Skip to product information
1 of 4

Other Websites

မြေလတ်မောင်မြတ်သူ - ဆီးချိုရောဂါကျန်းမာရေးစကား၀ိုင်းနှင့်ရောဂါကုထုံး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စကားဝိုင်း(၁)

          မောင်မြင့်သူ။     ။ယခုစာမျက်နှာပေါ်ကနေပြီး တင်ပြဆွေးနွေးမယ့် စကားဝိုင်း အကြောင်းနဲ့ ရောဂါအမည်ကိုတော့ ဆရာတို့နှစ်ဦးစလုံးကိုတင်ပြပြီးပါပြီ။ ဆရာတို့အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဆွေးနွေးသွားမယ်ဆိုတာ အရင် သိပါရစေ ဆရာ။ ဒေါက်တာ ၊ ၊ဆရာကိုမြင့်သူ လေ့လာထားတဲ့အတိုင်း နားလည်သလိုမေး သွားပါ။ မေးသွားတဲ့မေးခွန်းအပေါ်မှာ သိသင့်သိထိုက်တဲ့ ဆေးပညာရပ်ကို ရောဂါနဲ့လိုက်ဖက်အောင်၊ စာဖတ်သူတွေလည်း နားလည်အောင် ပြောသွား ကြတာပေါ့ ။ ဆရာဦးစည်သူရဲ့သဘောကိုလည်း ဦးစည်သူ ၊ သင့်တော်ပါတယ်ဆရာ ရောဂါတစ်ခုအကြောင်း ဆွေးနွေး တင်ပြကြမှာဆိုတော့ ပညာရပ်ဆိုင်ရာစကားတွေကတော့ မလွဲမသွေပါလာ မှာပါပဲ ဆရာ။ ဒါပေမဲ့ ဆရာတို့၊ ကျွန်တော်တို့ နားလည်ထားသလို၊ စာဖတ် တဲ့သူတွေ နားလည်အောင် အဓိကထားပြောကြတာပေါ့။ မောင်မြင့်သူ၊ ၊ ဒါဆိုရင် ပထမဦးဆုံးသိသင့်သိထိုက်တဲ့မေးခွန်းလေးတစ်ခု နဲ့ စဖွင့်လိုက်ကြရအောင်ဆရာ။ ဆီးချိုရောဂါဆိုတာ ဘာကြောင့်ဖြစ်ရတာ လဲ။ ပြီးတော့ ဘယ်လိုစတင်ဖြစ်တတ်ပါသလဲဆိုတာ ဆရာဒေါက်တာ ဦးအေးကျော်အနေနဲ့ အရင်ပြောပါဆရာ။

         ဒေါက်တာ။     ။ဒီသွေးချိုဆီးချိုရောဂါဟာ ဘာ့ကြောင့်ဖြစ်သလဲ ဆိုတာမျိုး တော့ တိတိကျကျ ပြောလို့မရဘူးဗျ။ ရောဂါဖြစ်စေနိုင်တဲ့အန္တရာယ် တွေကို သာ ပြောနိုင်ပါတယ်။ ဥပမာဗျာ.. အ၀လွန်ခြင်းမျိုးတွေ မိသားစုထဲမှာ မျိုးရိုးဗီဇအရ ဖြစ်နေတတ်တာမျိုးတွေ၊ ပြီးတော့ အစားအသောက်၊ အနေ အထိုင်မှားမှုတွေ စသဖြင့်ပေါ့ဗျာ။ သေချာတာတစ်ခုကတော့ သွေးချိုဆီးချို ရောဂါဟာ လူ့ခန္ဓာကိုယ်မှာ အင်ဆူလင်ဟော်မုန်းချို့တဲ့ခြင်း (ဒါမှမဟုတ်) အင်ဆူလင်ရဲ့ အာနိသင်သက်ရောက်မှုအားနည်းခြင်းကြောင့် ဖြစ်ရတာပဲ။ အင်ဆူလင်ဟာ ပန်ကရိယ(မုန့်ချိုအိတ်) ကထွက်တဲ့ ဟော်မုန်းဖြစ်ပြီး သွေး မှာ သကြားဓာတ်လျော့ကျစေနိုင်တဲ့ ခန္ဓာကိုယ်ရဲ့တစ်ခုတည်းသောဟော်မုန်း ပါပဲ။

