Skip to product information
1 of 4

Other Websites

မြသန်းတင့် - စကြဝဠာတိုက်တစ်သောင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
စကားဦး 

 

          ဒီဆောင်းပါးဟာ နာမည်ကျော် ဗြိတိသျှသိပ္ပံပညာရှင်ဆာ ဂျိမ်းစ်ဂျင်းရဲ့ ဟောပြောပို့ချချက်တွေအနက် တစ်ခု ဖြစ်တယ်။ သူ့ပို့ချချက်တွေဟာ နက္ခတ္တဗေဒနဲ့ ရူပဗေဒ ဆိုင်ရာ တွေ့ရှိချက်များကို ဖော်ပြတဲ့ သိပ္ပံစာပေတွေထဲ မှာ အကောင်းဆုံး၊ အလွယ်ဆုံး၊ အရှင်းဆုံးကျမ်းတစ်စောင်ဖြစ်တယ်လို့ ကမ္ဘာ့သိပ္ပံပညာရှင်တွေက မှတ်ချက် ချကြတယ်။

          ဒီစာအုပ်မှာ ဆာ ဂျိမ်းစ်ဂျင်းက ကမ္ဘာ့အကြီးဆုံး ကြယ်ကြီးတွေက အစ အသေးဆုံး အဏုမြူနျူကလိယ အထိ လေ့လာစိတ်ဖြာပြထားတယ်။ ကမ္ဘာမြေကြီးရဲ့ သက်တမ်း၊ နေရဲ့ အပူရှိန် ဖြာထွက်မှု၊ ကြယ်တွေရဲ့ အမျိုးအစားနဲ့ ၎င်းတို့ရဲ့ သွင်ပြင်လက္ခဏာ၊ ကြယ်တွေ ပေါ်ပေါက်လာပုံ၊ စကြဝဠာကြီး ပေါ်ထွန်းလာပုံ၊ အခြား ဂြိုဟ်တွေပေါ်မှာ သက်ရှိသတ္တဝါတွေ ရှိနိုင်၊ မရှိနိုင် စတဲ့ ပြဿနာတွေကို မေးမြန်း၊ ဆွေးနွေး ဖြေဆိုထားတယ်။

          သိပ္ပံစာပေကို ဖတ်ချင်နေကြတဲ့ မြန်မာစာဖတ် ပရိသတ်အတွက် လစဉ် ဖော်ပြသွားမှာ ဖြစ်တယ်။

နက္ခတ္တဗေဒကို လေ့လာခြင်း 

 

၁၆၀၁ ခု၊ ဇန်နဝါရီလ ၇ ရက်နေ့ဟာ လူ့အမျိုးအနွယ်ကြီးတစ်ရပ်လုံးအတွက် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်တယ်။ အဲဒီနေ့ ညနေမှာ အီတလီပြည် ပဒိုအာ တက္ကသိုလ်က သင်္ချာပါမောက္ခ ဂယ်လီလီယို ဂယ်လီလီ ဟာ သူကိုယ်တိုင်လုပ်တဲ့ မှန်ပြောင်းတစ်ခုရှေ့မှာ ထိုင်နေတယ်။

          သူ့အရင် နှစ်ပေါင်းသုံးရာကျော်လောက်တုန်းက မျက်မှန်ကို စတင်တီထွင် တဲ့ ရော်ဂျားဘေကွန် က ကြယ်တွေကို စိတ်တိုင်းကျမြင်နိုင်တဲ့ မှန်ပြောင်းကို ဘယ်လိုလုပ်ရတယ်ဆိုတာ ပြောခဲ့ဖူးတယ်။ အဝေးရှိ အရာဝတ္ထုများက လာတဲ့ အလင်းရောင်တန်းတွေကို ဆုံချက်တစ်ခုမှာ သွားစုအောင် လင်းမှန်ကို ဘယ် လိုလုပ်ရတယ်။ ဒီလို လင်းမှန်နဲ့ ကြည့်လိုက်တဲ့အခါမှာ အလင်းရောင်တန်းများ ဟာ မျက်လုံးသူငယ်အိမ်ကို ဖြတ်ပြီး မျက်လုံးအကြည်ဓာတ်ဆီကို ဘယ်လို ရောက်သွားတယ် စတဲ့ အချက်တွေကို ရှင်းလင်းပြတယ်။ ဒီလိုကိရိယာကို အသုံးပြုခြင်းအားဖြင့် မျက်စိရဲ့ မြင်နိုင်စွမ်းအား ဘယ်လိုကောင်းလာနိုင်တယ် ဆိုတာကို ရှင်းပြတယ်။ အသံလှိုင်းတွေကို နားကြပ်ပေါက်က စုထွေးယူပြီး နား အိမ်ကို ဖြတ်၊ အဲဒီကနေပြီးမှ နားစည်ဆီကို ပို့ပေးတဲ့အတွက် လူရဲ့ ကြားနိုင် စွမ်းအား ကောင်းလာသလိုပေါ့။

