Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မြမျိုးလွင် - ရှေးဟောင်းနှောင်းဖြစ်များ

Regular price 3,700 MMK
Regular price Sale price 3,700 MMK
Sale Sold out
Type

ဆောင်းပါးအမှတ်(၁)

ယှဉ်တိုင်းကွာ မတုပကြနဲ့၊ နုသမျှ ဆန်းကြယ်၊ ရှုမဝ နန်းအလယ်မှာ၊ ပန်းစံပယ်တော်ဝင့်”

ခေတ်သည် တစ်ခေတ် တစ်ခေတ်အဖြစ်၊ အသစ်သစ် ပြောင်းလဲရွေ့ လျား ရှေ့သို့ တစ်အားတိုးနေချိန်..။

မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့လည်း မြန်မာပြည် မြန်မာ့မြေ မြန်မာ့ နယ်အတွင်း သူတို့ပိုင် ရေစီးကြောင်းများမှ ပင်လယ် သမုဒ္ဒရာအရောက် မိုးရွာမရှောင် နေပူမနား တစ်အားပြင်ပြင် တသွင်သွင် စီးဆင်းနေခိုက်...။

ယနေ့မှစ၍ ပြန်လည်ရေတွက်သော် မြန်မာသက္ကရာဇ် ၁၂၉၅ ခု၊ နှစ်ပေါင်း ၃၅ နှစ်ခန့် ကာလပတ်ဝန်းကျင်...

တစ်ချိန်ချိန်သော သက္ကရာဇ်၊ တစ်နေ့နေ့သော အခါကာလ၊ တစ်ခေတ်ခေတ် သော ပြောင်းလဲတိုးတက်မှု၌ ရန်ကုန်မြို့တွင် မြပိုးထည်တိုက်၊ သီတာအေး ပုံနှိပ်စက်၊ ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ယင်းသည့်နောက် ရှုမဝရုပ်ရှင်တို့ကို ကြီးမှူးအုပ်ချုပ် ပိုင်ရှင်လုပ်ရအံ့ သော မောင်ကျော်...။

ထိုမောင်ကျော်၊ အကြင် ရွှေတောင်မြို့လျှင် ဖွားရာဇာတိဖြစ်သော မောင်ကျော်၊

အသက် ၂၀ မှ ပြည့်ပုံမပေါ်သေးသော မောင်ကျော်သည် ရွှေဖူးစာကံ စီမံဖန်တီးချက် အရ ချစ်စ၊ ခင်စ၊ ကြင်နာစ၊ ကြားလေသွေးသည်ပင် ဝေးလေစွထင်ရသော ဇနီးအလှ ဘဝကြင်ဖော်နှင့်အတူ မောင်ကျော်မြအမည်ရှိ ကျောင်းသားအရွယ် လူမမည် ညီငယ်ကိုပါခေါ်ကာ ရေကြည်ရာ မြက်နုရာအဖြစ် အခြေစိုက်သင့်က စိုက်ရန်ဟူသော ရည်ရွယ်ချက်နှင့် မန္တလေးမြို့သို့ ရောက်အလာ...။

ဗြိတိသျှလူမျိုးတို့ အုပ်စိုးခိုက်ဖြစ်၍ မြန်မာစာပေဆိုလျှင် ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့မှ သဘောမထား၊ ထောင်ဆု၊ ရာဆု၊ သိန်းဆု၊ သောင်းဆု၊ ဘာဆု၊ ညာဆု၊ ဟိုဆု၊ သည်ဆု စသည်တို့ကို နားမှလေသံ ကြားဖူးသည်ပင် မရှိ..။ ။

စာပေဝန်ထမ်း လူငယ်စာရေးဆရာမှန်သမျှ ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကလေး၊ စစ်ကြိုခေတ်ခေါ်ရချိန် မြမျိုးလွင်တို့ ညီနောင်စုတွင် ညီငယ်အဖြစ် ပါဝင်ကာ စာရေး ဆရာဘဝကို ဒုက္ခနှင့် အရင်းတည်ရင်း နေရိပ်လာမှာကို နေပူကစောင့်သူ စာရေးဆရာ သင်္ခ၏ အသည်းနှလုံးရော၊ ရိုးတွင်းခြင်ဆီကပါ စပ်ဆိုလိုက်သော…

