မြသန်းတင့် - လွမ်းမောဖွယ်ကမ္ဘောဇသို့မဟုတ်သံလွင်၊ဒုဌာ၀တီ၊ရွှေလီ
ခရီးအစ “... နှင်းယွန်းခါဟေမန်၊ လေပြန် သွင်းလှုံ့ ညင်းညံညံ၊ တိမ်ယံကွန့်ဆိုင်း၊ အို မျှော်လေ တိုင်း မှိုင်းဝေ...”
မြူပြာပြာ နှင်းဖြူဖြူနှင့်တောင်ခိုးလဲ့လဲ့တို့ ဝေဆိုင်းနေသည့် တောင်တန်းကြီးများကို ငုံ့ ကြည့်မိသည်။ အလှိုင်းလှိုင်းထနေသည့် တိမ်တိုက်ဖြူဖြူများပေါ်တွင် နေရောင်ဝင်းပနေသည့် တိုင် တိမ်ပဝါကြားမှ လှစ်ခနဲ မြင်လိုက်ရသည် ရှမ်းရိုးမတောင်တန်းကြီးများပေါ်တွင်မူ နေခြည် မလင်း၊ ဝင်းပခြင်းမရှိ။ အချို့နေရာများတွင် နေခြည်သည် မြောက် တိပြောက်ကျား လင်းနေသော်လည်း နေရာများစွာတွင် မြူတွေဆိုင်းလျက်၊ နှင်းတွေဆိုင်းလျက်၊ တောင်ခိုးတွေဝိုင်းလျက်၊ အို... မျှော်လေတိုင်း မှိုင်းဝေ...။
၁၉၅၈ခုနှစ်“လိုက်ခဲ့တော့ မြန ”ဝတ္ထုကို ရေးစဉ်က ဇာတ်လမ်းစစချင်း လေယာဉ်ပေါ် မှ မြင်ရသော ရှမ်းပြည်နယ်ရှုခင်းကို ကျွန်တော်ရေးခဲ့ဖူးသည်။ ထိုစဉ်က ရှမ်းပြည်နယ်ကို ကျွန်တော်မရောက်ဖူးသေး။ အဖျားအနားလောက်ကိုသာ ရောက်ဖူးခြင်းဖြစ်၏။ ထို့ကြောင့် ရှမ်းပြည် နယ်နှင့်ပတ်သက်သည့် မှတ်တမ်းများ၊ မြေပုံများ၊ သမိုင်းစာတမ်းများ၊ ဓါတ်ပုံများ၊ ပန်းချီကား များကို ကြည့်ကာ ကျွန်တော်မရောက်ဖူးသေးသော ရှမ်းပြည်နယ်ကို စိတ်ကူးဖြင့် မှန်းဆကြည့်ရ သည်။ ဝေဒ နာဖြင့် ခံစား၍ ရေးခြယ်ပြလိုက်သည့်အခါတွင် ကျွန်တော်ရေးလိုက်သော ရှမ်းပြည်နယ်၏ရှုခင်းသည် လွမ်းမောဖွယ်ကောင်းနေလေသည်။ ဝေဖန်ရေးဆရာတစ်ယောက်ကမူ ရှမ်း ပြည်နယ်ကို မရောက်ဖူးသေးဘဲနှင့် ရေးသည်ဟု ကဲ့ရဲ့ သံလား၊ ချီးမွမ်းသံလား ဝေခွဲမရနိုင်သော လေသံမျိုးနှင့်ဆိုခဲ့ဖူးသည်။
စာရေး ဆရာတစ်ယောက် အထူးသဖြင့် ဝတ္ထုရေးဆရာတစ်ယောက်၏အလုပ်သည် အ ချက်အလက်နှင့်စိတ်ကူးစိတ်သန်းကို ပေါင်းစပ်ပေးခြင်းဖြစ်ပါသည်။ အချက်အလက်ကို ယူသည့် အခါတွင် ကိုယ်တွေ့မှ ယူသည်လည်း ရှိသည်။ ကိုယ်တွေ့ယူ၍ မရသည့်အခါတွင် စာတွေ့မှယူ ရသည်လည်း ရှိသည်။ ဘယ်နေ ရာကယူယူ အကြောင်းမဟုတ်။ အရေးကြီး သည်မှာ သူတင်ပြ သည့်အချက်အလက်သည် မှန်၊ မမှန်ဆိုသည့်အချက်သာ ဖြစ်သည်။