          မောင်မြင့်သူ။     ။ဆရာဒေါက်တာဦးအေးကျော်ပြောပြလို့ သိသင့်သလောက် သိရပါပြီ။ တိုင်းရင်းဆေးအနေနဲ့ အမြင်လေးကိုလည်း ဆရာဦးစည်သူက ထပ်ပြီးရှင်းပြပေးပါဦး။ စည်သူ ၊ ၊ဒီရောဂါဖြစ်ရတာဟာ စားတဲ့အာဟာရတွေ မညီညွတ်မျှတ တဲ့အကြောင်းအမျိုးမျိုးကြောင့် ဝမ်းမီးနံ့လာတဲ့အတွက် အချိုဓာတ်ကို မချေ ဖျက်နိုင်လို့ ဆီးချိုဖြစ်လာတာပါ။ တိုင်းရင်းဆေးသဘောတရားအရ ရသာ ဓာတ်၊ အသွေးဓာတ်၊ အသားဓာတ် စတဲ့ ဓာတ်ခုနစ်ပါးအဆင့်ဆင့်မှာလည်း ဆိုင်ရာဓာတ်မီး အသီးသီးရှိပါတယ်အဲဒီလိုအဆင့်ဆင့်ချက်ပြီး ပို့ဆောင်ပေး တဲ့ဓာတ်မီးအပူရှိန်လျော့နည်းလာတဲ့အခါ ခန္ဓာကိုယ်ရဲ့သွေးထဲမှာ အသားမှာ၊ ဆီးထဲမှာ အချိုဓာတ်များလာပါတယ်။ အဲဒီလိုပဲ ငယ်စဉ်ကတည်းက အချို၊ အဆိမ့် အစားများရင်ဖြစ်ဖြစ်၊ အဆီအစေးများတဲ့ အစား အစာများရင်ဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့သူတွေမှာဖြစ်ဖြစ် ပိုဖြစ်နိုင်ပါတယ်။ ။ မောင်မြင့်သူ၊ ၊ ဆီးချိုရောဂါဆိုတာ တိုင်းရင်းဆေးမှာရော၊ ရှေး တုန်းက ရှိခဲ့ပါသလားဆရာ။ တခြားကော ဘယ်လိုများခေါ်ပါသေးသလဲ။ စည်သူ ၊ ၊ဆီးချိုရောဂါကို ရှေးတုန်းက ပမေဟ ရောဂါလို့ ခေါ်ပါ တယ်။ ရောဂါ ဖြစ်ပုံလိုက်ပြီး 'ဥရှူမေဟ”ခေါ်တဲ့ သကြားဆီးချိုရောဂါ ဒါမှ မဟုတ် ကြံရည်ဆီးချိုရောဂါတစ်မျိုးနဲ့ 'မဓုမေဟ'လို့ ခေါ်တဲ့ ပျားရည် ဆီးချိုရောဂါဆိုပြီး နှစ်မျိုးဟာ အသေးစိတ်ခွဲခြားတဲ့အထဲမှာ ထင်ရှားပါတယ်။ ရောဂါဖြစ်ရခြင်းအကြောင်းကိုတော့ ပထဝီ၊ အာပေါ ဓာတ်နှစ်ပါးလွန်တဲ့ ချိုဆိမ့်ရသာတွေကို အစားများလို့ ဖြစ်ရတာပါလို့ဆိုပါတယ်။ ။

မောင်မြင့်သူ။     ။ဆီးချိုရောဂါဆိုတာ အသက်အရွယ်မရွေး ဖြစ်တတ်ပါသလား။

ဒေါက်တာ။     ။ဟုတ်ကဲ့။ ဖြစ်နိုင်ပါတယ်။

မောင်မြင့်သူ။     ။ဆရာ့အဖြေကတော့ တိုတိုတုတ်တုတ်နဲ့ရှင်းပါတယ်။ ဆရာ ဦးစည်သူရဲ့ တိုင်းရင်းဆေးအမြင်လေးလည်း ပြောပြပါဦး။

ဒေါက်တာ။     ။အများအားဖြင့်တော့ အသက်ကြီးပိုင်းတွေနဲ့ လူလတ်ပိုင်း အရွယ်တွေမှာ ဖြစ်တတ်ပါတယ်။ ဆေးကုတဲ့အတွေ့အကြုံအရ ငယ်ရွယ်သူ တွေမှာတော့ အဖြစ်တော်တော်နည်းပါတယ်။ ။

မောင်မြင့်သူ။     ။ဒါနဲ့ ဆရာ။ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ဘယ်သူက ပိုဖြစ်နိုင်သလဲဆိုတာလေးပါ ရှင်းပြပါဦး။

