Skip to product information
1 of 1

Other Websites

မောင်၀ံသ - လျှို့၀ှက်သောစာရေးဆရာမအမှု

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

ရည်ညွှန်းချက်

 

တရားဥပဒေကြောင်းနှင့် ဆက်စပ်သက်ဆိုင်သော ဆေးပညာ လူ့ဘဝ၌ အရေးပါမှုအခန်းကဏ္ဍကို သာမန်လုပ်သားပြည်သူတို့ သိပ်သတိထား မိကြပုံမရ

ထိုကဲ့သို့သော ဆေးပညာရှင်တို့သည် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ သေဆုံးသူများ၊ သို့မဟုတ် ဘာကြောင့် သေဆုံးမှန်း မသိရသေးသူများ အကြောင်း၊ ဖြစ်သည့် အမင်္ဂလာလုပ်ငန်းခွင်၌ လေ့လာကြရသူများ ဖြစ်သော် လည်။ ယင်းပညာရှင်တို့၏ ထိုသို့လေ့လာတွေ့ရှိချက်များကိုမူကား လူသား တို့၏ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ယုံမျှမက နောင်တွင်လည်းကယ်ဆယ်သွားဦးမည်သာ ဖြစ်သည်။ 

 

ဤနေရာတွင် လူသတ်မှုမှန်းမသိအောင် လူသေကို ခွဲစိတ်လေ့လာမှု မပြုနိုင်သည့် အရပ်ဒေသ လူ့အဖွဲ့အစည်းအတွင်း ဖော်ထုတ်နိုင်ခြင်းမရှိသော လူသတ်မှုများ အဘယ်မျှ ရှိနေခဲ့ကြောင်း ပြဿနာရပ်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်လာသည်။ အချေအတင် ဆွေးနွေးဖွယ်ရာလည်း ဖြစ်လာသည်။

လွန်ခဲ့သောနှစ် အနည်းငယ်အတွင်းခန့်က အထက်ပါဆေးပညာသည် ကဏ္ဍတစ်ရပ်အနေဖြင့် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ထို့ကြောင့် ထိုဆေးပညာရပ်၏ အရေးပါမှု အကြောင်းကိုလည်း အများပြည်သူ တို့ ပိုမိုနားလည်လာခဲ့ကြကုန်သည်။ ထိုကဲ့သို့ ပိုမိုနားလည်လာနိုင်ကြခြင်းမှာ ထိုဆေးပညာရပ် နယ်ပယ်အတွင်းရှိ ဦးဆောင်ပညာရှင်များ၏ စွမ်းစွမ်းတမံ ကြိုးပမ်းမှုကြောင့် ဖြစ်ပေသည်။ ထိုပညာရှင်များသည် အသက်မွေးဝမ်းကြောင်း ပညာရပ်အပေါ် ဘဝပါ မြှုပ်နှံထားခဲ့ကြသောကြောင့်လည်း ဖြစ်သည်။

 

ဥပမာအဖြစ် ကျွန်ုပ်၏ မိတ်ဆွေကြီး ဒေါက်တာဂျိုးဇက်ဆိုပါလျှင် အမ်ဒီခေါ် ဆေးပညာဘွဲ့ပင်မက အဲလ်အဲလ်ဘီခေါ် ဥပဒေပညာဘွဲ့ပါ ရရှိထားသူ ပုဂ္ဂိုလ်ကြီးဖြစ်သည်နှင့်အညီ အထက်ပါ ပညာရပ်ဘက်၌ ထူးချွန်ခဲ့သူ ဖြစ်ကြောင်း ထောက်ပြလိုပေသည်။ ဒေါက်တာဂျိုးဇက်သည် အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် ဟူစတန်မြို့ရှိ ကျန်းမာရေးရုံး၌ တရားဥပဒေ ရေးရာ ဆေးပညာရှင်အဖြစ် အမှုထမ်းခဲ့သူ ဖြစ်သည်။

 

ဒေါက်တာဂျိုးဇက် တာဝန်ထမ်းဆောင်ခဲ့ပုံကိုလည်း ကြည့်ပါ။ အခြား ပုဂ္ဂိုလ် ၄-၅ ဦး ရုံးအားရက် အနားယူရက်များ၌ ရက်အားယူပြီး အလုပ်လုပ် ကြသော စံနှုန်းနှင့်ညီမျှသည်အထိ တစ်ဦးတည်း ရက်အားမယူ တစ်ပတ် ၇-ရက် အလုပ်လုပ်ခဲ့သူ ဖြစ်သည်။ ခွင့်ရက်ရှည် အနားယူမှုမျိုး သူ့အဘိဓါန် တွင် မရှိ။ ထို့ကြောင့် သူသည် သူ့လုပ်ငန်းတာဝန်အတွက် ကိုယ်ကျိုးစွန့်

ဆောင်ရွက်ခဲ့ရုံမက သူ့မိသားစုကပါ သူ့လုပ်ငန်းတာဝန်အတွက် ကိုယ်ကျိုးစွန့် ကူညီခဲ့ကြရှာသည်။ ထို့ကြောင့်လည်း ဒေါက်တာဂျိုးဇက်၏ ဇနီးနှင့်သားသမီး များသည် တရာဥပဒေရေးရာ ဆေးပညာရှင်တို့၏ မိသားစုဘဝနှင့်အညီ လူမှုရေးဘဝ လူမှုဆက်ဆံရေးပိုင်း၌ ဆုံးရှုံးအနစ်နာ ခံခဲ့ကြရှာကြောင်းကြိမ်ဖန်များစွာ ကျွန်ုပ်ကိုယ်တိုင် ကြုံတွေ့ဖူးသည်။ နေ့ညအချိန်မရွေး တယ်လီဖုန်သံများကို မိသားစုက နားလည်အကျင့်ထားကြပြီး ဖြစ်သည်။ စနေ တနင်္ဂနွေ နေ့များဆိုပါက အားလပ်ရက်၌ ဖြစ်ပွားသော မတော်တဆမှုများကြောင့် အသေအဆုံး ပိုများပေရာ သူ့မိသားစုမှာ ခါတိုင်းနေ့ရက်များထက် ပိုအလုပ် များတတ်ရ၏။

 

ထိုမျှ အလုပ်များကြသည့်တိုင် ထိုမိသားစုတို့သည် လိုလိုလားလား ကိုယ်ကျိုးစွန့်လျက် ကူညီခဲ့ကြ၏။

တရားဥပဒေရေးရာ ဆေးပညာရှင်ဟူသည် ဆေးရုံလုပ်ငန်းခွင် ကျွမ်းကျင်ရုံမျှမက ရာဇဝတ်မှုတို့၏ သဘောသဘာဝကိုလည်း ကျွမ်းကျင်ရ ချေသည်။ သူ၏ လစာမှာ ဆေးရုံ၌ တာဝန်ထမ်းရသော ဆရာဝန်ထက် အများကြီးနည်းပါးသည့်တိုင် သူ့လုပ်ငန်းတာဝန်ပိုင်းမှာကား အိပ်ချိန်ဟူ၍ပင် တသီးတခြား သတ်မှတ်မထားနိုင်လောက်အောင် ညကြီးမင်းကြီး အိပ်ရာမှ နိုးလာပြီး ရာဇဝတ်မူ ဖြစ်ပွားရာ အခင်းဖြစ်ပွားရာအထိ အပြေးအလွှား ကိုယ်တိုင်လိုက်ပေးရသည်များပင်ရှိသည်။ ထို့ကြောင့် ထိုကဲ့သို့သော ပညာရှင် များ၏ ကျေးဇူး ကျွန်ုပ်တို့အပေါ် မည်မျှကြီးမားလှကြောင်း ကျွန်ုပ်တို့ ယခု ပိုမို တန်ဖိုးသိလာချိန်မျိုးတွင်မှ ထိုပညာရှင်တို့၏ လစာ ပိုမိုကောင်းလာနိုင်ဖွယ် ရှိပြီး အလုပ်ချိန်ကိုလည်း အတိုင်းဖြင့် သတ်မှတ်ပေးနိုင်ကြဖွယ် ရှိသည်။ ယနေ့မှာမူကား ထိုကဲ့သို့ ကျွမ်းကျင်သူများ နည်းလှသေးပေရာ အပင်ပန်းခံ ကြရဦးမည်သာ ဖြစ်သည်။

 