မွဲသကို တဲအိုစုတ်မှလ

ဆန်ကွဲကို ထမနဲကျိုလို့ တုတ်ပါရ

အမွဲဗိုလ်ချုပ်ပါဗျ ကျွန်တော့်မှာ။

ဆိုသော ညည်းချင်းကလေးကဲ့သို့ ၀၀ မဝဝ၊ ဆင်းရဲ ဆင်းရဲ၊ မဆင်းရဲ မဆင်းရဲ စာရေးဆရာဘဝကိုသာ နှစ်ခြိုက်ပျော်ပိုက်နေကြခိုက် အုပ်စိုးသူတို့အမြင်တွင် 'စာရေးဆရာ ́ဆိုသည်မှာ လွတ်လပ်ရေးတိုက်ပွဲဆင်ရန် တာစူနေကြသူများဟု မျက်မာန်တော်ရှခြင်းကြောင့် ပုဒ်မ ၁၂၄ (က) ကို ပြကာ ပြကာ သုန်သုန်မှုန်မှုန်နှင့် ရွှေမျက်နှာညို အလိုတော်မကျတော် မူရှာကြသောခေတ်.....။ ။

သို့သော်..... သို့သော်... သို့သော်... စာရေးဆရာဆိုသော သတ္တဝါတွေသည် ခြောက်၍လည်း မကြောက်၊ မြှောက်၍လည်း မမြောက်..။

ဝိပ္ပတ္တိခါသမယမို့ ကာလနှင့် ခေတ်ကို

ဘာကမှ ပြစ်မဆိုပေါင် ဖြစ်သလိုနေဖို့.....၊

ဟူသော စာရေးဆရာကြီး ဒဂုန်နတ်သျှင်၏ မာန်ဝင့်တေးထပ်ကို အားလုံး ဝိုင်းဝန်းထောက်ခံကြရင်း..

မိုးထိအောင်၊ လှေကားထောင်ဟေ့

အပျို့ပေါင် ဇီးကွက်ရုပ်ကြီး။

ဟိုအပျိုကြီး မိုးပေါ်ပျံ

မပျံလေနဲ့ ခြေထောက်ဆွဲချ။

လုံချည်ကျွတ်လို့ လွှတ်လိုက်တယ်

နိုင်တယ်လို့ မထင်ကြနဲ့။

စသော သံချပ်တို့ကို ထိုးကာ ထိုးကာ ဘဝကို ဣန္ဒြေမပျက် သာယာကြ လျက်...။

မောင်ကျော်နှင့် မြမျိုးလွင်တို့လည်း မန္တလေးမြို့၊ မလွန်ဈေးဟောင်း၊ နီပါးတန်း ရပ်ရှိ ကမ္ဘာ့ထိပ်တင် စာပုံနှိပ်တိုက်တွင် နေ့စဉ် နံနက်တိုင်း လက်ဖက်ရည်အကြမ်းဝိုင်း ဖွဲ့ ကာ အရိပ်အာဝါသကောင်းကောင်း၊ အသီးအပွင့်အရွက်အခက်တွေ ဝေဆာသော စာပေခေတ်သစ်ထူထောင်ရေး နည်းကောင်းလမ်းကောင်း၊ ဘုရားအလောင်း ဇနက မင်းသား သင်္ဘောပျက်သောအခါ မေခလာနတ်သမီး ကယ်ချိန်အရောက် ဇွဲ လုံ့လ ဝီရိယမျိုးတို့ကို အားကိုးအားကျ နည်းယူကြရင်း အမျိုးမျိုး ဆွေးနွေးတိုင်ပင် အကြံဉာဏ် ထုတ်နေကြစဉ်...။