ဦးစည်သူ။     ။ကျမ်းတွေအဆိုအရတော့ အမျိုးသမီးများဟာ လစဉ် မီးယပ် ပုံမှန်လာနေခြင်းအားဖြင့် သွေးဟောင်းသွေးသစ်အမြဲဖလှယ်နေလို့ စင်ကြယ် တဲ့အတွက် ဆီးချိုရောဂါဖြစ်ခဲပါတယ်။ ဥတုသွေး မှန်မှန်မလာလို့ မစင်ကြယ် တဲ့အခါဆိုရင်တော့ ဒီရောဂါဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျမ်းတွေက ဒီလို ပြောပေမဲ့ လက်တွေ့မှာတော့ အမျိုးသမီးတော်တော်များများဟာ ဆီးချိုအဖြစ်များနေပါတယ်။ ကျမ်းအလိုအရပြောရမယ်ဆိုရင်တော့ဗျာ။ ဥတုသွေး မသန့်တဲ့အခါနဲ့ အစားအသောက်လွန်ကျူးမှားယွင်းတဲ့ဒဏ်ကို မခံနိုင်တဲ့ အတွက် ဒီရောဂါဖြစ်ရတာနေမှာပါ။ မောင်မြင့်သူ ၊ တစ်စုံတစ်ယောက်သွားတဲ့ဆီးကို ပုရွက်ဆိတ်အုံတာ ကိုကြည့်ပြီး ဆီးချိုရောဂါဖြစ်နိုင်တယ်လို့ ပြောရလို့ရပါသလားဆရာ။ ဆရာ ၊ ရဲ့ အနောက်တိုင်းဆေးအမြင်လေးကိုလည်း ကြားသိပါရစေဦး ဆရာ။ ဒေါက်တာ ၊ ၊ အနောက်တိုင်းဆေးပညာအရ အတိအကျမဟုတ်ပေမဲ့ ရောဂါရဲ့လက္ခဏာတစ်ခုတော့ ဖြစ်နိုင်ပါတယ်။ မောင်မြင့်သူ၊ ၊ ဆရာဦးစည်သူရဲ့ တိုင်းရင်းဆေးအမြင်မှာရော ဘယ်လို သဘောသဘာဝတွေဖြစ်နိုင်တယ်ဆိုတာ ထပ်ဆင့်ရှင်းပြစေချင်ပါတယ်။

စည်သူ။     ။ဆီးမှာ ပုရွက်ဆိတ်အုံနေရင်တော့ အချိုဓာတ်များတဲ့သဘော ပါပဲ။ ပြောချင်တာက ရက်ပိုင်းအတွင်းမှာစားမိတဲ့ အချိုဓာတ်များများကို ခန္ဓာကိုယ်က မချေဖျက်နိုင်ရင်လည်းဖြစ်တာပါပဲ။ ဒါကြောင့် ဆီးကို ပုရွက်ဆိတ် နံနေတာနဲ့ ဆီးချိုရောဂါ စွဲနေပြီး ကုမရတဲ့အခြေအနေရောက်နေပြီလို့ မပြော နိုင်ပါဘူး။ တိုင်းရင်းဆေးမှာ “သီတပမေဟ ခေါ်တဲ့ ဆီးအေးဆီးချိုမှာ ချိုပေမဲ့ ပုရွက်ဆိတ်မအုံဘူး။ ကြံဆီးချိုမှာတော့ ပုရွက်ဆိတ်လည်း အုံတယ်။ သကြားဓာတ်လည်း ရှိတယ်။ ဒီတော့ ဆီးကို ပုရွက်ဆိတ်မအုံတာနဲ့ ဆီးချို၊ မရှိဘူးလို့ပြောမရသလို၊ ပုရွက်ဆိတ်အုံတိုင်းလည်း ဆီးချိုရှိတယ်လို့ ပြောမရပါ