“လိုက်ခဲ့တော့မြနန္ဒာ”ကိုရေးသည့်အခါတွင် ကျွန်တော်သည်အချက်အလက်များကို စာ တွေ့မှယူသည်။ တစ်စွန်းတစ်စကို ကိုယ်တွေ့ မှယူသည်။ ထို့နောက် ထိုအချက်အလက်များပေါ်တွင်စိတ်ကူးကို ပေါင်းထည့်သည်။ သို့ဖြင့် “လိုက်ခဲ့တော့မြနန္ဒာ”သည် အတော်အတန် ပြည့်စုံ သော ထိုခေတ်ရှမ်းပြည်၏ပန်းချီကားတစ်ချပ် ဖြစ်လာသည်ဟု ကျွန်တော်ထင်ပါသည်။ ။
ထို့နောက်တွင် ကျွန်တော်သည် ရှမ်းပြည်နယ်သို့ မကြာ ခဏ ရောက်သည်။ ရောက်တိုင်း လေယာဉ်ပေါ်မှ အောက်သို့ ငုံ့ကြည့်မိသည်။ မြူငွေ့ ၊ တောရိပ်စိမ်းစိမ်း၊ မြေနီ ရဲရဲ၊ တောင် တန်းညိုညို၊ နေကြာပွင့်ဝါဝါတို့ကို မြင်ရတတ်သည်။ “လိုက်ခဲ့တော့ မြန န္ဓ”တွင် ကျွန်တော်ရေး ခဲ့သည့် ရှုခင်းသည် တကယ်ရှုခင်းနှင့်ဘာမျှမကွာလှ။
သည်တစ်ခေါက်တွင်လည်း လေယာဉ်ပြတင်းမှနေ၍ ရှမ်းပြည်နယ်ရှုခင်းကို ကျွန်တော် ကြည့်မိပြန်သည်။ ကြည့်ရင်း ပြင်စည်မင်းသား၏နှင်းယွန်းခါဟေမန်ယိုးဒယားကို ပြေး၍ အမှတ် ရသည်။ သူက“ အို... မျှော်လေတိုင်း မှိုင်းဝေ...”တဲ့။
မျှော်လေတိုင်းတွင် မှိုင်းနေ သည်ဆိုသည်မှာ မှန်ပါသည်။ ရှမ်းပြည်နယ်ရှုခင်းသည် နှင်း တွေ၊ မြူတွေ၊ တောင်ခိုးဖြင့် မှိုင်းနေပါသည်။ သို့ရာတွင် နှင်းတို့ မယွန်းကြသေး။ နှင်းယွန်း ဟေမန်ဟု မပြောနိုင်သေး။ သို့တိုင် ပြင်စည်မင်းသား၏အလင်္ကာသည် ကျွန်တော့်နှလုံးသားထဲ တွင် စွဲနေပြီ။ မြူနှင်းတွေ ဝေနေသည့်ဆောင်းကို မြင်လိုက်နှင့်“နှင်းယွန်းဟေမန်”ဆိုသည့် စကား လုံးသည် ကျွန်တော့်ရင်ထဲတွင် အလိုလို ပေါ်လာတတ်သည်။
ရှမ်းပြည်နယ်သို့ ကျွန်တော်တို့ရောက်သည့်အချိန်မှာ ဒီဇင်ဘာလ တတိယပိုင်း ရှမ်းပြည် နယ်တွင် မြူနှင်းတွေဝေ၍ ကောင်းတုန်း။ အအေးဓါတ်က မင်းမူ၍ကောင်းတုန်း။ ရာသီဥတု အပြင်းထန်ဆုံးကာလဖြစ်သည်။ ယခင် ကျွန်တော်ရောက်ခဲ့ဖူးသည်က ရှမ်းပြည်နယ်တောင်ပိုင်း။ ယခု ကျွန်တော် သွားရမည့်ခရီးက ရှမ်းပြည်နယ်မြောက်ပိုင်း။ တစ်ခါမျှ မရောက်ဖူးသေးသည့် အရပ်။
