Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - သားကောင်းသမီးမွန် ထူးချွန်အောင်မြင်ရေး

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
သင့်ကလေးကို
ခေါင်းဆောင်ဖြစ်အောင် ပျိုးထောင်ပါ

          တောင်ပေါ်ဒေသတစ်ခုသို့ ပျော်ပွဲစားခရီး ထွက်သည့် မိန်းက လေးတစ်သိုက်သည် မျက်စိလည်လမ်းမှားပြီး အဆိုပါ တောင်ပေါ်မြေ မြင့်မှာပင် အထိတ်ထိတ်အလန့်လန့်ဖြင့် တစ်ညတာကာလကို လွန် မြောက်ခဲ့ကြရ၏။ ထို့နောက် သူတို့တစ်ဖွဲ့လုံး ယောင်လည်စမ်းတဝါး ဖြင့် ခြေဦးတည့်ရာ လျှောက်သွားနေကြသည်။ အားနွဲ့သူအားလုံးပင် အအေးဒဏ်၊ စိုထိုင်းမှုဒဏ်၊ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံစားနေ ကြရပြီ ဖြစ်၏။

          “သူတို့ ငါတို့ကို ဘယ်တော့မှ ရှာလို့တွေ့မှာ မဟုတ်တော့ ဘူး၊ ငါတို့အားလုံး သေရတော့မယ်”

          ကောင်မလေးတစ်ယောက်က ရှိုက်ငင်ငိုကြွေးရင်း ပြော၏။ ထို အခါ ၁၁ နှစ်သမီးအရွယ်ရှိ “အီဗန်နဲလ်တောင်း ́က ရှေ့သို့ တိုးထွက် လာကာ

           “ငါကတော့ အသေမခံဘူး”

          ဟု ခိုင်မာပြတ်သားစွာ ပြော လိုက်သည်။

          “ငါ ကြားဖူးထားတာတစ်ခု ရှိတယ်၊ စမ်းချောင်းသေးသေးက လေးတစ်ခုအတိုင်း ငါတို့ လိုက်လျှောက်သွားရင် ပိုပြီးကြီးတဲ့ ချောင်းကိုရောက်မယ်၊ အဲဒီချောင်းကြီးအတိုင်း ဆက်လိုက်သွားရင် ရွာတစ်ရွာ၊ မြို့တစ်မြို့ကို ရောက်ရောတဲ့၊ ငါတော့ ငါတို့တွေ့ထားတဲ့ စမ်းချောင်း အတိုင်း လိုက်သွားမယ်၊ နင်တို့ ငါနဲ့အတူ လိုက်ချင်တယ်ဆိုရင် လိုက်နိုင်တယ်”

          အီဗန်နဲလ်က ယတိပြတ် ပြောပြီး စမ်းချောင်းကလေးရှိရာသို့ သွားရန် တောအုပ်ထဲသို့ တိုးဝင်သည်။ အခြားသူများက သူ့နောက်မှ လိုက်ကြသည်။ သူတို့သည် ချုံနွယ်ပိတ်ပေါင်းများကို ထိုးဖောက် ဖယ်ရှားကာ တစ်စထက်တစ်စ ကျယ်ပြန့်ကြီးမားလာသည့် ချောင်း အတိုင်း ငါးနာရီကျော် စုန်ပြီး လိုက်သွားကြသည်။ နောက်ဆုံးတွင် လူသံသူသံများကို ကြားကြရသည်။ သူတို့အုပ်စု၏ အော်ဟစ်အကူအ ညီတောင်းသံများကို ကြားရသဖြင့် သူတို့ဆီသို့ ကယ်ဆယ်သူများ ရောက်လာသည်။ သတ္တိရှိပြီး ဖြတ်ထိုးဉာဏ်ကောင်းသော ဆယ်ကျော် သက်ရွယ် ကောင်မလေးတစ်ယောက်က သူတို့အုပ်စုတစ်စုလုံးကို ဘေးကင်းရာသို့ ဦးဆောင်လမ်းပြနိုင်ခဲ့လေသည်။

