Skip to product information
1 of 3

Other Websites

ရေနံ့သာဝင်းမောင် - ဗိုလ်ချုပ်ချစ်တဲ့ဂီတဂီတချစ်တဲ့ဗိုလ်ချုပ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း(၂)

ဗိုလ်ချုပ်ချစ်တဲ့ဂီတဂီတချစ်တဲ့ဗိုလ်ချုပ်

          “ခင်ဗျားက ဘယ်လိုဘယ်လိုလုပ်ပြီး ဒီနေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရတာလဲ”

          ဆရာနှင့်အတူ ယှဉ်၍ထိုင်မိလိုက်ချိန်တွင် ဆရာက မေးခွန်းစ၍ထုတ်သည်။

          “အဲဒါ ကျွန်တော်က စမေးရမှာဆရာ၊ ကျွန်တော်ဒီရောက်ပုံက မဆန်းပေမဲ့ ဆရာ့ကို ဘယ်လိုမှမမျှော်လင့်ဘဲ တွေ့ရပုံက ပိုဆန်းနေလို့ ဆရာပဲ စဖြေပါဦး”

          ကျွန်တော့်အပြောကို သဘောကျသွားသဖြင့် ဆရာက ရယ်လိုက်သည်။

          “ယင်းချောင်းတံတားသစ်ဖွင့်ပွဲကိုလာတာလေ။ ယင်းချောင်းတံတားက ကိုယ်တို့ဆောက်လုပ်ရေးက တာဝန်ယူ ဆောက်ခဲ့တာမဟုတ်လား”

         ကျွန်တော်က ဆရာတက္ကသိုလ်နေဝင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေးရုံးချုပ်တွင် အထူးအရာရှိ ဖြစ်သည်။ သူနှင့်အတူ ဗိုလ်ချုပ် အောင်ဆန်း၏ သက်တော်စောင့်ဖြစ်ခဲ့ဖူးသူ ဗိုလ်မှူးမင်းလွင်လည်း အထူးအရာရှိပင်။

          ဝန်ကြီးဗိုလ်ချုပ်စိန်ဝင်းက သူတို့ နှစ်ဦးအား ခေါ်ယူထားခြင်း ဖြစ်သည်။ ဆောက် လုပ်ရေးဝန်ထမ်းတစ်ဦး အနေဖြင့် တံတားသစ်ဖွင့်ပွဲတွင် ဘယ်လိုတာဝန်နှင့် လိုက်လာခဲ့ရသလဲဆိုတာကို သိချင်နေပြန်သည်။

          “ဒါဖြင့် ဆရာက ဝန်ကြီးနဲ့ပါလာတာပေါ့”

          “ဟာ မဟုတ်ဘူး မဟုတ်ဘူး၊ အခုကိုယ်လိုက်လာတာက ဂီတတာဝန်၊ ဖျော်ဖြေရေးတာဝန်၊ ဟိုမှာကြည့်လေ” " ကျွန်တော်က ဆရာလှမ်းပြနေသော ခပ်ဝေးဝေးတစ်နေရာ သဲချောင်း လွင်ပြင်ကျယ်တစ်ခုပေါ်မှ အဆောက်အအုံ တစ်ခုသို့ လှမ်းကြည့်လိုက်သည်။ ထိုအဆောက်အအုံသည် ဖျော်ဖြေရေးဇာတ်စင်ကြီးတစ်ခုဖြစ်သည်။ ဆွဲမတင်ထားသော အနီရင့်သွေး ကတ္တီပါကားလိပ်ကြီးနှင့် အစိမ်းတောက်တောက် ပုဏ္ဏား ကွယ်များ ဇာတ်စင်ရှေ့မှ ဖန်ရောင် လက်လက်ထနေသော မြန်မာ့ဆိုင်းဝိုင်းကြီးမှ နယားပျံရုပ်ကြီးနှင့် အမြင့်တွင် ဝံ့ဝံ့ကြွားကြွားရှိလှသော ရွှေခြည်ငွေခြည် ထိုးထားသည့် ဆိုင်းဘုတ်ကြီး..