မောင်သူ။     ။ဒါနဲ့ ဆရာ၊ ဆရာ ရှင်းပြသွားတာတွေ နားထောင်ရင်း ဆီးချိုရောဂါတွေ အမျိုးမျိုးရှိသလိုကြားလိုက်ရပါတယ်။ တကယ့်လက်တွေ့ မှာ ဆီးချိုရောဂါ ဘယ်နှမျိုးတောင်ရှိပါသလဲ။ ဦးစည်သူ ၊ ၊ဆီးချိုရောဂါကို အကြမ်းဖျင်းတော့ လေ၊ သည်းခြေ၊ သလိပ် အရ ၃ မျိုးရှိပါတယ်။ အာယုဗ္ဗေဒကျမ်းတွေမှာ အမျိုးအစား ၂၀ ရှိတယ်လို့ ပြထားပါတယ်။ အရပ်သုံးစကားနဲ့ နားလည်လွယ်အောင်ပြောရရင် ရေဆီး၊ ကြံရည်ဆီး၊ အနည်ထိုင်ဆီး၊ အရက်ဆီး၊ သုက်ဆီး၊ ဆန်မှုန့်ဆီး၊ အချိုဆီး၊ ဆီးနှေး၊ သဲဆီး၊ ဆီးအေး စတဲ့ ဖြစ်ပုံနဲ့ ဆီးသွားပုံကိုတွဲပြီး ဆီးချိုကို အမျိုးမျိုး ခွဲထားတယ်။ သလိပ်အကြောင်းခံပြီးဖြစ်တဲ့ဆီးတွေပဲ ဖြစ်ပါတယ်။

သည်းခြေအကြောင်းခံတဲ့ ဆီး ၆ မျိုးကိုတော့ အရောင်လိုက်ပြီး ခွဲခြားထားတယ်။ အနီရင့်ရောင် (ဘီးမောင်း)၊ နနွင်းရောင် (နနွင်းဆီး)၊ မဲနယ် ရောင် (ဆီး)၊ ဆီးနက်နဲ့ သဲဆပ်ပြာအရောင်အနှံ့ဖြစ်တဲ့ ဆပ်ပြာဆီး၊ သွေးရောင် (သွေးဆီး) ဆိုပြီး ခွဲထားပါတယ်။

ကျန်တဲ့ ၄ မျိုးကတော့ လေအကြောင်းခံကြောင့်ဖြစ်တဲ့ ဆီးတွေပါပဲ။

ခံတဲ့ ဆီးနှင်းရောင် (ဆပ်ပြာဆီး၊ဆီးအရောင်ဟာ ခြင်ဆီဓာတ်တွေပါနေသလိုဖြစ်နေတဲ့ ခြင်ဆီဆီး ဆီ ကြည်ရောင်ရှိတဲ့ “ဆီကြည်ဆီး” မှန်ရစ်တဲ့ဆင် ကျင်ငယ်စွန့်သလို အချွဲတွေ ရောပြီး အဟုန်မရှိဘဲ ရပ်ရပ်ဆင်းတဲ့ “ဆင်ဆီး၊ နောက်ဆုံးတစ်ခုကတော့ ပျားရည်ရောင်နဲ့တူပြီး ပုရွက်ဆိတ်ချက်ချင်းဆုံတဲ့ ပျားရည်ဆီး” တွေပဲဖြစ်ပါ တယ်။ ဒါတွေကတော့ ဗဟုသုတအဖြစ် တိုင်းရင်းဆေးမှာ အသေးစိတ်ခွဲ တတ်တဲ့ အလေ့ရှိတာကိုပြတာပါ။ ဆေးကုတဲ့နေရာကျတော့ လေအကြောင်း ခံ၊ သည်းခြေအကြောင်းခံ၊ သလိပ်အကြောင်းခံရယ်လို့ ၃ မျိုးကို ခွဲခြား ကြည့်ရှုကုသလေ့ရှိပါတယ်။ ။ မောင်မြင့်သူ၊ ၊ အခုတစ်ခါ ကျွန်တော်မေးချင်တာက အနောက်တိုင်း ဆေးပညာအရ ဒီဆီးချိုရောဂါရဲ့ လက္ခဏာတွေကို ကြိုသိနိုင်၊ မသိနိုင် နည်း နည်းလောက် ရှင်းပြပေးပါဆရာ။ ။ ဒေါက်တာ ၊ ၊သိနိုင်တာတွေလည်း ရှိပါတယ်။ အထူးသဖြင့် သွေးချိုဆီးချို ရောဂါရဲ့ လက္ခဏာတချို့ဟာ ဆီးမကြာခဏသွားခြင်း၊ ရေငတ်လွန်းခြင်း၊ အစားအစာစားနိုင်သော်လည်း ကိုယ်အလေးချိန်လျော့ကျသွားခြင်း၊ အစာ ဆာလောင်မှု (စားလိုသော) ဆန္ဒဖြစ်ပေါ်ခြင်း၊ အနည်းငယ်မျှ လှုပ်ရှားရုံနဲ့ မောပန်းခြင်းစတာတွေ ဖြစ်ပါတယ်။

