Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ရဲဘော်ဖေသန်း - ကမ္ဘာကျော်စစ်ဗိုလ်ချုပ်ကြီးများ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

ဗိုလ်ချုပ်ကြီးမက်အာသာ

- နောက်ဆုံးအချိန်အထိ အလံမလှဲခဲ့ပေသော ဗိုလ်ချုပ်လော ...

-ရန်သူ့ကျည်ကို မပြုံသောဗိုလ်ချုပ်လော ..

အမေရိကန်တပ်မတော်တွင် ဗိုလ်ချုပ်ကြီးများမြောက်များစွာရှိသည့် အနက်ဗိုလ်ချုပ်ကြီးတစ်ဦးတည်းသာလျှင် စက်သေနတ်၊ ဗုံး စသည့်ခေတ်မီ လက်နက်များဖြင့်အတိုက်အခိုက် ခံရဖူးသကဲ့သို့လေးမြားတို့ဖြင့်လည်းအပစ် အခတ်ခံရဖူးလေသည်။ ထိုဗိုလ်ချုပ်ကြီးမှာ အခြားသူမဟုတ်ဘဲ “ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်မက်အာသာပင်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးမက်အာသာသည် ဂျပန်လေယာဉ်များ၏အနီးကပ်တိုက် ခိုက်ခြင်းခံရသည့်နည်းတူ လူနီလူရိုင်းများ၏ လေးဖြင့်ပစ်ခတ်တိုက်ခိုက် ခြင်းကိုလည်း ခံရဖူးလေသည်။

ယင်းသို့ဗိုလ်ချုပ်ကြီးမက်အာသာသည် လူနီလူရိုင်းများ၏ အတိုက် အခိုက်ခံရသော အချိန်မှာမူ ဗိုလ်ချုပ်ကြီးမက်အာသာ၏ ဖခင်ဗိုလ်မှူးကြီး မက်အာသာမှာ နယူးမက္ကဆီကိုရှိ လူနီလူရိုင်းများ၏နယ်မြေတစ်ခုကိုအုပ် ချုပ်ရသောအချိန်တွင်ဖြစ်သည်။

အခါသမယအားဖြင့်လည်း မြေရိုင်းများကို ဓားမဦးချလုပ်ကိုင် စားသောက်ရန်နှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ရန်ယင်းနယ်မြေပေါ် သို့တစ်ရပ်တကျေးမှ စွန့်စားလာရောက်လာကြသော ရှေးဦးလူဖြူ၊ တောင်သူလယ်သမားကြီးများမှာ တစ်ဖက်မှအခါမလပ်ဝင်ရောက်တိုက်ခိုက်နေသော လူနီလူရိုင်းများကို ကြောက်ရွံ့နေရသကဲ့သို့ အခြားတစ်ဖက်ကလည်းလူရမ်း ကား သေနတ်သမားများ၏ နှိပ်စက်ညှဉ်းပန်းမှုများကို ခေါင်းငုံ့ခံနေရသော အချိန်ဖြစ်သည်။ မက်အာသာ၏ဖခင်ဒု-ဗိုလ်မှူးကြီး မက်အာသာ၏ တာဝန် မှာ ၎င်းနယ်မြေ၏လုံခြုံရေးနှင့် အုပ်ချုပ်မှုကိုတာဝန်ယူရန်ပင်ဖြစ်သည်။

သို့နှင့် ၁၈၈၄-ခုနှစ်အတွင်း နေ့တစ်နေ့တွင် ဗိုလ်မှူးကြီးမက်အာသာ ၏တပ်ရင်းရုံးစိုက်ရာ ခံတပ်ငယ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

ထိုစဉ်က သားဖြစ်သူ မက်အာသာလေးမှာ လေးနှစ်သားအရွယ်မျှ သာရှိသေးရာ ခံတပ်အပြင်မှ ဆူဆူညံညံအသံများကို ကြားလိုက်ရသောအခါ ကလေးတို့သဘာဝ စူးစမ်းလိုသောစိတ်ကို မထိန်းချုပ်နိုင်ဘဲကလေးထိန်း အဖြစ်ငှားရမ်းထားသော လူနီလူရိုင်းမကြီး၏လက်မှအတင်းရုန်းကန်ကာ ခံတပ်ကွက်လပ်ထဲသို့ ပြေးထွက်သွားခဲ့သည်။