          အဆိုပါဇာတ်လမ်းကို ပြန်ပြောပြသောအခါ လူတွေက အီဗန် နဲလ်သည် “ခေါင်းဆောင်ဖြစ်ဖို့ ကံပါလာသူ” ဟု ဆိုကြ၏။ သူတို့ အမြင်တွင် အီဗန်နဲလ်ကဲ့သို့သောသူများသည် မွေးကတည်းက ခေါင်း ဆောင်ဖြစ်ဖို့ ကံပါလာသူများဖြစ်ပြီး အခြားအခြားသောသူများက တော့ နောက်လိုက်ငယ်သားဖြစ်ဖို့ ကံပါလာသူများ ဖြစ်သည်ဆို၏။

          စင်စစ် ထိုသို့ မဟုတ်ပါ။ ခေါင်းဆောင်များသည် မိုးကျရွှေ ကိုယ်များ မဟုတ်။ ခေါင်းဆောင်အဖြစ် မွေးဖွားလာသူများ မဟုတ်။ သူတို့သည် ခေါင်းဆောင်များဖြစ်အောင် ဆောက်တည်လာသူများသာ ဖြစ်၏။ အားကစားသမားများ၊ စာသင်သားများ၊ လေတပ်ဗိုလ်လောင်း များ၊ ကုမ္ပဏီမန်နေဂျာများနှင့် တွေ့ဆုံသုတေသနပြုရာမှ ထွက်ပေါ်လာသော အဖြေများက ကျွန်တော့်အား အထက်ပါ အတိုင်း ယုံကြည် လက်ခံစေခဲ့ပါသည်။

          အဖွဲ့ အစည်းများကို ဦးစီးကြိုးကိုင်နေသူများ၊ လူ့အသိုက်အဝန်း ကို ဦးဆောင်ဦးရွက်ပြုနေသူများ၊ အားကစားအသင်းများကို ခေါင်းဆောင်နေသူများ စသည့် ထိပ်တန်းခေါင်းဆောင် အမျိုးသား၊ အမျိုး သမီးများ ရှိ၏။ သူတို့ကား အခြားမဟုတ်။ တာဝန်သိသော၊ ဝတ္တရား ကျေသော မိဘများက ပျိုးထောင်ပေးလိုက်သည့်အတွက် ဖြစ်ထွန်း လာသည့် အသီးအပွင့်များသာ ဖြစ်၏။

          အဆိုပါ မိဘများ လိုက်နာကျင့်ကြံခဲ့သည့် ကျင့်ထုံးများမှာ ရိုး ရိုးစင်းစင်း ကျင့်ထုံးများပင် ဖြစ်၏။ ယင်းကျင့်ထုံးများက ခေါင်းဆောင်စိတ်ဓာတ် ဖွံ့ဖြိုးရင့်သန်လာအောင် အထောက်အကူ ပေးနိုင် ၏။ ခေါင်းဆောင်စိတ်ဓာတ်ဆိုသည်မှာ စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် လွတ်လပ်စွာ တွေးခေါ်ဆင်ခြင်တတ်ခြင်းပင် ဖြစ်ပါသည်။ အဆိုပါ မိဘများ၏ သားသမီးများသည် အပေါင်းအသင်းများ၏ ဇွတ်အတင်း တိုက်တွန်းသိမ်းသွင်းမှုများကို အညံ့မခံ။ အလျှော့မပေး။ သူတို့သည် သူတို့၏ ယုံကြည်ချက်များအတိုင်းသာ ပြုမူကျင့်ကြံ၏။