          “စန္ဒာဦး” “ဪ..ဆရာက စန္ဒာဦးနဲ့ ဖျော်ဖြေရေးတာဝန်ယူဖို့ ပါလာတာကိုး”

          ကျွန်တော်တို့ ပြောနေရင်းမှာပင် ဆရာက စီးကရက်တစ်လိပ်ကုန်သွား၍ နောက်တစ်လိပ် ထပ်ကူးညံ့နေသည်။ ဆရာက စီးကရက်အလွန်ကြိုက်သည်။ စီးကရက်ကြိုက်သည်ဆိုရာတွင်လည်း ခပေါင်းမှလွဲ၍ ဘယ်စီးကရက်မှ မသောက်။ ခပေါင်းကို ကာတွန်းလိုက်ဝယ်ပြီး တစ်လိပ်ကုန်သည်နှင့် တစ်လိပ်မီးကူးညှိ၍ သောက်သည့်အကျင့်ရှိသည်။

          “မောင်ရင်ကရော”

          “ကျွန်တော်က ရေနံချောင်းကို ခဏပြန်လာရင်း ယင်းချောင်းတံတား သစ်ဖွင့်ပွဲရှိတယ်ဆိုလို့ ဒီဘက်ကူးလာတာ ဆရာရဲ့ ၊ စန္ဒာဦးနဲ့ ဆောက်လုပ်ရေးကအနုပညာရှင်တွေလည်း ပါမယ်ကြားလို့ " ။

         “အေးလေ၊ ခင်ဗျား ဂီတမိတ်ဆွေတွေ အများကြီးပါမှာပေါ့”

          “ပါတာပေါ့ဆရာရဲ့ ၊ သူတို့နဲ့တော့ မတွေ့ရသေးဘူး၊ တံတားပေါ် ရောက်ရောက်ချင်း ဆရာထိုးနေတဲ့ တယောသံကိုကြားရလို့”

          “ဟုတ်တယ်ဗျာ၊ ကိုယ်ဒီကိုရောက်ရောက်ချင်း ရင်ထဲမှာ တိုက်ဆိုင်မှု ခံစားချက်ပြင်းလွန်းလို့ တစ်ယောက်ထဲ ထွက်လာပြီး ခုနသီချင်းကို စိမ်ပြေနပြေ ထိုးနေတာ”

         “ဆရာ့သီချင်းက ဘိလပ်ပြန်သန်းဆိုတဲ့ လှေကလေးသီချင်းပဲ”

          “ဟုတ်တယ်လေ... အဲဒီသီချင်းက ကိုယ့်ဗိုလ်ချုပ်ရဲ့ အကြိုက်ဆုံးသီချင်းပဲ။ ကိုယ်တံတားပေါ်ရောက်တော့ အသိကဘာတွေဝင်သလဲဆိုတော့ ဟောဒီတံတားအောက်မှာ စီးဆင်းနေတဲ့ ယင်းချောင်းရေဟာ ဗိုလ်ချုပ်ဇာတိ နတ်မောက် ကိုဖြတ်ပြီးဆင်းလာတာ ပုပ္ပားဘက်ဆီက ကျလာတဲ့ချောင်းသုံးချောင်းက နတ်မောက်ကြမှ ပေါင်းပြီး ယင်းချောင်းဖြစ်လာတာ။ ကိုယ့်စိတ်ထဲမှာ ဒီရေတွေဟာ ကိုယ့်ဗိုလ်ချုပ်ရဲ့ အသက်သွေးကြောတွေလို့ ထင်နေတယ်။ ဒီရေအလျဉ်တွေ မပြတ်စီးဆင်းနေ သလို ဗိုလ်ချုပ်ရဲ့ အသက်သွေးတွေလည်း စီးဆင်းနေတယ် လို့ ထင်တယ်။ ဒါနဲ့ တယောလေးကောက်ဆွဲပြီး ဗိုလ်ချုပ် အကြိုက်ဆုံး “လှေကလေး”သီချင်းနဲ့ ဗိုလ်ချုပ်ကို တမ်းတမ်းတတ အဦးဆုံး ဖျော်ဖြေနေတာ”ဆရာက ပြောရင်း သူ့မျက်လုံးမှာ မျက်ရည်အငွေ့လေးများ ဝေ့ဝဲလာ သည်ကို ကျွန်တော်သတိထားမိသည်။