ခံတပ်ကွက်လပ်ထဲသို့ ရောက်သောအခါ ခံတပ်သစ်တုံးများပေါ်မှဖြတ် ကျော်ဝင်ရောက်လာသည့် မြားတစ်စင်းသည် မက်အာသာလေး၏ဦးခေါင်းနှင့် လက်တစ်လုံးကြားအကွာမှ ဖြတ်သန်းသွားခဲ့သည်။

အကယ်၍သာ မက်အာသာလေးမှာ ထိုစဉ်ကခံတပ်ကွက်လပ်ထဲသို့ စက္ကန့်ခွဲမျှ အချိန်စော၍ ရောက်ခဲ့ပါမူထိုအချိန်က သေပွဲဝင်ခဲ့ရမည်ဖြစ်သည်။

ဤသို့ပင် မက်အာသာလေး၏ ငယ်စဉ်ဘဝသည် စစ်ကြွေးကြော်သံ များနှင့် သေနတ်သံများအကြား၌သာလျှင် ကြီးပြင်းခဲ့ရသည်။

အခြားကလေးသူငယ်များကဲ့သို့ ဒဏ္ဍာရီပုံပြင် ကလေးများကိုလည်း နားထောင်၍ ကြီးပြင်းခဲ့ရသူမဟုတ်ဘဲစစ်ပွဲကြီးများအကြောင်းနှင့် စွန့်စား ခန်းများကိုသာလျှင် နားထောင်ခဲ့ရသည်။

ငယ်စဉ်က မက်အာသာသည် ပြည်တွင်းစစ်ကြီးအတွင်း ဖခင်ကြီးရရှိ ခဲ့သော အမေရိကန်ပြည်ထောင်စုတွင် စစ်သည်တော်တစ်ဦးအတွက် အမြင့် ဆုံးဆုတံဆိပ်ကြီးဖြစ်သည့် စီ-အမ်-အိပ်(ချ်) ဆုတံဆိပ်ကြီးကို မကြာခဏ ကြည့်လျက် ယင်းဆုတံဆိပ်ကြီးကို တစ်နေ့သောအခါတွင် ဖခင်ကြီးနည်းတူ မိမိလည်းရအောင်ယူမည်ဟု အကြိမ်ကြိမ်သန္နိဋ္ဌာန်ချခဲ့ဖူးသည်။

မက်အာသာ၏ ကလေးငယ်ဘဝက ဆန္ဒသည်နောင် ရာစုတစ်ဝက် တိုင်သောအခါမှပင် အကောင်အထည်ပေါ်ခဲ့လေသည်။ ယင်းဆုတံဆိပ်ကြီး ကိုလည်း ဘက်တန်တိုက်ပွဲ၌ပင်ဆွတ်ခူးခဲ့လေသည်။ ယင်းတိုက်ပွဲတွင်မက်အာ သာသည် မိမိထက်အင်အားဆယ်ဆခန့်မျှသာလွန်သော ရန်သူကိုကြံ့ကြံ့ခံ တွန်းလှန်ခဲ့ပြီး အမေရိကန်လူမျိုးတို့ဂုဏ်ယူလောက်သည့် တိုက်ပွဲတစ်ပွဲ အဖြစ် ပြောင်မြောက်စွာတိုက်ပြသွားခဲ့သည်။