ရန်ကုန်မြို့ မြန်မာအဆွေကုမ္ပဏီက ထုတ်ဝေသော လစဉ်ထုတ် ရုပ်စုံဒဂုန် မဂ္ဂဇင်းကြီးကလည်း စာပေခေတ်ကို ဦးဆောင်၍ မီးရှူးတန်ဆောင်သဖွယ် ဝင်းပြောင် ထွန်းတောက်နေချိန်.....။

ရန်ကုန်နှင့်မန္တလေးမှ ထုတ်ဝေသူ ဆယ်ဦးလောက်အား နိုင်အောင်ရေးပေးနေ သဖြင့် ၅ ရက် တစ်အုပ်၊ ၁ဝ ရက် တစ်အုပ် မြမျိုးလွင်၏ လေးပဲတန် ဝတ္ထုသစ်တွေ မှိုပေါက်သလို ပလူပျံသလို ထွက်ပေါ်နေစဉ်..။

မောင်ကျော်သည် ဝတ္ထုစာအုပ်ထုတ်လိုသော ဆန္ဒပြင်းပြလာ၏။ မြမျိုးလွင်၏ ဝတ္ထုများကိုသာ တစ်လတစ်ကြိမ် ထုတ်ဝေရလျှင် ငါ့ဘဝ သာယာမှာပဲဟု စိတ်ကူးယဉ် အိပ်မက် ဝင်လာ၏။ သို့သော် ပရိကံက အကျိုးပေးမင့်၊ ဝမ်းရေးက မတောင့်၊ အာယုက နည်းပါး၊ ဘိုင်ကြီးဘိုင်- ဘိုင်၏ မြေး ဘိုင်ကျနေချိန်မျိုး ဖြစ်နေ၍ မြမျိုးလွင်ကိုသော်လည်းကောင်း၊ ကမ္ဘာ့ထိပ်တင် စာပုံနှိပ်တိုက်ရှင် ဦးဘတင်ကိုသော် လည်းကောင်း (ရောင်းပြီး ငွေချေစနစ်) လုပ်ပေးရန် ကိုယ့်လိပ်ပြာ ကိုယ်မလုံသည့် အတွက် ဖွင့်ဟ၍ မပြောရဲ မဆိုရဲတိုင်း မြမျိုးလွင်ရေးသမျှ ဝတ္ထုများကိုသာ တွင်တွင် သာ ဖတ်နေရာ ဝတ္ထု ၁၀ ပုဒ်လျှင် ၉ ပုဒ်လောက် နှုတ်တိုက် အာဂုံဆောင်နိုင်သော စွမ်းရည်ပြည့်ဝသူ ဖြစ်မှန်းမသိ ဖြစ်လာလေ၏။

မြမျိုးလွင်ကလည်း မောင်ကျော်ကို ချစ်၏။ စာပေရေးရာ ဆွေးနွေးဖော် ဆွေးနွေးဖက်အဖြစ်သာမက ညီငယ်တစ်ယောက်အနေလည်း သဘောထားကာ မောင်ကျော်အတွက် ရေကြည်ထွက်၍ မြက်နုများ အမြဲပေါက်နေအောင် မည်သို့ ဆောင်ရွက်ကူညီရမည်ကို စဉ်းစားရင်း အချိန်ကုန်နေခဲ့လေ၏။

နှစ်ယောက်စလုံး “ကျော်တေးရှင်း” သော အချက်မှာ စာရေးဆရာက ဝတ္ထု ထုတ်ပါလားဗျဟု မပြောမိခြင်းနှင့် ညီငယ်လို ဖြစ်နေသူက ဝတ္ထုထုတ်လိုသည်ဟု “မပွင့်” ခြင်းပင် ဖြစ်၏။