           “ဗိုလ်ချုပ်က ဒီသီချင်းတစ်ပုဒ်ထဲလားဆရာ နောက်ထပ်သီချင်းတွေကော ရှိသေးလား”

          “ရှိသပေါ့ဗျာ၊ ကိုယ်က ဗိုလ်ချုပ်နဲ့ အတူနေလာခဲ့တော့ ဗိုလ်ချုပ်အသည်းစွဲ သီချင်းမှန်သမျှ အကုန်သိတယ်။ ရလည်းရတယ်”

          “အဲဒါတွေ ဆရာ အချိန်ရရင် ပြောပြပါလား"

          “ဟာ ပြောချင်တာပေါ့။ ပြောယုံတင်မဟုတ်ဘူး တယောနဲ့လဲ ထိုးပြမယ်။ စန္ဒရားလဲတီးပြဆိုပြမယ်။ ခင်ဗျား ဒီပွဲကြည့်မှာမဟုတ်လား”

          “ကြည့် မှာပေါ့ ဆရာရယ်၊ ကျွန်တော့်သူငယ်ချင်းတွေ ကမယ့်ပွဲ ကျွန်တော်ကြည့်ချင်လို့ကို တကူးတကလာခဲ့တာ”

          “အင်း...ဒီညမှာ ကိုယ်တင်ဆက်မယ့် အစီအစဉ်တစ်ခုပါမယ်လေ” “ဟုတ်လား..ဆရာ ဒါရိုက်တာလုပ်ပြီး တင်ဆက်မယ့်အစီအစဉ်လား” “ဟုတ်တာပေါ့လေ၊ အလွန်ထူးခြားပြီး ခင်ဗျားကြိုက်မယ့်အစီအစဉ်အသစ်” “ဘယ်လိုနာမည် ပေးထားလဲဆရာ”

         ဆရာတက္ကသိုလ်နေဝင်းက ကျွန်တော်မမျှော်လင့်ဘဲနှင့် အမျှော်လင့်ဆုံး ဖြစ်သွားည့် တင်ဆက်မှုတစ်ခုအား ကြို၍ ပြောလိုက်သည်။

          “ဗိုလ်ချုပ်ချစ်တဲ့ ဂီတ၊ ဂီတချစ်တဲ့ ဗိုလ်ချုပ်...တဲ့”

အခန်း(၃)

          တစ်ဆောင်လုံး ကျွန်တော်နှင့်သူရှားပါသည်။ ပြည်မှ ရန်ကုန်ဂီတ

          လောကသို့ ဆင်းလာသည့် လူသစ်ကလေး ထရန်းပက်ဝင်းဦးပင် ကျွန်တော်နှင့် နှစ်ကြိမ်လောက် အသံသွင်းဖူးသည်။ သူက တီးဝိုင်း လေမှုတ်သမားများ နှင့်အတူ ဧည့်သည်အဖြစ်ပါလာသတဲ့။

         ဂီတမိတ်ဆွေသူငယ်ချင်းတွေ ဆရာနဲ့ ကျွန်တော် ယင်းချောင်းတံတားတစ်ဘက်ထိပ်သို့ လျှောက်လာ ခဲ့ကြသည်။

        ထို့နောက် တံတားအဆုံး ညာဘက်အောက်ခြေတွင် တံတားဆောက် လုပ်ရေးဝန်ထမ်းများနေခဲ့သော တန်းလျား ဆောင်များရှိသည်။ ထိုအဆောင်များ | သည် ဆရာတို့ အနုပညာရှင်တွေအတွက် ခေတ္တတည်းခိုရာနေရာဖြစ်နေသည်။