မက်အာသာသည် မည်မျှရင်းနှီးသည့်မိတ်ဆွေပင်ဖြစ်စေ ထိပ်ပုတ် ခေါင်းပုတ်ဖြင့် နေထိုင်တတ်သူမဟုတ်ဘဲ သူစိမ်းတစ်ရံဆံနှင့်ဆက်ဆံသကဲ့ သို့ပင်ဆက်ဆံတတ်သည်။ ဤသို့အနေအထိုင် ကျစ်လျစ်လွန်းသည်ကို အကြောင်းပြု၍ အချို့မိတ်ဆွေများကသူ့အားပို၍ပင်လေးစားခဲ့ကြသည်။ရင်းနှီးသောမိတ်ဆွေများထဲတွင်လည်း သူ့အားပထမအမည်ဖြင့် ခေါ်ဝေါ်သူမရှိ သလောက်ပင် ရှားလေသည်။ သူ၏ဇနီးသည်ကပင်လျှင် သူ့အားဗိုလ်ချုပ် ကြီးဟူ၍ ရာထူးအမည်ကိုရှေ့တပ်၍ ခေါ်ဝေါ်လေ့ရှိလေသည်။

ဝက်(စ်)ပွိုင့် စစ်တက္ကသိုလ်တွင် မက်အာသာနှင့် သင်တန်းနှစ်တစ်နှစ် တည်းတက်ခဲ့ဖူးသူ ဗိုလ်ကြီးအဲလင်ပုတ်က မက်အာသာသည် ပေါင်းသင်း ဆက်ဆံရေးတွင် ရှေးဆန်သည်ဟူ၍လည်းကောင်း၊ စကားပြောဆိုရာတွင် လည်း ဝါကျအထားအသိုမှအစ မိမိပြောဆိုမည့်စကားကို စိစိစစ်စစ်ရွေးချယ် ပြီးမှပြောဆိုတတ်သူ ဟူ၍လည်းကောင်းပြောဆိုခဲ့ဖူးလေသည်။

မက်အာသာသည် နှလုံးရည်ရော၊ လက်ရုံးရည်ပါ ပြည့်ဝသည့် စစ်သည် ကျော်ကြီးတစ်ယောက်ဖြစ်သည်။ သို့သော် စိတ်ကြမ်းကိုယ်ကြမ်းကြီး မဟုတ် ဘဲကိုယ်အမူအရာ၊ နှုတ်အမူအရာ သိမ်မွေ့သကဲ့သို့ စိတ်နှလုံးလည်းနူးညံ့ သိမ်မွေ့သူဖြစ်ပေသည်။ ဝက်(စ်)ပွိုင့်စစ်တက္ကသိုလ်တွင် တက်ရောက်နေ စဉ်အတွင်း အဲလင်ပုတ်နှင့်မက်အာသာသည် ဒေးဗစ်ဝါးဖီးလ်ပါဝင်ဇာတ်ဆောင်သော“ဂီတဆရာ” ပြဇာတ်ကို သွားရောက်ကြည့်ရှုခဲ့ကြသည်။ ဇာတ် သိမ်းခါနီးတွင် အဲလင်ပုတ်က မက်အာသာအားလှည့်ကြည့်လိုက်သောအခါ တွင် မက်အာသာအား မျက်ရည်မဆည်နိုင်ဘဲ တရှုပ်ရှုပ်ငိုကျွေးနေသည်ကို တွေ့လိုက်ရသည်ဟုဆိုလေသည်။

မက်အာသာသည်ဖိလစ်ပိုင်သို့ ရောက်သောအခါတွင် ရာသီဥတုပူ ပြင်းသည့်အပြင် ပျင်းရိငြီးငွေ့ဖွယ်လည်းကောင်းလှသဖြင့် အခြားအရာရှိငယ်များနည်းတူ အရက်သေစာသောက်စားရန်၊ ကပွဲများ တက်ရောက်ရန်၊ တပ် အပြင်သို့ ထွက်၍အပျော်ကျူးရန် မကြာခဏပင် စိတ်ကူးပေါက်ခဲ့မိသည်။ ယင်းသို့စိတ်မတည်မငြိမ်ဖြစ်လာသောအခါများတွင်မူ မက်အာသာသည် ကိုယ် လုံးပေါ်မှန်တစ်ချပ်ရှေ့တွင် မတ်တတ်ရပ်လျက် တပ်သားတစ်ယောက်အား ဆုံးမနေသည့် တပ်ကြပ်ကြီးတစ်ယောက်၏ အမူအရာဖြင့်မှန်ထဲမှ မိမိ၏ရုပ် အသွင်ကို စေ့စေ့ကြည့်လျက်ဆုံးမစကားပြောပြီး မတည်မငြိမ်ဖြစ်နေသော စိတ်များကို ထိန်းတတ်လေသည်။ ။