မောင်မြင့်သူ။     ။တိုင်းရင်းဆေးမှာရော၊ ဆီးချိုရောဂါရဲ့လက္ခဏာတွေကို ကြို | သိနိုင်တာ ရှိပါသလားခင်ဗျာ၊

ဦးစည်သူ။     ။ဆီးချိုရောဂါဖြစ်တဲ့သူတွေဟာ အများအားဖြင့် ရင်ပူရေငတ် ပြီး ဆီးခဏခဏသွားတတ်ပါတယ်။ ဇက်ကြောနဲ့ ကုပ်ပိုင်းလေးလံတောင့်တင်း ထိုင်းမှိုင်းတာမျိုးဖြစ်တတ်တယ်။ တချို့ကျတော့ ဝလာပြီး အသား ပွယောင်း ၊ယောင်းဖြစ်မယ်။ တချို့ကျတော့လည်း စားသလောက် အသားမဖြစ်ဘဲ တဖြည်းဖြည်းပိန်လာတတ်တယ်။ ဒါက အပြင်ပန်းမြင်ရတဲ့လက္ခဏာတွေပါ။သေချာအောင် ဆီးစစ်၊ သွေးစစ်ကြည့်ရင် ပိုတိကျနိုင်ပါတယ်။ မောတယ်၊ ရေငတ်တယ်၊ ခြေလက်ပူတယ်ဆိုရင် ဆီးချိုရဲ့ ရှေ့ပြေးလက္ခဏာမို့ သတိထား ပြီး အစားအနေပြင်ရပါမယ်။

မောင်မြင့်သူ။     ။မြန်မာတိုင်းရင်းဆေးမှာရော သွေးချိုဆီးချိုရယ်လို့ ရှိပါ သလားဆရာ။ ။ စည်သူ ၊ ကျွန်တော်တို့တိုင်းရင်းဆေးမှာ သွေးချိုတာ၊ ဆီးချိုတာအပြင် အသားချိုတယ်လို့ တင်စားပြောနိုင်တဲ့အဆင့်လည်း ရှိပါတယ်။ အချို့သူ တွေရဲ့ချွေးကို လျှာနဲ့တို့ကြည့်ရင် အရသာချိုနေတတ်ပါတယ်။ အဲဒီလိုလူမျိုး တွေမှာ အနာအဆာပေါက်လာရင် ကျက်ခဲပျောက်ခဲတတ်ပါတယ်။ မောင်မြင့်သူ၊ ၊ ဟုတ်ကဲ့ပါ။ ခုလို စိတ်ရှည်လက်ရှည်နဲ့ သိလိုသမျှတွေကို သိနိုင်အောင် ပါဝင်ဆွေးနွေးပေးကြတဲ့ ဆရာဒေါက်တာအေးကျော်နဲ့ ဆရာ ဦးစည်သူတို့ကို အထူးပဲကျေးဇူးတင်ပါတယ်။ ဆရာတို့ရဲ့ ကျေးဇူးကြောင့် သွေးချိုဆီးချိုရောဂါနဲ့ပတ်သက်ပြီး အနောက်တိုင်းဆေးအမြင်ရော၊ တိုင်းရင်း ဆေးအမြင်ပါ အတော်လေး တီးမိခေါက်မိရှိသွားပါပြီ။ ကိုယ်စီကိုယ်ငှ မအားလပ်တဲ့ကြားထဲက အချိန်လုပြီး ပါဝင်ဆွေးနွေးပေးကြရလို့ ခုလောက် ဆို ဆရာတို့စိတ်တွေ၊ ကိုယ်တွေလည်း ပြောင်းလောက်ပါပြီ။ ထို့အတူပဲ စာဖတ်ပရိသတ်အနေနဲ့လည်း ဖတ်ရတဲ့အခါ အာရုံပြောင်းမှာ သေချာပါ တယ်။ ဒါကြောင့် အားလုံး စိတ်လက်ပေါ့ပါးစွာ အနားရအောင် ဆီးချိုရောဂါ နဲ့ သုံးဘက်မြင်ကျန်းမာရေးစကားဝိုင်းကို ဒီတစ်ပတ် ဒီမျှနဲ့ နားပြီး နောက် တစ်ပတ်မှ ဆီးချိုရောဂါနဲ့ပတ်သက်တဲ့ သိစရာ မှတ်စရာ ဆောင်စရာ ရှောင် စရာတွေကို ဆက်လက်ဆွေးနွေးတင်ပြသွားမှာဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)