ်းမိုးခြင်း၊ မြေငလျင်လှုပ်ခြင်းစသည်ဖြင့် တစ်လှည့်စီပြိုပျက် နစ်မြုပ်ပျက်စီး ခြင်းကတစ်နည်း၊ ကမ္ဘာမြေကြီးနဲ့တကွ အားလုံးလောင်ကျွမ်းပျက်စီးပြီး အခိုးအငွေ့ (Gas) ဖြစ်ကာ အာကာသလေဟာပြင်မှာ

တစ်စုတစ်ဝေး တည်ရှိနေခြင်းမျိုးက တစ်နည်းဖြစ်ရပေလိမ့်မယ်ဗျ”

ငြိမ်း ။ “ကမ္ဘာပျက်တယ်ဆိုတာ ဘယ်ဒင်းကို ခေါ်မလဲဗျာ”

ရွှေ ။ “ဒါကလည်း ပြောရခက်သားပဲဗျ။ ကိုယ့်ရှုထောင့်ကကိုယ် ပြောကြခြင်းပဲ။ ရှေးရှေးတုန်းက ကျွန်းကြီးတွေ တိုက်ကြီးတွေ သမုဒ္ဒရာ အောက်နစ်မြုပ်ကွယ်ပျောက်သွားခဲ့ဖူးတယ်ဆိုပဲ။ ထိုကျွန်းသူ၊ ကျွန်းသားများအဖို့ရာတော့ ရေဖျက်တဲ့ကမ္ဘာပျက်နည်းပဲလို့ ဆိုမှာ ပဲဗျ။ တောမီးကြီးလောင်သွားပြီး ပိုးမွှားတိရစ္ဆာန်တွေပါ ကုန်ကြတဲ့အခါမှာ သူတို့အဖို့ မီးဖျက်တဲ့ ကမ္ဘာပျက်ခြင်းပဲလို့ ဆိုကြမှာပဲဗျ”

ငြိမ်း ။ “ဒါကတော့ ဒေသအလိုက် (Local)ပျက်နည်းမျိုး ဆိုရမယ်မဟုတ်

လားဗျာ။ ကမ္ဘာမြေကြီးတစ်ခုလုံး အခိုးအငွေ့ဖြစ်သွားတာမျိုးကမှ

ကမ္ဘာပျက်ခြင်း မဟုတ်လားဗျာ”

ရွှေ ။ “ဒါကိုတောင်မှလည်း “ဒေသစိတ်” ဖြစ်အောင် ကြည့်တဲ့အမြင်မျိုးရှိသေးတာပဲဗျ။ အင်္ဂလိပ်လိုတော့ Relative ခေါ်တယ်”

ငြိမ်း ။ ဒါကတော့ လွန်လွန်းပြီဗျာ။ ကမ္ဘာမြေကြီးတစ်ခုလုံး ဓာတ်ခိုးဓာတ်ငွေ့ ဖြစ်သွားတာတောင် “ဒေသစိတ်” ခေါ်ဦးမလားဗျာ။ ဂြိုဟ်တွေ၊နက္ခတ်တွေ ကျန်ရှိနေသေးလို့လားဗျာ”

ရွှေ ။ “ဂြိုဟ်တွေ၊ နက္ခတ်တွေပါ အခိုးဖြစ်သွားတောင်မှလည်း Localပဲ ခေါ်နိုင်သေးတာပဲဗျ”

ငြိမ်း ။ “လုပ်လှချေကလားဗျာ။ ရှင်းပါဦး” သည် ။

ရွှေ ။ “ကမ္ဘာမြေကြီးတို့၊ နေတို့၊ လတို့၊ ဂြိုဟ်တို့ ဆိုတာတွေဟာက

ကျုပ်တို့ လူသားများရဲ့ (အသားဆိုင်)မျက်လုံးနဲ့ မြင်နိုင်တဲ့ ဝတ္ထုပစ္စည်းများ (ရူပါရုံ) မျှသာဖြစ်တယ်ဗျ။ လူသားမျက်စိနဲ့မမြင်နိုင်တဲ့ ဝတ္ထုပစ္စည်းမျိုးတွေ များစွာရှိတယ်ဗျ”

