Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

မဝင်းမြင့် - ရည်ရော်မှန်းအိုင်စမ်းရေပြာ

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out

စာရေးသူ၏အမှာ

          ချစ်ခင်လေးစားရပါသော စာဖတ်ပရိသတ်သို့ ...

          စာရေးသူက ရေပြာအိုင်ဇာတ်လမ်းများ နှင့် ပတ်သက်၍ ထပ်လောင်း ရေးသားတင်ပြအပ်ပါသည်။

          ၁၉၇၄ ခုနှစ်၊ ဇွန်လမှစ၍ သွေးသောက်မဂ္ဂဇင်းတွင် ရေပြာအိုင်မှ သူတော်စင်၊ ရေပြာအိုင်မှ မြွေနိုင်သူ၊ ရေပြာအိုင်မှ စေတီအို၊ ရေပြာအိုင်မှ ရွှေကြက်တော၊ ရေပြာအိုင်မှ သစ်စုန်းပင်၊ ရေပြာအိုင်မှ မှော်အောင် အရုပ်၊ ရေပြာအိုင်မှ ဥစ္စာရူး၊ ရေပြာအိုင်မှ ဓာတ်လုံး ရှင်၊ ရေပြာအိုင်မှ ကြေးကွင်းကြီး ဟူသော ဇာတ်လမ်း ( တစ်ဆယ့်တစ်ပုဒ်ကို ၁၉၇၅ ခုနှစ်၊ ဧပြီလအထိ တစ်ဆယ့် တစ်လတိတိ ရေးသားခဲ့ပြီးနောက် အကြောင်းမညီညွတ် သည့်အတွက် ဆက်လက်ရေးသားခြင်းမပြုတော့ဘဲ ရပ်ဆိုင်း ထားပါသည်။ သင် သည် သို့သော် စာရေးသူအပေါ်မှာ မေတ္တာထားကြသော စာဖတ်ပရိသတ်များက ရေပြာအိုင်မှဇာတ်လမ်းများကို ဆက် လက်ရေးသားရန် တိုက်တွန်းကြပါသည်။စာရေးသူသည် ဤဇာတ်လမ်းများကို ရေးသားရာမှာ စိတ်ကူးယဉ်သက်သက် ဇာတ်လမ်းများ မဟုတ်ပါ။ သက် ကြီး ဝါကြီး လူကြီးများ ပြောပြခဲ့သည့် ရှေးဟောင်း တကယ့် အဖြစ်များ၊ စာရေးသူ ကိုယ်တွေ့ အဖြစ်များ၊ ၁၉၄၄ ခုနှစ်က စပြီး ၁၉၆၅ ခုနှစ်အထိ နှစ်ပေါင်းနှစ်ဆယ်ကျော် အချိန် အတွင်းမှာ မြန်မာပြည်အတွင်း နေရာအနှံ့အပြားဒေသများ မှာလည်းကောင်း၊ ရခိုင်ပြည်နယ်မှာ သုံးနှစ်ကျော် နေထိုင်ခဲ့၍ လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခြောက်နှစ်နီးပါး မျှ နေထိုင်ခဲ့၍လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်နှစ်ကျော် နေထိုင်ခဲ့၍လည်းကောင်း၊ ကရင်ပြည်နယ်ဘားအံဘက်တွင် သုံးနှစ်မျှလည်းကောင်း၊ ကော့ကရိတ် ဘက်တွင် နှစ်နှစ်ကျော်မျှလည်းကောင်း နေထိုင်ခဲ့ရစဉ်က ထူးထူးဆန်းဆန်း တွေ့ကြုံ ခဲ့ရ၊ မှတ်ခဲ့ရ၊ ကြားခဲ့ရသည့် အဖြစ်များကို ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။

          ထိုသို့ရေးသားရာမှာ အချို့ အဖြစ်အပျက်များသည် ဝိညာဉ်လောကနှင့် ထင်ထင်ရှားရှား ဆက်နွယ်ပတ်သက်နေ ကြသည်ကို အထောက်အထား ခိုင်လုံစွာဖြင့် သိရပါသည်။ သို့သော် ယခုခေတ်တွင်ကား သိပ္ပံပညာ တိုးတက် ထွန်းကား နေသောခေတ် ဖြစ်သည့်အပြင် ယခုခေတ် လူတွေအနေဖြင့် ဝိညာဉ်လောကကို လေးလေးနက်နက် ယုံစားမှုမရှိကြ၊ ယုံစား ခြင်းဖြင့် စိတ်ဓာတ်ပျော့ညံ့ရာ ရောက်သွားမည်ဖြစ်သော ‘ကြောင့် မယုံလိုကြ။ ခေတ်နောက်ပြန်ဆွဲသော အယူအဆ မျိုးဖြစ်၍ ဝိညာဉ်လောကနှင့်ပတ်သက်သော အတွေးအခေါ် တွေကို တော်လှန်ဖယ်ရှားနေသည် ဖြစ်သောကြောင့် စာရေး သူသည် ကြားခဲ့၊ မှတ်ခဲ့၊ သိခဲ့ရသည်များကို ခေတ်နှင့်လျော်အောင် သတိထားပြုပြင်ပြီး ဇာတ်လမ်းတိုလေးများသဖွယ် ရေးသားတင်ပြခဲ့ပါသည်။ 

          ရေးသား၍မဖြစ်သည့် ဝိညာဉ်လောကနှင့်ပတ်သက်(ဂ) သော ကြေကွဲဖွယ်၊ ထူးဆန်းအံ့သြဖွယ်၊ တရားသံဝေဂရဖွယ်၊ သနားကြင်နာဖွယ် ဇာတ်လမ်းတွေသည် စာရေးသူမှာ များစွာ ရှိနေပါသေးသည်။

          သွေးသောက်မဂ္ဂဇင်းတွင် ဆယ့်တစ်လတိတိ ရေး သားခဲ့ပြီးသည့် ဇာတ်လမ်းများအပြင် စာဖတ်ပရိသတ်များ၏ တိုက်တွန်းချက်အရ ပုံနှိပ်ဖော်ပြခြင်း လုံးဝမပြုရသေးသည့် အသစ်စက်စက် ဇာတ်လမ်းကိုးပုဒ်ကိုပါ ပေါင်းစည်းကာ ရေပြာအိုင်မှဇာတ်လမ်းများ ဟူသော အမည်ဖြင့် ကဉ္စန စာပေမှ တစ်ဆယ့်နှစ်ကျပ်တန် လုံးချင်းစာအုပ်ကို ၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့ပါသည်။ 

         သို့ပါလျက် ရေပြာအိုင်ဇာတ်လမ်းများကိုဖတ်၍ အာသာမပြေ ဖြစ်ကြသော စာဖတ်ပရိသတ်များသည် စာရေး သူနှင့် တွေ့ဆုံ၍လည်းကောင်း၊ စာဖြင့်လည်းကောင်း၊ တယ် လီဖုန်းဖြင့်လည်းကောင်း ရေပြာအိုင်ဇာတ်လမ်းများကို ဆက် လက်ရေးသားရန် အဖန်ဖန် တိုက်တွန်းကြပါသည်။ ကို တွင် ရေပြာအိုင်မှဇာတ်လမ်းများမည်ရှိသော လုံးချင်းဝတ္ထု တွင် နောက်ဆုံးဇာတ်လမ်းမှာ ကျောင်းဆရာမလေး မခင်ရွှေ သည် ရေပြာအိုင်ရွာနှင့်ပတ်သက်သော ထူးဆန်းအံ့သြဖွယ် ရာများ၊ ကြေကွဲလွမ်းဆွတ်ဖွယ်ရာများ၊ သတိသံဝေဂရဖွယ် ရာများ၊ မျိုးချစ်ဇာတိမာန် ထက်သန်ဖွယ်ရာများ စသည့် အဖြစ်များကို မှတ်တမ်းရေးနေဆဲဝယ် ရေပြာအိုင်ရွာဇာတိဖြစ် ပါလျက် ငွေရေးကြေးရေးအတွက်ကြောင့် ဇာတိမာန်ပျက်တော့မည့် မောင်စိန်းမောင်ကို အစဉ်အလာကြီးစွာ ဇာတိ မာန်စိတ်ဖြင့် အမျိုးကိုစောင့်ရှောက်လာသော ရေပြာအိုင်ရွာကို အစဉ်အလာမပျက်စေကြောင်း နားဝင်အောင်ပြောပြသည်။ ( မောင်စိန်းမောင်က သတိတရားရကာ ရေပြာအိုင်ရွာ အစဉ်အလာကို ပြန်လည်စောင့်ထိန်းသည်။ ငွေကြေးအား ဖြင့်လည်းကောင်း၊ အားစိုက်ဖြင့်လည်းကောင်း မခင်ရွှေက(ဃ) မောင်စိန်းမောင်ကို အကူအညီပေးသည်။ ထိုအခါ မောင်စိန်း မောင်က ကျောင်းဆရာမလေး မခင်ရွှေကို ကျေးဇူးတင်ရာမှ ချစ်လာသည်။