လားရှိုးမြို့ စာပေမြတ်နိုးသူများအဖွဲ့ ဥက္ကဋ္ဌ ဆရာဝန်ကြီး(ဦး)ကမ္ဘောဇ ခင်လှိုင်က ကျွန် တော့်ကို ဖိတ်နေ သည်မှာ ကြာလှပြီ။ စာဆိုတော် ဟောပြောပွဲများသို့ လာရန်လည်း ဖိတ်ဖူးသည်။ အလည်အပတ်လာရန်လည်း ဖိတ်ဖူးသည်။ ကမ္ဘောဇခင်လှိုင်သည် သူတို့ရှမ်းပြည်နယ်မြောက် ပိုင်းသို့ စာရေး ဆရာတွေ လာစေချင်ပုံရသည်။ မြောက်ပိုင်းရှမ်းပြည်နယ်အကြောင်းကို စာရေး ဆ ရာတွေ လေ့လာစေချင်ပုံရသည်။ သို့ရာတွင် အကြောင်းကြောင်းကြောင့် ကျွန်တော် မသွား ဖြစ်ခဲ့။ သည်နှစ်တွင်မူ ကမ္ဘာဇခင်လှိုင်သည် ဇူလှိုင်လကတည်းက ကျွန်တော်တို့ကို ဖိတ်ထား သည်။ ကျွန်တော်ကလည်း သွားဖြစ်အောင် သွားမည်စိတ်ကူးရှိသည်။
“ကမ္ဘောဇခင်လှိုင်”ဟူသော အမည်ကို ကြားရစဉ်က ကလောင်နာမည်တစ်ခုဟု ရုတ်တ ရက်ထင်လိုက်မိသည်။ ပြန်စဉ်းစားကြည့်တော့ ကလောင် နာမည်သက်သက် မဟုတ်။ ကျောင်း မှာတုန်းက ကျွန်တော်ကြားဖူးသည့်အမည်တစ်ခုဖြစ်ကြောင်း ရေးရေးမှတ်မိသည်။ ကမ္ဘောဇခင်လှိုင်နှင့်ကျွန်တော် သည် စစ်ပြီးစ ရန်ကုန်တက္ကသိုလ်သို့ မရှေးမနှောင်း ရောက်လာကြသူများ ဖြစ်၏။ သို့ရာတွင် လူချင်း မတွေ့ဖူးကြ။ သူက လမ်းမတော် ဆေးတက္ကသိုလ်မှာ။ ကျွန်တော်ကယုဒသန်ကောလိပ်ဘက် ဥတ္တရ(ရွှေဘို)ဆောင်မှာ။ သည်တုန်းက သူသည် ဆရာဝန်မဖြစ်သေး။ စာတွေ ဘာတွေကိုလည်း မရေးသေး။ သည်ကတည်းက သူ့အမည်က ကမ္ဘောဇ ခင်လှိုင်။
ဆရာဝန်ကြီး ဖြစ်လာသည့်အခါတွင်လည်း သူသည် ကမ္ဘောဇကို မဖြုတ်။ စာတွေဘာတွေ ရေး ၍ ကလောင်နာမည်ကို ယူသည့်အခါတွင်လည်း ကမ္ဘောဇကိုမဖယ်။ သူ့အမည်ကိုပြောရ လျှင် ဆရာဝန်ကမ္ဘာ ခင်လှိုင်၊ ဒေါက်တာကမ္ဘောဇခင်လှိုင်ဟု ပြောတတ်သည်။ ကမ္ဘောဇဦးခင် လှိုင်ဟု ဆိုလျှင် သူကြိုက်ပုံမရ။ သို့ဖြင့် ကမ္ဘောဇ ခင်လှိုင်ဟူသော အမည်သည် အမည်ရင်းဖြစ် လာခဲ့ဟန်တူသည်။ ကလောင်အမည်လည်း မဟုတ်၊ စာရေးဆရာ အမည်လည်း မဟုတ်ဘဲ ကိုယ့် မြို့ ကိုယ့်ဇာတိကို နာမည်ရင်းထဲတွင် ထည့်၍ မှည့်သူဆို၍ မြန်မာနိုင်ငံတွင် ကျွန်တော်သိသ လောက် နှစ်ယောက်သာ ပေါ်ဖူးသေးသည်။ တစ်ယောက်က အင်္ဂလိပ်ခေတ်က နိုင်ငံရေးခေါင်း ဆောင်တစ်ဦးဖြစ်ခဲ့သော ဦးသာယာဝတီမောင်မောင်၊ နောက်တစ်ဦးက ကမ္ဘာဇခင်လှိုင်။ ။
လာရှိုးမှအပြန် ကျောက်မဲသို့ ခဏဝင်စဉ် အသက်၇၀-ကျော်အရွယ် သူ့မိခင်ကြီးကို ကျွန် တော်တို့ ဝင်နှုတ်ဆက်ကြသည်။“အမေ့သားက ဘာဖြစ်လို့ ကမ္ဘောဇ ခင်လှိုင်လို့ ဘာလို့မှည့်ရ တာတဲ့လဲ”ဟု ကျွန်တော်က မေးကြည့်သည်။