မက်အာသာသည် အမေရိကန်ဝက်(စ်)ပွိုင့်စစ်တက္ကသိုလ်တွင် အမှတ် အများဆုံးရရှိခဲ့သော ဗိုလ်လောင်းတစ်ယောက်ဖြစ်သည်။ ၎င်းစစ်တက္ကသိုလ် တွင်အနှစ်အစိတ်အတွင်း မက်အာသာ၏ အမှတ်ကိုစံချိန်ချိုးနိုင်သည့်ဗိုလ် လောင်းတစ်ဦးတစ်ယောက်မျှ၊ မပေါ်ပေါက်ခဲ့ဟုဆိုလေသည်။

မက်အာသာသည် ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ပေးခြင်းခံရသောအခါ အမေရိကန်တပ်မတော်တွင် အသက်အငယ်ဆုံးဗိုလ်ချုပ်ဖြစ်ခဲ့သည်။ သူသည် ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီးအဖြစ် နှစ်ကြိမ်တိုင်ခန့်အပ်ခြင်းခံရသည့် ပထမဦး ဆုံး အမေရိကန်ဗိုလ်ချုပ်ကြီးလည်း ဖြစ်သည်။

အသက်ငယ်ရွယ်သူများကို ကျောင်းအုပ်အဖြစ် ခန့်ထားလေ့မရှိသော ဝက်(စ်)ပွိုင့်စစ်တက္ကသိုလ်တွင် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ပထမဦးဆုံး ကျောင်းအုပ်အဖြစ် အမှုထမ်းခွင့်ရခဲ့သူလည်းဖြစ်လေသည်။

အမေရိကန်စစ်သမိုင်းတစ်လျှောက် စစ်ပွဲအသီးသီးတွင်တပ်သား များ၊ တပ်မှူးများ၊ စစ်သူကြီးများစသည့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံ သည့်စစ်သည်ကျော်ကြီးများသာ အမေရိကန်ပြည်ထောင်စု၏ စစ်ဘက်ဆိုင် ရာဆုတံဆိပ်ကြီးများကို ဆွတ်ခူးခဲ့ကြသည်ကားမှန်၏။ သို့တစေ စစ်ဘက် ဆိုင်ရာဆုတံဆိပ်များကို မက်အာသာလောက်မည်သည့်အမေရိကန်စစ် သည်ကျော်မျှဆွတ်ခူးနိုင်ခဲ့သူမရှိဟု ဆိုလေသည်။ ဤသို့မိမိနိုင်ငံမှ ချီးမြှင့်သော ဆုတံဆိပ်များသာမက အခြား(၁၀)နိုင်ငံမှ အစိုးရများက ပေးအပ်ချီးမြှင့် သောဆုတံဆိပ်များသည်လည်း မက်အာသာ၏ရင်ဘတ်တွင် ချိတ်စရာနေရာ မရှိလောက်အောင် များပြားလှသည်ဟုဆိုပေသည်။

ထိုမျှမက မက်အာသာတွင် သူမတူသောထူးခြားချက်များရှိသေးသည်။ ယင်းတို့ကား မက်အာသာသည် ဖိလစ်ပိုင်အစိုးရမှခန့်အပ်သည့် ပထမဦးဆုံးသော အမေရိကန်စစ်သူကြီးဖြစ်ခြင်း၊ မဟာမိတ်ကြည်း၊ ရေ၊လေ စစ်လက်ရုံးသုံးခုစလုံးကို အုပ်ချုပ်နိုင်ခွင့်ရသည့် ပထမဦးဆုံးသော အမေရိကန်စစ်သူကြီးဖြစ်ခြင်း၊ ဗိုလ်ချုပ်ကြီးဂရန့်၏ နောက်ပိုင်းတွင် အသက် အငယ်ဆုံးနှင့် အဆင့်အတန်းအမြင့်ဆုံး ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်လျက် အမေရိ ကန်ပြည်ထောင်စု၏ စစ်ဘက်ဆိုင်ရာ အဆင့်အတန်းအမြင့် ဆုံးဖြစ်သည့် စီ-အမ်-အိပ်(ချ်)ဆုတံဆိပ်ကြီးကို ပထမဦးဆုံးအကြိမ်ရရှိသောဗိုလ်ချုပ် ကြီးဖြစ်ခြင်း၊ ဖိလစ်ပိုင်အစိုးရ၏ စစ်အကြံပေးအရာရှိဖြစ်သည့်အလျောက် ကမ္ဘာပေါ်တွင်လစာအမြင့်ဆုံးရရှိသည့် စစ်အကြံပေးအရာရှိဖြစ်ခြင်း စသည့် ထူးခြားချက်များပင်ဖြစ်ပေသည်။

