မြသန်းတင့် - တော်စတွိုင်း၏ဘ၀အမြင်နှင့်သမိုင်းအမြင်
တော်လ်စတွိုင်း၏ ဘ၀အမြင်
လွန်ခဲ့သည့် ငါးနှစ်က ကျွန်ုပ်၏စိတ်၌ အလွန် ထူးဆန်း သော အခြင်းအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုအခြင်း ဘုရာကြောင့် လူ့ဘဝ၏ ဆန်းပြားသော သဘောကို ကျွန်ုပ် နားမလည်နိုင်အောင် ဖြစ်ရသည်။ ကျွန်ုပ်၏ဘဝသည် ချုပ် ပျောက်သွားပြီ ဟုပင် ထင်ရသည်။ လူ့ဘဝကြီး၌ မည်သို့ အသက်ရှင်နေထိုင်၍ မည်သည့်အလုပ်ကို လုပ်ရမည် မသိတော့အောင် ဖြစ်ခဲ့ရသည်။ ဤသို့ဖြင့် ကျွန်ုပ်သည် ဘဝ ဆုံးလေပြီဟု မှတ်ထင်ကာ စိတ် ဝမ်း ညှိုးငယ်ခြင်း ဖြစ်ခဲ့ရ သည်။ သို့ရာတွင် ထိုအခြင်းအရာသည် ပျောက်ကွယ် သွား ပြန်သည်။ ကျွန်ုပ်သည်လည်း ယခင်ကကဲ့သို့ပင် အမှတ်မထင် နေလာခဲ့သည်။ သို့တိုင်အောင် ထိုသို့ ပူလောင်ခြင်း ဖြစ်ရ သောကဖြစ်သည် အစတုံးပျောက်ကွယ်သွား သည်ဟူ၍မရှိဘဲ ယခင်ကဲ့သို့ပင် ထုထည်ကြီးဖြင့် မကြာခဏ ပေါ်ပေါက်လာတတ်သည်။ ထိုအခြင်းအရာသည် မေးခွန်းများအဖြစ် ကျွန်ုပ် ၏သန္တာန်၌ ပေါ်လာတတ်ကြသည်။ ထိုမေးခွန်းများကား ကျွန်ုပ်တို့ မည်သည့်အတွက် လူ့ဘဝတွင် အသက်ရှင်နေကြသနည်း။ ဤဘဝ၌ အသက်ရှင်ပြီးလျှင် နောက်ထပ် မည်သို့ “ အစပထမ၌ ထိုပုဏ္ဏားသည် အဓိပ္ပာယ်ရှိ။ ဆီလျော် ဖြစ်ဦးမည်နည်းဟူသော မေးခွန်းများ ခြင်းမရှိဟု ကျွန်ုပ် ထင်ခဲ့သည်။ ထို အပု၏ အကို ခက်ခက်ခဲခဲ ရှာစရာမလိုဟူလည်း ထင်ခဲ့သည်၊ စဉ်းစား တွေးခေါ်ရန် အချိန်မရှိ၍ အဖြေကို မတွေသေးခြင်း ဖြစ်သည်၊ သို့ရာတွင် တကယ်စဉ်းစားလျှင် အဒကို အလွယ် တကူ ဂွေးနိုင်လိမ့်မည်ဟုလည်း ထင်ခဲ့သည်။ သို့ရာတွင် ထို အမေးပုစ္ဆာများသည် မကြာခဏပေါ်လာခဲ့ကြပြန်လေပြီး အဖြေပေးရန် အတင်းအဓမ္မ တောင်းဆိုလျက် ရှိကြလေပြီး မင်စက်များသည် တစ်နေရာတည်းတွင် တစ်ပေါက်ပေါက် ကျလျက်ရှိသည့်အခါ၌ အမည်းကွက်ကြီးတစ်ခု ဖြစ်လာသကဲ့ သို့ ကျွန်ုပ်၏ ခေါင်းထဲတွဒ် မကြာခဏ ပေါ်ပေါက်နေသည့် ထိုအမေးပုစ္ဆာများသည်လည်း ကြီးမားသော အမည်းစက် ကြီးတစ်ခုအဖြစ်သို့ ရောက် လာခဲ့ကြလေပြီ ။