ငြိမ်း ။ “သိပ်သေးလွန်းလျှင်လည်း မမြင်နိုင်ဘူးပေါ့ဗျာ”

ရွှေ ။ “သေးလွန်းလို့ မဟုတ်ဘူး။ မှန်ဘီလူးနဲ့ကြည့်လို့လည်း မမြင်နိုင်တဲ့ အဆင်းမျိုးတွေ ရှိတယ်ဗျ”

ငြိမ်း ။ “ခင်ဗျာဟာ ဘယ်လိုဟာမျိုးလဲဗျ”ကျွန်ုပ်၏ တစ်သက်တာအတွက် ရည်မှန်းချက်ကြီးနှစ်ခုနှင့် ဆွေးနွေးခန်းများ

ရွှေ ။ “နား၊ မျက်စိ အစရှိတဲ့လူသားများရဲ့ အာရုံကြော” များသည်မြင်နိုင်တဲ့ အဆင်းကိုသာ မြင်နိုင်တယ်။ ကြားနိုင်တဲ့အသံကိုသာကြားနိုင်တယ်။ ခံစား နိုင်တဲ့အနံ့ကိုသာ ခံစားနိုင်တယ် စသည်ဖြင့် ဒီဂရီအဆင်ဆင့်ရှိပုံအကြောင်း ဓာတုဗေဒပညာက အတိအလင်းဆိုထားတယ်ဗျ”

ငြိမ်း ။ “ဘာပဲဖြစ်ဖြစ်၊ ရုပ်တရားသည် ရုပ်တရားပဲ ဖြစ်တယ်မဟုတ်လားဗျာ”

ရွှေ ။ “သို့သော်- ခင်ဗျားရယ်၊ ကျုပ်ရယ်၊ လောကဓာတ်ဆရာတွေရယ်သိကြတဲ့ရုပ်မျိုးအပြင် အခြားသောရုပ်မျိုး ရှိနေသေးခြင်းကိုလောကဓာတ်ဆရာတွေတောင် မသိကြသေးဘူးဗျ”

ငြိမ်း ။ “ဟုတ်နိုင်ပါ့မလားဗျာ။ လောကဓာတ်ဆရာတွေဟာ ရုပ်အမျိုးမျိုးအကြောင်းကို စေ့စုံအောင်သိကြပြီးပြီ မဟုတ်ဘူးလားဗျာ”

 ရွှေ ။ “ကျုပ်တို့ လောကမှာရှိတဲ့ ရုပ်မျိုးအကြောင်းကိုတော့ တော်တော်စေ့စုံ ကြပါပြီ။ သို့သော် သူတို့လူစုကိုယ်တိုင် သိလည်းမသိ၊ ဝန်လည်းမခံကြသေးတဲ့ရုပ်မျိုးတွေ ရှိသေးတယ်ဗျာ။ ရုပ်ဆိုတာတစ်မျိုးတည်း မဟုတ်ဘူး။ အမျိုးမျိုး ရှိနိုင်တယ်ဗျ”

ငြိမ်း ။ “အရှည်၊ အတို၊ အဝိုင်း၊ အပြား စသည်တို့မဟုတ်လားဗျာ”

ရွှေ ။ “ဒါတွင် မကသေးဘူး၊ ရုပ်ကြမ်း၊ ရုပ်နု ဆိုလို့ ခွဲခြားမှုလည်း ရှိသေးတယ်ဗျ။ ကျုပ်တို့ မြေကြီးပေါ်မှာရှိနေကြတဲ့ လူသားနဲ့တကွ ပိုးမွှားတိရစ္ဆာန် အမျိုးမျိုးတွေဟာ ရုပ်ကြမ်းသမားတွေ ဖြစ်တယ်

ငြိမ်း ။ “ဒိပြင် ဘာရှိသေးလဲဗျာ”

ရွှေ ။ “ကမ္ဘာမြေကြီးပေါ်မှာ မှီခိုနေကြတဲ့ ရုပ်ကြမ်းသမားများအပြင်ရုပ်နုသမားတွေ ရှိသေးတယ်ဗျ။ သူတို့ ကို “ပရလောက လို့ ခေါ်တယ်”

ငြိမ်း ။ “ဒါဟာ တကယ်ရှိသလားဗျာ”