“ကမ္ဘာ့ထိပ်တင်” မှာ စာပုံနှိပ်တိုက်ဖြစ်၏။ အလုပ်အပ်လာသူတို့ အကြွေးခံမည် စိုး၍ မြမျိုးလွင်က လူစုံသော လက်ဖက်ရည် အကြမ်းဝိုင်းတွင် ပုံနှိပ်တိုက်ရှင် ဦးဘတင် အား ကာကွယ်ပေးသော သဘောမျိုးနှင့် “အကြွေး.. နိမ်း။ အတေး.. နိမ်း။ အကျွေး ဆိုရင် ဆွမ်းကျွေးတောင် မလိုက်တဲ့ အဖွဲ့” ဟု ပြောလေ့ရှိရာ၊ မောင်ကျော်က ထိုစကားကို အတည်ကြီးထင်လျက်၊ သူ ဝတ္ထုထုတ်လိုခြင်းကို မပြောရဲဘဲ နေခဲ့သည့် အတွက် ကုန်တဲ့ရက်တွေကောကာ နှမြောစရာကြီး ဖြစ်ခဲ့ကြဖူး၏။

မောင်ကျော်သည် အကြံကြီးကြံသူ ဖြစ်စေကာမူ စိတ်တွင်သာ ကြံနေခြင်း ကြောင့် စကားနည်း၏။ ရိုးရိုးနေ၏။ သဘောကောင်း၏။ မျက်နှာပေးလှလှနှင့် မျက်နှာထားချို၏။

မြမျိုးလွင်က မန္တလေး၏ လူကျော် လူမော် လူထင်ပေါ်များနှင့် မိတ်ဆွေဖြစ် အောင်၊ နာမည်ကြီး လက်ဖက်ရည်ဆိုင်များသို့ ခေါ်သွားကာ မောင်ကျော်မှန်းသိအောင် မိတ်ဖွဲ့ ပေး၏။ ဒုမင်္ဂလ-သုမင်္ဂလ စသော အလှူအတန်း၊ မင်္ဂလာအခမ်းအနား၊ အသုဘပို့ဆောင်ရာပါမကျန် အတူပါစေခြင်းဖြင့်လည်း လူမသိ သူမသိ မောင်ကျော် အဖြစ်မှ မြမျိုးလွင်နှင့် အလွန်ချစ်ကြသည့် ကိုကျော်အဖြစ် မြို့သိ၊ နယ်သိ၊ ရပ်သိ၊ ရွာသိ၊ မန္တလေးက အသိအမှတ်ပြုလာကြလေ၏။ ။

သို့သော်လည်း ထိုအချိန်ထိုအခါ ထိုအခြေထိုအနေသို့ ရောက်သည်အထိ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို စကားမစပ်မိကြသေးခြင်းမှာ အလွန်ရှော်လျက် ရှိနေကြခြင်းပင်တည်း။

စာရေးဆရာဆိုလျှင် ဇာတ်အငြိမ့် ရုပ်သေးအတွက် သီချင်းအမျိုးမျိုးသော် လည်းကောင်း၊ မင်းသားကြီး လူရွှင်တော်နှင့် ဘိသိက်ဆရာများအတွက် တစ်နာရီ၊ တစ်နာရီခွဲခန့် ရွတ်ရသော လင်္ကာပတ်တမ်း အရှည်ကြီးသော်လည်းကောင်း၊ စာပုံနှိပ်တိုက်နှင့် ပတ်သက်လာလျှင်လည်း ဘုရားအနေကဇာတင်၊ ကျောင်းရေစက်ချ၊ ရဟန်းခံ၊ ရှင်ပြုနားသမင်္ဂလာ၊ ပရိတ်တော် တရားတော်နာ...။ ။

