Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မျိုးမင်းရန်အောင် - မန်နေဂျာလိုတွေးပါမန်နေဂျာလိုမလုပ်ပါနဲ့

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

အစွန်းမရောက်
အလွန်အကျွံမဖြစ်တဲ့
ဆန်းသစ်တီထွင်ခြင်း

          လုံးဝ အသစ်၊ အသစ်ဖြစ်တဲ့အရာကနေ ချက်ချင်းအောင်မြင်မှုရ ထပေါက်” ဖို့ဆိုတာ ဒီနေ့ခေတ်ကာလ ၂၁ ရာစုမှာ အရင့်အရင်ခေတ် ကာလတွေကထက် ပိုခက်သွားပြီ။ ‘လမ်းရိုးဟောင်းတွေ ဆင့်ကာထွင်” ဆိုသလို ရှိပြီးသား၊ မြဲပြီးသားကနေ ထပေါက်အောင်သာ ကွန့်ယူရမှာပါ။

          လုံးဝ “အသစ်” ဖန်တီး၊ လုံးဝ “အသစ်” ပြုလုပ်ကြဆိုတာ အဲဒီအရာ ကနေ ထအောင်မြင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။

          ဒီနေရာမှာ အခြားလုပ်ငန်းကုမ္ပဏီတွေနဲ့ နှိုင်းစာလိုက်ရင် သရေစာ မုန့်ကုမ္ပဏီကြီးတွေက ရှိပြီး၊ ပေါက်ပြီးသားပေါ်မှာ ထပ်ဆင့်ပြီး ကောင်းအောင်၊ ထပ်ဆင့်ပြီး ဆွဲဆောင်မှုရှိအောင် ထွင်တတ်ကြပါတယ်။ ဒါကို အတုယူရမှာပါ။ ထပ်ဆင့်ပြီး ထွင်ခြင်းအားဖြင့် သူတို့မုန့်တွေ ပိုပေါက်တာ မြင်ကြရပါတယ်။ ။

          အဆာသွတ်မုန့်ကို ဆမ်းစားရတဲ့ အဝါရောင်အချိုရည်ပျစ် (Custard) နဲ့ပတ်သက်ပြီး ဆိုင်ရာကုမ္ပဏီကြီးတွေက ကြော်ငြာပုံကိုကြည့်ပါ။

          ကတ်စတတ် (Custard) က ကတ်စတတ်ပါပဲ။ ဒါပေမဲ့ ဒီကတ် စတတ်က ဓာတုဗေဒမြေသြဇာတွေ၊ ပိုးသတ်ဆေးတွေမသုံးဘဲ သဘာဝ မြေဩဇာနဲ့ ထုတ်လုပ်ပါတယ်။ ဒါမှမဟုတ် “ချောကလက်လေးစွက်ထား တဲ့ ကတ်စတတ်ပါဗျို့”၊ ဒါမှမဟုတ် ဆီးချိုသမားတွေ၊ ဆီးချိုကြောက်သူ တွေအတွက် “သကြားမပါတဲ့ ကတ်စတတ်ပါဗျ” စသည်ဖြင့် ကြော်ငြာ ရာက အဲဒီအစားအစာတွေ ပေါက်” ကုန်တာပါ။

သုံးစွဲသူဟာ

သင့်ရဲ့ လမ်းညွန်ဖြစ်လာတယ်

 

          ဆိုရိုးစကားတွေရှိပါတယ်။ “သုံးစွဲသူဟာ အမြဲတမ်း မှန်တယ်” တို့၊ “စားသုံးသူသာရှိရင် ဘုရင်” တို့ စတဲ့စကားတွေပါ။ အခု အဲဒီဆိုရိုး စကားတွေကို “ခေါက်”ပစ်လိုက်ပါ။ အခုနောက်ဆုံးပေါ်ထွက်လာတဲ့ ဆိုရိုး စကားကတော့ “သုံးစွဲသူဟာ သင့်ရဲ့ လမ်းညွှန်သူဖြစ်တယ်” ဆိုတဲ့ ဆိုရိုး စကားပါပဲ။