          ခေါင်းဆောင်စိတ်ဓာတ်က ယနေ့အတွက်ကော နက်ဖြန်အတွက် ပါ အကျိုးကျေးဇူးများ ဖြစ်ထွန်းစေပါသည်။ လူတစ်ဦး လူ့လောက အလယ်တွင် လူတစ်လုံးသူတစ်လုံး ဖြစ်လာမည်။ ဖြစ်မလာမည်ကို လူငယ်ဘဝက စာသင်ခန်းအတွင်းနှင့် စာသင်ခန်းပြင်ပ လှုပ်ရှားမှုများ တွင် ပြသခဲ့သော ငယ်ဘဝ ခေါင်းဆောင်မှု အရည်အချင်းကို ကြည့် ပြီး အကဲဖြတ်နိုင်ပါသည်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ လူတစ်ဦး၏ အနာဂတ်ဘဝအောင်မြင်ရေးကို ကြိုတင် ဟောကိန်းထုတ် ရာ၌ သူ၏ဉာဏ်ရည်နှင့် ကျောင်းပညာအဆင့်အတန်းများအပေါ်အခြေတည်စဉ်းစားခြင်းထက် သူ၏ငယ်ဘဝ ခေါင်းဆောင်မှုအရည်အ ချင်းအပေါ် အခြေတည်စဉ်းစားခြင်းက ပို၍ တိကျမှန်ကန်ပါသည်။

          မကြာမီက ကလေးထိန်းကျောင်း ဆရာ၊ ဆရာမတစ်စုနှင့် ကျွန်တော် တွေ့ဆုံခဲ့သည်။ သူတို့ ထိန်းကျောင်းသင်ကြားပေးနေသည့် အသက် လေးနှစ်၊ ငါးနှစ်အရွယ် တပည့်တွေထဲမှ ခေါင်းဆောင်က လေးများကို ရွေးထုတ်နိုင်ပါသလားဟု သူတို့ကို ကျွန်တော်က မေး သည်။ သူတို့က “ရွေးထုတ်နိုင်တာပေါ့”ဟု ဖြေသည်။ အဆိုပါခေါင်းဆောင်ကလေးတွေသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချသည်။ လူကြီးများကိုရော ကျောင်းနေဘက်များကိုပါ လေးလေးစားစား ဆက်ဆံသည်။ ကစားစရာအရုပ်များကို လိုလိုလားလား မျှဝေကစား သည်။ အမြဲလို ကြည်သာရွှင်ပျသော စိတ်ဓာတ်ရှိသည်။ အရာရာကို သိလိုမြင်လို တတ်သိလိုသည်။ ပြီးတော့ ရှေ့ဆောင်လမ်းပြလုပ်တတ် သည်။ ဘယ်အခါမဆို စီမံကိန်းတစ်ခုကို စတင်အကောင်အထည် ဖော်သူများကို ကြည့်လိုက်လျှင် သူတို့သာ ဖြစ်နေ၏။ အခြားအခြားသော ကလေးများက သူတို့ကို စောင့်ကြည့်သည်။ ပြီးတော့ သူတို့၏ ဦးဆောင်မှုနောက်သို့ လိုက်ကြသည်။ ထို့ပြင် အခြားအရည်အချင်းအားလုံးထက် သိသာသည်မှာ သူတို့၏ စိတ်အားထက်သန်မှုသည် အခြားတစ်ပါးသူများသို့ ကူးစက်ပြန့်ပွားစေနိုင်စွမ်းရှိခြင်းပင်ဖြစ်၏။

          ခေါင်းဆောင်အရည်အသွေးနှင့် ပတ်သက်ပြီး ဆယ်ကျော်သက် ရွယ်ကောင်လေး ၆၅ ဦးကို ကျွန်တော် မေးမြန်းလေ့လာကြည့်ခဲ့၏ သူတို့က သူတို့၏ ခေါင်းဆောင်မှုများအကြောင်း ပုံဖော်ပြောပြရာ၌ သူတို့သုံးနှုန်းသော ဝေါဟာရအားလုံးနီးပါးသည် တူညီနေသည်ကို တွေ့ရ၏။