        “အစ်ကိုကြီး”

         ကျွန်တော်က လူတစ်ယောက်ကို ဖြတ်ခနဲတွေ့လိုက်၍ လှမ်းအော်ခေါ် လိုက်သည်။ ။

          ကျွန်တော့်ခေါ်သံနှင့် ကျွန်တော့အသံကို ကျက်မိ၍လားမသိ ထိုသူသည် ကျွန်တော့်ကို မြင်သွားသည်နှင့် အားရဝမ်းသာဖြစ်သွားလေသည်။ ။

         “အစ်ကို မျိုးဆက် နေကောင်းလား”

          ကျွန်တော်က ကိုမျိုးဆက်၏ လက်မောင်းကို ဆုပ်ကိုင်လှုပ်ယမ်းကာ ဝမ်းသာအားရ နှုတ်ဆက်သည့်အခါ

          “နေကောင်းတယ်၊ ဆရာနဲ့ ဘယ်လိုဘယ်လို တွေ့လာကြတာလဲ”

           “ဟိုဖက်တံတားထိပ်က သခင်ဖိုးလှကြီးနဲ့ ဆရာစံကျောက်ရုပ်ရှိတဲ့ ကုန်းပေါ်မှာလေ တယောထိုးသံကြားလို့ သွားတက်ကြည့်တာ ဆရာဖြစ်နေတယ်”

          “အင်း...ဆရာကတော့လေ နတ်မောက်နဲ့ ရေမြေဆက်နေတဲ့ ဒီနေရာကို လာရမယ်ဆိုတော့ အပျော်ကြီး ပျော်နေတာ။ ရောက်ရောက်ချင်း နေပူပါ သေးတယ်လို့ ပြောသံတောင်မစောင့်ဘူး တယောတစ်လက်ဆွဲပြီး ထွက်သွား လိုက်တာ”

          ကိုမျိုးဆက်သည် ဆောက်လုပ်ရေးရုံးချုပ်တွင် “ ပုံဆွဲ(ပ)ဝန်ထမ်းဖြစ်ပြီး ရေဒီယိုတွင် နာမည်ကြီးသီချင်း ရေးဆရာနှင့် အဆိုတော်ဖြစ်သည်။ ကိုမျိုးဆက်၏ အဖေမှာ ရွှေတိုင်ညွန့်ဖြစ်ပြီး နှမမှာ အဆိုတော်“ထား”ဖြစ်သည်။ ကိုမျိုးဆက်၏ အအောင်မြင်ဆုံးသီချင်းဖြစ်သော ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုသည့် “အပျိုကြီးမမ” သီချင်းကား ရေဒီယို ပရိသတ်မှန်သမျှ မသိသူမရှိသလောက်ရှားသည်။

          “မောင်ရင့်သူငယ်ချင်း စစ်ကိုင်းစဉ့်အိုးကြီးနဲ့ တွေ့ပြီးပြီလား” “မတွေ့သေးဘူးအစ်ကိုကြီး။ ကျွန်တော်က ခုမှ ဒီကိုရောက်တာ”

          “သွားတွေ့ချည်ဦး၊ ဟိုစာက်အဆောင်မှာ ငနဲတွေအကုန်ရှိတယ်။ လေးမောင်တို့ တောင်ကြီးက လျောင်ကီး တို့တစ်တွေ”

          “ဆရာ၊ ကျွန်တော်သွားတွေ့လိုက်ဦးမယ်၊ ညကျမှ ဆရာနဲ့ ပြန်ဆုံ ကြတာပေါ့”

          ဆရာတက္ကသိုလ်နေဝင်းအား နှုတ်ဆက်၍ အစွန်ဆုံးအဆောင်ဘက်သို့ ကျွန်တော်ကူးခဲ့လေသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)