ကျွန်ုပ်၏အဖြစ်သည် အသက်အန္တရာယ်ကို ဥပါဒ်ပြုနိုင်ကိုယ်တွင်း ရောဂါကြီးတစ်ခုကို ခံစားနေရသူ တစ်ဦး နှင့်ပင် တူဘိသည်။ အစပထမ၌ ရောဂါ၏ နိမိတ်လက္ခဏာ ကလေးများသည် ပေါ်လာကြကုန်သည်။ ရုတ်တရက်သော် ကား ထိုနိမိတ်လက္ခာများကို ဂရုမပြုမိသေးချေ။ ထို့နောက် ထိုနိမိတ်လက္ခဏာများသည် တစ်ခုပြီးတစ်ခု မကြာ ခဏ ပေါ်လာကြလျက် စုပေါင်း လာကြပြီးနောက် နာတာ ရှည်ရောဂါကြီးတစ်ခု အဖြစ် ပေါ်ပေါက်လာခဲ့လေ့သည်။
သို့ဖြင့် ရောဂါသည် တဖြည်းဖြည်း ရင့်လာခဲ့လေပြီ။ နာ မကျန်းဖြစ်လျက် ရှိသူသည် ဆေးများကို လှမ်းကြည့်ရှု လျက်ရှိစဉ်၌ သရိုးသရီမျှ သာဟု ပေါ့ပေါ့ဆဆယူဆခဲ့သော အရာသည် ကမ္ဘာလောကကြီးတွင် ၎င်းအဖို့ အရေးကြီးသော အန္တရာယ်ကြီးအဖြစ်သို့ ကူးပြောင်းလာခဲ့လေပြီ။ ထို အန္တရာယ်ကြီးကား သေခြင်းပေတည်း။
ကျွန်ုပ်၏အဖြစ်သည် ထိုသူ၏ အဖြစ်နှင့် တူ ၏။ ထို အခါ၌ ကျွန်ုပ်၏စိတ်တွင် ပေါ်ပေါက်လျက်ရှိသည့် အမေး ပုစ္ဆာများသည် သရိုးသရီဖြစ်ခြင်းလောက်မျှ သာ မဟုတ်မူ၍ လွန်စွာ အရေးကြီးသောအရာ ဖြစ်ကြောင်းကို ကျွန်ုပ် နား လည်လာခဲ့လေပြီ။ ဤမျှ ထပ်ပြန်တလဲလဲ ပေါ်ပေါက်လျက် ရှိသော မေးပုစ္ဆာများကို အဖြေပေးရန် လို်ပ်တင်း ကျွန်ုပ် သိလာခဲ့လေပြီ။ ထို့ ကြောင့် ကျွန်ုပ်သည် ထို အမေး ပုစ္ဆာများကို ဖြေဆိုရန် ကြိုးစား၏။ ထို အမေး ပုစ္ဆာများ သည် အဓိပ္ပာယ်ကင်းမဲ့ရုံမျှမက ကလေးက လည်ဟု ထင်ရသော်လည်း ၎င်းတို့ကို ကိုင် ရှင်းရန် ကြိုးစား လိုက်သည်နှင့်တစ်ပြို၆နက် ကျွန်ုပ်၏စိတ်၌ အောက်ပါအတိုင်း သဘောပေါက်လာခဲ့လေသည်။ (၁) ထို အမေးပုစ္ဆာများ သည် အဓိပ္ပာယ်မရှိသော ပုစ္ဆာများမဟုတ်၊ ကလေးကလား နိုင်သော ပုစ္ဆာများမဟုတ်၊ အရေးအကြီးဆုံး အ လးအနက် ဆုံးသော လူ့ဘဝ၏ ပုစ္ဆာများဖြစ်သည်။ (၂) ထိုအမေး စုစ္ဆာများကို ဖြေရှင်းရန် ကျွန်ုပ်မည်မျှ ကြိုးကုတ်အားထုတ် သည်ဖြစ်စေ ၎င်းတို့ကို ကျွန်ုပ်လည်း ပြေလည်အောင် ဖြေ ရှင်းခြင်း မပြုနိုင်ဟူသော အချက်နှစ်ရပ် ဖြစ်ပါသည်။