          “သူတို့က အရမ်း ပြုံးရယ်ရွှင်ပျရှိတာပဲ” ဟု ကောင်လေးတစ် ယောက်က ပြော၏။ သူကပင် ဆက်လက်၍

          “သူတို့ကို ကြည့်ရတာ စိတ်ချမ်းသာလက်ချမ်းသာ ရှိနေပုံပဲ။ နောက်ပြီး သူတို့ကတခြားလူတွေကိုလည်း စိတ်ချမ်းသာလက်ချမ်းသာ ဖြစ်စေပါတယ်”

          သို့ဖြစ်ရာ သင့်ကလေးတွင် ခေါင်းဆောင်စိတ်ဓာတ် ရှိလာ အောင် “သင့်အနေဖြင့်ဘယ်ပုံဘယ်နည်း ပျိုးထောင်ပေးနိုင်ပါသလဲ” လျှို့ဝှက်ချက် ရှစ်ချက်ကို အောက်တွင် ဖော်ပြအပ်ပါသည်။ အားပေးချီးမြှင့်သူ ဖြစ်ပါစေ

          “ဒါကို သား လုပ်နိုင်တယ်ဆိုတာ ဖေဖေ သိတာပေါ့” ဟူ သော စကားမျိုးအပြောခံရသောအခါ ကလေးငယ်တစ်ဦးတွင် ကိုယ့် ကိုယ့်ကိုယ် ယုံကြည်စိတ်ချမှုများ ပေါက်ဖွားလာပါသည်။ ထို့နောက် တွင်မှ

          “ဟာ... သား လုပ်ပြလိုက်ပြီ၊ အရမ်းတော်တာပဲဟေ့”” ဟူ သော စကားမျိုး။

          ကလေးငယ်တစ်ဦးသည် သူ့ကိုယ်သူ ယုံကြည်စိတ်ချမှုများ တစ်စ ထက်တစ်စ တိုးတက်ခိုင်မာလာအောင် တည်ဆောက်ခြင်းကို သူ၏ လှမ်းတတ်စ ပထမခြေလှမ်းများဖြင့် စတင်ပါသည်။ ခြေလှမ်း လှမ်း တတ်စ သင့်ရင်သွေးငယ်က သင့်ဆီကို ဒယီးဒယိုင် ပြေးလာမည်။ ချီးကျူးကြိုဆိုသည့်သဘောဖြင့် လက်ကမ်းနေသော သင့်ရင်ခွင်ထဲသို့အောင်နိုင်ဝင့်ကြွားစွာ ပြေးဝင်မည်။ ဤကား သူအဖို့ မဟာအောင်ပွဲ အမှတ် ၁ ဖြစ်နေ၏။ သူက ဤအောင်ပွဲ၏ အရသာကို တမြိန့်မိန့် ခံစားမည်ဖြစ်၏။ နောက်ဆက်တွဲ ပေါ်ပေါက်လာမည့် အောင်မြင်မှု ကလေးတစ်ခုတိုင်းက အခြားအောင်မြင်မှုများ ဆင့်ကဲပေါ်ပေါက်လာအောင် ရှေ့ဆောင်လမ်းပြသွားပါမည်။

          သို့ဖြစ်ရာ ချီးကျူးစကား မဆိုရလောက်အောင် သေးမွှားသည့် အောင်မြင်မှုဟူ၍ မရှိပါ။ ဤသို့ ဆိုသည့်အတွက် သင့်အနေဖြင့် စိတ်ထဲက မပါသည့်တိုင် ချီးကျူးစကားများကို ဟောင်ဖွာဟောင်ဖွား ပြောနေရမည် သို့မဟုတ် ဝေဖန်ထောက်ပြမှုများ မပြုလုပ်ရဟု မဆို လို။ ဝေဖန်ရေးကို ချီးကျူးစကား လမ်းညွှန်ချက်များနှင့်အတူ တွဲပြီး ပြုလုပ်သင့်ပါသည်။ ။