          ၁၈ဝ၆ ခုနှစ်ကျတော့ လစ်ပါရှေးဆိုတဲ့ ဖလင်းမစ် အမျိုးသားမျက်မှန်ပေါင် သမားတစ်ယောက်က ပထမဆုံး မှန်ဘီလူးကို တီထွင်လိုက်တယ်။ ဒီသတင်းကို ကြားတော့ ဂယ်လီလီယိုဟာ မှန်ဘီလူးအကြောင်းကို လေ့လာပြီး သူကိုယ်တိုင် မှန်ဘီလူးတစ်လက် လုပ်ကြည့်တယ်။ ဂယ်လီလီယိုရဲ့ မှန်ပြောင်းဟာ အီတလီ မှာ ဥက္ကောဋေယျ ဖြစ်သွားတယ်။ ဒီမှန်ပြောင်းအကြောင်းကို သူတစ်မျိုး ငါတစ်ဖုံ ပြောလွန်းကြတော့ သူ့ကို ဗင်းနစ်မြို့တော်ကို ဆင့်ခေါ်ပြီး သူ့မှန်ပြောင်း ကို ဆီးနိတ်လွှတ်တော်မှာ အပြခိုင်းတယ်။ အသက်ကြီးပေ့ဆိုတဲ့ ဆီးနိတ်လွှတ်တော်လူကြီးတွေဟာ တုန်တုန်ချိချိနဲ့ အမြင့်ဆုံး ခေါင်းလောင်းစင်တွေပေါ် တက်ပြီး သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင် ဝေးလှတဲ့ ပင်လယ်ပြင်က ရွက်သင်္ဘောတွေကို ဒီမှန်ပြောင်းနဲ့ ကြည့်ကြသတဲ့။ ဂယ်လီလီယိုရဲ့ မှန်ပြောင်းဟာ သာမန်မျက်စိထက် အဆတစ်ရာ အားကောင်းတယ်ဆိုပဲ။ မိုင်ငါးဆယ် အကွာက အရာဝတ္ထုတစ်ခုကို ငါးမိုင်ကွာလောက်က ကြည့်ရသလို မြင်ရတယ် လို့ ဂယ်လီလီယိုက ဆိုတယ်။

          ဒါပေမဲ့ အဲဒီ ဂယ်လီလီယိုရဲ့ မှန်ပြောင်းဟာ ခုခေတ် မှန်ပြောင်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အသေးအဖွဲကလေးပဲ ဖြစ်နေတယ်ဆိုတာကတော့ ပြောစရာ မလိုဘူးပေါ့။ အခုအချိန်အထိ အကြီးဆုံးမှန်ပြောင်းဖြစ်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ် ဝီလ်ဆင်တောင်ထိပ်ပေါ်မှာ ရှိတဲ့ မှန်ပြောင်းကြီးဟာ မျက်နှာပြင်အဝ လက်မတစ်ရာကျယ်တယ်။ ဒီမှန်ပြောင်းကြီးဟာ ဂယ်လီလီယိုရဲ့ မှန်ပြောင်း ကလေးထက် အဆ ၂၅ဝဝ ပိုပြီး အားကောင်းတယ်။ သာမန်မျက်လုံးထက် အဆ ၂၅ဝဝဝ ပိုပြီး အားကောင်းတယ်။ ကယ်လီဖိုးနီးယားနယ်မှာပဲ နောက်ထပ် တည်ဆောက်တဲ့ မှန်ပြောင်းကြီးကတော့ ဆိုခဲ့တဲ့ လက်မတစ်ရာ အဝကျယ်တဲ့ မှန်ပြောင်းကြီးထက် လေးဆ ပိုပြီး အားကောင်းတယ်။ သာမန်မျက်စိထက် အဆတစ်သန်း ပိုပြီး အားကောင်းတယ်ပေါ့။