ကျွန်ုပ်သည် ကျွန်ုပ်ပိုင်သော ဆန်မာရာ ပိုင်စ၁၊ နယ်မြေ ကြီးမှ ကိုစ္စအဝဝကို ဆောင်ရွက်ရဦးမည်ဖြစ်၏၊ သားငယ် | ၏ ပညာသင်ကြားရေးကို စဉ်းစားရဦးမည်ဖြစ်၏။ သိုု့မဟုတ် | စာအုပ် တစ်အုပ် ရေးရဦးမည် ဖြစ်၏၊ ဤအလုပ်များကို မလုပ်မီ၌ ကျွန်ုပ်သည် မည်သည့်အတွက်ကြောင့် ထိုအလုပ် ဖျားကို လုပ်ခြင်းဖြစ်ကြောင်း ကိုယ်ဘာသာကိုယ် သိထား ရပေလိမ့်မည်။ ထိုကိစ္စများ ဆောင်ရွက်ရခြင်း၏အကြောင်း အရာများကို မသိက ကျွန်ုပ်သည်” ဘာကိုမျှ လုပ်နိုင်မည် မဟုတ်ချေ။ အသက်ရှင် နေနိုင်မည်မဟုတ်ချေ။ ကျွန်ုပ်သည် ထိုအချိန်က ကျွန်ုပ်ပိုင်ခသာ ဆန်မာရာပိုင်နယ်မြေလို့ ခေါ် အုပ်ချုပ်ရေး ကိစ္စအဝဝကို စဉ်းစားလျက်ရှိ၏။ ထိုသို့ စဉ်း စားလျက်ရှိသည့် ကြားထဲကပင် မေးခွန်းများသည် ပေါ် လာကြပြန်သည်။ “ကဲ နီကိုလေဗစ်ချ်ကော်လ်စ်ဘွင်းရေ ဆန်မာရာနယ်မှာ ကိုရင် နိုင်တဲ့ မြေဧကပေါင်း တစ်သောင်း နောက်တောင်ရှိတယ်။ မြင်းကောင်ရေလဲ သုံးရာလောက် တယ်။ ရှိတော့ကာ ဘာလုပ်ဦးမလဲ”ဟု ကိုယ့် သာကိုယ် ပေးမိ၏။ အဖြေကို ရှာမရချေ။ ကျွန်ုပ်သည် စိတ်ပျက်လာ ၏။ တစ်ဖန် ကျွန်ုပ်သားသမီးများ၏ ပညာရေးနှင့် ပတ် သက်၍ စဉ်းစားသောအခါ၌လည်း “ဘ အတွက် ပညာ သင်ဦးမှာလဲ”ဟု မေးခွန်း ထုတ်မိပြန်သည်။ တစ်ဖန် လယ်သမားများနှင့် ကျွန်ုပ်၏ မြေကျွန်များ၏ နေထိုင်မှုဘ3 | တိုးတက်ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရမည့် အကြံအစည် ပြုမိန့်သည့်အခါ၌လည်း“ဒါတွေဟာ ငါနဲ့ ဘာဆိုင် လှိလဲ” ဟူသော အမေးသည် ရုတ်တရက် ပေါ်လာပြန် သည်။ တစ်ဖန် ကျွန်ုပ်စားပင့် ကျွန်ုပ် အောင်မြင်ကျော်ကြားနိုင်ခြင်း ကို