“သိပါဘူးကွယ်၊ အမေမှည့်တုန်းကတော့ ကမ္ဘောဇ မပါပါဘူး။ ဒါပေမယ့် ကျောင်းရောက် တော့ သူ့ဘာသာသူ “ကမ္ဘောဇခင်လှိုင်”လို့ပြောင်းတာပါပဲ။ တစ်ချက်က သူဟာ ကမ္ဘာဇတိုင်း သားတဲ့။ ကျောက်မဲသားစစ်စစ်ကွယ့်၊ နောက်တစ်ချက်က သူ့အဖေက ကမ္ဘောဇအလုပ်ရုံဆိုပြီး ဖွင့်ထားတယ်။ ခုတော့ သားငယ် မောင်ကျော်စိန်က ဦးစီးလုပ်နေတယ်။ ဒါကြောင့် ကမ္ဘောဇ | ခင်လှိုင်ဆိုတဲ့ နာမည်ကိုယူတယ်ထင်ပါရဲ့။ ခုတော့ ကမ္ဘောဇဆိုတဲ့နာမည်နဲ့ ခင်လှိုင်ဆိုတဲ့ နာမည် ' ဟာ ခွဲမရတော့ဘူး၊ အမည်ရင်းဖြစ်သွားပြီ”
ကမ္ဘာဇခင်လှိုင်၏အမေက ကျွန်တော့်ကို ပြောပြသည်။
ဟုတ်သည်။ ကမ္ဘာနှင့် ခင်လှိုင်သည် ခွဲမရတော့။ အမည်နာမ အ ရာတွင်သာ ခွဲမရ | သည်မဟုတ်။ တကယ့်ဘဝတွင်လည်း ကမ္ဘာဇနှင့်ခင်လှိုင်သည် ခွဲမရတော့။ ရှမ်းပြည်နယ်မြောက် ဗိုင်းမှ တိုင်းရင်းသားများ၏ဘက်ပေါင်းစုံ တိုးတက်ဖွံ့ဖြိုးရေးတွင် သူသည် မဏ္ဍိုင်ကြီးတစ်ရပ် ဖြစ်နေပြီ။
ဤကောက် ချက်ကို ကျွန်တော်အရမ်းဆွဲခြင်း မဟုတ်ပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင် တွင် ပြပြဲစင်အောင် ခရီးသွားခဲ့ကာ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံတို့၏ထင်မြင်ချက်ကို ကြားနာပြီးနောက်မှ ဤစကားကို ပြောခြင်းဖြစ်ပါသည်။
ညှိနှိုင်းတိုင်ပင် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ သွားမည်ဆိုသည့်အခါတွင် လိုအပ်သည့်ဆေးဝါး၊ အနွေး ထည်စသည်တို့ကို စုဆောင်းရ၏။ ကျွန်တော်တို့သွားသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရာသီ ဥတုအပြင်းထန်ဆုံးအချိန် ဖြစ်သည်။ သွားရမည်ခရီးကလည်း ခရီးရှည်ကြီးဖြစ်သည်။ ကမ္ဘာ ခင်လှိုင်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျွန်တော်တို့တတွေ သွားသင့်၊ သွားနိုင်သောနေ ရာမှန်သမျှကို ပို့ပေးရန် အစီအစဉ်တွေ ဆွဲပြီး ကျွန်တော်တို့ထံ ပို့လိုက်လေသည်။ ထိုမျှမက ကျွန်တော့်ကိုမူ တတ်နိုင်လျှင် တစ်လတန်သည်၊ နှစ်လတန် သည်နေရစ်ခဲ့ရန် အကြောင်းကြား လိုက်သေးသည်။