          ဂယ်လီလီယိုဟာ သူ့မှန်ပြောင်းကိုပဲ အာရုံစိုက်နေလေတော့ သူ့စိတ်ထဲမှာ အချိန်အတော်ကြာ လိပ်ခဲတည်းလည်း ဖြစ်စေတဲ့ ပြဿနာတစ်ရပ်ကိုတောင် မေ့သွားတယ်။ ဂယ်လီလီယို အရင်နှစ်ပေါင်း နှစ်ထောင်ကျော်လောက်တုန်းက ခေါမပညာရှင် နှစ်ဦးဖြစ်ကြတဲ့ ပိုင်သာဂိုရတ်စ် နဲ့ အက်စထရာကတ်စ် ဆိုတဲ့ ပညာရှင်နှစ်ဦးက စကြဝဠာကြီးအကြောင်းကို လေ့လာခဲ့ကြဖူးတယ်။

          ဂယ်လီလီယိုဟာ သူ့မှန်ပြောင်းနဲ့ ကောင်းကင်က နဂါးငွေ့တန်းကြီးကို မော်ကြည့်တယ်။ ရုတ်တရက်ကြည့်ရင် အာငွေ့ကွက်တွေလိုပဲ။ သူ့မှန်ပြောင်းနဲ့ သေသေချာချာကြည့်တော့မှ အာငွေ့ကွက်လို ဖြစ်နေတဲ့ နဂါးငွေ့တန်းဟာ လက်စသတ်တော့ အပြွတ်လိုက် အခိုင်လိုက် စုနေကြတဲ့ မှုန်မှုန်မွှားမွှား ကြယ် တာရာစုတွေပါလား။ မှန်ပြောင်းနဲ့ နောက်တစ်ခါကြည့်ပြန်တဲ့အခါ မှာ လရဲ့ တကယ့် ပကတိရုပ်ကိုလည်း သွားတွေ့ရပြန်တယ်။ အရိပ်တွေ ထိုးကျနေတဲ့တောင်တွေကို လပေါ်မှာ မြင်ရတယ်။ လက်စသတ်တော့ လဆိုတာဟာလည်း ကျွန်တော်တို့ ကမ္ဘာမြေကြီးလိုပါပဲလား။ ဘရူနို ပြောတဲ့အတိုင်းပဲ၊ ကမ္ဘာမြေကြီးဟာ စကြဝဠာရဲ့ ဗဟိုချက်မဖြစ်တယ်ဆိုတဲ့ ခရစ်ယာန်သာသနာရဲ့ အယူအဆနဲ့ ကမ္ဘာမြေကြီးဟာ ဖယောင်းတိုင်မီးတောက်တစ်ခုရဲ့ ပတ်လည်မှာ လှည့်ပတ် သွားလာနေကြတဲ့ ပိုးဖလံကောင်တွေလို နေရဲ့ပတ်လည်မှာ လှည့်ပတ်သွားလာ နေကြတဲ့ ဂြိုဟ်နက္ခတ်တာရာများအနက် တစ်ခုသာ ဖြစ်တယ်ဆိုတဲ့ တော်လှန် တဲ့ အယူအဆသစ်တို့ ဘယ်သင်းက မှန်ကြောင်းကို ဒီမှန်ပြောင်းနဲ့ တစ်နည်း နည်း သက်သေပြရရင် ဘယ်လိုများ နေမလဲလို့ တွေးမိတယ်။

