Skip to product information
1 of 3

Other Websites

မောင်သွေးချွန် - မဟာဗောတိမြိုင်ဆရာတော်မဟာမြိုင်တောကြီးမှာသာသနာပြုခြင်းနှင့်ပန်ထွာဘုရင်မ၏ဘ၀ဓမ္မအလင်းရောင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မဟာဗောဓိမြိုင်ဆရာတော် 

မဟာမြိုင်တောကြီးအကြောင်း

၁၃၇၁ (၂၀၀၉) ခုနှစ်ရဲ့ နွေရာသီမှာ ပန်းညီလာခံ ဆင်ယင်ကျင်း ပနေသလိုလှသော၊ မွှေးသောပန်းရောင်စုံတို့တောရဂုံဘုံနန်းမှာ အဆန်း တကြယ်ပွင့်လန်းခဲ့လေပြီ။ ဒီအချိန်မှာ လူသူမနီး မဟာမြိုင်တောကြီးထဲ တစ်ပါးတည်း ဧကစာရီ တောရပ်မှီကာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူ လျက်ရှိသော ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဓမ္မတံခါးလည်း အတားအဆီးမရှိ ‘အလောကော အုဒပါဒိ’ လင်းပွင့်သွား ခဲ့လေပြီ။

 

ပန်းဝတ်ရည်ကို သုံးဆောင်လိုသော ပျားပိတုန်းတို့သည် ဟိုမှဒီမှ ဝဲပျံကာ ရောက်လာဘိသကဲ့သို့ ဆရာတော်ဘုရား ကြီးထံတော်မှ ဓမ္မ စကား နာကြားလိုသော တပည့်ဒကာ ဝေနေယျအပေါင်းတို့သည် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တိုင်းနိုင်ငံမြို့ရွာအနှံ့ ခြေဆန့်ကာမဟာမြိုင်တောကြီးဆီ ဓမ္မခရီးနှင်ခဲ့ကြလေပြီ။ ကမ္ဘာဦးလူသားတို့မှောင်အတိကျခဲ့ချိန်မှာ နေလကိုမျှော်သကဲ့သို့ ဆရာတော်ကြီးအား ဖူးမြော်ခွင့်ကို တပည့်ဒကာတို့ မျှော်စောင့်ခဲ့ရတာ ဆယ်နှစ်ဆယ်မိုး ကြာခဲ့ပါပြီ။

 

၁၃၆၁ ခုနှစ် နယုန်လဆန်း ၂ ရက် (၁၉၉၉ ခု မေလ) ဆရာတော်ဘုရားကြီး ရွှေဘိုခရိုင် နတ်တလူတောရမှ ထွက်ကြွသွား စဉ်ကတည်းက မျှော်စောင့်ခဲ့ရတဲ့ အခွင့်အရေးဟာ ဒီအချိန်မှာဖြင့် ကမ္မဋ္ဌာန်းရနံ့ နေရီရီမှာ မွှေးခဲ့ပါပြီလေ၊

 

ကျေးဇူးရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟာ ရဟန်းဖြစ်စ ပထမဝါမှာသာလျှင် ရန်ကုန်သင်္ဃန်းကျွန်း ဘောက်ထော်ရှိ သာသနာ့ ဗိမာန်မှာ တစ်ဝါဆိုခဲ့ပြီး ဒုတိယဝါ ၁၃၄၁ ခုနှစ်ကစပြီး မြန်မာပြည်အရပ်ရပ်တောတောင်တွေ ထဲမှာ “ဝနဝါသီ’အဖြစ် လှည့်လည်သီတင်းသုံးခဲ့တာ ယနေ့ မဟာမြိုင်တောကြီးအထိတိုင်အောင်ပါပဲ။

 

ဆရာတော်ဘုရားကြီးရဲ့ တောရပ်မီရာ ဝါဆိုတော်စဉ်များမှာ 

(က)၁၃၄၂ ခု သာစည်မြို့နယ် ၊ ရွှေကျောင်းကုန်းတောင် ၃ ဝါ

 (ခ) ၁၃၄၃ ၁၃၄၄၊ ၁၃၄၅ ဇင်းကျိုက်အပိုင် ဇင်းကျိုက်တောင်၊မင်းတစ်ရာ့တစ်ပါး

တောင်၊ ကျေက်ခမောက်ဂူ ၃ ၀ါ

(ဂ) ၁၃၄၆၊ ၁၃၄၇ မှော်ဘီနှင့်တိုက်ကြီးအကြားရှိသံသုမာရတောင် ၂၀ါ

(ဃ)၁၃၄၈၊ ၁၃၄၉ စစ်ကိုင်းတောင်အရှေ့ပရက္ကမချောင် ၂၀ါ

(င) ၁၃၅၀၊ ၁၃၅၁၊ ၁၃၅၂ သာစည်မြို့နယ်

ရွှေကျောင်းကုန်းတောင် ၃ ၀ါ

(စ) ၁၃၅၃ ၁၃၅၄ ၁၃၅၅ ပျဉ်းမနားလက်လုပ်တောင် ၃ ၀ါ

(ဆ)၁၃၅၆၊ ၁၃၅၇ ၁၃၅၈ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ် သုဝဏ္ဏသျှမ်တောင် ၃ ၀ါ