          လူငယ်ဘောလုံးပွဲများအပြီးတွင် အားမလိုအားမရ ဖြစ်နေသည့် ဖခင်များက သူတို့၏ ကလေးများကို “အံ့ရောကွာ၊ မင်း လွယ်လွယ်လေး သွင်းနိုင်တဲ့ဂိုး နှစ်ဂိုးတောင် လွဲတယ်ကွ”” ဟူသော စကားမျိုး မကြာမကြာ ပြောတတ်ကြ၏။ ကျွန်ုပ် ပြောသည်ကို ယုံပါ။ သင့် သမီးသည် သူလွဲချော်ခဲ့သည်ကို သိပါသည်။ သူ့ကို အစပြန်ဖော်ပေး နေဖို့ မလိုပါ။ ထို့ကြောင့် ထိုသို့ ပြောမည့်အစား သူ၏ အားထုတ် ကြိုးပမ်းမှုများကို ချီးကျူးစကား ဆိုလိုက်ပါ။

          “ဂိုးပေါက်ဆီကို သမီး ဘောလုံး သယ်သွားတာ ကောင်းတယ် ကွ၊ ဖေဖေ ကြိုက်တယ်၊ ညည်း အကြီးအကျယ် ထိုးဖောက်နိုင်တာပဲ”

          ထို့နောက်တွင်မှ

          “နက်ဖြန်ညနေကျ တို့များ ထပ်ပြီး လေ့ကျင့်ကြရအောင်လေ၊ သမီး ဒီထက် ဂိုးသွင်းမှန်လာအောင် လုပ်လို့ရတယ်ဆိုတာ ဖေဖေ ယုံတယ်” ဟူသော လမ်းညွှန်ချက်မျိုးကို ပြောပါ။

           စူးစမ်းရှာဖွေဖော်ထုတ်ပါစေ

          ဆောင်းအကုန် နွေအကူး တစ်နေ့တွင် မိုးရေထဲနစ်နေသည့် နံဘေး ခြံရှေ့ပိုင်း၌ ကလေးမလေးတစ်ယောက် ကျောက်တုံးတစ်တုံး တူးဖော်နေ သည်ကို ကျွန်ုပ် ကြည့်နေမိ၏။ ကလေးမလေးက သူ့ ဖခင်ဆီသို့ ပြေးသွားသည်။

          “ဖေဖေ၊ သမီးတွေ့လာတဲ့ ဒီကျောက်တုံးကို ကြည့်စမ်း၊ လှ လိုက်တာနော်””

          ဖခင်ဖြစ်သူ သမီးငယ်အား မနှစ်မြို့စွာ ကြည့်ကာ

          “သမီး တစ်ကိုယ်လုံး ရွှံ့တွေ ပေကျံကုန်ပြီ” ဟု ပြောလိုက်၏။ ကလေးမလေး၏ မျက်နှာ ညှိုးသွားသည်။ သူက သူ့လက်ထဲတွင် အမြတ်တနိုး ကိုင်ထားသောကျောက်တုံးကြီးကို စိတ်မချမ်းမြေ့စွာဖြင့် ပစ်ချလိုက်၏။ ပြီးတော့ အိမ်ထဲသို့ ဝင်သွားသည်။

