မြသန်းတင့် - နိုင်ငံတကာခေတ်သစ်ဂန္ထ၀င်၀ထ္ထုတိုများ
မသာ တစ်ခု အရင်းပြု၍ အဖေနှင့် သားသည် တဲတံခါးဝအနီးရှိ မီးဖိုဘေးတွင် ထိုင်နေကြ၏။ တဲထဲတွင်မူ ၏ဇနီးသည် ဘူဒီသည် ကမ္မဇလေ လှုပ် ရှားသည့် ဝေဒနာကို ခံစားလျက်ရှိ၏။ စူးရှစွာ အော်ဟစ်လျက် ရှိသော အသံကြောင့် သူတို့ နှစ်ယောက်စလုံး၏ နှလုံးသားများသည် အခုန်ရပ်သွားသည်ဟု ထင်လိုက်ရ၏။ ညမှာ ဆောင်းည ( တစ်ည ဖြစ်၏။ တစ်ရွာလုံး သည် တိတ်ဆိတ်လျက်ရှိကာ အမှောင် ထုကြီးထဲတွင် နစ်မြုပ်လျက် ရှိ၏။
“တိုလဲ တစ်နေ့လုံး အလုပ် သွားနေကြတာ၊ ကောင်မလေး အခြေအနေ အတော်ဆိုးတယ် ထင်တယ်၊ ဝင်ကြည့်လိုက်ပါဦး လား” ဟု ဆုက ပြောသည်။
“ဘာထူးမှာလဲ အဖေရာ၊ မြန်မြန် သေသွားရင်လဲ ကောင်း တာပေ]” “ဟု မမာဓဗက ဖြေသည်။
“မင်း တော်တော်ရက်စက်တဲ့ကောင်ပဲ၊ ကိုယ်နဲ့ တစ်နှစ်လုံး ပေါင်းလာတဲ့ မယားကိုတောင် မင်း မသနားတော့ဘူးလား”
“သူ ဒီလို ဝေဒနာ ခံစားနေရာကို ကျွန်တော် မကြည့်ချင် ဘူး အဖေ” “ သူတို့သားအဖသည် ရွာထဲတွင် နာမည်ပျက်နေသော ဖိနပ် ချုပ်သမားများ ဖြစ်ကြသည်။ ဆုသည် အလုပ်တစ်ချက် လုပ် ပြီးလျှင် သုံးရက် နားလေ့ရှိ၏။ သားဖြစ်သူ မာဓဗကလည်း လက်ကြောတင်းအောင် မလုပ်ချင်။ နာရီဝက်လောက် အလုပ်လုပ်ပြီးတိုင်း တစ်နာရီလောက် နားပြီး ဆေးလိပ်သောက်တတ် သည်။ ထို့ကြောင့် သူတို့ သားအဖနှစ်ယောက်အဖို့ ဘယ်သွားသွား အလုပ်ကောင်းကောင်း မဖြစ်ချင်။ အိမ်တွင် ဆန်တစ်ဆုပ် စာလောက် ရှိလျှင်ပင် သူတ္တိကောင်းကောင်းအလုပ်မလုပ်တော့။ သို့ဖြင့် နှစ်ရက်လောက် ထမင်းမစားကြဘဲ နေပြီးနောက် ဆု သည် သစ်ပင်ပေါ်သို့ တက်ပြီး သစ်ကိုင်းများကို ခုတ်ချသည်။ သားဖြစ်သူ မာခဗက ဈေး သိုးရောင်းသည်။ ထင်းရောင်းပြီး ပိုက်ဆံလေး နည်းနည်းရှိလျှင်လည်း နောက်ထပ် အလုပ်မလုပ်တော့။ နောက်တစ်ခါ စားစရာ မရှိသည့်အခါတွင်မှ ထင်းခုတ် ပြီး ရောင်းကြပြန်သည်။ သို့မဟုတ်လျှင်လည်း အလုပ်ကလေး ဘာလေး နည်းနည်းပါးပါး ပြန်လုပ်သည်။