(ဇ) ၁၃၅၉ ခုနှစ် ရွှေဘိုခရိုင်နယ် ဇာတိမြေမင်းကုန်းရွာအနီး နတ်တလူတောရ ၁ ၀ါ

(ဈ) ၁၃၆၀ ခုနှစ် ပြင်ဦးလွင်မြို့နယ် ဒုဋ္ဌဝတီမြစ်ကမ်း၊ ဒီးဒုတ်တောင် ဝေဒလ္လချောင် ၁ ဝါ 

(ည)၁၃၆၁ ခုနှစ် ပုံတောင်ပုံညာ လယ်ဓမ္မအပိုင်မဇ္ဈိမဓမ္မဗောနိဂူ ၁ ၀ါ

(ဋ) ၁၃၆၂ ပုံတောင်ပုံညာ စကားအပိုင်မောနေယျတော ၁ ၀ါ

(ဌ) ၁၃၆၃ ပုလဲမြို့နယ် ကျော်တောရွာပဋိပတ်တောစခန်း ၁ ၀ါ

(ဍ) ၁၃၆၄ ပုလဲမြို့နယ် စံရိပ်ငြိမ်တောရ ၁ ၀ါ

အဲဒီလို မြန်မာပြည်အရပ်ရပ် တောတောင်အထပ်ထပ်မှာ လှည့်လည် သီတင်းသုံးတော်မူခဲ့တဲ့ ဆရာတော်ကြီးအဖို့ပရိသတ်ဝေနေယျ အလွန်ပဲ များပြားလှပါတယ်။ ဝါဆို ဝါကပ် ခြင်းမဟုတ်ဘဲ ခေတ္တယာယီတောရပ် မှီရာ ဒေသများလည်း ရှိနေပါသေးတယ်

ဇင်းကျိုက်တောင်... ရသေ့မဂူ သုံးလ 

ဇင်းကျိုက်တောင်.. ဖရုံညှာစခန်း တစ်လ 

မိတ္ထီလာမြို့နယ်. . တောင်စဉ်တောင် တစ်လ

ကျောက်ဆည်နှင့်စဉ့်ကိုင်ကြား. . ကျောက်ထီး နှစ်လ 

ပုလဲမြို့နယ် ဝါးသုံးရုံတော.. ကျောက်ထီး နှစ်လ 

သုဝဏ္ဏသျှမ်တောင်ထိပ် ခြောက်လ... ဖြစ်ပါတယ်။ 

 

ဘယ်တောဘယ်တောင်ပဲဝင်ဝင် ဆရာတော်ကြီးကို ဖူးမြင်လိုက်ရပြီ ဆိုတာနဲ့ ဘယ်သူမဆို ချက်ချင်းကြည်ညိုသွားကြတာပါပဲ၊ သင်္ကန်းကို ဆွဲကာ နောက်တော်ပါးက တစ်ဖဝါးမခွာ လိုက်ပါချင်သူတွေလည်း များ လှပါတယ်။ သို့တိုင်အောင် ဆရာတော်ကြီးသည် ကျောင်းတံခါးကို အမြဲဖွင့်ထားလေ့မရှိ တံခါးပိတ်ကာ အချိန်ပြည့်အားထုတ်လို့သာနေ လေ့ရှိပါတယ်။ ၂၄ နာရီလုံးအိပ်သည်မရှိ။ကျေးဇူးရှင် ဝေဘူဆရာ တော်ဘုရားကြီး၏ မိန့်မှာချက်ကို ဦးထိပ်ရွက်ပြီး ၂၄ နာရီ တစ်စပ်တည်းရအောင် စက္ကန့်မလပ် ရှုမှတ်၍သာနေတော်မူလေ့ရှိပါတယ်။

 

ဖူးကြီး မှာ တစ်နေ့ ၂၂ နာရီအားထုတ်ခဲ့တာတောင် ကိုယ့်ကိုယ်ကိုယ် အားမရဘူး လို့ အမိန့်ရှိခဲ့ဖူးပါတယ်။ သာစည်မြို့နယ် ရွှေကျောင်းကုန်းတောင်မှာသီတင်းသုံးစဉ်ကတော့ ဥပုသ်နေ့တိုင်း တစ်ပတ်မှာ တစ်ရက်အခံဖူးပြီးတရားရေအေးတိုက်ကျွေးတော်မူလေ့ရှိပါတယ်။ တစ်ပတ်တစ်ရက် အဖူးခံ