တွေးမိပြန်သည့် အခါ၌ လည်း ဟုတ်ပြီ ကိုခင်ဟာ ဂိုး၊ ပွတ်ရှကင် ရှိတ် စပီးယား၊ မေးလျ သို့မဟုတ် ကမ္ဘာမှာ ရှိရှိသမျှသော စာရေးဆရာတို့ ထက် ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ ကြီးဖြစ်ပြီဆိုပါစို့။ အဲဒီလို ကျော်ကြားသော ဘာဖြစ် အုံမှ လဲ ဟု ကိုယ့်ဘာသာကိုယ် မမိပြန်သည်။ ကျွန်ုပ် ' သည် ဤမေးခွန်းများ၏ အခကို ရှာ၍မရချေ၊ ရာဘွင်မေးခွန်းများကမူ အ မစင့်ဘဲ အကို မောင်း ဆိုလျက် ရှိပြီ၊ ကျင့် ကျွန်ုပ်အဖို့ ထိုမေးခွန်းများ ကို ချက်ချင်း ဆိုရလိမ့်မည်။ ထိုးခွန်းများကို ဖြေဆို ခြင်း မပြုနိုင်က ကျွန်ုပ်အဖို့ အသက်ရှင် နေထိုင်ရန် ဖြစ်နိုင် မည် မဟုတ်ချေ။ သို့ရာတွင် အကိုလည်း ရှာချေ ။
ဤသို့ အဖြေကို လျှော့သောအခါများ၌ ကျွန်ုပ် ရပ် လျက်ရှိသော မြေကြီးသည် ပြိုကျသွားသကဲ့သို့ဝင်လိုက်ရ၏။ ကျွန်ုပ်၏ခြေထောက်အောက်ဘွိုင် မည်သည့်အရာမျှ မရှိတော့ ဟု ထင်လိုက်ရ၏။ ကျွန်ုပ် ရပ်တည်နေခဲ့ရသော အရာသည် မရှိတော့ပြီ။ ကျွန်ုပ်အဖို့ ရပ်တည်စရာ မရှိတော့ပြီဟု ထင်လိုက်ရ၏။
ကျွန်ုပ်သည် အားပြတ်လဲကျ သွားသကဲ့သို့ ခံစား “ထိုအခါ၌ ကျွန်ုပ်၏ဘဝသည် ရပ် ဆိုင်း သွား သကဲ့သို့ ထင်လိုက်ရ၏။ ကျွန်ုပ်သည် အသက်ရှူခြင်း၊ စားခြင်း၊သောက်ခြင်း၊ အိပ်ခြင်းစသည့် အမှုများကို ပြုမြဲအတိုင်းပြုပါ ၏။ သို့ရာတွင် ကွန်ုပ်အသက်ကင်းမဲ့လျက် ရှိလေပြီ။ လောက် ၌ တအပ်သောအရာ၊ တောင့်တ၍ ပြည့်ဝလျှင်လည်း အဓိပ္ပာယ်ရှိသော အရာဟူ၍ ရှိသည်မထင်ပြီး အကယ်၍ မိုးပေါ်က နတ် သမီးတပါး လာ၍ လိုဆု ကိုတောင်းလေဟု ဆိုလျှင်ပင် မည်သည့်ဆုမျိုးကို တောင်းရ မှန်း မသိတော့ပြီ။ အလွန် အကျူးပျော်မြူးခြင်းဖြင့် ယစ်မူး နေသည့် ကာလမျိုး၌ တောင့်တချက်နှင့် ခပ်ဆင်ဆင်တူသော အရာတစ်ခု စိတ်ထဲတွင် ပေါ်Tလာတတ်သည်။ (တောင့်တ ချက်ဟု အပ်ချမတ် မပြေနိုင်ပါး၊ ယခင်က တောင့်တချက် များ ရှိခဲ့သောကြောင့် ဝသီအရ ပေါ်လာသော အရာ တစ်မျိုးသာ ဖြစ်ပါသည်။) သို့ရာတွင် ပျော်ရွှင်ကြည်နူးခြင်း၍ စဉ်းစားမိသညတည်ငြိမ်ငြိမ်ကာလမျိုး၌ ပြန်အရာမျိုးသည်လည်း စိတ်၏လှည့်စားချက်မျှသာဖြစ်ကြောင်း ကျွန်ုပ် သိလာခဲ့သည်။ တကယ် လောကတွင် ဘာမျှတောင့်တအပ်သော အရာဟူ၍ မရှိကြောင်းကို သိလာခဲ့သည်။ ကျွန်ုပ် သည် သစ္စာတရားဟူသည် မည်သည့် အရာမျိုး ဖြစ်ကြောင်း ကို ချင့်ချိန်တွက်ဆပြီး ဖြစ်သည့်အလျောက် သစ္စာတရားကိုသိရန်ပင် နှင့်တခြင်း မပြုလိုတော့ပြီ။ ကျွန်ုပ် မျက်မှန်းတဆ တွက်ဆကြည့်သည့် သစ္စာတရားက တခြားမဟုတ်၊ လူ့ဘဝသည် ဘာမျှ အနှစ်သာရရှိ ဟူသောတရားဖြစ်လေ သည်။ ကျွန်ုပ်သည် စားလျှင်စား၏။ ထလျှင်ထ၏လျှင် သွား၏။ သို့ဖြင့် နောက်ဆုံး၌ ကျွန်ုပ်သည် နက်လှသော ချောက်ကမ္ဘာကြီးဆီသို့ရောက်ရတော့မည်ဖြစ်၏။ ကျွန်ုပ် သည် အသက်ရှင်၍သာ နေရသော်လည်း တစ်နေ့၌ ပျက်စီး ဆုံးရှုံးခြင်းသို့ ရောက်ရတော့မည် ဖြစ်၏။ ထိုမှ လွဲ၍ ရှေ့တွင် အခြားမရှိပြီ။ ကျွန်ုပ်သည် ဤအချက်ကို မြင်၏။ သို့ရာတွင် ကျွန်ုပ်သည် လူ့ ဘဝခရီ ကြီးကို လျှောက်ခဲ့ပြီး သည့်နောက်၌ ရပ်တန့်၍ မရပြီ။ နောက်သို့ ပြန်လှည့်၍မရပြီ။ ကျွန်ုပ်၏ ရှေ့၌ ဒုက္ခတရားနှင့် မရဏတရားတို့ သာလျှင် ရှိ ကြကြောင်းကို မမြင်ချင်သဿာဒ် ပြုနေ၏လည်း မရတော့ပြီ။ ကျွန်ုပ်သည် အစတုံး ပျက်စီးချုပ်ငြိမ်းခြင်းသို့ ရောက် ဟူသောအချက်ကို မျက်စိမှိတ်ထား၍လည်း မရတော့ပြီ။သို့ဖြင့် ကျန်းမာသန်စွမ်း၍ ဥစ္စာပစ္စည်းလည်း လိုလေ သေးမရှိသည့် အဖြစ်သို့ ရောက်အောင် ကံကောင်းသူ တစ်ယောက်ဖြစ်သည့်ကျွန်ုပ်သည် ပျော်ပိုက်ခြင်းမရှိပြီ။ဆက်လက် ၍ အသက်ရှင်သန်နေထိုင်ခြင်း မပြုနိုင်တော့ပြီ။ တစ်စုံတစ်ခုသော တန်ခိုး အင်အားစုကြီး တစ်ခုသည် ကျွန်ုပ်အား ( တစ်နည်းနည်းဖြင့် လူ့ဘဝကြီးမှ ထွက်ခွာသွားရန် နှိုးဆော်နေသကဲ့သို့ရှိ၏။ သို့ရာတွင် ထိုအခြင်းအရာကိုလည်း