သူတို့ လယ်သမား ရွာကလေးအတွက် အလုပ်မရှားပါ။ လုပ် ချင်သည်ဆိုလျှင် အလုပ်တွေ တစ်ပုံတပင်ရှိသည်။ သို့ရာတွင် သူတို့ နှစ်ယောက်ကိုမှု မဖြစ်မှ ၍ အလုပ်ခိုင်းကြသည်။ သူတို့ကို ခေါ်ခိုင်းလျှင် တစ်ယောက်ကို နှစ်ယောက်လုပ်ကြသည်မဟုတ်လော။ သူတို့နှစ်ယောက်သာ အရညဝါသီ ပုဂ္ဂိုလ်များ ဖြစ်ခဲ့ သည်ဆိုလျှင် သန္တုဋ္ဌိစ ဟူသော ကျေနပ် ရောင့်ရဲခြင်းတရားကို ရန် အထူး ကျင့်ကြံအားထုတ်စရာ လိုမည်မထင်။ သူတို့နှစ်ဦး သည် ရသမျှဖြင့် ရောင့်ရဲ ကျေနပ်နိုင်ကြသူ နှစ်ဦးဖြစ်သည်။
သူတို့ဘဝကလည်း ခပ်ဆန်းဆန်းပင်။ သူတ္တိတ်ထဲတွင် မြေအိုး နှစ်လုံး သုံးလုံးမှအပ အခြားဘာမှမရှိ။ သူတို့ဝတ်စားထားသည့် အဝတ်အစားများကလည်း အရှက်ကို ဖုံးနိုင်သည်ဆိုရုံ အစုတ် “ အပြတ်များဖြစ်သည်။ သူတို့တွင် အကြွေးတွေကလည်း လည်ပင်း ခိုက်နေပြီ။ သို့ရာတွင် “ကြွေးထူမပူ-သန်းထူမယား” ဆိုသကဲ့သို့ ထိုကိစ္စအတွက် ဘာမှ ပူပင်ခြင်းလည်း မရှိတော့။ အဆဲ အဆို အရိုက်အပုတ် ခံသည်။ ထို့ အတွက်လည်း ဝမ်းနည်းခြင်းမဖြစ်။ သူတို့တွင် အမြဲလိုလို ဆင်းရဲလျက်ရှိသဖြင့် မိတ်ဆွေများက ပံ့ပိုး ချေးငှားကြရသည်။ သိုရာတွင် ကြွေးကိုပြန်ဆပ်သည့်အခါဟူ၍တစ်ခါမျှ မရှိစဖူး။ ပဲပေါ်ချိန်၊ အာလူး ပေါ်ချိန် ဆိုလျှင် သူများအခင်းမှ ဝင်ခိုးတတ်သည်။ တစ်ခါတစ်ရံတွင် သူများ ကြံခင်းမှ ကြံကိုခိုးတတ်သေးသည်။ သည်လိုဖြင့် ဆု လောက ကြီးတွင် နေလာခဲ့သည်မှာ အနှစ်ခြောက်ဆယ်ရှိပြီ။ သားဖြစ်သူ မှာဓဗကလည်း ဖအေတူသားပီပီ ဖအေ့ခြေရာကို ထက်ကြပ်နှင်း နိုင်သူဖြစ်သည်။ ဖအေ့ထက် သားတစ်လကြီး ဆိုသလို ဖရော့ ထက်ပင် ဆိုးသေးသည်။ | ဂီးဆု၏မယား သေသည်မှာကြာလှပြီ။ မာဓဗမှာ လွန်ခဲ့သည့် တစ်နှစ်လောက်ကမှ အိမ်ထောင်ကျခဲ့သည်။ သူ မိန်းမ ရသည့် အခါတွင် ဇနီးသည်သည် သူတို့ အိမ်ထောင်စုကို စနစ်တကျဖြစ် အောင် ထိန်းသိမ်းပါသေးသည်။ ဇနီးဖြစ်သူက မောင်းထောင်း လိုက်သည်။ မြက်ရိတ်လိုက်သည်။ သို့ဖြင့် ပျင်းရိာအားကောင်းမောင်းသန် ကြီး နှစ်ယောက်ကို လုပ်ကျွေးသည်။ သူရောက်လာသည့် နောက်ပိုင်းမှစ၍ သူကို သားအဖနှစ်ယောက် သည် ယခင်ကထက်ပို၍ အပျင်းထူလာကြသည်။ ထိုမျှမက ဘဝင် ပင် မြင့်လာကြသေးသည်။ သူတို့ကို အလုပ်ခေါ်၍ ခိုင်းလျှင် မတန်တဆ ပိုကောင်းကြသည်။ ယခုပူ သူတို့ကို လုပ်ကျွေးခဲ့သည့် ချွေးမနှင့် မယားသည် မီးမဖွားနိုင်သဖြင့် သေငယ်ဇာ ကပ်နေ လေပြီ။ ဘာမျှမလုပ်ကြ။ စိတ်ချလက်ချ အိပ်နိုင်အောင် မီးနေ သည် သေမည့်အချိန်ကို စောင့်နေကြသည့်နှယ် ရှိ၏။
