Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ရွှေစကြာ - ဝန်ကြီး၏လူယုံ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

(၁)

ဤအချိန်သည်ကား မြန်မာနိုင်ငံတော် ရတနာပူရ အဝရွှေမြို့တော်၌ နိုင်ငံကျော်ဆရာတော် ဦးဗုဓိ၊ နာမည်ကျော် မိဖုရားကြီး နန်းမတော် မယ်နု၊ ကုန်းဘောင်မင်းခေါ် သာယာဝတီမင်းသားကြီး၊ စကြာမင်းခေါ် ညောင်ရမ်းမင်းသား၊ စလင်းမင်းသားကြီးခေါ် မောင်အို၊ ဗိုလ်ချုပ်ကြီး မဟာဗန္ဓုလ၊ မြဝတီဝန်ကြီး ဦးစ၊ ဒုတိယ နဝဒေး (ပုဂံဦးတင် အလိုအား ဖြင့် စတုတ္ထ နဝဒေး)ခေါ် ဦးနု၊ အမေရိကန်သာသနာပြုဆရာ ဒေါက်တာ ဂျပ်ဆင်၊ အင်္ဂလိပ်သံအမတ် မယ်ဇယ်ဘော်ရနီ ခေါ် မေဂျာဟင်နရီ ဘာနေတို့၏ ဖြစ်ထွန်း ပေါ်ပေါက်ရာ ဘကြီးတော်ဘုရား လက်ထက် ဖြစ်လေသတည်း။

ကုန်းဘောင် ဆင်ဖြူရှင်ခေါ် မြေဒူးမင်းနှင့် သားတော် စဉ့်ကူးမင်း တို့လက်ထက် ရာဇဌာနီ နေပြည်တော်ဖြစ်ခဲ့သော အင်းဝမြို့တော်ကြီးမှာ ဘိုးတော်ဘုရားလက်ထက်တွင် အမရပူရသို့ ပြောင်းရွှေ့ကာ နေပြည်တော် လုပ်ခဲ့သဖြင့် မြို့တော်ဟောင်းကြီး ဖြစ်နေရာမှ ယခု ရွှေနန်းရှင် ဘကြီးတော်ဘုရား လက်ထက်တွင် အင်းဝမြို့တော်ဟောင်းကို တစ်ဖန်ပြန်၍ အသစ်တည်ကာ ပြောင်းရွှေ့လာခဲ့သောကြောင့် အင်းဝမြို့တော်မှာ ရာဇ ဌာနီ နေပြည်တော်အသစ်စက်စက် ဖြစ်ခဲ့ရပြန်လေ၏။ မြို့တော်သစ်ပီသ စွာ ရွှေနန်းပြာသာဒ်အဆောင်ဆောင်တို့၏ အသစ်ဖြစ်သော ရွှေရောင်တို့သည် တပြောင်ပြောင်တဝင်းဝင်း အရောင်ချင်း ယှက်သန်းလျက် အံ့မခန်းအောင် ကျက်သရေဆောင်လျက် ရှိခဲ့လေ၏။