          သူ့ဖခင်အနေဖြင့် မည်သည့်စကားမျိုး ပြောသင့်ပါသလဲ။

          “အေးကွယ်၊ ကျောက်တုံးကြီးက လှမှလှပဲ၊ တို့များ သေသေ ချာချာ ကြည့်လို့ရအောင် ရေဆေးလိုက်ကြရအောင်လေ၊ ပြီးရင် ဖေ ဖေက သမီးကို ဂေါ်ပြားနဲ့ လက်အိတ်တွေ ထုတ်ပေးမယ်၊ ဒါဆို ဒီ ထက်လှတဲ့ ကျောက်တုံးတွေ သမီး နောက်ထပ် တွေ့ချင်တွေ့လာမှာ ပေါ့”” ဟူသော စကားမျိုး ပြောလျှင်ကော။ တကယ်တော့ ပေကျံနေ သည့် ရွှံ့များကို ရေဖြင့် ဆေးကြောဖျောက်ဖျက်ပစ်၍ရပါသည်။ ကလေးငယ်၏ အတွေးအာရုံထဲတွင် စွဲထင်ကျန်နေသည့် အမှတ်အ သားကား တော်တော်နှင့် ပျောက်ပျက်မည် မဟုတ်တော့ပါ။

          ကလေးများ (လူကြီးများလည်း အပါအဝင်)သည် စူးစမ်းရှာဖွေ ဖော်ထုတ်ဖို့ လိုလိုချင်ချင်ရှိသူ၊ စိန်ခေါ်ချက်များကို ရင်ဆိုင်တတ်သူ တစ်စုံတစ်ယောက်အား လေးစားကြည်ညိုကြ၏။ ထိုသူကို အတုယူ ကြ၏။ သို့တိုင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကလေးများအား မစွန့် စားဖို့၊ အေးအေးဆေးဆေးနေဖို့ ကြိမ်ဖန်များစွာ သွန်သင်နေကြ၏။

          စာကို ကောင်းကောင်းဖတ်နေပြီဖြစ်သော သူငယ်တန်းကျောင်း သားသစ်နှစ်ယောက်အကြောင်းကိုမူလတန်းကျောင်းဆရာမတစ်ဦးက ပြောပြ၏။ ဆရာမက ကလေးနှစ်ယောက်အား အဆင့်မြင့်စာဖတ်ခြင်းအထူးသင်တန်းတွင် တက်မည်လားဟု မေးသည်။ ကလေးတစ် ယောက်က စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်သည်။ ကျန်တစ် ယောက်ကမူ အခြားကျောင်းဝင်စ လူသစ်များအတန်းမှာပင် နေခဲ့မည် ဟု ဆိုသည်။ စိတ်မချမ်းသာစရာကောင်းသည်မှာ အဆိုပါကလေး၏ ဆုံးဖြတ်ချက်ကို သူ့မိဘများကပါ ထောက်ခံခြင်းဖြစ်၏။

          “ ဒီတော့ ဒီကလေးနှစ်ယောက်မှာ ဘယ်ကလေးက ခေါင်း ဆောင် ဖြစ်လာမလဲဆိုတာ ရှင် မှန်းကြည့်လို့ရပါတယ်”

          ဟု ဆရာမ က ကျွန်ုပ်အား ပြောပြလိုက်လေသည်။

          အောင်မြင်မှုကို အာရုံစိုက်ခိုင်းပါ ။

          မကြာမီက အလားအလာကောင်းသော ၁၂ နှစ်သမီးအရွယ် ကျွမ်းဘားမယ်ကလေးတစ်ယောက် ကျွန်ုပ်ဆီသို့ ရောက်လာပြီး အကူအညီတောင်းသည်။ သူ့တွင် အနာဂတ် အိုလံပစ်ဆုရှင် ဖြစ်နိုင် သည့် အရည်အချင်းအားလုံး ပြည့်စုံသည်။ သို့တိုင် သူသည် အရည် အချင်းရှိသလောက် အစွမ်းပြနိုင်ဟန် မရှိ။ ကျွန်ုပ်က သူ့အား လက် ပစ်မြားလေးချောင်း ထုတ်ပေးပြီး ရုံးခန်း၏တစ်ဖက် နံရံပေါ်ရှိ ပစ် မှတ်ကို ပစ်ခိုင်းလိုက်၏။ သူက ကျွန်ုပ်အား စိုးရိမ်ပူပန်စွာ ကြည့်

          “လွဲသွားရင် ဘယ့်နှယ်လုပ်မလဲ”