တာလည်း အဝေးကြီးက လာရတဲ့ပရိသတ်ဝေနေယျတွေကို ငဲ့ညှာလွန်း လို့သာပါပဲ။

 

ရောက်လေရာ တောတောင်များမှ ၁၅ မိုင်လောက်ဝေးတဲ့ရွာတွေထိ ဆွမ်းခံကြွကာ ပရိသတ်ဝေနေယျတွေကို ချီးမြှောက်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီး ဆွမ်းခံကြွလာတာကိုပဲ မျက်စိတဆုံး ငေးကြည့်ဖူးမြော် သူတွေ အများကြီးပါပဲ။ ဆရာတော်ကြီးရဲ့ ရူပကာယတော်ဟာ နေနတ်သား၊ လနတ်သားပမာ အသရေတော် တင်ရွှင်းဣနြေသမ္ပတ္တိနှင့်လည်း ပြည့်စုံလွန်းရကား ဖဝါးဦးခိုက်ကန်တော့ခွင့် ရလိုက်တဲ့အချိန်ကလေးဟာ အင်မတန်ချမ်းသာ နေပါတော့တယ်။

 

ဆရာတော်ကြီးကို ဖူးလိုက်ရတာနဲ့ လူမိုက်ပင်ဖြစ်နေပါစေ ချက်ချင်းပဲအေးခနဲ၊ ရင်ထဲလောင်နေတဲ့မီးတွေ ငြိမ်းသွားရ တစ်ဘဝလုံးမှာ မခံစားဖူးသေးတဲ့ အေးငြိမ်းခြင်းရသကို ဆရာတော်ကြီးထံမှာ ခံစားရ အဲဒီခဏငယ် တစ်ဒင်္ဂလေးကို ဘယ်သူမှ မေ့လို့မရနိုင်ပါ။ ဖြူဖြူဖွေးဖွေး စပယ်ပန်းလေးများပမာ တရားရတနာသည် ကိုယ်တိုင်လည်း မွှေး၍ ပတ်ဝန်းကျင်ကိုလည်း မွှေးစေခဲ့လေပြီ။ စမ်းရေသည် ကိုယ်တိုင်လည်း အေး၍ သောက်သုံးသူကိုလည်း အေးမြစေသည်သို့သာ။ ငွေလရောင် အောက်ရောက်လာသူမှန်သမျှ အေးငြိမ်းခြင်းရသကို ခံစားရသကဲ့သို့ ဆရာတော်ကြီး၏ မေတ္တာရိပ် ဓမ္မရိပ်မှာ ခိုလှုံလာသူတိုင်း အေးငြိမ်းရသလို မမေ့နိုင်အောင် ခံစားခဲ့ရတာချည်းပါ။

 

ဒါကြောလည်း ဆရာတော်ကြီးကို ဖူးခွင့်ရပြီဆိုတာနဲ့ (ဝါ)ဆရာတော်ကြီး အဖူးခံပြီဆိုတာနဲ့ ဂျပန်၊ ဖီလစ်ပိုင် စတဲ့ နိုင်ငံရပ်ခြားရောက်နေသူ တပည့်တွေတောင် အလုပ်တွေပစ်ခဲ့ပြီး မီရာလေယာဉ်နဲ့ အရောက်လာဖူးကြတာတွေ့ခဲ့ရပါတယ်။

 

ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ စံရိပ်ငြိမ် တောရမှာ တစ်ဝါဆိုခဲ့ပြီးနောက် ၁၃၆၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်မှာ မဟာမြိုင်တောကြီးရဲ့ ခေါင်နန်းပလ္လင် စခန်းသို့ ရောက်ရှိစံမြန်းတော်မူခဲ့ပါတယ်။ ဒီနေရာမှာ ဆရာတော်ဘုရား ကြီးဟာ မဟာမြိုင်တောကြီးသို့ ဘာ့ကြောင့် ကြွချီခဲ့ရသလဲဆိုတာ စူးစမ်း ကြည့် သင့်လှပါတယ်။ - မဟာမြိုင်တောကြီးသို့ ကြွတဲ့အကြောင်း မပြောမီ ရဟန်းဖြစ်စ ဒုတိ ယဝါမှာကတည်းက သာစည် ရွှေကျောင်းကုန်းတောင်သို့ ဘာကြောင့် တောထွက်ခဲ့ရပါသလဲ။ ဆိတ်ငြိမ်မှုတစ်ခုတည်းကို အလိုရှိလျှင် အခြား သော ဆိတ်ငြိမ်ရာ တောတောင်များလည်း မြန်မာပြည်အနှံ့အပြားမှာ အဆင်သင့်ရှိနေတာပဲ မဟုတ်လား။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)