အင်းဝရွှေမြို့တော် အရှေ့ပြင်မင်းတရား မြင်းကွက်ရပ်အတွင်း နုပျို စိမ်းစိုသော သစ်ပင်ဥယျာဉ်တို့၏အလယ်၌ ဆောက်လုပ်ထားအပ်သော နှစ်ဆောင်ပြိုင် အိမ်ကြီးသည်ကား ရှုချင့်စဖွယ် ထည်ဝါ ခံ့ညားသော အသွင်ကို ဆောင်လျက်ရှိပေ၏။ အိမ်ဝင်းထဲတွင် စပါးကျီ (စပါးထားသော စည့်)နှင့် အခြားအဆောက်အအုံငယ်ငယ် နှစ်ဆောင်လည်း ရှိလေ ၏။ ဤဝင်းကြီးနှင့် အိမ်ကြီးသည်ကား အခြားမဟုတ်၊ “နေမျိုးဘိသက္က နော်ရထာ”ဘွဲ့ရ သမားတော် ဆရာအောင်၏အိမ်နှင့် ဝင်းကြီး ဖြစ်လေ ၏။ သမားတော်ကြီး ဆရာအောင်ကား ဘုရင်မင်းမြတ်၏ သမားတော် ကြီးဖြစ်၍ နန်းတော်ကြီးတစ်ခုလုံးနှင့် ရွှေမြို့တော် တစ်ဝန်းလုံး၏ အားထားရာ ဖြစ်ပေ၏။ သမားတော်ကြီး ဆရာအောင်ကား အာယုဗ္ဗေဒ ဆေးပညာနှင့် တကွ ဗိန္ဒောဆေးအတတ်တွင် တစ်ဖက်ကမ်းခပ် တတ် မြောက်ကျွမ်းကျင်၍ မြန်မာတို့၏ အဂ္ဂိရတ်လုပ်ငန်းတွင်လည်း သူမတူ အောင် တတ်ကျွမ်းလျက် ဓာတ်ဆေး အမျိုးမျိုးကို ဖော်စပ်လုပ်ကိုင်နိုင်ခဲ့ ၏။ နက္ခတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ဓာတ်ကျမ်းအမျိုးမျိုးကိုလည်း ဒိုးကဲ့သို့ မွေ့နိုင်သည့်ပြင် ကောင်းကင်က အမြင်နက္ခတ်ကိုပါ ကြည့်နိုင်သိနိုင်စွမ်း ရှိကြောင်းနှင့် ကျော်စောခဲ့လေ၏။ ရွှေမြို့တော်ပေါ်၌ နာမည်ကျော်ကြား နေသော ဆေးဆရာအချို့ပင် ဆရာအောင်ထံ၌ တပည့်ခံ၍ ပညာ ဗဟုသုတ ဆည်းပူးနေသည်ကို တွေ့ရလေ၏။ ဆေးပညာသင်ယူသူ လုလင်ပျို ၃၀ ခန့်လည်း နေ့စဉ်နှင့်အမျှ ဆရာအောင်အိမ်၌ သွားလာ ဝင်ထွက် ခစားလျက်ရှိကြ၏။ တစ်နေ့သော ညနေခင်းတွင် သမားတော် ကြီး ဆရာအောင်၏ အိမ်ဝင်းအတွင်းသို့ လှည်းတစ်စီး ဝန်စည်စလယ် အပြည့်နှင့် ရောက်ရှိလာပြီး လှည်းပေါ်မှ လုလင်ပျိုတစ်ဦး ဆင်းလာကာသမားတော်ကြီး ဆရာအောင်ကို တွေ့ပါရစေဟု ကံ့ကော်ပင်အောက်ရှိ သစ်သား ကွပ်ပျစ်ပေါ်၌ ထိုင်နေသူ လုလင်ပျိုတစ်ယောက်ထံ ခွင့်ပန်နေ လေ၏။

ဆရာ ရှိပါတယ်၊ ခဏစောင့်နေပါဦး”ဟု ပြောပြီး ထိုသူသည် အိမ်ပေါ်သို့ တက်သွားလေ၏။ တစ်ခဏအကြာတွင် သမားတော်ကြီးနှင့် တကွ ထိုသူ ဆင်းလာပြီး သမားတော်ကြီးသည် ကွပ်ပျစ်ပေါ် ထိုင်၍ လှည်းနှင့်လိုက်လာသူ လုလင်ပျိုကို ခြေဆုံးခေါင်းဆုံး ကြည့်ကာ အကဲခတ်နေလေ၏။ သမားတော်ကြီး ဆရာအောင်မှာ အရွယ်အားဖြင့် ၅၀ ကျော်၊ ၆၀ ခန့်မျှရှိ၍ အသားဖြူဖြူ လူရည်လူသွေးခံ့ညားလျက် နှုတ်ခမ်းမွေး ကျင်စွယ်နှင့် သန့်ပြန့်သော ရုပ်လက္ခဏာ ရှိလေ၏။ ဧည့်သည်လုလင်ပျိုကား အရွယ်အားဖြင့် ၂၀ ကျော် အစိတ်ခန့်မျှရှိ၍ အလုံးအရပ် ထောင်ထောင်မောင်းမောင်းနှင့် အသားမှာ မဖြူမညို အသားလတ် ဖြစ်၏။ မျက်နှာမှာ လှပခြင်းထက် ခံ့ညားခြင်းက ပိုမိုလျက် ကျက်သရေရှိသော အသွင်ကို ဆောင်နေလေ၏။ မျက်လုံးမျက်ဖန် နှာတံကောင်း၍ စူးရှထက်မြက်သော အမူအရာလက္ခဏာ ရှိလေ၏။ ဧည့်သည်လုလင်ပျိုမှာ ဆရာအောင်၏ ရှေ့တွင် ရိုသေကိုင်းညွတ်သော အမူအရာနှင့် ခြေစုံရပ်၍နေရင်း လက်ထဲတွင် ကိုင်ထားသော ကျည်တောက် ထဲမှ ထန်းဖူးစာချွန်ကလေးတစ်ခုကို ဆွဲထုတ်ကာ သမားတော်ကြီးအား ပေးလိုက်လေ၏။ သမားတော်ကြီးသည် ထန်းဖူးစာချွန်ကို ဆွဲယူဖတ် ကြည့်လိုက်ရာ