          ဟု မေးသည်။ အဆိုပါစကားစုကလေးက သူ၏ ကျေနပ်အားရ ဖွယ်မရှိသော အားကစားမယ်ဘဝကို ပေါင်းချုပ်ဖော်ပြနေ၏။ သူ သည် အောင်မြင်အောင် ဘယ်လိုလုပ်မည်လဲဟူသည့် အချက်ပေါ်တွင် အာရုံစူးစိုက်မထားဘဲ ရှုံးနိမ့်သွားလျှင် ဘယ်လို လုပ်မလဲဟူသည့် အချက်ကို ပူပန်သောက ဖြစ်နေသည်။

          သင့်ကလေးအား အောင်မြင်မှုများကို အာရုံခံကြည့်ခိုင်းပါ။ အခက်အခဲ၊ အတားအဆီးများကို အာရုံမခံပါစေနှင့်။ အောင်မြင်မှုကို ဆည်းကပ်ကိုးကွယ်သည့် သူသည်သာ အခြားသူများအပေါ် သြဇာ လွှမ်းမိုးနိုင်သူ ဖြစ်၏။ အခြားသူများ သူ့နောက်မှ လိုက်ချင်စိတ်ပေါ် လာအောင် လှုံ့ဆော်နိုင်သူ ဖြစ်၏။

          ကျွန်ုပ်တို့သည် ကလေးတစ်ယောက်အား အမှားများ၊ ယင်း အမှားများကြောင့် ဖြစ်လာမည့် အကျိုးဆက်များ၊ ယင်းမှပေးသည့် သင်ခန်းစာများနှင့် ကင်းဝေးစေရန် အဆိုပါ ကလေး၏ ရှေ့မှ ဝင်ပြီး ကာဆီးကာဆီး လုပ်ကြသည်မှာ ကြိမ်ဖန်များစွာ ဖြစ်၏။ တည်ကြည် မြဲမြံသည့် ဆုံးဖြတ်ချက်ကို ရင်ဝယ်ပိုက်ထားသည့် ကလေးသည် သူ့ရည်မှန်းချက် အောင်မြင်အောင် ကြိုးစားမည်၊ ထင်တိုင်းမပေါက် ဖြစ်မည်။ သူ့အမှားများကို ပြင်မည်။ မာန်သွင်းပြီး ထပ်မံ ကြိုးစား အားထုတ်မည်ဟူသည့် ကလေးမျိုး ဖြစ်၏။

          လူတစ်ဦးသည် အချိန်အခါ၏ တောင်းဆိုချက်အရ ဖြစ်ပေါ်လာ သည့် အခြေအနေတစ်ရပ်ကို ဖြေရှင်းဖို့ ရင်ဆိုင်၏။ အခက်အခဲများကို စိန်ခေါ်၏။ သို့ ရင်ဆိုင်စိန်ခေါ်ရာ၌ သူသည် ရှုံးနိမ့်ကောင်း ရှုံးနိမ့် သွားနိုင်သည်။ သို့ ရှုံးနိမ့်သွားသည့်တိုင် ထိုသူသည် လူများ၏ လေးစားကြည်ညိုစိတ်ကို ညှို့ယူဖမ်းစားနိုင်လေသည်။

          သူတို့၏ စိတ်ကူးယဉ်အတွေးများကို နားထောင်ပါ

          သင့်သမီးက အိမ်သို့ပြန်လာပြီး သူကြီးလာလျှင် နွားရိုင်းသတ် သမ လုပ်မည်ဟု ကြေညာမည်။ သို့မဟုတ် သင့်သားက ရုပ်ရှင်တွေ ထဲက လူစားထိုး စွန့်စားခန်းသရုပ်ဆောင် (စတန့်သမား) ဖြစ်ချင်သည်ဟု ပြောမည်။ အဆိုပါ စိတ်ကူးယဉ်အတွေးနှစ်မျိုးစလုံးသည် သူတို့၏