          ခေတ်အမီဆုံး တပ်ဆင်လိုက်တဲ့ ဆော့ဖ်ဝဲလ်နဲ့ပတ်သက်ပြီး စူးစမ်း ဆင်ခြင်ကြည့်ပါ။ ဆော့ဖ်ဝဲလ်အသစ်မှာပါတဲ့ အသုံးဝင်မှုတွေ၊ အစီအစဉ် တွေဟာ ကွန်ပျူတာဒီဇိုင်နာတွေ တီထွင်ထားတာမဟုတ်ဘဲ သုံးစွဲသူများရဲ့ အကြံပြုမှုကို မူတည်ကာ တိုးတက်ပြောင်းလဲမှု လုပ်ထားတာများချည်း ပါပဲ။ မူလတီထွင်ပြုလုပ်သူ စဉ်းစားစိတ်ကူးမိထားသမျှထက်တောင် ပိုမို ကာ ဆော့ဖ်ဝဲလ်အသစ်က အစွမ်းပြနေခြင်းဟာ သုံးစွဲသူရဲ့ အကြံဉာဏ် ကြောင့် ဖြစ်ပါတယ်။

          တစ်ခါတစ်ရံမှာ သင့်ထုတ်ကုန်ရဲ့ အမှန်တကယ်စွမ်းပကားကို ဖော် ထုတ်ဖို့ သင့်ကုန်ပစ္စည်းသုံးစွဲသူရဲ့ အကြံဉာဏ်နဲ့ စိတ်ကူးဆင်ခြင်မှု လိုအပ် ပါတယ်။

မမျော်လင့်တဲ့ ရှာဖွေတွေ့ရှိမူ

          စာပေလောကမှာတော့ ဒါမျိုးကို “မုတ်ဆိတ်ပျားစွဲတယ်”လို့ ဆိုကြ ပါတယ်။ မရည်ရွယ်၊ မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိတာပါ။

          ပစ္စည်းဟောင်းတွေ၊ အသုံးပြုပြီးသားပစ္စည်းတွေရောင်းတဲ့ လဟာပြင် ဈေးတန်းကို ဘာဝယ်မယ်ရယ်လို့ ရည်ရွယ်ချက်မရှိဘဲ သင် ဟိုဟိုဒီဒီလျှောက်ကြည့်နေမိတယ်ဆိုပါစို့။ အဲဒီလို ဟိုဒီလျှောက်ကြည့်ရင်းနဲ့ ဗြုန်းခနဲ သင် သိပ်လိုချင်နေတဲ့ ပစ္စည်းတစ်ခုကို သွားတွေ့တာမျိုး ရှိတတ်ပါတယ်။

          သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာတော့ အဲဒီလို အမှတ်မထင် ဗြုန်းခနဲ တွေ့လိုက်တာမျိုးဟာ ရိုးတောင်ရိုးနေပါပြီ။ ပင်နီဆီလင်ကို တီထွင်ခဲ့တဲ့ အလက်ဇန်းဒါးဖလင်းမင်းဟာ အဲဒီလိုပုံစံမျိုးနဲ့ အင်မတန်အဖိုးတန်တဲ့ ဆေးကို တွေ့ရှိခဲ့တာပါ။

          တစ်နေ့မှာ ဖလင်းမင်းဟာ သူ့ခွဲစိတ်ခန်းကို သန့်ရှင်းရေးလုပ်နေ ပါတယ်။ သိပ္ပံပညာရှင်တွေနဲ့ ဓာတ်ခွဲခန်းဆိုတာက တစ်ခါတလေ ဟို ပစ္စည်းက ဒီရောက်၊ ဒီပစ္စည်းက ဟိုရောက်နဲ့ဆိုတော့ ပစ္စည်းတွေ နေသား တကျရှိအောင် သပ်သပ်ရပ်ရပ်စီနေတာပါ။ အဲဒီမှာ ဓာတ်ခွဲခန်းသုံးတဲ့ ပုံစံခွက် (မို) တစ်ခုကို သူ သွားတွေ့ပါတယ်။ ဘယ်မှာသွားတွေ့တာလဲဆိုတော့ Staphylococcus ဗက်တီးရီးယားတွေ မွေးမြူထားတဲ့ စလောင်းပုံ ခွက်တစ်ခုပေါ်မှာပါ။ ဒါနဲ့ အဲဒီမိုကို သူသေချာကြည့်လိုက်တော့ ဗက်တီး ရီးယားတွေမရှိတဲ့နေရာတစ်ခုကို သွားတွေ့ပါတယ်။ အဲဒီကနေ ဖလင်းမင်း တစ်ယောက် ပင်နီဆီလင်ကို တီထွင်နိုင်ခဲ့တာပါ။ တစ်ခါတလေ ကိုယ်က ဘာကိုမှ ရည်ရွယ်ပြီးရှာတာမဟုတ်ပေမဲ့ အဖိုးတန်တာတစ်ခုခု သွားတွေ့ တတ်ပါတယ်။