ရန်ကုန်မြို့၊ ဗဟန်းတောရကျောင်းနေ ဘုန်းတော်ကြီး ဦးတေဇ မေတ္တာစကား ကြားသိ အမိန့်ရှိလိုက်သည် ဒကာကြီး ဆရာအောင်။ ယခုလာသူ သူငယ်မှာ ဘုန်းကြီး၏ တပည့်ရင်းဖြစ်၍ ဒကာကြီးက အစစကြည့်ရှုပြီး စောင့်ရှောက် မ,စလိုက်စေလိုသည်။ ၎င်းသူငယ်မှာ ဆေးပညာနှင့် စစ်ပညာ သေနင်္ဂဗျူဟာကို ဝါသနာပါ၍ ငယ်စဉ်က ၎င်းပညာ နှစ်မျိုးလုံးကို အနည်းငယ်စီ သင်ယူခဲ့ဖူးသည်။ ပညာတတ် မြောက်သောအခါလည်း ၎င်း၏ ကြီးပွားရေးအတွက် ဒကာကြီး ဆရာ အောင်ကပင် တတ်နိုင်သမျှ ချီးမြှင့် မ,စလိုက်ရန် ဖြစ်သည်။ ၎င်းသူငယ် မှာ ဉာဏ်ပညာထက်မြက်၍ ဆရာသမား၏သြဝါဒကို ရိုသေကျိုးနွံစွာ လိုက်နာသူ ဖြစ်သည်။

၎င်းပြင် ဆူးလေ ပဉ္စငါးပါး တစ်ပြည်သားခန့်နှင့် ပျားရည်စစ်စစ် သုံးပိဿာခန့် အလိုရှိပါသည်။ လူကြုံတွင် ပေးပို့လှူဒါန်းလိုက်စေလို သည်။ ဒကာကြီး ဆရာအောင်နှင့်တကွ အိမ်သားများမှစ၍ ရွှေမြို့တော် တစ်ဝန်းလုံး ကျန်းမာ ချမ်းသာကြစေရန် မေတ္တာရေချမ်း ဆွတ်ဖျန်း ပို့သလိုက်ပေသည်””ဟု တွေ့ရှိရလေ၏။

သမားတော်ကြီးသည် စာကို ဖတ်ပြီး လုလင်ပျိုကို ကြည့်ကာ “မောင်ရင့် ဇာတိက ဘယ်ကလဲ”ဟု မေးလိုက်ရာ လုလင်ပျိုက “သန်လျင်ကပါ ခင်ဗျာ”ဟု ဖြေလိုက်လေ၏။

ဘုန်းကြီးဆီ ရောက်တာ ဘယ်လောက်ကြာပြီလဲ”

“ငါးနှစ်လောက် ရှိပါပြီ”

“နာမည် ဘယ့်နှယ်ခေါ်လဲ”

“စိုးမင်းပါတဲ့””

“မိဘက ဘာလုပ်သလဲ၊ မိဘနာမည် ဘယ့်နှယ်ခေါ်လဲ”

လယ်ယာလုပ်ကိုင်ပါတယ်၊ ဦးထွန်းညိုနဲ့ ဒေါ်ငြိမ်းသာပါတဲ့၊ မိဘနှစ်ဦးလုံး ဆုံးသွားပါပြီ၊ ဦးလေးနဲ့ နေပါတယ်”

ဒီအင်းဝမြို့တော်မှာ ဆွေမျိုးဉာတကာ အသိမိတ်ဆွေတွေ ရှိ သလား”

မရှိပါဘူး ခင်ဗျာ”

အိမ်ထောင်ရက်သားကော ရှိသလား””

“မရှိပါဘူး ခင်ဗျာ”