ကိုယ်ကိုယ်ကို သတ်သေလိုသောဆန္ဒမျိုး၊ တောင့်တချက်မျိုးဟူခေါ်နိုင်သည် မထင်ပါ။ ကျွန်ုပ်၌ မည်သဒ်ဆန္ဒ၊ မည်သည့် တောင့်တချက်မျှ လည်း ရှိတော့သည် မထင်ပါ။ လူ့ဘဝကြီးမှ ကျွန်ုပ်ကို မောင်းထုတ်လျှက်ရှိသည့် ထိုတန်ခိုးအင်အားစု ကြီးသာလျှင် ကျွန်ုပ်ကို စိုးမိုးနေပါတော့သည်း ထိုတန်ခိုး အင်အားစုကြီးသည် ကြီးသည်ထက် ကြီးထွား၊ ခိုင်မာသည် ထက် ခိုင်မာလာကာ ကျွန်ုပ်၏ဆန္ဒ၊ ကျွန်ုပ်၏ တောင့် ကချက် ဟူသမျှကို လွှမ်းမိုးသွားတော့သည်။
လူသည် စဉ်းစားတွေးတေးခြင်းပြုတိုင်း မိမိ၏ ဘဝ သာယာရေး၊ ကောင်းမွန် တိုးတက်ရေးကို စဉ်းစား တတ်၏။ ဤသည်မှာ ဓမ္မတာဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ယခင် အခါများက ကျွန်ုပ်၏ ဘဝ ဟာ ရေး၊ တိုးတက်ရေး ကောင်းမွန်ရေးကို စဉ်းစားခဲ့သည်။ ယခုသော် ကား ကျွန်ုပ်၌ ထိုအတွေးတို့ မရှိတော့ပြီ။ စဉ်းစားလိုက် တိုင်း ကျွန်ုပ်၏ ပျက်စီးခြင်းအဖြစ်နှင့် ချုပ်ငြိမ်းခြင်း ဖြစ် ကို တွေးမိလျက်သား ဖြစ်နေလေပြီ။ ထိုအတွေးများမှာ လွန်စ္စာ ရှင်းလင်းပြတ်သား၍ အားကြီး ကျွန်ုပ်သည် ထိုအတွေးများ၏ တိုက်တွန်း စေ ဆေးချက်အတိုင်း ကိုယ့် ကိုယ်ကို သတ်မသေမိရန် မနည်းအားတင်းထားရန်။ ကျွန်ုပ် သည် ထိုပြဿနာများကို ဖြေရှင်းခြင်းမပြုနိုင်က တစ်ချိန်ချိန် တွင် ဒုက္ခရော့ရတော့မည်သာ ဖြစ်၏။ ထိုအချိန်မှစ၍ ကံ တရားက မျက်နှာပေးသဖြင့် ပစ္စည်းဥစ္စာဆို၍ လိုလေသေးမရှိသည့်အဖြစ်ကို ရနော ကျွန်ုပ်သည် မည်သို့ပြုရသည် ထင် သစ္စည်း၊ ညနေတိုင်း ကျွန်ုပ်တစ်ယောက်တည်း အဝတ် အစားလဲသည့် အခန်းရှိ ထုတ်တွင်ကြိုးဆွဲချ သတ်သေမိမည် စိုးသည့်အတွက် အနီးအနားရှိ ကြိုးများကို ဝှက်ထားရ၏။ ကိုယ့်ဘဝကို အလွယ်ဆုံးနည်းဖြင့် အဆုံးစီရင်မိမည် စိုးသည့် အတွက် သေနက်တ်လက်နှင့် တောလိုက်ထွက်ခြင်းစသည့် ကိစ္စမျိုးကို မလုပ်ချိန်လည်း ဆုံးဖြတ်လိုက်ရ၏။