“ရှိန်ဝေဖြာ နဝရတ်ပတ္တမြားပလ္လင်မှ၊ စိန္တယာ မြတ်ဘုရားသခင်သည် မရပ် မနား တမင်ဒေသစာရီ အလှည့်တွင် ထေရ်မဟာ အမည်ရှိ ညီအာနန္ဒာအား ဤဌာ နန္တရာ ရွှေလက်ညွှန်း၍” စသော အလှူဒကာ အလှူ အမ နေထိုင်သည့် ရပ်ရွာဒေသ ကိုပင် ဘုရားဗျာဒိတ်တော် မှတ်ခဲ့သော ဌာနဒေသအဖြစ် မြှောက်ပင့် စတင်ဖွဲ့ နွဲ့ ရေးသားရသော ဖိတ်ကြားစာမျိုးနှင့် တေးထပ်၊ ဒွေးချိုး၊ လေးချိုးကအစ လိမ်ရောင်းဖို့ သိကြားမင်း အိပ်မက်ဆိုသည့် ရွှေပေလွှာမျိုးပါမကျန် ရေးတတ်သည်ဟု မန္တလေးသူ မန္တလေးသားများက ယုံကြည်ကြ၏။

ထို့ကြောင့် ဘာကိစ္စမဆို လာအရေးခိုင်းလျှင် ရေးပေးနိုင်ပါမှ စာရေးဆရာပီ၏။ ယုတ်စွအဆုံး လူပျို၊ အပျိုတို့အား သမီးရည်းစားပေးစာ ပြန်စာကအစ ရေးပေးပါမှ လာဘ်လာဘရွှင်ပျကာ 'ဆရာ... ဆရာ...”နှင့် သူသူငါငါ လေးစားလျက် မော်ကွန်းဝင် စာရေးဆရာအဖြစ် အသိအမှတ်ပြုခြင်းကို ခံရ၏။ ။

မြမျိုးလွင်မှာ စကားပြေသက်သက်နှင့် ကာလပေါ်ဝတ္ထုများကိုသာ ရေးနေ သူဖြစ်ရာ စာရေးဆရာဆိုသည်ကို ကိုယ်ရော စိတ်ပါ အလေးထား၍ အသိအမှတ် မပြုလိုကြ။ နေရာပေးရန်ကိုပင် ဝန်လေးသယောင်ယောင် “ဘာပင်က ဖြစ်တဲ့ ပိုးလို့ သတ်မှတ်ကြမလဲ”.. “ဟိုဆရာကြီးက ဦးပုညဆိုတော့ သူက ဦးပုန်ညောက်ပေါ့” စသည်... စသည်ဖြင့် မကြားတကြား လေမှုတ်သူများလည်း ရှိကြပါလေ၏။

ထိုရောအခါ မြမျိုးလွင်၏စိတ်တွင် ကဗျာကလေးအစ ဘာကလေးအစ ရေးတတ်လိုသော ဆန္ဒပေါ်လာ၏။ မည်သူ့ထံ ချဉ်းကပ်ရလျှင် မြန်မြန်တတ်လေမည် လဲဟု ဆရာရှာစ ပြုလာရ၏။ ။

ရန်ကုန်မြို့ မြန်မာအဆွေကုမ္ပဏီက ထုတ်ဝေသော ရုပ်စုံဒဂုန်မဂ္ဂဇင်းကြီးမှာ ပညာရွှေအိုးကြီးဟု ခေါ်ရလောက်အောင် ဗဟုသုတ အလွန်စုံလင်၏။

၂၀ ရာစု နှစ်ဦးပိုင်းမှသည် မဂ္ဂဇင်းထုတ်ဝေခြင်း ရပ်စဲသွားချိန် နှစ်ပေါင်း ၅၀ ခန့်အတွင်း မြန်မာစာပေခေတ် လေးခေတ်လောက် အပြောင်းအလဲ ရှိခဲ့၏။

တစ်ခေတ်မှ တစ်ခေတ်သို့ပြောင်းတိုင်း အယူအဆ အတွေးအခေါ် ရေးဟန် သားဟန်ပါမကျန် တစ်မျိုးတစ်ဖုံ သိသိသာသာကြီး ပြောင်းလဲကုန်၏။

အခြား စာမျိုးစုံ ပြောင်းလဲပုံကိုထားဘိဦး၊ ဝတ္ထုဒဏ္ဍာရီအရေးအသား ပြောင်းလဲ