ဂီဆုသည် ခိုးလာသည့် အာလူးကို မီးဖုတ်ထားရာမှ ဆက်၍ အခွံနွှာရင်း
“သွား ကြည့်စမ်းပါဦး၊ မကောင်းဆိုးရွား အမှောင့် ပာဂတွေ ဘာတွေများ ပူးနေသလား မသိဘူး၊ ငါတော့ ပယောဂပူးတယ် ထင်တာပဲ၊ ဆေးဆရာခေါ်ရင်တော့ ပျောက် မလားမသိဘူး၊ ဒါပေမယ့် ခက်တာက တို့ရွာမှာ ပယောဂဆရာ ကို တစ်ခါပင့်ရင် ငွေ တစ်ကျပ်တော့ အနည်းဆုံး ပေးရတာရှိနေတာပဲ”
မာဓဗသည် အထဲသိုမသွားချင်။ သူအထဲဝင်သွားစဉ် ရှိသမျှ အာလူးဖုတ်တွေကို အဖေ အကုန် စားပစ်မည်ကို စိုးရိမ်သည်။ “အထဲကို ကျွန်တော် မဝင်ရဲဘူး အဖေရ၊ ကြောက်တယ်” “ဘာ ကြောက်စရာရှိသလဲကွ၊ ဒီနားမှာ ငါတစ်ယောက်လုံးဖြင့်ရင်လဲ အဖေ ကိုယ်တိုင် သွားကြည့်ပါလားဗျာ” “မင်း အမေတုန်းက ကိုယ်တိုင် အနားမှာ စောင့်နေတာ၊ သုံးရက်လုံးလုံး သူ့အနားမှာချည်းပဲ သေသည်အထိ 1 သူ့ အနားမှာရှိတယ်၊ သွားလို ဖြစ်မလားကွ၊ မင်းမိန်းမရှက်နေ မှာပေါ့၊ ငါက သူ့မျက်နှာကိုတောင် ကောင်းကောင်းမြင်ဖူးတာ မဟုတ်ဘူး၊ ခု ကိုယ်လုံးတီး ဖြစ်နေတုန်း ငါသွားလို့ ဖြစ် မလား၊ ခုလောက်ဆိုရင် လူးတာ လှိမ့်နဲ့ အဝတ်အစားတောင် ကပ်ချင်မှ ကပ်တော့မှာ၊ ရောက်သွားရင် သူ့ ဝေ ဒနာ သက်သာလို သက်သာ ခြေတွေလက်တွေတောင် ကော့ကော်ကံကား လုပ်နိုင်တော့မှာ မဟုတ်ဘူး”
“ကလေးလေး မွေးလာရင်တော့ ဒုက္ခပဲ၊ ဘာ လုပ် ရ မှန်း တောင် မသိသေးဘူး၊ ကျွန်တော်တို့ အိမ်မှာလဲ ဘာမှ မရှိဘူး၊ ဆီလဲ မရှိ၊ ထန်းလျက်လဲ မရှိ၊ ဘာဆိုဘာမှ မရှိဘူး”
“မပူပါနဲ့ကွာ၊ အလိုလို ရှိလာမှာပေါ့၊ နတ်ထွင်းတဲ့ ခံတွင်း ပါ၊ ဒီနေ့ ထမင်းကျန် ဟင်းကျန်လေး မပေးဘူးလို့ ငြင်းလိုက်ပေမယ့် ကလေးလေး မွေးလာရင် တို့ကို ဟိုက ဒီက ပိုက်ဆံကို | ဘာတ္တိ ပေးကြမှာပေါ့၊ ငါမှာ သားကိုးယောက်တောင် မွေးခဲ့တာပါ၊ မွေးတိုင်း ငါ့ အိမ်မှာ ဘာမှ မရှိဘူး၊ ဒါ ပေ မယ့် | ဘုရားမှတော့ အလိုလို ဖြစ်သွားတာချည်းပဲ” " • နေ့ရောညပါ နဖူးကချွေး ခြေမကျအောင်လုပ်သည့် လူများ”မသာ လိမ်မပင်။ လယ်သမားများ၏ အားနည်းချက်များကို သိ၍ အခွင့်ကောင်း ယူတတ်သူများမှာ မူ ကြီးပွားချမ်းသာနေကြလေပြီ။ ထို့ကြောင့် ဆုတွင် ထိုသဘောထားမျိုး ရှိသည်ကိုလည်း ဘာမျှ အံ့ဩဖွယ်ရာ မဟုတ်။ မွဲသည့်အတူတူ ပင်ပန်းကြီးစွာလုပ်ရင်း မဲ့ရသည်ထက် မပင်မပန်း သက်သက်သာသာ မဲ့ရသည့်လမ်းကို ရွေးသည့်အတွက် ဆု သည် အခြားသူများထက် စဉ်းစားဉာဏ်ရှိသည်ဟုပင် ချီးမွမ်းရအရည်အချင်းလည်း မရှိ။ ထို့ကြောင့် အလုပ်မလုပ်ဘဲ ပျင်းရိသူချင်းအတူတူ သွေး စုပ် တတ် သူများက ရွာတွင် ကြေးရတတ်တွေ၊ အုပ်ချုပ်သူတွေ ဖြစ်နေ ပြီး သွေးမစုပ်တတ်သည့် ဆုမှာ လူအထင်သေးစရာ ဖြစ်နေ သည်။ သို့ရာတွင် မည်သို့ဖြစ်စေ ဆုသည် သူ မချမ်းသာ လျှင်သာ ရှိစေ၊ အခြားသူများကဲ့သို့ ခါးကျိုးမတတ် ပင်ပန်း ဆင်းရဲစွာ “ အလုပ်မလုပ်ရသည်မှာကား ထင်ရှားသည်။ ထို့ပြင် သူ့တွင် အခြားသူများကလာ၍ သွေးစုပ်စရာ ဆို၍လည်း ဘာ မျှ မရှိသည့်အတွက် ဘာမျှ ပူပင် ကြောင့်ကြစရာမလို။ “ သူတို့နှစ်ယောက်သည် ပြာပုံထဲမှ အာလူးများကို ဆယ် ယူ ကာ ပူလောင်လျက်ရှိသည့် ကြားကပင် ပလုတ်ပလောင်း စား ပစ်လိုက်ကြသည်။ သူတို့ ဘာမှ မစားရသည်မှာ နှစ် ရက် ခန့်ကြာခဲ့ပြီ။ ထို့ကြောင့် အာလူးအေးအောင် မစောင့်နိုင်တော့။ ပူပူနှင့် စားပစ်လိုက်ကြသဖြင့် လျှာတွေ ပူလောင် ကုန် သည်။ မျက်လုံးမှ မျက်ရည်တွေ ကျလာသည့်တိုင်အောင် သူတို့ သား အဖသည် အစားပြိုင်သည့်နှယ် အာလူးများကို အမြန်ဆုံး စား ပစ်လိုက်ကြသည်။ထိုသို့စားရင်း လွန်ခဲ့သည့်အနှစ်နှစ်ဆယ်က သူရောက်ခဲ့ဖူးသည့် မြေရှင်၏ မင်္ဂလာဆောင်ကို ဆု အမှတ်ရနေသည်။ ထိုစဉ်က မည် မထင်။ ပြန်လိုက်တိုင်း မီတိဖြစ်ရသည်။ "အဲဒီ မြေပိုင်ရှင်ရဲ့ မင်္ဂလာဆောင်ကိုတော့ တစ်သက်မမေ့ တော့ဘူး၊ တစ်သက်မှာ ဒီတစ်ခါပဲ အားရပါးရ စားဖူးတစ်သက်တွင် မေ့နိုင် တော့သေးတယ်၊ ကျွေးလိုက်တဲ့ မုန့်တွေကလဲ အားတိုက် နေတာပဲ၊ထောပတ်နံ့ ကလဲ မွှေးလို၊ မင်္ဂလာဆောင်လာတဲ့ လူတိုင်းအ၀ | ကျွေးတာ၊ ဒါတင် ကရိုးလား၊ တခြား အစားအသောက်တွေက လဲ အလျှံပယ်ပဲ၊ သနပ်ပါတယ်၊ ဒိန်ချဉ် ပါတယ်၊ ဟင်း က လေးခွက်ဝင်ပါတယ်။အချိုလဲ ကျွေးလိုက်သေးတယ်၊ ဘယ် လို အရသာ ရှိမှန်းတောင် မပြောတတ်တော့ဘူး၊ ပြီး တော့ အားရပါးရ စားပစ်လိုက်တာ ဗိုက်ကို တင်းနေတာပဲ၊ ထမင်း စားပြီး ရေတောင် သောက်လို့ မရတော့ဘူး၊ ထမင်းဟင်းလိုက်တဲ့ လူတွေကလဲ ကောင်းသလောက် လာပေးတာပဲ၊ တော်ပါပြီ။ | မထည့်ပါနဲ့တော့ပြောပြီး ငှက်ပျောဖက်ကို လက်ဝါးနဲ့ အုပ် ထားတာတောင် မရဘူး၊ ရှေ့မှာ အတင်းလာချတယ်၊ အဲ စားလို့ သောက်လို့ လက်ဆေးပြီးတော့ ကွမ်းယာတွေ လာချပြန်တယ် ကွ၊ ဒါပေမယ့် အဲဒီနေ့ကတော့ ဘယ်မှာ ကွမ်းဝါးတော့မလဲ ၊ ငါဖြင့် ထိုင်ရာကတောင် မထနိုင်တော့ဘူး၊ အိမ်လှဲရောက် ရော ဘာပြောကောင်းမလဲ အိပ်ပစ်လိုက်တာပဲ၊ အဲဒီနေ့တုန်းကတော့ မြေပိုင်ရှင်ကလဲ ကျွေးလိုက် မွေးလိုက်တာကွာ၊ စေတနာ ဗလဗွပဲ”
မာဗေသည် သူ့အဖေသည့် အစားအသောက်များကို မှန်းကြည့်ကာ စိတ်ထဲတွင် အရသာခံနေသည်။
“ခုခေတ်တော့ ဒီလို အကျွေးအမွေးမျိုးတွေ မရှိတော့ပါ ဘူး အဖေရာ"
“အေးလေ၊ ခုခေတ်တော့လဲ ဘယ် ကျွေးနိုင် ကြပါတော့ မလဲ၊ ဟိုတုန်းကတော့ တစ်မျိုးကိုး၊ ခုခေတ်ကျတော့ လူတွေက လှဲ ချွေတာလာကြတယ်။ မင်္ဂလာဆောင်တို့၊ အသုဘတို့ ဆိုရင်လဲ သိပ်ပိုက်ဆံ အကုန်မခံကြတော့ဘူး၊ ခပ်ကျဉ်းကျဉ်းပဲ လုပ်ကြံတော့တယ်၊ ဆင်းရဲသားတွေဆီက သွေးစုပ်ထားတဲ့ ပိုက်ဆံတွေ ကို ဘာများ လုပ်ပစ်ကြသလဲ မသိဘူး၊ ပိုက်ဆံတွေကို ဒီလောက်မှာ”
စုထားတာ ဘာလုပ်မှာလဲ၊ လွယ်လွယ်နဲ့ သွေးစုပ်လို့ ရတာပဲ။ လွယ်လွယ် ဖြုန်းပစ်လိုက်” ““အဲဒီတုန်းက အဖေ ကိတ်မုန့်တွေ အခုနှစ်ဆယ်လောက် စား ခဲ့ရမှာပေါ့'' “ဘယ်ကမလဲကွ၊ အများကြီးပဲ”
“ကျွန်တော်သာဆိုရင် အခု ငါးဆယ်လောက် စားပစ်လိုက် ' “အင်း..ငါလဲ ဒီလောက်တော့ စားခဲ့တယ်ထင်တာပဲ၊ အဲဒီတုန်းကတော့ ငယ်လဲငယ်၊ လှိုသောက်လှိုလဲ ကောင်းတဲ့ ( အရွယ်ကိုးကွ၊ မင်းကိုယ်လုံးဟာ အဲဒီတုန်းက ငါ တစ်ဝက်တောင် မရှိချင်ဘူး” “အာလူးဖုတ်ကို စား၍ ရေသောက်ပြီးသော သားအဖ နှစ်ယောက်သည် မီးဖိုဘေးတွင် နဖူးနှင့်ဒူးထိအောင် ကွေးကာ ပိုတီ ကိုခြုံ၍ လှဲနေကြသည်။ စပါးအုံးမြွေကြီးနှစ်ကောင် ခွေနေသည် နှင့် တူပေ၏။