ဒေါက်တာဂျိုးဇက်အကြောင်း ပြန်ဆက်ရလျှင် သူကိုယ်တိုင် ကိုင် တွယ်ဆောင်ရွက် ပြသခဲ့သော လက်တွေ့မှုခင်းအချို့တို့သည် ကျွန်ုပ်ရှင်းပြဆွေးနွေးမှုထက် ပိုမိုထိရောက် လက်တွေ့ကျသည်။ ဥပမာတစ်ခုအဖြစ် အသက် ၅-နှစ်အရွယ် အမျိုးသားတစ်ဦး အိပ်ရာထဲတွင် နှလုံးရောဂါဟု ယူဆရသော ရောဂါကြောင့် သေဆုံးမှုကို တင်ပြလိုသည်။ ထိုအမျိုးသားသည် မိန်းမရှာ ဆန်သူဟူသော အချက်မှလွဲ၍ အခြားမသင်္ကာဖွယ်ရာ အချက်ဟူ၍ မတွေ့ကြ ပုံမှန်အခြေအနေ တစ်စုံတစ်ရာကိုလည်း မတွေ့ရ။ သို့သော် သေသူကို ခွဲစိတ် ဖြတ်တောက် လေ့လာကြည့်သောအခါတွင်ကား လည်ပင်း၌ ဒဏ်ရာတစ်ခု ရှိပြီး ကွယ်လွန်ခြင်းဖြစ်ကြောင်း သိလာရသည်။

 

သာမန်ကြည့်လျှင် ဒဏ်ရာမှာ မမြင်သာချေ။ ထိုကဲ့သို့သော ဒဏ်ရာမျိုးကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သိလိုက်ရပြီး နောက်ပိုင်းတွင်ကားထိုတရားခံကြောင့်ပင် ယခင် ၆-လအတွင်း အခြားနှစ်ဦးလည်း အလားတူ ဒဏ်ရာမျိုးဖြင့် သေဆုံးခဲ့ဖူးပြီ။ အခြားပြည်နယ် တစ်ခု၌ အလားတူ ဒဏ်ရာဖြင့် ၁၀-ဦးခန့် ရှိခဲ့ကြောင်း သိလာရ၏။ ထိုဒဏ်ရာ၏ လက်သည်ကို ဖော်ထုတ်နိုင်ခြင်းမှာ ဒေါက်တာ ဂျိုးဇက် ပညာရပ်ကြောင့်ဟု ဆိုနိုင်သည်။ ယခင်ကဆိုသော် လူသတ်မှု အတော်များများ ကို ဖော်ထုတ်နိုင်ခြင်း လုံးဝမရှိခဲ့ချေ။ သို့ဖြင့် ဒေါက်တာဂျိုးဇက်၏ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကြောင့် အခြား လူသတ်မှုအများကို ကြိုတင် ကာကွယ် နိုင်ခဲ့သည်ကိုလည်း ဤဥပမာအရ သိနိုင်သည်။

 

အခြားမှုခင်းတစ်ခုမှာ မိန်းကလေးတစ်ဦး ခြံထဲတွင် ဆော့ကစား နေစဉ် ရုတ်တရက် တုန်လှုပ်ချောက်ချားသွားပြီးသေဆုံးသွားဖြစ်၏ ရင်ခွဲ ရုံ၌ ခွဲစိတ်စစ်ဆေးတော့မှ ထိုကလေးမကို စောစောပိုင်းက ဆွေမျိုးတဦးက ရိုက်နှက်ဆုံးမခဲ့ရာ၌ လည်ပင်းအကြော လွဲသွားခဲ့ကြောင်း တွေ့ရသည်။ ထို အကြောလွဲမှုကြောင့် ခဏအကြာ၌ တုန်လှုပ်ချောက်ချား ဖြစ်လာလျက် ရုတ်တရက် သေဆုံးသွားခြင်း ဖြစ်သည်။ ရင်ခွဲစစ်ဆေးခြင်း မရှိက ထိုအဖြစ်ကို သိနိုင်ဖွယ် မရှိချေ။

 

အခြားဥပမာတစ်ခု ရှိသေး၏။ ဒဏ်ရာမဲ့ သွေးထွက်မဲ့ သေဆုံးနေ သော အမျိုးသားတစ်ဦး အဖြစ်သည်။ သာမန် ဆရာဝန်တစ်ဦးက နှလုံး ရောဂါကြောင့် သေဆုံးခြင်းဟု သတ်မှတ်သည်။ သို့သော် ဒေါက်တာဂျိုးဇက်က