ចឺចយោងឺម្ភប្បាតិ, ចម៏យាមខំពុល

ဖြားယောင်းမှု့များရဲ့

ဖမ်းစားမခံပါနဲ့

          ဘဝမှာ ဖြားယောင်းမှု ခပ်သေးသေးများရဲ့ ဖမ်းစားခြင်းကိုတောင် လွတ်အောင် မရုန်းနိုင်သူများဟာ ကြီးမားတဲ့အောင်မြင်မှုကို မရနိုင်ပါ။

          ဖြားယောင်းမှု ခပ်ကြီးကြီးများရဲ့ ဖမ်းစားခြင်းကို လွတ်အောင် မရုန်း နိုင်သူများကတော့ အဆုံးမှာ အရာရာကို လက်လွှတ်ဆုံးရှုံးရပါလိမ့်မယ်။

 

ရည်မှန်းချက်ထားပါ

 

          လုပ်ကြံခံရလို့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အမေရိကန်သမ္မတ ဂျွန် အက်ဖ်ကနေဒီဟာ သူ မကွယ်လွန်မီ အင်မတန်ကျော်ကြားတဲ့ မိန့်ခွန်း တစ်ရပ်ကို ကွန်ဂရက်မှာ ပြောကြားခဲ့ပါတယ်။

          အဲဒီမိန့်ခွန်းထဲမှာ “ဒီဆယ်စုနှစ်မကုန်မီမှာ ကျွန်တော်တို့ တိုင်းပြည် ဟာ (မိမိတို့လိုချင်တဲ့) ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အဓိဋ္ဌာန်ချ ကြိုးစား ကြမယ်လို့ ကျွန်တော် ယုံကြည်တယ်။ (အဲဒီရည်မှန်းချက်ပန်းတိုင်ကတော့ ဒီဆယ်စုနှစ်မကုန်မီမှာ) လပေါ်ကို ခြေချနိုင်ဖို့ပဲ” လို့ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့မိန့်ခွန်းဝါကျက အဲဒီမှာတင်မပြီးဆုံးသေးပါဘူး။ နောက်ထပ် ဆက်ပြီး ပြောကြားသွားတာ ရှိပါသေးတယ်။ အဲဒီအဆက်ကတော့...၊

          “ကျွန်တော်တို့ လပေါ်ကို အရောက်ပို့လိုက်တဲ့လူကို ဒီကမ္ဘာမြေ ကြီးထံ ဘေးမသီ ရန်မခနဲ့ ပြန်ခေါ်ယူနိုင်ရပါမယ်” လို့ပဲဖြစ်ပါတယ်။

          တောင်တက်သမားတွေအားလုံး အဲဒီခံယူချက်သဘောထားကို အသိအမှတ် ပြု လက်ခံထားကြပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ တောင် ထိပ်မဟုတ်ပါဘူး။ တောင်ထိပ်ကနေ အောက်ကို တစ်စုံတစ်ရာ ဒဏ်ရာ မရဘဲ ပြန်ရောက်ဖို့ကသာ တကယ့်စိန်ခေါ်မှုဖြစ်ပါတယ်။

          မန်နေဂျာကောင်းတစ်ယောက်အနေနဲ့ တောင်တက်သမားတွေလို ပြုမူကျင့်ကြံရမှာပါ။ တောင်ထိပ်ကိုရောက်ဖို့ ရည်စူးကြိုးပမ်းသလို တောင် ထိပ်ကနေ အောက်ကိုပြန်အဆင်းမှာ တစ်စုံတစ်ရာ ပြဿနာမရှိဘဲ မကျိုး မကန်းပြန်ရောက်ဖို့ အာရုံသွင်းထားရပါမယ်။ အလေးဂရုပြုရပါမယ်။