သူသည် အမေရိကန်တပ်မတော်တွင် အငယ်ဆုံး စစ်ဦးစီးချုပ်ဖြစ်လျက် (၄)နှစ် တစ်ကြိမ်ပြန်လည်ရွေးချယ်တင်မြှောက်လေ့ရှိသော ၎င်းစစ်ဦးစီးချုပ် ရာထူးကို(၄)နှစ်စေ့မြောက်သောအခါ ဒုတိယအကြိမ်ထပ်မံရွေးချယ်ခြင်းခံ ရသည့် စစ်ဦးစီးချုပ်တစ်ယောက်လည်းဖြစ်လေသည်။

အဆုံးဆိုရချေသော် အမေရိကန်တပ်မတော်ရာဇဝင်တွင် မက်အာသာ ကဲ့သို့ ထူးချွန်သည့်စင်မှုထမ်းများရှိသေးသည်လား၊ သို့မဟုတ် ရှိခဲ့ဖူးသည် လားဟူ၍ မေးငြားအံ့၊ မရှိဟူ၍သာဖြေရမည်ဖြစ်သည်။

မှန်သည်။ အမေရိကန်တပ်မတော်တွင် မက်အာသာကဲ့သို့သော ဗိုလ် ချုပ်ကြီးမျိုးမက်အာသာတစ်ယောက်သာလျှင် ရှိပေသည်။

ပထမကမ္ဘာစစ်ကြီးအတွင်း၌ ပြင်သစ်ပြည်၊ စိမ့်မီးဟေလ်မြို့သို့ အမေရိကန်တပ်များအလုံးအရင်းနှင့် စတင်ဝင်ရောက်စဉ်က မက်အာသာမှာ အပြင်းဖျားလျက်ရှိသည်။ ယင်းသို့အပြင်းဖျားနာလျက်ဖြင့်ပင် နောက်တစ်နေ့၌ အမှတ်(၈၄)၊ တပ်ရင်းကိုကွပ်ကဲဦးစီး၍ တိုက်ပွဲဝင်ရန်ဆုံးဖြတ်ထားခဲ့သည်။ သို့ဖြင့် မက်အာသာသည် သူ့တပ်သားနှစ်ယောက်ကိုခေါ်ကာ တိုက်ပွဲဝင်မည့် အချိန်သို့တိုင်ပါလျက်မိမိအား လူနာတင်ကပ်ဖြင့် ရှေ့တန်းစစ်မျက်နှာသို့ သယ် ယူသွားရန် အမိန့်ပေးခဲ့လေသည်။ ဤသို့မက်အာသာ သည်ဖျားနာလျက်ဖြင့်ပင် လူနာကပ်ပေါ်မှနေ၍ တိုက်ပွဲဝင်ခဲ့သူဖြစ်ပေ သည်။

ထို့ကြောင့်ပင် ကွယ်လွန်သူဗိုလ်ချုပ်ကြီး ဂျွန်ဆင်က “ဗိုလ်ချုပ်ကြီး မက်အာသာဟာ ဘယ်တော့မှအိပ်ရာပေါ်မှာနာဖျားလို့ သေမယ့်လူမဟုတ် ဘူး”ဟူ၍ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်ပေသည်။