မနက်လင်း၍ တဲထဲသို့ မာဓဗ ဝင်လာသည့်အချိန်၌မူ သူ့ဇနီး သည် ဘူဒီသည် အသက်မရှိတော့ဘဲ အေးစက်တောင့်တင်း နေလေပြီ။ သူ့မျက်နှာပေါ်တွင် ယင်ကောင်တွေ ဝဲလျက်ရှိ၏။ သူ့ | မျက်လုံးများကလည်း ပြူးထွက်ကာ တစ်နေရာကို စူးစိုက်ကြည့်နေကြသည်။ သူ့တစ်ကိုယ်လုံးလည်း ဖုန်တွေပေလျက်။ ကလေး မှာ ဗိုက်ထဲတွင်ပင် အသက်ပျောက်ခဲ့လေပြီ။
မာဓဗသည် အပြင်သို့ ပြေးထွက်လာခဲ့သည်။ သူတို့သားအဖ နှစ်ယောက်သည် ရင်ဘတ်ကိုထုာ ကျယ်လောင့် ငိုကြွေး လျက် ရှိကြ၏။ သူတို့ငိုသံကို အိမ်နီးချင်းများ ကြားသည့်အခါ တွင် ပြေးလာကြကာ ထုံးစံအတိုင်း နှစ်သိမ့်စကား ပြောကြ သည်။
သို့ရာတွင် ငိုကြွေးပူဆွေးချိန် မရပါ။ အသုဘကို လွှမ်းရန် အတွက် ဖျင်စဝယ်ရဦးမည်။ ခေါင်းကို မီးသင်္ဂြိုဟ်ရန် ထင်းရှာရ ဦးမည်။ စွန်တစ်ကောင်၏ အသိုက်ထဲတွင် အသားတစ်သကဲ့သို့ သူတို့အိမ်တွင်လည်း ပိုက်ဆံရှားလှဘိခြင်း။ - သားအဖနှစ်ယောက်သည် ငိုကြွေးမြည်တမ်းလျက် မြေပိုင်ရှင် အိမ်သို့ လာခဲ့ကြသည်။ မြေပိုင်ရှင်မှာ သူတို့နှစ်ယောက် မျက်နှာ ကိုပင် မကြည့်ချင်။ သူ့ အခင်းထဲမှ ပဲများ၊ အာလူးများကို မကြာခဏ ခိုးသည့်အတွက်ကြေခင့် တစ်ကြောင်း၊ အလုပ် လုပ် စရာရှိလျှင် လာမည်ဆိုပြီး မလာသည့် အတွက်ကြောင့် တစ်ကြောင်း သူတို့နှစ်ယောက်ကို သူကိုယ်တိုင် မကြာခဏ ရိုက်ဖူး နှက်ဖူးသည် မဟုတ်လော။
“အဘိုးကြီး ဘာဖြစ်လို့ ငိုလာပြန်တာလဲ၊ သွား... ခင်ဗျား တို့ မျက်နှာကို မကြည့်ချင်ဘူး၊ ဘာလဲ ဒီရွာမှာ မနေချင်တော့ ဘူးလား၊ ရွာပြင်ကို မောင်းထုတ်ရမလား”
ဂီဆုက မြေကြီးကို နဖူးဖြင့်ထိ၍ ကန်တော့သည်။ သူ့မျက် လုံးထဲတွင် မျက်ရည်များ ပြည့်လျှမ်းလျက် ရှိ၏။