          ရေပြာအိုင်ရွာတွင် အမျိုးအဆွေလည်းကြီး၊ ပစ္စည်း လည်း ချမ်းသာသော ရွာမျက်နှာဖုံးမိန်းမပျို ကြင်ကြင်က မောင်စိန်းမောင်ကို မေတ္တာရှိနေသည်။ ကြင်ကြင်၏မိဘနှင့် အမျိုးအဆွေများက မောင်စိန်းမောင်နှင့် ကြင်ကြင်ကို သဘောတူသည်။ 

တစ်ရပ်တစ်ကျေးမှ ရောက်လာပြီး ရွာကလေးငယ်များ ပညာရေးကြောင့် ကျောင်းဆရာမ လုပ်နေသော မခင်ရွှေ၏ အရည်အချင်း၊ ရပ်ရွာပေါ်မှာထားသည့် စေတနာ၊ ကလေး များ ပညာရေးအတွက် အနစ်နာခံပုံ စသည်တို့ကြောင့် ရွာသူ ရွာသားအချို့က မခင်ရွှေကို မောင်စိန်းမောင်နှင့် လက်ဆက် ကာ ရေပြာအိုင်ရွာမှာပင် အစဉ်အမြဲနေထိုင်သွားစေလိုကြ သည်။

          ဤတွင် မောင်စိန်းမောင်နှင့် ကြင်ကြင်ကို သဘောတူ နေကြသော ကြင်ကြင်၏ မိဘဆွေမျိုးနှင့် မောင်စိန်းမောင် ၏ဆွေမျိုးများက တစ်ဖက်၊ မောင်စိန်းမောင်နှင့် မခင်ရွှေကို လက်ဆက်စေလိုသော ရွာသူရွာသားတွေက တစ်ဖက် စိတ် ဝမ်းကွဲကြတော့မည့်အဖြစ်သို့ ရောက်လာသည်။ ကြင်ကြင် ၏ဆွေမျိုးအချို့က မခင်ရွှေကို လိမ္မာပါးနပ်သောစကားများ ပြောကာ ရှောင်ခိုင်းသည်။ 

