Skip to product information
1 of 6

Other Websites

ရဲမြင့်(စွန့်ဦးတီထွင်) - စွန့်ဦးတီထွင်လုပ်ငန်းရှင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁) သူတို့ဆီက အခြေအနေ

           အရှေ့ဥရောပတစ်ခွင်တွင် ယခုအခါ ဈေးကွက်စီးပွား ရေးစနစ်ကို စတင် ကျင့်သုံးနေသော ဟန်ဂေရီနိုင်ငံ၌ အသေးစား စီပွားရေး ဖွံ့ဖြိုးတိုးတက်မှု ယူနစ်များ အဖွဲ့က “စီးပွားရေးလုပ်ငန်း တီထွင်စွန့်စားလုပ်ကိုင်မှု ပညာရပ်’ နှင့် ပတ်သက်၍ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အထက်တန်းကျောင်း ၂၅ ကျောင်းတွင် သင်ရိုးညွှန်းတမ်းဝင် ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်း၍ ဟန်ဂေရီ လူငယ်များအား သင်ကြားပေးခြင်း တို့ကို ဆောင်ရွက်နေပြီဖြစ်သည်။

          “ရိုမေးနီးယားနိုင်ငံတွင်လည်း ဤပညာရပ်ကို ကျယ်ကျယ် ပြန့်ပြန့် သင်ကြားပို့ချနိုင်ရန် အပြည်ပြည်ဆိုင်ရာ သင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်လျက် စီးပွားရေး လုပ်ငန်းများကို တီထွင်ဆောင်ရွက်လိုသူ နိုင်ငံသားများအား သင်ကြားပို့ချနေ သည်။ ထို့ပြင် ဈေးကွက်စီးပွားရေးစနစ်နှင့် အောင်မြင်သော စီးပွားရေးလုပ်ငန်း တစ်ခုကို အခြေခံ ဖွဲ့စည်းထူထောင်နိုင်မှု ပညာရပ်များကို ရက်သတ္တတစ်ပတ် သင်တန်းများဖြင့်လည်း ပို့ချဆောင်ရွက်လျက်ရှိသည်။

          ယင်းသင်တန်းများတွင် သင်ကြားပို့ချရမည့် ရိုးနီးယား လူမျိုး နည်းပြဆရာ ရှစ်ဦးကိုလည်း အမေရိကန်ပြည်ထောင်စုသို့စေလွှတ်၍ စီးပွားရေးလုပ်ငန်း တီထွင်စွန့်စားလုပ်ကိုင်မှု ပညာရပ် များကို လေ့လာသင်ကြားစေခဲ့သည်။ ယင်းသင်တန်းကျောင်း၏ ရည်မှန်းချက်မှာ တစ်လလျှင် ပျမ်းမျှ လူဦးရေ လေးရာကို စီးပွားရေး *လုပ်ငန်းတီထွင်စွန့်စားသူ (Entrepreneur) များအဖြစ် ၁၉၉၁ ခုနှစ် စက်တင်ဘာလမှ ၁၉၉၂ ခုနှစ်၊ မတ်လအထိ မွေးထုတ် ပေးရန်ဖြစ်သည်။ ယင်းအနက် သုံးပုံ တစ်ပုံသည် စီးပွားရေး လုပ်ငန်းတီထွင်စွန့်စားသူများ ဖြစ်လာနိုင်ပြီး ကျန် သုံးပုံနှစ်ပုံမှာ ဖြစ်နိုင်ရန် အလားအလာရှိသူများဖြစ်မည် ဟု ဆိုသည်။ သူတို့ ခံယူထားသော စိတ်ဝင်စားစရာ ကောင်းသည့် အချက်တစ်ချက်မှာ ပြည်သူလူထု၏ ပါဝင်ကူညီဆောင်ရွက်မှုသည် အောင်မြင်စွာ တိုးတက်မှုတို့အတွက် အရေးတကြီး လိုအပ်သော အစိတ်အပိုင်း တစ်ခု ဖြစ်သည် ဟူသောအချက်ပင် ဖြစ်သည်။ 

အခန်း (၂) အဓိပ္ပာယ်ဖွင့်ဆိုကြပုံ

           ပြင်သစ်ဝေါဟာရ (Entrepreneur) (အော်န်ထရာ ပရာနာ) သည် 'ကြားယူသူ” (Between taker) ၊ သို့မဟုတ် “ကြား တွင် သွားနေသူ” (Go between) ဟူ၍ တိုက်ရိုက်အဓိပ္ပာယ်ထွက် သည်။ ဤဝေါဟာရ၏ အဓိပ္ပာယ်အားလုံးကို ငုံမိအောင် မြန်မာ ပြန်လျှင် “စီးပွားရေးလုပ်ငန်းတစ်ခုကို ဖွဲ့စည်း တည်ထောင် လုပ်ဆောင်ပြီး လုပ်ငန်းအောင်မြင်အောင် စွန့်စားတီထွင် ဆောင်ရွက် သူ'ဟု ပြန်နိုင်သည်။