မကျေနပ်သဖြင့် ရင်ခွဲရုံ၌ စစ်ဆေးရာတွင် ရင်ဘတ်တွင် ဓားမြှောင်နှင့် အထိုး ခံသကဲ့သို့သော ဒဏ်ရာမျိုး တွေ့ရသည်။ ရေခဲဆွ ပေါက်ချွန်ဖြင့် ပေါက်သတ် ခဲ့ခြင်းဖြစ်သည်။ ရဲအဖွဲ့က ထိုအချက်အပေါ် အခြေခံစုံစမ်းခဲ့ရာ တရားခံ အမျိုးသမီးကို ဖော်ထုတ်နိုင်ခဲ့၏။ အလားတူနည်းဖြင့် အခြားပြည်နယ်၌ လူနှစ်ဦးကို သတ်ခဲ့ကြောင်း အစစ်ခံသည်။ ထိုအမှုနှစ်ခုလုံးကို ရဲအဖွဲ့ဝင်တို့ပင် လူသတ်မှုဟု မယူဆခဲ့ကြကုန်။ ဤကား ဒေါက်တာဂျိုးဇက် ကျွမ်းကျင်သူ ဆေးပညာရှင်တို့သည် အခြားသက်ရှိ လူသားအများအပြား အသက်ဘေး ကို ကြိုတင်ကာကွယ်ပေးနိုင်ကြကြောင်း ပြောမဆုံး ရှိတော့မည်။ ထို့ကြောင့် သာမန်လုပ်သားပြည်သူတို့သည် တရားဥပဒေရေးရာ ဆေးပညာအကြောင်း ထိတွေ့သိထားသင့်သည်။ ထိုဆေးပညာရပ်က မိမိတို့ဘဝအတွက် အဘယ် ကဏ္ဍမှ အကျိုးပြုလျက်ရှိကြောင်းလည်း သိထားသင့်ကြသည်။

 

ထို့ကြောင့် ယခု ဤစာအုပ်ရေးသားရာ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ မိတ်ဆွေကြီးဒေါက်တာဂျိုးဇက်(အမ်ဒီအဲလ်အဲလ်ဘီ)အားရည်ညွှန်း ဦးညွှတ် လိုက်ရပါကြောင်း ..... ။

ကားလ်စတင်လေဂါဒနာ

Karl Stanley Gardner

 

အခန်း(၁)

 

 'ဂလက်ဒီဒွိုင်းလ်”သည် စာရေးဆရာမကြီး “မိုဗီနိုင်းလ်မိ၏ အတွင်းရေးမှူးအဖြစ် ဇန်နဝါရီလဆန်းကတည်းက အလုပ်စဝင်ခဲ့သည်။ ယနေ့ ဖေဖေါ်ဝါရီလ ၆-ရက်နေ့တွင် လုပ်သက် တစ်လတင်းတင်း ပြည့်ပြီဖြစ်၏။ သို့သော် သူ့အလုပ်ရှင် စာရေးဆရာမကြီး နှင့် ပတ်သက်၍ “ဘုမသိ ဘမသိ အခြေအနေသာ ရှိသေးသည်။ မိသည် ဘယ်သို့သော မိန်းမစားမျိုးဖြစ်ကြောင်း ရေရေရာရာ မသိရသေးဟု ဆိုလိုသည်။

 

အတွင်းရေးမှူးတစ်ယောက် အနေဖြင့်ကား စာရေးဆရာမကြီးမိထံ စာအမြောက်အမြား ရောက်လာသည်ကိုလည်း တွေ့ရသည်။ ဧည့်သည်အများအပြား လာကြသည်ကိုလည်း တွေ့ရပါ၏။ သို့သော် အရောင်းရတွင်ကျယ်လှသော စာအုပ်တစ်အုပ် မကြာမီကမှ ထွက်ခဲ့သည့် ကျော်ကြား လှသော ဤစာရေးဆရာမကြီး၏ အတွင်းရေးမှုလည်းဟုတ်၊ အဖော် သဟဲလည်းဟုတ်၊ အထွေထွေလက်ထောက်လည်းဟုတ်သော တာဝန်မျိုးစုံ ထမ်းဆောင်ပေးနေသော ဂလက်ဒီကဲ့သို့ မိန်းမဖော်တစ်ဦးအဖို့စာရေး ဆရာမကြီး မိ၏ ကိုယ်ရေးဘဝအကြောင်း ယခုအချိန်တွင် အတော်ကလေးတော့ တီးမိခေါက်မိ သိထားသင့်ပြီဖြစ်သည်။