ကျွန်တော်တို့သည် ကမ္ဘောဇခင်လှိုင်၏ကိုယ်စား စီစဉ်ပေးသူ ရန်ကုန်တွင် ရှိသည့် ကိုလှ မြိုင်(လုပ်သားနေ့စဉ် အယ်ဒီတာချုပ်)နှင့် အစီအစဉ်တွေ ညှိနှိုင်းကြရသည်။ သူတို့ လိုချင်သည် ရက်ကို ကျွန်တော်တို့ မပေးနိုင်။ ထိုရက်များတွင် ကျွန်တော်တို့ ရန်ကုန်မှာမရှိ။ စာဆိုတော် ခရီးတွေ ထွက်နေကြရ သည်။ ထို့ကြောင့် လားရှိုးနှင့်ကျွန်တော်တို့ အပြန်ပြန်အလှန်လှန် ရက်တွေ လှမ်းရသည်။ နောက်ဆုံးတွင် လားရှိုးက ကျွန်တော်တို့ လာနိုင်မည့်ရက်ကို နောက်ဆုတ်၍ ရွှေ့ပေးသည်။ သို့ရာတွင် အနားကပ်တော့ ကျွန်တော်တို့ပေးသည် ရက်တွင် လားရှိုး သို့လေယာဉ် မရှိ။ ထို့ကြောင့် လားရှိုးက ကျွန်တော့်ထံ လေယာဉ်ပျံ့ရှိမည့် အစောဆုံးရက်တွင် ၍ ထွက် လာရန် အကြောင်းပြန်သည်။ ဤတွင် ကျွန်တော်တို့တတွေ တခြားအစီအစဉ်တွေနှင့် ညှိရပြန်သည်။ လားရှိုးမတိုင်ခင် လက်ခံထားပြီးဖြစ်သော စာဆိုတော်ပွဲများကို စောစောကြို၍ ပြီးအောင် | လုပ်ပေးရန် သက်ဆိုင်ရာမြို့နယ်များနှင့်လှမ်းညှိရသည်။ လားရှိုးမှအပြန် နောက်ကျမည်ဖြစ်သ ဖြင့် အချို့ပွဲများကို နောက်ဆုတ်ပေးရန်လည်း ဆိုင်ရာမြို့နယ်များနှင့် လှမ်းညှိရပြန် သည်။ သို့က လို အပြန် အလှန် ညှိနှိုင်းပြီးမှ လားရှိုးနှင့် ကျွန်တော်တို့ ရက်သတ်မှတ်ကြသည်။
ကျွန်တော်တို့ဆိုသည်မှာ လားရှိုးနှင့်ရှမ်းပြည်နယ်မြောက်ပိုင်း စာဆိုတော်ခရီးသည်များ ဖြစ်ကြသည့် ကျွန်တော်၊ အောင်သင်း၊ ချစ်ဦးညို နှင့် ကာတွန်းမြေဇာတို့ ဖြစ်ကြပါသည်။ ။
မူလက ဒီဇင်ဘာလ ၂၁-ရက်နေ့တွင် ရန်ကုန်မှထွက်ရန်ဖြစ်သော်လည်း ထိုနေ့တွင် လ ယာဉ်မရှိသဖြင့် ကျွန်တော်တို့သည် တစ်ရက်စော၍ လားရှိုးသို့ ထွက်ခဲ့ကြသည်။
ရန်ကုန်လေဆိပ်မှ မနက် ၇ နာရီခွဲထွက်သည့်လေယာဉ်သည် မန္တလေးချမ်းမြသာစည် လေဆိပ်သို့ ၉-နာရီခွဲတွင် ရောက်လေသည်။ ချမ်းမြသာစည်လေဆိပ်တွင် နေရောင်ဝင်းပလျက် ရှိသော်လည်း ရန်ကုန်နှင့်မတူတော့။ နေရောင်စူးစူးထဲမှာပင် အေးစိမ့်စိမ့်ဖြစ်နေသည်။