“မင်းသင်ချင်တဲ့ ပညာနှစ်မျိုးလုံးကိုတော့ ငါ သဘောကျတယ်။ ဆေးပညာဆိုတာ သူတစ်ပါး အသက် ကယ်ဆယ်တဲ့ ပညာမျိုးမို့ အဖိုးအနဂ္ဃထိုက်တန်တယ်။ စစ်ပညာ ဆိုတာလည်း နိုင်ငံတော်အတွက် အသက်ပေးကာကွယ်ရတဲ့ ပညာမျိုးဖြစ်လို့ အတိုင်းမသိ အဖိုးထိုက်တာပဲ။ ခုအချိန်မှာ စစ်ပညာက ပိုပြီးတောင် အရေးကြီးနေတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကုလားဖြူ အင်္ဂလိပ်တွေက နိုင်ငံတော်ကို ထိပါးနှောင့်ယှက် နေလို့ ဖြစ်တယ်။ ဆေးပညာအတွက်တော့ ငါကိုယ်တိုင် သင်ပေးမယ်။ စစ်ပညာအတွက်ကတော့ ဘုန်းတော်ဖြစ် သေနတ်ဗိုလ် ဗိုလ်ကျော်ဆီ အပ်နှံပေးရမှာပဲ၊ ကဲ.. ကဲ မင့်ပစ္စည်းတွေ အချခိုင်း၊ လူပျိုသာ ဆိုရ တယ်၊ ဝန်စည်စလယ်တွေက အိမ်ထောင်သည် ကျနေတာပဲကိုးကွ””ဟု ပြောပြီး ... ။

ဟေ့... ဟေ့ မောင်ရွှေဝင်း၊ အိမ်ပေါ်က လူတွေ ခေါ်ပြီး ချ ပေးလိုက်ပါကွယ်၊ ပြီးတော့ စပါးကျီတောင်ဘက်က လုံတွေထားတဲ့ အဆောင်ထဲမှာ အခန်းလွတ်တစ်ခု ရှိတယ်။ အဲဒီအခန်းထဲမှာ နေရာချ ပေးလိုက်”ဟု အမိန့်ပေးလိုက်လေ၏။ တစ်ခဏအတွင်း မောင်ရွှေဝင်း ဆိုသူသည် အိမ်ပေါ်က လုလင်ပျိုများ ခေါ်ငင်ကာ လှည်းပေါ်မှ ပစ္စည်း များကို ဝိုင်းဝန်းကူညီချပေးလျက် သမားတော်ကြီးအမိန့်အတိုင်း လုံများ သိုလှောင်ထားသော အဆောင်ထဲရှိ အခန်းလွတ်တွင် နေရာချထားပေး လိုက်ကြလေ၏။

မိတ်ဆက်နိဒါန်း

ဦးစွာအားဖြင့် စာရေးဆရာကြီး “ရွှေစကြာ ́ နှင့် ရှုမဝ၏ အချို့ စာဖတ်ပရိသတ်ပိုင်းတို့ကို ပြန်လည် မိတ်ဆက်ပေးရန် အနည်းငယ်မျှ လိုအပ်မည်ဟု ကျွန်ုပ်တို့ စာတည်းအဖွဲ့မှ ထင်မြင်ယူဆမိလေသည်။

ရွှေစကြာ ́နှင့် အထူးသဖြင့် ယနေ့ခေတ် လူငယ် စာဖတ်ပရိသတ် အများစုသည် ကောင်းစွာရင်းနှီးခြင်း ရှိချင်မှ ရှိပေလိမ့်မည်။ အချို့ ရင်းနှီးခဲ့ပြီးသူများလည်း ရှိပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ပြန်လည် မိတ်ဆက်ရန်ကား စာတည်းအဖွဲ့ အနေနှင့် တာဝန်တစ်ရပ် ရှိသည်ဟု ယူဆမိပေ၏။

ဆရာကြီး “ရွှေစကြာ ́သည် ထင်ရှားသော မြန်မာဝတ္ထု ရေး ဆရာကြီးများ စာရင်းဝင်ဖြစ်၍ အထူးသဖြင့် ရာဇဝင် ဝတ္ထုကြီးများ ရေးသားခဲ့ရာတွင် ထင်ရှားကျော်ကြားခဲ့သူ ဖြစ်သည်။ သူ၏ “ပူတကေနှင့် နားခံတော်” ဝတ္ထုကြီးမှာ သူရိယရုပ်စုံ သတင်းစာကြီးတွင် စတင် ပါဝင်ခဲ့သော ၁၂၉၄ ခုနှစ်မှသည် ၁၃၃ဝ ခုနှစ်တိုင် ပဉ္စအကြိမ်အထိ အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး လူကြိုက် လွန်စွာများပြား၍ တစ်ချိန်က