          အလယ်ခေတ် ပညာရှင်တချို့ကတော့ “လုပ်ငန်းကြီးများ လုပ်ကိုင်သူ”ဟု အဓိပ္ပာယ်ဖွင့်ခဲ့ကြသည်။ ၁၇ ရာစု ပညာရှင် အချို့ကမူ “အစိုးရနှင့် ပဋိညာဉ်ယူ၍ ပုံသေဈေးနှုန်း သတ်မှတ်ကာ အရှုံးအမြတ်ကို ခံနိုင်ရည်ရှိသူ' ဟူ၍ ဝိဂြိုဟ်ပြုခဲ့ကြသည်။

          ထို့ပြင် ၁၈ ရာစု ပညာရှင်အချို့ကလည်း စွန့်စားခြင်း၊ စီမံကိန်းချခြင်း၊ ကွပ်ကဲခြင်း၊ ဖွဲ့စည်းခြင်း၊ ပိုင်ဆိုင်ခြင်း ရှိသောသူ” ဟူ၍ ဖွင့်ဆိုခဲ့ကြပြီး ၂၀ ရာစု စီးပွားရေးပညာရှင်များကမူ “အင်အားကြီးသူ အလယ်အလတ် စွန့်စားမှုကို ဆောင်ရွက်သူ အခွင့်အလမ်းများကို အများဆုံး ဖန်တီးနိုင်သူ၊ လူမှုစီးပွားရေး ယန္တရားကို တည်ဆောက်သူ၊ စွန့်စားမှုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုကို ခံနိုင်ရည်ရှိသူ” ဟူ၍ အနက်ဖွင့်ခဲ့ကြသည်။ အချို့ ကလည်း 'စွန့်စားတီထွင်လုပ်ငန်းရှင်သည် စီးပွားရေးပညာရှင်စိတ်ပညာရှင်၊ စီးပွားရေးသမား၊ နိုင်ငံရေးသမားဖျားနှင့် မတူ'ဟူ၍ ဆိုကြပြန်သည်။

           အမေရိကန်တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာ ရောဘတ်ဟစ်ရင် (Robert Hisrich) ကမူ “အော်န်ထရာပရာနာ" Entrepreneur) ကို “မိမိအကျိုးအတွက် စီးပွားရေးလုပ်ငန်းကို ဖွဲ့စည်းတည်ထောင် ဆောင်ရွက်သူ၊ မိမိ၏ စီးပွားရေး လုပ်ငန်း အတွက် လိုအပ်သော ငွေအရင်းအနှီး၊ သွင်းအားစုများကို ကာလ ပေါက်ဈေးဖြင့် ရောင်းဝယ်ဆောင်ရွက်သူ၊ မိမိ၏ စီးပွားရေး လုပ်ငန်းအတွက် ကိုယ်ပိုင် ဦးဆောင်မှု၊ ကျွမ်းကျင်မှုပေးသူ၊ ကြိုတင်မျှော်မှန်းနိုင်သော မထိန်းသိမ်းနိုင်သော အကြောင်းအချက် များကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု အောင်မြင်မှုများကို တာဝန် မနိုင်သူနှစ်စဉ် ဝင်ငွေများအပေါ် ပေးရန် ဆောင်ရန် ရှိသည်များ ကို ပေးဆောင်ပြီး အသားတင် ကျန်ရှိငွေကို ထိန်းသိမ်းသူ” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။

           စာရေးသူကတော့ “စွန့်၊ ဦး၊ တီထွင် လုပ်ငန်းရှင်" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆို ချင်ပါသည်။ စီးပွားရေးလုပ်ငန်းသစ် တစ်ခုကို စွန့်စား လုပ်ကိုင်သူ၊ ဦးဆောင်မှုပြုသူ၊ တီထွင်ကြံဆသူ”ဟူ၍ ဆိုလိုခြင်းဖြစ်သည်။