          နောက်တစ်ခါကြည့်လိုက်တော့ မှန်ပြောင်းရဲ့ ကသိုဏ်းဝန်းထဲမှာ ဂျူပီ တာလို့ ခေါ်တဲ့ ကြာသပတေးဂြိုဟ်ကြီးကို ဂယ်လီလီယို သွားတွေ့တယ်။ အဲဒီ ဂြိုဟ်ကြီးရဲ့ ဘေးမှာ ဂြိုဟ်ငယ်ကလေး လေးလုံးက လှည့်ပတ်သွားလို့ ဖယောင်း တိုင်မီးတောက်ဘေးမှာ ပိုးကောင်ကလေးတွေ ပျံဝဲနေတဲ့အတိုင်းပဲ။ ဂယ်လီလီ ယိုမြင်ရတဲ့ ရှုခင်းဟာ ကိုပါနီကတ်စ် တွေးတောကြံဆခဲ့တဲ့ နေစကြဝဠာစနစ်နဲ့ တစ်ထေရာတည်းပဲ ဖြစ်နေတယ်။ ဒီလို တည်ရှိနေပုံမှာ စကြဝဠာကြီးရဲ့ ဖွဲ့စည်း ပုံအတိအကျ မဟုတ်သည့်တိုင် အနည်းဆုံးတော့ စကြဝဠာထဲမှာ တည်ရှိတဲ့ ဖွဲ့ စည်းပုံတစ်မျိုး ဖြစ်တယ်ဆိုတာ မျက်မြင်သက်သေပြလို့ ရသွားပြီ။ ဇန်နဝါရီလ ၃ဝရက်နေ့ကျတော့ ဗီးနပ်စ် (သောကြာဂြိုဟ်) နဲ့ မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်) နဲ့ တကွ အခြားသော ဂြိုဟ်များဟာ နေကို လှည့်ပတ်သွားလာနေကြသလို ဂြိုဟ် ငယ်ကလေးများဟာလည်း ဂျူပီတာ (ကြာသပတေး) ဂြိုဟ်ကြီးကို လှည့်ပတ် သွားလာနေကြတယ်လို့ ဘယ်လီဆာရီယန်ဗင်တာဆီကို စာရေးလိုက်တယ်။

          ဂယ်လီလီယိုဟာ သူ့တွေ့ရှိချက်ပေါ်မှာ သံသယရှိခဲ့တယ်ဆိုရင်လည်း ဒီ သံသယဟာလည်း နောက် ကိုးလလောက် ကြာတဲ့အခါကျတော့ လုံးဝ ပျောက် သွားတယ်။ ဒီတစ်ကြိမ် ကောင်းကင်ကို လှမ်းကြည့်လိုက်တဲ့အခါကျတော့ ဗီးနပ်စ် (သောကြာဂြိုဟ်)ရဲ့ အဆန်းအဆုတ်ကို သွားပြီး တွေ့ရတယ်။ ဗီးနပ်စ် (သောကြာဂြိုဟ်)ရဲ့ တောက်ပတဲ့ မျက်နှာပြင်မှာ လရဲ့ မျက်နှာပြင်လိုပဲ အဆန်း အဆုတ် သံသရာစက်ဝန်း ရှိနေတယ်ဆိုတာ သွားတွေ့တယ်။ ဗီးနပ်စ် (သော ကြာဂြိုဟ်)ရဲ့ မျက်နှာပြင်ဟာ ပထမတစ်ခြမ်းပဲ့ကလေး၊ နောက် စက်ဝိုင်းခြမ်း ဖြစ်၊ စက်ဝိုင်းခြမ်းကနေ စက်ဝိုင်းအပြည့် ဖြစ်လာတယ်။ ပြန်ဆုတ်တော့လည်း စက်ဝိုင်းပြည့်ကနေ စက်ဝိုင်းခြမ်း၊ စက်ဝိုင်းခြမ်းကနေ စက်ဝိုင်းစိတ် ဖြစ်သွား တယ်။ ဒါက ဘာကို ပြသလဲ။ အဲဒီဂြိုဟ် ရောင်ဝါလင်းနေတာဟာ သူ့ကိုယ်ပိုင် အရောင်အဝါကြောင့် လင်းနေတာ မဟုတ်ဘူးဆိုတာကို ပြတယ်။ သူ့ကိုယ်ပိုင် အရောင်အဝါရယ်လို့သာ ရှိရင် သူ့ရဲ့ မျက်နှာပြင်ဟာ အမြဲတမ်း အပြည့်လင်း နေရမှာပေါ့။ ဒါပေမဲ့ ဗီးနပ်စ် (သောကြာဂြိုဟ်)မှာ ကိုယ်ပိုင်အရောင်အဝါ မရှိ ဘူးဆိုတဲ့ အချက်ကို သိနေသည့်တိုင် တွေးစရာနှစ်ချက် ကျန်နေတယ်။ အကယ်၍ ဗီးနပ်စ် (သောကြာဂြိုဟ်)ဟာ ကမ္ဘာမြေကြီးကို လှည့်ပတ်သွားလာ တဲ့အခါမှာ စက်ဝန်းထပ် လမ်းကြောင်းအတိုင်း လှည့်ပတ်နေရင် (ဆိုလိုတာက ကမ္ဘာမြေကြီးရဲ့ စက်ဝန်းအနားကို ဗဟိုပြုပြီး စက်ဝန်းသဏ္ဌာန် လှည့်ပတ်နေ တယ်ဆိုရင်) ဗီးနပ်စ် (သောကြာဂြိုဟ်) ရဲ့ မျက်နှာပြင်ဟာ အမြဲတမ်း တစ်ဝက် ပဲ လင်းနေရမယ်။ ကမ္ဘာတစ်ခြမ်း ကွယ်နေတဲ့အတွက် ကွယ်နေတဲ့ တစ်ခြမ်း

ဟာ အလင်းရောင်မရှိနိုင်ဘူး။ ဒါက တစ်ချက်။ နောက်တစ်ချက်ကတော့ ဗီး နပ်စ် (သောကြာဂြိုဟ်)ကလည်း နေကို စက်ဝိုင်းသဏ္ဌာန် ပတ်ပြီးကမ္ဘာမြေ ကြီး ကလည်း အပြင်စက်ဝန်းကနေပြီး နေကို လှည့်ပတ်သွားနေတယ်ဆိုရင်တော့ အလင်းရောင်ရှိနေတဲ့ ဗီးနပ်စ် (သောကြာဂြိုဟ်)ရဲ့ မျက်နှာပြင်ဟာ လရဲ့ မျက်နှာပြင်လိုပဲ အဆုတ်အဆန်း ရှိနေရမယ်ဆိုတဲ့ အချက်ပဲ။ ဒါကြောင့် ဗီးနပ်စ် (သောကြာဂြိုဟ်)ရဲ့ မျက်နှာပြင်ဟာ နေနဲ့ ကမ္ဘာမြေကြီးကြားကို ဖြတ် တဲ့အခါကျတော့ လုံးဝ မှောင်သွားတာ ဖြစ်တယ်။ ကိုပါနီကတ်စ်က ဒီအတိုင်း ပဲ ယူဆတယ်။ ဂျူပီတာ (ကြာသပတေးဂြိုဟ်) ဟာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ရမယ်။ ကိုပါနီကတ်စ်ရဲ့ အယူအဆကို ငြင်းချက်ထုတ်ခဲ့ကြတုန်း က ဗီးနပ်စ် (သောကြာဂြိုဟ်)နဲ့ ဂျူပီတာ (ကြာသပတေးဂြိုဟ်) ဟာ အဆုတ် အဆန်း မရှိဘူးလို့ ထောက်ပြခဲ့ကြတာကိုး။

          ဟော၊ အခု ဂယ်လီလီယိုရဲ့ မှန်ပြောင်းနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ကိုပါနီးကတ်စ် ပြောခဲ့တဲ့အတိုင်း ဖြစ်နေတာကို သွားတွေ့ရတယ်။ ဗီးနပ်စ် (သောကြာဂြိုဟ်)ဟာ အဆုတ်အဆန်း ရှိနေတယ်။ ဒါနဲ့ပတ်သက်လို့ ဂယ်လီ လီယိုက “ပညာရှင်ကြီးတွေ ငြင်းခုံပြီး ကောက်ချက်အမျိုးမျိုး ချခဲ့တဲ့ ပြဿနာနှစ်ရပ်နဲ့ ပတ်သက်လို့ ခု အဆုံးအဖြတ်ကလည်း ကျ၊ မျက်မြင်ဒိဋ္ဌလည်း ဖြစ်တဲ့ကောက်ချက်တစ်ခုကို ကျွန်တော်တို့ ချနိုင်ခဲ့ကြပြီ။ အဲဒီပြဿနာ နှစ်ရပ်ကတော့ ဂြိုဟ်များမှာ ကိုယ်ပိုင်အရောင်အဝါမရှိဘူးဆိုတဲ့ အချက်နဲ့ ဗီးနပ်စ် (သောကြာ ဂြိုဟ်)နဲ့ ဂျူပီတာ (ကြာသပတေးဂြိုဟ်) တို့ဟာ အခြားသော ဂြိုဟ်များအား လုံးလိုပဲ နေကို လှည့်ပတ်သွားလာနေကြတယ်ဆိုတဲ့ အချက်တို့ပဲ။ ဒီအမှန်တရား ကို ပိုင်သာဂိုရတ်စ်၊ ကိုပါနီးကတ်စ်နဲ့ ကက်ပလာတို့က လက်ခံကြတယ်။ ဒါပေမဲ့ သူတို့ မျက်မြင်ဒိဋ္ဌတော့ မဟုတ်ခဲ့ကြဘူး။ အမှန်းအဆနဲ့ လက်ခံခဲ့ကြရခြင်းသာ ဖြစ်တယ်။ ခုတော့ ဒီဂြိုဟ်နှစ်လုံးအကြောင်းကို ကျွန်တော်တို့ မျက်မြင်ဒိဋ္ဌ သိရပြီ” လို့ ရေးခဲ့တယ်။

          အရစ္စတိုတယ်၊ တိုလေမီနဲ့တကွ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်အတွင်း ဒီပြဿနာများနဲ့ ပတ်သက်လို့ တွေးတောကြံဆခဲ့ကြတဲ့ ပုဂ္ဂိုလ်အများစုဟာ သွက်သွက်လည်အောင် မှားနေတယ်ဆိုတာကို ဂယ်လီလီယိုရဲ့ တွေ့ရှိချက်များ က သက်သေထူလိုက်တယ်။ အရင်တုန်းကတော့ လူဟာ စကြဝဠာကြီးထဲမှာ သူ ဘယ်အခန်းကဏ္ဍက ပါနေသလဲဆိုတာကို စဉ်းစားတွေးတောတဲ့ နေရာမှာ သူ့ဆန္ဒနောက်ကို လိုက်ပြီး ထင်တစ်လုံးနဲ့ ဆုံးဖြတ်ခဲ့တယ်။ သူ့ကိုယ်သူ စကြဝဠာကြီးရဲ့ ဗဟိုချက်မလို့ သဘောထားပြီး သိပ္ပံနည်းကျ တွေးခေါ်မှုက ပေးခဲ့တဲ့ အဖြေကို ခါးခါးသီးသီးငြင်းပယ်ခဲ့တယ်။ ခုတော့ ဒီမဖောက်မပြန်တဲ့ အချက်အလက်တွေကို တွေ့ရှိလာခဲ့တဲ့အတွက် စကြဝဠာရဲ့ ဗဟိုချက်ဆိုတဲ့ ရာဇပလ္လင်ပေါ်ကို အတင်းတက်ထိုင်ခဲ့တဲ့ လူသားဟာ ကျွမ်းထိုးမှောက်ခုန် လိမ့် ကျသွားပြီလေ။ လူသားဟာ ဖုန်မှုန့်ကလေး တစ်မှုန့်ပေါ်မှာ မှီတင်းနေထိုင်သူ တစ်ဦးရဲ့ နိမ့်ကျတဲ့ အခြေအနေနဲ့အညီ လိုက်လျောညီထွေရှိအောင် နေထိုင် ရတော့မယ်၊ လူသားရဲ့ အရေးပါ အရာရောက်ပုံကို စဉ်းစားတဲ့ နေရာမှာလည်း ဒီအခြေအနေနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် စဉ်းစားရတော့မယ်။

          ဒါပေမဲ့ လူဟာ ဒီအခြေအနေသစ်ကို ချက်ချင်းလက်မခံနိုင်သေးဘူး။ ဒီအခြေအနေသစ်မှာ ချက်ချင်း နေသားကျမသွားသေးဘူး။ သူ့မာနကို မချသေးဘူး။ တံခွန်တလူလူ လွှင့်တုန်း ရှိသေးတယ်။ ဒီမှာနကို ခရစ်ယာန်သာ

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)