 

မိသည် သူ့အတွင်းရေးမှူးပင် ဘာမျှမသိနိုင်လောက်အောင် ဤမျှ အထိ တစ်သီးတစ်ခြား နေတတ်ချေသည်တကား။ ဤကား ဂလက်ဒီ၏ ခံစားချက်ဖြစ်သည်။

မိနှင့် ဂလက်ဒီတို့ ရေစက်ဆုံခဲ့ရပုံမှာလည်း လော့စ်အိန်ဂျယ်လိ မြို့ကြီး၏ ကြေးကြီး တိုက်ခန်းကျယ်တစ်ခုတွင် မိက လာရောက်ငှားရမ်၊ နေထိုင်ပြီးနောက် အတွင်းရေးမှူး အထွေထွေလက်ထောက်နှင့် မိန်းမဖော်အဖြစ် အတူလာရောက် နေထိုင်သူ အမျိုးသမီ၊တစ်ဦး အလိုရှိသည်ဟု ကြေငြာခဲ့ရာမှ မိနှင့် ဂလက်ဒီ တို့ ဆုံဆည်းရခြင်း ဖြစ်သည်။ မိ လိုချင်သော အတွင်းရေးမှူး အရည်အချင်းများတွင် နှုတ်လုံးပြီး ဆက်ဆံမူ ပါးနပ်လိမ္မာရမည်။ အသက် ၂၂-နှစ်ထက် မငယ်ရ၊ ၂၄-နှစ်ထက်လည်း မကြီးရ၊ ကြည့်ပျော်ရှုပျော်ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်ရှိရမည်။ အတွင်းရေးမှူး အတွေ့အကြုံ ရှိရမည် စသော အချက်အလက်များအတိုင်း လက်ဒီက မိ

ကို ဆက်သွယ်ခဲ့ရာမှ ဆုံဆည်းမိလာခြင်းပင် ဖြစ်သည်။

 

 

 အလုပ်ဝင်စဉ်ကတည်းက မိ က အတိအကျ လုပ်ငန်းစည်းကမ်း များကို ပြောပြထား၏။ လုပ်ငန်းတာဝန်မှာ ၂၄-နာရီ အချိန်ပြည့် ဖြစ်သည်။ မိ၏ တိုက်ခန်းကျယ်ကြီးထဲတွင်ပင် ထောင့်ဘက်ရှိ အိပ်ခန်းတစ်ခန်း၊ ဂလက်ဒီ အတွက် သီးသန့်ပေးသည်။

သို့ဖြင့် စတင်တွေ့ဆုံပြီ။ နောက်တစ်နေ့၌ ဂလက်ဒီတစ်ယောက် အလုပ်စတင်လေတော့သည်။

လုပ်ငန်းတာဝန်များမှာ စာတိုစာရှည်များ ရေးသားပြန်ကြားရခြင်း၊ ကြေးနန်းရိုက်ပေးရခြင်း တယ်လီဖုန်း လက်ခံပြောကြားရခြင်း၊ ကျော်ကြားမှု အထွက် စာနယ်ဇင်းသမားများနှင့် တွေ့ဆုံပွဲများကို စီစဉ်ပေးရခြင်းမှသည် မိ တစ်ယောက် တွေ့လိုသူနှင့်သာ တွေ့ပြီး၊ မတွေ့လိုသူများနှင့် မတွေ့နိုင်စေ ရန် စီစဉ်ပေးရခြင်းအဆုံး အားလုံးပါဝင်၏။

 