မက်အာသာသည် ပထမကမ္ဘာစစ်ကြီးအတွင်းက ရှေ့တန်းစစ်မျက် နှာများ၌သာလျှင် အမြဲရှိနေတတ်ပြီးတပ်ခွဲတစ်ခုအင်အားဖြင့်တိုက်ခိုက် သည့်တိုက်ပွဲအသေးအမွှားကလေးမှအစ မိမိတပ်သားများနှင့်အတူလိုက်ပါ တိုက်ခိုက်တတ်ခြင်းကြောင့် သူ၏အမည်မှာ တပ်သားလေးများ၏ပါးစပ်ဖျား တွင် ရေပန်းစားခဲ့လေသည်။ တစ်ကြိမ်တွင်လည်း မက်အာသာသည် ရန်သူ စက်ကြီးစခန်းတစ်ခုကို ဝင်ရောက်စီးရမည့်တပ်စုကလေးတစ်စုနှင့် လိုက်ပါ သွားခဲ့ပြီး သက်စွန့်ဆံဖျား ဝင်စီးခဲ့ဖူးလေသည်။ ။

ယင်းသို့သက်စွန့်ဆံဖျား စွန့်စားတတ်ခြင်းကြောင့်ပင် ပထမကမ္ဘာစစ်ကြီး အတွင်းက မက်အာသာမှာအကြိမ်ပေါင်းမြောက်မြားစွာ အဆိပ်ဓာတ်ငွေ့များ အသင့်ခံခဲ့ရပြီး နှစ်ကြိမ်အထိသေလောက်သည့် ဒဏ်ရာများ ရရှိခဲ့လေသည်။

ဤသို့စွန့်စားခြင်းကြောင့် မက်အာသာသည်(၁၃)ကြိမ်မျှ ဆုဘွဲ့များ ဖြင့်ချီးမြှင့်ခြင်းခံခဲ့ရပြီး(၇)ကြိမ်မျှ သူရဲကောင်းဘွဲ့များနှင့်စစ်မှုထမ်းကောင်း လက်မှတ်များရရှိခဲ့ခြင်းဖြစ်သည်။ ယင်းဆု၊ ဘွဲ့လက်မှတ်များမှာ သူရသတ္တိ ကိုရည်၍ပေးသော ဆုများဖြစ်လေသည်။ ထို့ကြောင့် ၁၉ဝ၈ခုနှစ်အမေရိကန် စစ်ဝန်ကြီးဌာနမှ အတွင်းဝန်ချုပ်ဖြစ်သူ နယူတွန်ဒီဘေကာက “မက်အာသာ ဟာ ပထမကမ္ဘာစစ်ကြီးအတွင်းက အမေရိကန်ပြည်ထောင်စုရဲ့ နံပါတ်(၁) ရှေ့တန်းဗိုလ်ချုပ်ကြီးဖြစ်ခဲ့သည်”ဟူ၍ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပထမကမ္ဘာစစ်ကြီးအတွင်းက မက်အာသာသည် မိမိတပ်သား များနှင့်အတူ လက်တွဲ၍ရှေ့တန်းစစ်မျက်နှာများတွင် တိုက်ပွဲဝင်နေစဉ် အတွင်း၌ မည်သည့်အခါမျှ လက်နက်စွဲကိုင်ခြင်းမပြုဘဲ တိုက်ပွဲဝင်လေ့ရှိသည် ဟုဆိုလေသည်။

တိုက်ပွဲတွင် သူစွဲကိုင်သောလက်နက်မှာမူ မြင်းစီးကြိမ်လုံးကလေး တစ်လုံးသာလျှင်ဖြစ်သည်။

မက်အာသာသည် ဤသို့တိုက်ပွဲတွင် လက်နက်စွဲကိုင်ခြင်းမပြုဘဲမိမိ တပ်ရှေ့မှရဲရဲဝံ့ဝံ့ချီတက်တိုက်ခိုက်ပြလျှင်ဖြင့် မိမိတပ်သားများ၏တိုက် စိတ်ကိုမြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ရင်းစွဲရှိသည့်အတွက်သူပါဝင် ဆင်နွှဲခဲ့သော တိုက်ပွဲတိုင်း၌အခွင့်ပေါ်လျှင်ပေါ်သလို တပ်သားများနမူနာယူ လောက်အောင် လက်စွမ်းပြတိုက်ခိုက်တတ်လေသည်။