လေယာဉ်သည် မန္တလေးတွင် နာရီဝက်သာသာ ခန့် ကုန်တင်ကုန်ချမှု၊ လူတင်လူချ လုပ်ပြီးနောက် လားရှိုးဘက်သို့ ဦးတည်ပျံသန်းလာခဲ့လေသည်။ ရန်ကုန်မှ လားရှိုးခရီးစဉ်တစ်လျှောက်လုံးတွင် ဘီအစီသည် ကော်ဖီခပ်ညံ့ညံ့တစ်ခွက်နှင့်သကြားလုံး သုံးလေးလုံးလောက်ကိုသာ ပေးပါသည်။ သူ့ခရီးစဉ်နှင့်ထိုက်တန်သည့် အစားအသောက်ကို ကျွေးခြင်းဖြစ်ပေလိမ့်မည်ဟု ကျွန်တော့်ဘာ သာတွေးယူပါ၏။ သို့ရာတွင် ကော်ဖီကို စက္ကူခွက်အဟောင်းနှင့်တိုက်ခြင်းမှာကား လူမြင်၍ မ ကောင်းလှပါ။ ကော်ဖီထည့်လာသည့် စက္ကူခွက်အဟောင်းများမှာ အရောင်အဆင်းပင် မပေါ် တော့။ ဝါကြန့်ညစ်ထပ် နေကြလေပြီ။ စက္ကူခွက်အပေါ်က ပန်းပွင့်ပန်းခွက် ပန်းနွယ်ကလေးများ ကလည်း ပီပီသသမရှိကြတော့။ စွန်းထင်းကုန်ကြပြီ။ ခွက်နှုတ်ခမ်းများကလည်း စုတ်သည့်နေရာ က စုတ်နေကြပြီ။
လေယာဉ်မယ်များက ယဉ်ကျေးကြပါ၏ ။ ခရီးသည်များ အား လိုအပ်သည့် အကူအညီများကို လာရောက်ကောင်းနိုင်ကြောင်းဖြင့် ကြေညာသွားရာ ထိုစကားမျိုးကို ပထမဆုံး အကြိမ် ဘီအေစီလေ သာဉ်ပေါ်တွင် ကြားရခြင်းဖြစ်သဖြင့် သာဓုခေါ်ရပါသည်။ “ချေးသုတင်ပါတယ်ရှင်”ဟူသော ဘိုသံ ဖြင့် ပြောသည့်မြန်မာစကား သံကား မပျောက်သေးပါ။
မန္တလေးလေဆိပ်မှ ထွက်၍ မကြာမီ တောတောင်ကြီးများ၊ စိမ့်နိုင်ကြီးများကို လေယာဉ်ပေါ် မှ မြင်ရလေသည်။ တကယ့်စိမ့်ကြီးဂနိုင်ကြီးများ ဖြစ်ပါ၏ ။ တချို့နေရာများတွင် တောင်တန်းကြီး များကို တိမ်တိုက်ကြီးများက ပွေ့ဖက်ထားကြ၏ ။ တိမ်တိုက်ကြီးများဟုသာ ဆိုလိုက်ရသော်လည်း
နှင်းလား၊ တိမ်လား၊ မြူလားဆိုသည်ကို ကောင်းကောင်း ခွဲခြား၍ မရနိုင်ပါ။ ထိုနှင်း၊ ထိုမြူ၊ ထိုတိမ် တို့သည် တောင်တန်းများ၊ တောမြိုင်များကို ဖုံးအုပ်ထားခြင်းလည်း မဟုတ်။ သရဖူသဖွယ် ဆောင်းထားခြင်းလည်း မဟုတ်။ တချို့ တိမ်၊ တချို့မြူ၊ တချို့ နှင်းတို့က တောင်တန်းကြီးများ၏ ခါးလယ်ကို ရစ်ပစ်ထားကြသည်။ တချို့က စိမမြိုင်တို့၏ရင်ခွင်တွင် ခေါင်း၍ ဝင်နေကြသည်။ တချို့က တော
တောင်စုံမြိုင်တို့ ခြေရင်းတွင် ဝပ်စင်းနေကြသည်။ တချို့ က မတ်စောက်သော် တောင်နံရံ၏ ပါးပြင် တွင် ပွတ်သပ်နေကြသည်။ သည်မျှလှ၍ သည်မျှဆန်းကြယ်သောရှုခင်းမျိုး၊ အလှမျိုးကို ဘယ်ပန်းချီ ကျော်မျှ ဆွဲနိုင်မည်မထင်ပါ။