          မခင်ရွှေသည် မောင်စိန်းမောင်က သူ့ကိုမေတ္တာရှိနေ ကြောင်း သိသော်လည်း သူကမူ ရိုးရိုးတန်းတန်းပင် ခင်မင် နေခဲ့သည်။ ယခု မောင်စိန်းမောင်၊ ကြင်ကြင်၊ မခင်ရွှေတို့ သုံးပွင့်ဆိုင်ဇာတ်လမ်းကြောင့် ရွာမှာ စိတ်ဝမ်းကွဲစရာတွေ ပေါ်လာတော့မည်ကိုလည်းကောင်း၊ ကြင်ကြင်၏ဆွေမျိုးများ က မခင်ရွှေကို မလိုလား မကြည်ဖြူသည့်စကားမျိုး၊ ရေပြာအိုင်ရွာမှ ထွက်ခွာသွားစေလိုသည့် စကားမျိုး ဖွင့်ပြောကြ သောအခါ မခင်ရွှေသည် သူ သံယောဇဉ်ကြီးလှသော ရေပြာ အိုင်ရွာမှ ကလေးငယ်တွေကို ဝမ်းနည်းစွာ ခွဲခွာကာ တစ်ခု သောဒေသသို့ အလုပ်ရွှေ့ပြောင်းတာဝန်ယူရန် ရေပြာအိုင်မှ ထွက်ခွာသွားသည်။

          ရေပြာအိုင်ရွာမှ မခင်ရွှေ ထွက်ခွာသွားသောအခါ မောင်စိန်းမောင်သည် မခင်ရွှေကို တမ်းတလွမ်းဆွတ် ကြေကွဲ စွာဖြင့် ကျန်ရစ်ခဲ့သည့် ရေပြာအိုင်မှ လွမ်းရစ်သူ ဟူသော ဇာတ်လမ်းဖြင့် ဆုံးထားပါသည်။

          ဤအတွက် စာဖတ်ပရိသတ်များက ရေပြာအိုင်ဇာတ် လမ်းဆုံးထားပုံကို အားမရတော့ဘဲ ဖြစ်နေကြပါသည်။

          ရေပြာအိုင်ရွာဆိုသည်မှာ တကယ်ရှိပါသလား၊ ရှိလျှင် မည်သည့် နေရာမှာရှိနေသည်ကို များစွာသော စာဖတ်ပရိ သတ်တွေက မေးမြန်းကြပါသည်။ ရေပြာအိုင်ဇာတ်လမ်းထဲ မှာပါသည့် အဖြစ်များကို စိတ်ဝင်စားစွာ မေးမြန်းကြပါသည်။

          ရေပြာအိုင်ဇာတ်လမ်းကို လွမ်းရစ်သူ မောင်စိန်းမောင် နှင့် ရပ်ဆိုင်းမထားဘဲ မခင်ရွှေ နောက်ထပ် တွေ့ကြုံရမည့် ထူးဆန်းသော၊ အံ့သြစရာကောင်းသော အဖြစ်များကို မောင်စိန်းမောင်၊ ကြင်ကြင်တို့နှင့် ပေါင်းစပ်ကာ ဆက်ရေးရန် တိုက်တွန်းကြသော စာဖတ်ပရိသတ်များကို စိတ်ဆန္ဒ ပြည့်ဝ စေရန် ရည်သန်သောစေတနာဖြင့် ထုတ်ဖော်ရေးသားခြင်း မပြုသေးဘဲ စာရေးသူဦးနှောက်ထဲမှာ သိုသိပ်သိမ်းဆည်း ထားသည့်အကြောင်းအရာကို ယခုခေတ်လူတွေ လက်ခံနိုင် စေရန် ဆီလျော်စွာ ပြုပြင်ရေးသားခြင်းဖြင့်

          “ရည်ရော်မှန်း အိုင်စမ်းရေပြာ”

          ဟူသော လုံးချင်းစာအုပ်ကို ဆက်လက် ရေးသား လိုက်ရပါသည်။

          ရေပြာအိုင်ဇာတ်လမ်းများကို စွဲလမ်းကြသော၊ စာရေး(စ) သူအပေါ်မှာ မေတ္တာထားကြသော၊ စာရေးသူကလည်း ချစ်ခင်လေးစားပါသော စာဖတ်ပရိသတ်များ ကိုယ်စိတ် နှစ်ဖြာ ချမ်းသာကြစေရန် လေးနက်သော စေတနာဖြင့် ဆုမွန် တောင်းလိုက်ပါသည်။