          ယနေ့ စီးပွားရေးလောကတွင် ထောင်ပေါင်းများစွာသော ပွားရေးလုပ်ငန်း လုပ်ကိုင်ချင်သူများ မိမိကိုယ်မိမိ မေးချင်နေ သာ မေးခွန်းတစ်ခုမှာ “ငါ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို နိုင်ပါ့မလား' ဟူသည့်မေးခွန်းပင်ဖြစ်သည်။ စီးပွားရေး ပညာရှင် များ၏ သုတေသနပြုချက်အရ ၈၅ ရာခိုင်နှုန်းသည် စီးပွားရေး လုပ်ငန်း ထူထောင်ချင်သည့် ဆန္ဒများ ရှိနေကြသည်။ ဤဆန္ဒကို အားဖြည့်နေသည့် အချက်မှာ ချမ်းသာကြွယ်ဝလိုသည့် ဆန္ဒနှင့် လွတ်လပ်မှုရလိုသည့် ဆန္ဒများပင် ဖြစ်သည်။

အခန်း (၃) စွန့်ဦးတီထွင်လုပ်ငန်းရှင် ဆိုသည်မှာ

           စီးပွားရေးလုပ်ငန်းရှင်တိုင်းသည် စွန့်ဦးတီထွင်လုပ်ငန်း ရှင် မဖြစ်သလို စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်လာရန်အတွက်လည်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးသည် အောက်ပါအချက်အလက် များနှင့် ပြည့်စုံရပေမည်။

(၁) စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိ၏ စီးပွားရေးလုပ်ငန်းကိုမိမိ၏အကျိုး (Personal Gain) ရလိုမှုအတွက် ကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ခြင်း၊ ကိုယ်တိုင် လုပ်ငန်းဆောင်ရွက်ခြင်းရှိရပေမည်။

(၂) စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိစီးပွားရေးလုပ်ငန်းတွင် အသုံးပြုသော ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကုန်ကြမ်းပစ္စည်းများ၊မြေ၊ လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကို စီးပွားရေးလုပ်ငန်း ကို စတင်လုပ်ကိုင်သည့်အချိန်တွင် ရှိနေသည့် လက်ငင်း ပေါက်ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုဆောင်ရွက်သူ ဖြစ်ရပေသည်။

(၃) စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိစီးပွားရေးလုပ်ငန်းတွင်စီမံချက်ရေးဆွဲခြင်း၊ ဖွဲ့စည်းပုံများ ချမှတ်ခြင်းနှင့် အုပ်ချုပ်မှု ပိုင်းဆိုင်ရာ လုပ်ဆောင်ခြင်းတို့တွင် မိမိကိုယ်တိုင် ဦးဆောင်မှုပေးခြင်း၊ ကျွမ်းကျင်မှုများ ပေးခြင်းနှင့် ထိုးထွင်းကြံဆမှု ပေးတတ်သူ ဖြစ်ရပေမည်။

(၄) စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိစီးပွားရေးလုပ်ငန်းတွင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရင်း ကြိုတင်မမြင်နိုင်သည့်ကိစ္စရပ်များနှင့် မိမိကိုယ်တိုင် မထိန်းသိမ်းနိုင်သည့် ကိစ္စရပ် များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကို ခံနိုင်စွမ်း ရှိသူ ဖြစ်ရပေမည်။

(၅) စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိ၏ စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုအရ ပေးဆောင်ရမည့် အခွန်အခစရိတ် မှန်သမျှကို ပေးဆောင်ပြီးမှ အသားတင် ကျန်ရှိသည့် အကျိုး အမြတ်ကိုသာ မိမိအတွက် ထိန်းသိမ်းသူ ဖြစ်ရပေမည်။

          အထက်ပါ ဖော်ပြခဲ့သည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွင် ရှိရမည့်အချက် ငါးချက်ကို သုံးသပ်ကြည့်လျှင် စွန့်ဦးတီထွင် လုပ်ငန်းရှင် ဆိုသည်မှာ မိမိ၏ စီးပွားရေးလုပ်ငန်းများကို မိမိ ကိုယ်တိုင် ဦးဆောင်တတ်ခြင်း၊ တရားမျှတမှန်ကန်သော ဈေးနှုန်း ဖြင့် စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်ခြင်း၊ မိမိမတတ်နိုင်သည့် ကိစ္စကြောင့် ဖြစ်ပေါ်လာတတ်သည့် ဆုံးရှုံးမှုကို ခံနိုင်စွမ်းရှိခြင်း၊ ပေးရန် အခွန်အခများကို မှန်ကန်စွာ ပေးဆောင်ပြီးမှ အကျိုး အမြတ်ခံစားခြင်း စသည်တို့ကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်၏ အထူးခြားဆုံးအချက်မှာ စီးပွားရေးလုပ်ငန်းကို ရိုးသား ဝန်ကန်စွာ လုပ်ဆောင်ခြင်းပင် ဖြစ်ပေသည်။ ယင်းအချက် စီးပွားရေးလုပ်ငန်းရှင်တိုင်း သတိပြုသင့်ပေသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)