ရွှေ ။ “ကျုပ်တို့ ကမ္ဘာမှာ ရုပ်နဲ့ ပတ်သက်လို့ အတတ်ဆုံး၊ အသိဆုံးလုပ်နေကြတဲ့ လောကဓာတ်ဆရာကြီးတွေက သူတို့ရဲ့ မံသ (အသားဆိုင်)မျက်စိနဲ့ မြင်ရတဲ့ အရာဝတ္ထု၊ သို့မဟုတ် မှန်ဘီလူး အကူအညီယူပြီး မြင်နိုင်တဲ့ အရာဝတ္ထုမှတစ်ပါး အခြားသော ရုပ်ဝတ္ထုပစ္စည်းမျိုး မရှိနိုင်တော့ဘူးလို့ တထစ်ချရဲရဲကြီး ပြောချင် တတ်ကြတယ်ဗျ။ ကိုယ့်မျက်စိနဲ့ မမြင်ရလျှင်၊ မမြင်နိုင်လျှင် တခြား ဘာမျှမရှိတော့ဘူးလို့ ပြောရဲကြခြင်းဟာ အရမ်းရဲနေကြခြင်းမဟုတ်ဘူးလားဗျာ” ။

ငြိမ်း ။ “လောကဓာတ်ခေတ် ဆိုတာပဗျာ”

ရွှေ ။ “သည်တော့ကာ ဝမ်းတွင်းကတည်းက မျက်စိပါမလာခဲ့တဲ့ လူတစ်ယောက်က လောကကြီးမှာ မြင်စရာ ဘာမျှမရှိဘူးလို့ ပြောနေခြင်းနဲ့ မတူဘူးလားဗျာ”

ငြိမ်း ။ “မျက်စိကန်း တစ္ဆေမကြောက် ဆိုတာမျိုး ဖြစ်နေတာပဗျာနော်”

ရွှေ ။ “ကျုပ်တို့ရဲ့ နား၊ မျက်စိ၊ နှာခေါင်း စသည်များနဲ့ မမြင်နိုင်၊မကြားနိုင်တဲ့ ဝတ္ထုပစ္စည်းတွင်မက သတ္တဝါဆိုတာတွေတောင်ရှိကြသေးတယ်ဗျ။ သူတို့နေစရာ “ဘုံ” လည်းပဲ ရှိတယ်ဗျ”

ငြိမ်း ။ “သော်-ကျုပ်နားလည်ပြီါ။ တစ်ခါတုန်းက ခင်ဗျားပြောဖူးတဲ့အာကာသ အလွှားအလွှား၊ အထပ်ထပ် တည်ရှိပြီး ရုပ်ကြမ်း သမားတွေ၊ ရုပ်နုသမားတွေ သူ့ဘုံနဲ့သူ တစ်ယောက်နဲ့တစ်ယောက် မထိမခိုက်ဘဲ တည်နေနိုင်ကြတယ် ဆိုခြင်းလားဗျာ။မထိခိုက်မိကြတာ ဘာကြောင့်လဲဗျာ”

ရွှေ ။ “နားလည်ဖို့ ခက်တယ်နော်။ Wheels within wheels(ဘီးထဲမှာအထပ်ထပ် ထည့်ထားသလိုပဲ)လို့ ကျုပ်ပြောဖူးတယ် ဟုတ်လား”

ငြိမ်း ။ “ဘယ့်နှယ်လုပ်ပြီး သိနိုင်ကြသလဲဗျာ”

ရွှေ ။ “လောကကြီးမှာ အတတ်ပညာတွေ ရှိသနော်။ ခင်ဗျာလောကဓာတ် ပညာဟာ နက်နဲဆုံးမဟုတ်သေးဘူးဗျ။ တစ်ခုတစ်မျိုးစီနက်နဲကြတယ်လို့ အသိအမှတ်ပြုတတ်မှ ဖြစ်နိုင်မယ်” ။

ငြိမ်း ။ “ခင်ဗျားကော လေ့လာဖူးသလား”

ရွှေ ။ “ပညာစုံချင်တဲ့ လူတစ်ယောက်ကိုးဗျ။ သည့်ထက်နက်နဲတဲ့ ဗုဒ္ဓရဲ့