မိအကြောင်း သတင်းစာများတွင် စာပေသတင်း ကဏ္ဍများ၌ ဖော်ပြ နေကြသော သတင်းများအဆိုအရ မိသည် စာအုပ်သစ်တစ်အုပ်ကို နောက်ထပ် ရေးသားနေပြီဖြစ်၍ အလုပ်ရှုပ်နေသည်ဟု ဆိုသော်လည်း စာအုပ်အသစ်ရေးသားနေသည့် ပုံစံကိုကား တစ်ချက်လေးမျှ ဂလက်မတွေ့ရသေး။

ဂလက်ဒီသည် မိ၏ နောက်ကြောင်းနှင့် ပတ်သက်၍လည်း များများစားစား မသိရသေး၊ မိ၏ အရောင်းရ တွင်ကျယ်လှသော နောက်ဆုံးထုတ် စာအုပ်(ယောက်ျားသားဆို နုပ်နုပ်စဉ်းပစ်) ပါ အချက်အလက်များကို စူးစမ်း လျှင်ကား မိ၏ ဘ၀အတွေ့အကြုံနှင့် သဘောထားများကို အတန်အသင့် သိနိုင်ဖွယ်ရှိမည်ဖြစ်၏၊

 

ယင်းဝတ္ထု၏ ဇာတ်လမ်းသဘောမှာ မြို့ငယ်တစ်မြို့မှ မိန်းကလေး တစ်ဦး။ မြို့ကြီးရောက်သွားရာမှ ဘဝမျိုးစုံ ကျင်လည်ခဲ့ပြီး နောက်ဆုံးတွင် မူးယစ်ဆေးစွဲလျက် ပျက်စီးစပြုနေစဉ် မူးယစ်ဆေး စရိတ်စကအတွက် ပြဿနာ ပေါ်နေရပုံအကြောင်း၊ တစ်စိတ်တစ်ဒေသ ဖော်ပြထား၏။ ထိုအချိန်တွင် ထိုကလေးမ၏ အလှကြောင့် အမျိုးသားတစ်ဦးက တန်းတန်းစွဲဖြစ်လာခဲ့သည် မိန်းကလေး ဆေးစွဲနေမှန်းကို သိရသောအခါ ချစ်သူကို ဆေးစွဲဘဝမှ ကယ်တင်ပုံနှင့် နောက်ဆုံး' မူးယစ်ဆေးရအောင် လုပ်ပေးသူမှန်သမျှ အသတ် ခံရမည်ဟု ချစ်သူလူမိုက် မြေအောက်ဂိုဏ်းသားက ကြေငြာခဲ့ပုံ စသည်လည်း ပါဝင်၏။

 

ဆေးစွဲနေသူ ကလေးမ၏အသည် ရှေ့နေကြီးတစ်ဦးကိုလည်း ဖမ်းစားနိုင်ခဲ့သေးသည်။ ထိုရှေ့နေမှာ သြဇာကြီးမားသူတစ်ဦး ဖြစ်လေသည်။ ထိုဩဇာကြီးမားသူကို မမျှော်လင့်သော တစ်နေရာ၌ ဆုံဆည်းပုံလည်း ဇာတ်လမ်းထဲ၌ ပါနေ၏။

 

ဇာတ်လမ်းပါ ဇာတ်ကောင်တို့၏ နောက်ကြောင်းဖော်ပြချက်များတွင် လူငယ်လူရွယ်တို့၏ စိတ်ကူးစိတ်သန်းအကြောင်း ကိုယ်တိုင် တွေ့ခဲ့ဖူးသည့် အလား မိက ပယ်ပယ်နယ်နယ်ဖော်နိုင်သူ ဖြစ်၏။ ထိုစာအုပ်ပါ ချစ်ခြင်း မေတ္တာ ဖွဲ့ဆိုမှု အခန်းများကလည်း မည်သူကမျှ ဝေဖန်စရာ မလိုလောက်

အောင် ခိုင်မာလှသည်။ တကယ့်အဖြစ်အပျက်ဟုပင် ထင်မှတ်လိုက်ကြောင်း ဖြင့် ဝေဖန်ရေးဆရာတစ်ဦးက ရေးသားခဲ့ဖူး၏။

 

ဤကား မိ အကြောင်း သူ့စာအုပ်ပါ ဇာတ်ဆောင်တို့၏ စရိုက်ဖော် ပြချက်အပေါ် အခြေပြုလျက် ဂလက်ဒီ ခန့်မှန်းသမျှဖြစ်၏။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)