“ဆရာကြီးရယ် ကျွန်တော် မှာ ဒုက္ခရောက်နေပါတယ်၊ မနေ့ ညကတွင် မာဓဗရဲ့ မိန်းမ ဆုံးသွားပါတယ်၊ မနေ့ညကဆို တစ် ညလုံး ဝေဒနာကို တော်တော်ကြီး ခံလိုကီရတာ၊ ကျွန်တော်တို့ လို သူ့ အနားမှာ တစ်ညလုံး ထိုင်ပြီး ကြည့် နေ ရ ပါ တယ်၊ ကျွန်တော်တို့ ရှာလို့ ရသမျှ ဆေးဝါးတွေ့တိုက်ပြီး တတ်နိုင်သမျှ ပြုစုတာပါပဲ၊ ဒါပေမယ့် နောက်ဆုံးတော့ လက်လျှော့လိုက်ရ တာပါပဲ၊ ခုဆိုရင် ကျွန်တော်တို့မှာ စားရမဲ့ သောက်ရမဲ့ ဖြစ်ပြီး ဒုက္ခ တွေနေပါတယ်၊ အသုဘချဖို့ စရိတ်တောင် မရှိပါဘူး၊ ဒီတော့ ဆရာကြီးတပည့်ကို ဆရာကြီးမှ မကယ်ရင် ဘယ်သူမှ ကယ်မယ့်လူ ရှိတော့မှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ရှိစုမဲ့စုံကလေးလဲ သူ့ ကိုပြုစုလိုက်တာနဲ့ ဘာမှမကျန်တော့ဘူး၊ ဒီတော့ဆရာကြီး စောင်မမှ သူ့ ကိစ္စပြီးမှာပါ၊ တခြားဘယ်သူ့ဆီမှလဲ | အကူအညီတောင်းစရာ လူမရှိပါဘူး”
မြေပိုင်ရှင်မှာ ကြင်နာသနားတတ်သူ တစ်ယောက် ဖြစ်၏။ ( သို့ရာတွင် ဆုကို သနားဟန်ပြ၍မဖြစ်။ သူ့ကို သနားလျှင် အကျိုးမဲ့အချည်းနှီးသာဖြစ်ချိမ့်မည်။ ထို့ ကြောင့် “သွား...ခင်ဗျား တို့ကို ခိုင်းစရာရှိလိုရင်မ လာကြဘူး၊ အရေးကိစ္စကြုံမှ ကျုပ်ဆီလာကြတာ” ဟု ကာ မောင်းထုတ်ပစ်လိုက်ချင်သည်။ “သို့ရာတွင် ယခု အချိန်သည် ဆူပူကြိမ်းမောင်းရန် အချိန် မဟုတ်။ စိတ်ဆိုးရန်အချိန်မဟုတ်။ မြေပိုင်ရှင်သည် စိတ်ညစ်ညစ် ဖြင့် ငွေနှစ်ကျပ်ကို ပစ်ပေးလိုက်သည်။ သို့ရာတွင် နှစ်သိမ့်စကား ကို တစ်ခွန်းမျှမပြောလိုက်။ ဂီဆုကို လှည့်၍မျှမကြည့်။ ။ “မြေပိုင်ရှင်ကိုယ်တိုင်က ငွေနှစ်ကျပ်ကူလိုက်သည်ဆိုလျှင် ရွာရှိ ဈေးသည်များ၊ ကုန်စုံဆိုင်ရှင် များကလည်း ငြင်းရဲကြတော့မည် မဟုတ်။ ဂီဆုသည် မြေပိုင်ရှင်နာမည်ကို အသုံးပြုကာ သူတို့ထံ အကူအညီတောင်းလျှင် ရနိုင်မည်ကို သိသည်။ တစ်ယောက်က တစ်မူ ထည့်လိုက်သည်။ နောက် တစ်ယောက်က တပ်မက်ထည့် လိုက်သည်။ တစ်ယောက်ထဲက ဆန်ရခဲ့ပြီး အခြားတစ်ယောက် ထံမှ ထင်းများရခဲ့သည်။ မွန်းတည့်ချိန် လောက်တွင် သားအဖ နှစ်ယောက်သည် အသုဘလွှမ်းရန် ဖျင်ဝယ်ဖို ဈေးသို့ထွက်လာ ခဲ့သည်။ အိမ်နီးနားချင်းများက အသုဘအတွက် လုပ်စရာရှိသည် တို့ကို လုပ်ကျန်ရစ်ခဲ့ကြသည်။
ရွာထဲမှ သနားတတ်သည့် မိန်းမများကလည်း အသုဘ လာ မေးကြကာ ကံဆိုးသည့် ဘူဒီ၏ဖြစ်ပုံကို ကြည့်၍ ငိုကြသည်။