မိမိတပ်သားများကို မကြောက်မရွံ့ တိုက်ပွဲဝင်စေလိုလျှင် မိမိကိုယ် တိုင်ရှေ့မှနေ၍ မကြောက်မရွံ့ တိုက်ပြရမည်” ဟူသည်ကား မက်အာသာ၏ စစ်ပညာဖြစ်သည်။

ယင်းယုံကြည်ချက်ကြောင့် မက်အာသာသည်မနီလာတွင် ဂျပန်လေ ယာဉ်များတရစပ်ဗုံးကြဲတိုက်ခိုက်နေသည့်ကြားမှ ဌာနချုပ်ဝင်းအတွင်း၌ စိုက်ထူထားသည့် အလံကိုဖြုတ်ချခြင်းမပြုဘဲ ရုံးခန်းအတွင်း၌အေးဆေးတည် ငြိမ်စွာ အလုပ်ဆက်လုပ်နေခဲ့ခြင်းဖြစ်သည်။

ဌာနချုပ်တည်ရှိရာသို့ ညွှန်ပြနေသောတလူလူလွင့်နေသည့် အလံ ကြောင့်ဂျပန်လေယာဉ်များသည် အနီးကပ်ထိုးဆင်းလာကြကာ မက်အာသာ ၏ ဌာနချုပ်အားသဲသဲမဲမဲ ပစ်ခတ်တိုက်ခိုက်ကြသည်။

သို့သော် မက်အာသာကမူ တပ်သားများစိတ်ဓာတ်ကျဆင်းမည်စိုး သဖြင့်ဌာနချုပ်ရုံးခန်းမှခွာ၍လုံခြုံရာသို့ထွက်ခွာတိမ်းရှောင်ခြင်းမပြုသကဲ့သို့ဌာနချုပ်အတွင်းမှဂျပန်လေယာဉ်များအား လက်ယပ်ခေါ်နေသည့်အလံတော် ကိုလည်း ဖြုတ်ချခြင်းမပြုဘဲ လုပ်စရာရှိသောအလုပ်များကိုဣန္ဒြေမပျက် ဆက်လက်လုပ်ကိုင်နေခဲ့လေသည်။

ဗိုလ်ချုပ်ကြီးမက်အာသာ မကြာခဏပြောဆိုလေ့ရှိသောစကားမှာ “သေမှာမကြောက်သောသူများသာလျှင် အသက်ရှင်ထိုက်သူများဖြစ်သည်” ဟူ၏။

မက်အာသာ၏ ထူးခြားသောအရည်အသွေးတစ်ရပ်မှာ သူကိုယ်တိုင် ရှေ့ဆောင်ရှေ့ရွက်ပြုလုပ်ပြခြင်းအားဖြင့် ၎င်း၏တပ်သားများကို အမြဲတစေ စိတ်ဓာတ်တက်ကြွနေစေခြင်းပင် ဖြစ်သည်။ မက်အာသာအုပ်ချုပ်ရသောတပ် များမှတပ်သားများ၏ စိတ်ဓာတ်ရေးအခြေအနေကိုစစ်ဆေးလျှင် အမြဲတစေ တက်ကြွလန်းဆန်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ။

ဖိလစ်ပိုင်ကျသည်ကို ကျွန်ုပ်မြင်ခဲ့ရသည်” ဆိုသော စာအုပ်ကိုရေး သားပြုစုခဲ့သူလည်းဖြစ်သကဲ့သို့ ဗိုလ်ချုပ်ကြီးမက်အာသာ၏ ပုဂ္ဂလိကတပ် ရေးလည်းဖြစ်ခဲ့ဖူးသော ဗိုလ်မှူးကြီးကာလို့(စ်)ရိုမူလိုကမူ ဗိုလ်ချုပ်ကြီး မက်အာသာသည် ဘက်တန်၌တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေစဉ်