Other Websites
မြသန်းတင့် - ကမ္ဘမြေကြီးသည်နတ်ဥယျာဥ်မဟုတ်
မြသန်းတင့် - ကမ္ဘမြေကြီးသည်နတ်ဥယျာဥ်မဟုတ်
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
ပါရီက မဟာ ကဖီးဆိုင်များ
ကျွန်တော်တို့သည် လက်ထပ်ပြီးကာစ ပါရီတွင် ရောက်နေစဉ် နွေဦးပေါက် တစ်ညနေ၌ ကျွန်တော်တို့သည် စိန့်ဆူလ်ဆေး လမ်းမ ကြီးတစ်လျှောက်ကို တအံ့တဩဖြင့် ကြည့်ရင်း လျှောက်လည်ကြ ပါသည်။ ကျောက်သားဖြင့် ထုထားသည့် ဂိုဏ်းအုပ် ဘုန်းတော်ကြီး လေးပါး စောင့်ကြပ် ခြံရံနေသည့် အဆန်းတကြယ် ထုလုပ်ထားသော ရေပန်းကြီးနားက ဖြတ်လျှောက် လာခဲ့ပါသည်။ ကဖီး ဒီလာမေရီတွင် ထိုင်ပြီး ရှာဒွန်းဝိုင်တစ်လုံးကို မှာပါသည်။ ယခု နှစ်ပေါင်းလေးဆယ် အကြာတွင် ပါရီသို့ပြန်လာရသဖြင့် ကျွန်တော်တို့ ငယ်ငယ်ကထိုင်ခဲ့ သည့် ကဖီးဆိုင်ကလေးများကို ကြည့်ရန် အချိန်ကောင်းပင် ဖြစ်ပါသည်။ (ပါရီသို့ လာရလျှင် အကောင်းသည့် အချိန်ဟူ၍လည်း ရှိပါသေးသလော။)
အမှန်ကတော့ ကဖီး ဆိုင်ထဲတွင် ထိုင်ရသဖြင့်ကိုယ့်အတိတ် ကိုပြန်၍တွေးတော နိုင်ပါသည်။ ထိုမျှမက ပါရီမြို့ကြီး၏ အတိတ်ကို လည်း ပြန်၍ တွေးတော နိုင်ပါသေးသည်။ (ပြင်သစ်တော်လှန်ရေး ခေါင်းဆောင်) ရိုစံပီယာနှင့် လီနင်တို့နှစ်ဦးစလုံးသည် ပါရီ ကဖီးဆိုင် များထဲတွင် ထိုင်ပြီး ဝတ္ထုတွေရေးခဲ့ကြခြင်း ဖြစ်ပါသည်။ သမိုင်းဆရာရောဂျားရှက်တပ်၏ အဆိုအရ အင်ပရက်ရှင်းနစ် ပန်းချီဝါဒသည် “ကဖီး ဆိုင်များထဲတွင် စတင်ပေါ်ပေါက်ခဲ့သော ပထမဆုံးသော အနုပညာလှုပ်ရှားမှု တစ်ရပ် ဖြစ်ပါသည်။ ပါရီ ကဖီးများသည် အစား နှင့်အသောက်ကိုသာ ရောင်းချသည့် နေရာများ မဟုတ်ပါ။ မိတ်ဆွေ များနှင့် တွေ့သည့် နေရာနှင့် စကားစမြည် ပြောသည့် | နေ ရာလည်း ဖြစ် ပါသည်။ အလုပ် လုပ်သည့် နေရာနှင့် | အရောင်းအဝယ်ဖြစ်သည့် နေရာလည်း ဖြစ်ပါသည်။ သတင်းစာ | ဖတ်သည့် နေရာနှင့် အနီးတွင် ဖြတ်သွားနေသော ဘဝကြီး တစ်ခုလုံးကို စောင့်ကြည့်လေ့လာသည့် နေရာလည်း ဖြစ်ပါသည်။
ဤခမ်းနား ကြီးကျယ်သော ကဖီးဆိုင် စနစ် အဆောက် အအုံ သည် အာရပ်တို့ အကြိုက်ဖြစ်သော ကော်ဖီသောက်သုံးမှု ဥရောပတွင် ပျံ့နှံ့စ ပြုလာသော ၁၇ ရာစုနှစ်ထဲတွင် စတင်ပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်သည်။ ပါရီတွင် ရှေးအကျဆုံး သက်တမ်း | အရှည်ဆုံးသော ကဖီးမှာ ဒီလာဆိန်း ကော်မယ်ဒီ လမ်းပေါ်တွင် ၁၆၈၆ ခုနှစ် ကတည်းကဖွင့်လှစ်သော ပရိုကို ကဖီး ဖြစ်ပါသည်။ ဘင်ဂျမင် ဖရင်ကလင်နှင့် ဗော်လ်တဲယားတို့ လာ၍ ထိုင်သည့်အခါ တွင်မူ ပရိုကို ကဖီးသည် သက်တမ်းတစ်ရာလောက် ရှိနေလေပြီ။ သူတို့ နောက်တွင် တော်လှန်ရေး သမားများ လာကြသည်။ သူတို့အထဲတွင် ရို့စ်ပီယာ၊ဒန်တန်၊ မာရတ်နှင့် နပိုလီယန်တို့ပင် ပါဝင်ကြသည်။ ။
၁၉၈၈ ခုနှစ်တွင် ပရိုကို ကဖီးကို တခမ်းတနား ပြန်၍ ပြင်ဆင် ခဲ့ပါသည်။ ပွန်ပီယန် အနီရောင် နံရံများ၊ ၁၈ရာစုနှစ် ဘဲဥပုံ ပုံတူ ပန်းချီကားများ၊သလင်းကျောက် မီးပဒေသာ | ဖန်ဆိုင်းများ မွမ်းမံ ထားပြီး စားပွဲထိုးများ အတွက်ကိုလည်းတော်လှန်ရေး ခေတ်တုန်းက ယူနီဖောင်းများကို ဝတ်ဆင်စေသည်။ ခေါင်းလောင်းသံလို မြည်သော စန္ဒရား တစ်လုံးကိုလည်း ထားပေးသည်။ ယင်းတို့ အားလုံးသည် နပိုလီယန်ကပင်လျှင် ရှေးကျသည်ဟု ပြောရလောက်သည့်အရာများ ဖြစ်သည့်တိုင် အစားအသောက်မှာမူ တော်တော်ကောင်းပါသည်။ ကမာကြော်မှာ နတ်သုဒ္ဓါတစ်မျှပင် ဖြစ်ပါသည်။ ။
ပန်းချီကျော် မိုးရေးနှင့် ရေနွားတို့ မကြာခဏ တွေ့ဆုံလေ့ ရှိကြသည့် မွန်မာရပ်ကွက်မှ ကဖီးဆိုင်များမှာလည်း ပစ္စည်းအရောင်း | ဆိုင်များ၊ စတိုးဆိုင်များ၊ မော်တော်ကား ပြခန်းများ ဖြစ်ကုန်ကြပါပြီ။
သို့ရာတွင် ဆိန်းမြစ် လက်ဝဲဘက်ကမ်းရှိ ပန်းချီဆရာတို့၏ အိုအေစစ် များမှာမူ ယခုတိုင် ရှိနေကြပါသေးသည်။ မွန်ပါနာဆေ ရပ်ကွက်သည် ၁၉၂၀ပြည့်နှစ် တစ်ဝိုက်လောက်တွင် နာမည်အကြီးဆုံး ဖြစ်ပါသည်။ ထိုစဉ်က ဟဲမင်းဝေးသည် ကလိုဆိုရေး လိုင်းလက် ကဖီးတွင် ထိုင်၍ ဝတ္ထုတွေကို ရေးလေ့ရှိပါသည်။ ထိုကဖီးဆိုင်ကလေးမှာ ၁၇ ရာစုနှစ်တုန်းက လိုင်းလက် နှင်းပန်းချုံတို့ ဝန်းယှက် မိုးနေသော ကဖီး ဆိုင်ကလေး ဖြစ်ပါသည်။ လူငယ် ပရိသတ်ကို ဆွဲဆောင်ရန်အတွက် | ဆိုင်အုပ်ချုပ်သူတို့က အရက်ကောင်တာကို ပြင်ဆင်ကာ စားပွဲထိုးသူများအား နှုတ်ခမ်းမွှေး မထားရဟု သတ်မှတ်လိုက်သည့်အခါတွင် ဟဲမင်းဝေးသည် စိတ်ပျက် လက်ပျက်ဖြင့် ညည်းခဲ့ဖူးပါသည်။
ကလိုဆီရေး ကဖီးမှာလည်း နောက်တစ်ကြိမ် ပိတ်လုပိတ်ခင် အခြေ အနေသို့ ရောက်နေပြန်လေပြီ။ ထိုကဖီးဆိုင်က နှစ်လိုဖွယ်အနီရောင်အုပ်ဆောင်းများလိုပင် ဟဲမင်းသည်လည်း ထိုကဖီးဆိုင် ၏ အပြင် အဆင် ဖြစ်နေသည်။ သူထိုင်ခဲ့သည့် အရက်ကောင်တာနေရာတွင် ကြေးပြားတစ်ပြား အုပ်၍ အထိမ်းအမှတ် လုပ်ထားပြီး ကဖီးဆိုင် စားသောက်ဖွယ် စာရင်းကတ်ပြားပေါ်တွင် သူ့ခေါင်းပုံ တစ်ခု ရိုက် ထားသည်။ ထိုကတ်ပြားမှ ဟင်းလျာစာရင်းတွင် ဟဲမင်းဝေး စားလေ့ရှိ သည့် ဟင်းလျာတစ်မျိုးပါ၍ ထိုဟင်းလျာ အမည်ကို ဟဲမင်းဝေး မတ်စတပ်ဟု အမည်ပေးထားသည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် မွန်ပါနာသေ ရပ်ကွက်သည် ပျောက်ကွယ် တိမ်ကောသလောက် ဖြစ်သွားသည်။ သို့ရာတွင် ၁၉၇၀ ပြည့်လွန် နှစ်များနှင့် ၁၉၈၀ပြည့်လွန် နှစ်များ၌ ပျော်ပွဲစားရုံ ဖွင့်သည့် လုပ်ငန်း ခေတ်စားလာပြန်သည့်အတွက် အတော်အတန်ပြန်၍ ခေတ်စားလာပါ သေးသည်။ စာရေးဆရာ၊ ကဗျာဆရာများ ဖြစ်ကြသော ဟင်နရီမီးလား၊ လော့ရင့်စ်ဒါရဲ၊ ဆင်မျူယယ် ဘက်ကတ်တို့ | အိုးအိမ်သဖွယ် စားသောက်နေထိုင်ခဲ့ကြသော စပါးကျီကြီးနှင့်တူသည့် ကာပိုလီ ကဖီး၏ကံကြမ္မာကို ဖောက်သည်ဟောင်းကြီးတို့က ယခုတိုင် | ဝမ်းနည်းတသမဆုံးဖြစ်နေ ကြပါသေးသည်။ ထို ကဖီးဆိုင်ကို ပျော်ပွဲစားရုံများ ဖွင့်သည့် ကုမ္ပဏီကြီး တစ်ခုက ဝယ်ယူလိုက်ကာ ဖြိုပစ်လိုက်ပြီးနောက် ၁၉၈၈ ခုနှစ်တွင် ခေတ်မီ ပျော်ပွဲစားရုံကြီး တစ်ရုံ ဆောက်လိုက်ပါသည်။ ပို၍ စိတ်မချမ်းသာစရာ ကောင်းသည်မှာ တစ်ခါက အတွေ့အကြုံမရှိသည့် စာရေးဆရာတစ်ဦး ဟင်နရီ တူးလူး အကြောင်းကို ဇာတ်လမ်း ရေး ခဲ့ရာ၊ အာလူးကြော် တစ်ပွဲကို တစ်ဒေါ်လာလောက်နှင့် ရောင်းခဲ့ရာ၊ အခင်းအကျင်း အဆောင် အယောင်တို့ ကင်းရာ ၊ ထို ကဖီးဆိုင်ကို ၁၉၈၈ ခုနှစ်တွင်အသွင်ပြောင်းလိုက်ခြင်း ဖြစ်ပါသည်။ ကဖီးဆိုင် တစ်ပိုင်းကို အလွန်ကောင်း သည့်ငါးဟင်းလျာ ပျော်ပွဲစားရုံ တစ်ခုသို့ပြောင်းပစ် လိုက်ပါသည်။ (ခရီး သွား ဂျာနယ် မစ်ချလင်က ထိုပျော်ပွဲစားရုံကို ကြယ်တစ်ပွင့် ပေးပါသည်။) ဘာ့ငါးကင်မှာ အလွန်ကောင်းပါသည်။ မာကွန် က ပို၍ကောင်းပါသည်။ သို့ရာတွင် ရှေးတုန်းကလို ဝက်အူချောင်းတော့ မရတော့ပါ။ ဝက်အူချောင်းနှင့် ရှေးတုန်းက ဈေးနှုန်းမှာ ပုံပြင် သဖွယ်သာဖြစ်နေပါပြီ။ လူနှစ်ယောက် ညစာစားလျှင် ဒေါ်လာ တစ်ရာကျပါသည်။
“အကယ်၍ သင်သည် လူငယ်တစ်ယောက်အဖြစ် ပါရီမြို့ ကြီးတွင် နေထိုင်နိုင်အောင် ကံကောင်းသူ ဖြစ်ခဲ့လျှင် သင့်ဘဝတစ်လျှောက်လုံးတွင် ဘယ်နေရာသို့ သွားသွား ပါရီသည် သင်နှင့်အတူ ရှိနေပေလိမ့်မည်။ အကြောင်းမူ ပါရီသည် ရွှေ့ပြောင်းနိုင်သော စားသောက်ပွဲကြီး ဖြစ်သောကြောင့် ဖြစ်ပါသည်” ဟု တစ်ခါတွင် ဟဲမင်းဝေးက ရေးခဲ့ဖူးသည်။ ကျွန်တော့်အဖို့ကား ရွှေ့ပြောင်းနိုင်သော စားသောက်ပွဲကြီး သည် ပါရီမြို့၏ အဟောင်းဆုံး၊ သက်တမ်းအရှည်ဆုံး ဘုရားရှိခိုးကျောင်းကြီး အပြင်ဘက် လမ်းလေးခွဆုံတွင် ရှိ ပါသည်။ ထိုဘုရားရှိခိုး ကျောင်းမှာ ခြောက်ရာစုနှစ်ကတည်ဆောက်ခဲ့သော စိန့်ဂျာမိန်း ဘုရား ရှိခိုးကျောင်းကြီး ဖြစ်ပါသည်။ ဒုတိယပြင်သစ် လက်နက် နိုင်ငံတော်ကြီး လက်ထက်က နယ်စားကြီးဟော့စ်မန်းသည် ဤနေရာတွင် ရိပ်သာ လမ်းမကြီး တစ်ခုကိုဖြတ်ဖောက် ခဲ့ပါသည်။ ထိုနေရာတွင် ကျွန်တော် မှတ်မိသရွေ့ ပါရီတွင် အကောင်းဆုံး (ထို့ကြောင့် ကမ္ဘာတွင် အကောင်းဆုံးသော) ကဖီးဆိုင် သုံးဆိုင် ပေါ်ပေါက်လာခဲ့ပါသည်။ ပထမ ကဖီးဆိုင်မှာ ဖလိုရေ ကဖီးဆိုင် (၁၉၆၅ ခုနှစ်) ဖြစ်ပြီး ဖြစ်တည်မှု ပဓာနဝါဒ၏ဌာနချုပ်အဖြစ် ကျော်စောခဲ့ပါသည်။ “အဲဒီ ကဖီးဆိုင်ကလေးဟာ ကျွန်တော်တို့အဖို့ အိမ်နှင့်အတူတူပဲ” ဟု ယန်းပေါဆော့တ်က တစ်ခါက ပြောဖူးသည်။ ဆီမွန်ဒီဗူးသည် “ဒုတိယလိင်” ဆိုသည့်စာအုပ် တချို့တစ်ဝက်ကို ဤကဖီးဆိုင်ကလေး မှာပင် ရေး သွားခဲ့သည်။ ကောင်းမွန်သည့် အကြောင်း တစ်ကြောင်းမှာ ဖလိုရီ ကဖီးဆိုင်တွင် အေးအေးလူလူ အလုပ်လုပ်နိုင်သော အထပ်ခိုး ကလေး တစ်ထပ်ရှိသောကြောင့် ဖြစ်သည်။ နောက်တစ်ကြောင်းမှာ ဖလိုရီ ကဖီးဆိုင်သည် အမြဲလိုလို နွေးထွေးနေသောကြောင့် ဖြစ်သည်။
၁၈၇၀ပြည့်နှစ်တွင် ဂျာမနီက ဒုတိယပြင်သစ်နိုင်ငံတော်ကြီး | ကို ဝင်ရောက်တိုက်ခိုက်သည့်အခါတွင် စစ်ပြေးဒုက္ခသည် အများ | အပြားသည် အယ်နယ်မှ ပါရီသို့ထွက်လာခဲ့ကြသည်။ ထိုအထဲ တွင် လဲနတ်လစ်ပ်ဆိုသူ တစ်ဦးပါလာသည်။ သူသည် ဖလိုရီ ကဖီးနှင့် မျက်နှာချင်းဆိုင် ရိပ်သာလမ်းမကြီးတစ်ဖက်တွင် ကဖီးဆိုင်ကလေး တစ်ဆိုင်ဖွင့်သည်။ သူ့ဆိုင်က ကြွေပြားကပ် နံရံပေါ်တွင် အပူပိုင်းဇုံ မှ အစိမ်းရောင်၊ အပြာရောင်တို့ ကြိုးပြက် | နေသည့်ငှက်ကလေးများကို တန်ဆာဆင်ထားသည်။ သူ့ဆိုင်သည် ဂျာမနီဝက်အူချောင်း စစ်စစ်ကြိုက်သူများကမူနာမည်ကြီးသလောက်မကောင်းဟုဆိုကြသည်။ မည်သို့ဖြစ်စေ ဂျာမနီဝက်အူချောင်း အစစ်ကို မစားဖူးသည့် နိုင်ငံခြား သား တစ်ယောက်၏ ထင်မြင်ချက်အရဆိုလျှင် နာမည်ကြီးထိုက်ပါပေ သည်ဟုဆိုသည်။ ပို၍ကောင်း သည်မှာ အယ်ဇေးရှင်း ဖြစ်သည်။ သို့ရာတွင် အကောင်းဆုံးမှာကား တစ်ခွက်ထက်တစ်ခွက် ကြီးလာသော ခွက်ကြီးများဖြင့် လာချ သည့်ဘီယာ ဖြစ်သည်။ ပထမတွင် လစ်တာဝက် ဝင်သောခွက်ဖြင့် ချသည်။ ထို့နောက် သုံးစိတ် လစ်တာဝင်သည့် ခွက်ဖြင့်ပေးသည်။ နောက်ဆုံးတွင် တစ်လစ်တာ ဝင် သည့် မတ်ခွက်ကြီးဖြင့် လာချသည်။
ထိုကဖီးဆိုင်၏ အခြားသော စပယ်ရှယ်ပစ္စည်းမှာ နိုင်ငံရေး ဖြစ်သည်။ ပြင်သစ်နိုင်ငံလွှတ်တော် အဆောက်အအုံကြီးမှာ ကဖီးဆိုင် နှင့် ‘’ အနည်းငယ်အကွာ လမ်းမကြီးထိပ်တွင်ရှိသည်။ လွှတ်တော် အမတ်များသည် ဝမ်းဗိုက် ဖြည့်ခြင်းအမှု၊ ဆွေးနွေးခြင်း အမှုနှင့် ခြေပုန်းခုတ်ခြင်း အမှုတို့ကိုပြုလုပ်ရန် ဤကဖီးဆိုင်သို့ ထုံးစံ လိုလိုပင် အမြဲလာတတ်ကြသည်။ လွန်ခဲ့သည့် နှစ်များအတွင်း က ထိုကဖီး ဆိုင်သို့ အမြဲလာတတ်သူ တစ်ယောက်မှာ ယခုပြင်သစ် နိုင်ငံ သမ္မတကြီး ဖြစ်နေသည့် ဖရန် ဆွာမီတရောင်း ဖြစ်သည်။ မိမိဖောက်သည်ထဲတွင် သမ္မတကြီး တစ်ဦးပါသည်ဟု ကြွားဝါ ပြောနိုင် သော ကဖီး ဆိုင်တစ်ဆိုင်သည် မည်မျှကောင်းသည်ကို ထောက်ခံချက် ပေးစရာ မလိုတော့ပါ။
မဟာ ကဖီးဆိုင်ကြီး သုံးဆိုင်ထဲတွင် မဟာ့မဟာ အကျဆုံး ဖြစ်သည့် မာ့ဂေါ့ ကဖီး(၁၈၇၅ ခုနှစ်) မှာ ထိုသုံးဆိုင်ထဲတွင် အသစ်ဆုံး နောက်အကျဆုံး ဖြစ်သည်။ ထိုကး ဆိုင်မှာ အခံ့ညားဆုံး၊နွေးထွေးမှု အရှိဆုံးလည်း ဖြစ်ပါသည်။ လဲနတ်လစ်ပ်၏ ကဖီးဆိုင်က သင် ဘယ်လိုလူလဲဟု ကြည့်ပြီး ဖလိုရီကဖီးဆိုင်က သင်ဘယ်လောက် သုံးနိုင်သလဲဟု စဉ်းစားနေစဉ် ဂျူးမာ့ဂေါ့ ကဖီးဆိုင်ကသင်ဘယ်လို အစားအသောက်မျိုးကို ကြိုက်သလဲဟုသာ စဉ်းစားပါသည်။
ဂျူးမာ့ဂေါ့ကဖီး သည် ဘုရားရှိခိုးကျောင်းကြီးနှင့် မျက်နှာ ချင်းဆိုင်တွင်ရှိသည်။ ထူးဆန်းသည့် ထိုအမည်မှာ ကဖီးဆိုင် အလယ်တွင် ရှိသည့် တရုတ် ကျောက်ရုပ်ကြီးနှစ်ရုပ်ကို အစွဲပြု၍ ခေါ်ထားခြင်း ဖြစ်ပါသည်။ ယနေ့အချိန်တွင် ဈေးနှုန်းများမှာကြောက်စရာကောင်း လှပါသည်။ ကိုကာကိုလာ တစ်လုံး အမေရိကန် ဒေါ်လာ ငါး ဒေါ်လာ၊ ဘလတ်ဒီ မေရီ တစ်ပုလင်း ဆယ်ဒေါ်လာ ဖြစ်ပါသည်။ သို့ရာတွင် နွေဦးပေါက် တစ်ညနေတွင် ဂျူးမာ့ဂေါ့ ကဖီးဆိုင် ၏ အရှေ့ဘက် စင်္ကြ° တွင် ထိုင်ပြီး ပွင့် သစ်တွေဝေနေသော ပန်းသီးပင်များ၊ ဂမုန်း ပန်းခင်းများ၊ လိုင်းလတ် နှင်းပန်းခင်းများကို ကျော်၍ အလယ်ခေတ် ဘုရားရှိခိုးကျောင်းကြီး၏ ပြဿဒ်များကို ကြည့်လိုက်ရလျှင် ထိုသို့သော ရှုခင်း သည် ဘယ်လောက်ပေးရ ပေးရ တန်သည်ဟု ထင်မိမည်သာ ဖြစ်ပါသည်။
ယခုလောက် ဈေးနှုန်း မကြီးသေးသည့် ၁၉၄ဝပြည့် လွန်နှစ်များ တစ်ဝိုက်ကပင်လျှင် လစ်ပ်နှင့် ဖလိုရေးစသည့် ကဖီး များသို့ အခါကြီး ရက်ကြီးများမှသာ သွားနိုင်ခဲ့ကြသည်။ အပျင်းပြေ သွားထိုင် ရုံလောက်ကမူ ရွိုင်ယယ်၊ ဘိုနာပတ်၊ မာဘီလွန် စသည့် ဈေးပေါသည့် ကဖီးဆိုင်များ ရှိသည်။ စိန့်ဂျာမိန်း ရပ်ကွက်မှ ကဖီးဆိုင်များတွင် လူချမ်းသာတွေ အောင်မြင် ကြီးပွား သူတွေ ပြည့်နှက် နေသည့်တိုင် အနုပညာသည်တို့၏ ဗဟိုဌာနချုပ်မှာမူ ဆိန်းမြစ် လက်ယာဘက်ကမ်းသို့ ပြန်ပြောင်းသွားပြီဟုယူဆရသည်။အသက်အရွယ် ရလာပြီး ရှေးခေတ်ကို ပြန်လွမ်းတတ်သူတို့ သည် ပါရီကိုပြန်ရောက်၍ ရှေးကနှင့်မတူတော့ဘဲ ကဖီးများအသွင်ပြောင်းနေသည်ကို တွေ့ရသည်ဆိုလျှင် ဘာမျှအံ့ဩဖွယ် မရှိပါ။ ထိုသို့အသွင် ပြောင်းသွားရန် အကြောင်းတွေ အများကြီးတွေ့ရမည် ဖြစ်သည်။ ယင်းတို့အနက် အကြောင်း တစ်ကြောင်းမှာ အခြား မဟုတ်ပါ၊ ရှေးတုန်းက ပါရီ ကဖီးများ ခေတ်ကောင်းခဲ့ခြင်းမှာ လူနေ သည့် တည်းခိုခန်း များ၊ ဘော်ဒါများက အေးစက်ပြီး မှောင်သော ကြောင့်ဖြစ်ပါသည်။ နောက်တစ်ကြောင်းမှာ ကျောင်း တော်ကြီးများမှာ ဝင်ကြေးတွေ များလွန်းလှသဖြင့် ကဖီးဆိုင်များတွင် ပညာသင်ရသည်ကို သဘောကျကြသောကြောင့် ဖြစ်ပါသည်။ သို့တိုင် ကျွန်တော်၏ ပါရီနှစ် အနှစ်လေးဆယ်မြောက် ကဖီးဆိုင်သ သရာကို ကဖီး ဒီလာ မေရီတွင် ကျင်းပပါသည်။ ယခင်က ရှိခဲ့သော ရွှေငါးကန် ကလေးနှင့် စစ်တုရင်ခုံကလေးတို့ မရှိတော့သည့်တိုင် ကျွန်တော်တို့ တည်းခိုသည့် ဟိုတယ်နှင့်နီးသည့် ကဖီးဖြစ်ပါသည်။ စာပေ အစဉ် အလာလည်း အနည်းအကျဉ်းရှိသည့် နေရာ ဖြစ်ပါသည်။ ထိုကဖီး ဆိုင်ကလေးတွင် စာရေးဆရာ ဆာဘဲလိုး လာနေကျဖြစ်ပါသည်။ ဝီလီယံဖော့ကနာလည်း လာ၍ သောက်နေကျ ဖြစ်ပါသည်။ ပန်းချီဆရာ ဂျနာဘန်းသည်လည်း လာ၍ ဤနေရာ တွင် ပန်းချီကားတွေ အများကြီး ဆွဲသွား ဖူးပါသည်။ တစ်ခါတွင် ပန်းချီဆရာဘန်းကို ဘယ်လိုထင်သနည်းဟု ပိုင်ရှင်အမျိုး သမီးအား မေးသည့်အခါတွင် သူ့အမည်ကို တစ်ခါမျှ မကြားဖူးဘူးဟု

