Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မောင်သော်က - နှစ်ပေါင်း၄၀၀အိပ်မက်နှင့်တိုက်ရေယဥ်၁၂၇၂

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

နှစ်ပေါင်း ၄ဝဝ အိပ်မက်

          သမ္မတကြီး အလွန်စိတ်ဆိုးလျက် ရှိနေသည်။ အမေရိကန်ပြည် ထောင်စု၏ သမ္မတဆက်တွင် ၂၆ ဆက်မြောက် သမ္မတဖြစ်သည်။ သိအိုဒိုရုစဘဲလ်တ် ထိုနေ့နံနက်က အထူးစိတ်ဆိုးလျက်ရှိသည့် အကြောင်းမှာ ပနားမားကျွန်းဆွယ်ဖြတ်လျက် အတ္တလန္တိတ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကိုသွယ်ရန် တာဝန်ပေးထားခြင်းခံရသူ အင်ဂျင်နီယာ ချုပ် ဂျွန်အက်ဖ်စတီဗင်က ဤတာဝန်ကို သူမထမ်းဆောင်နိုင်တော့ပါကြောင်းကို ၁၉ဝ၇ ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့စွဲဖြင့် နုတ်ထွက်စာတင် သည်ကို လက်ခံရရှိခြင်းကြောင့် ဖြစ်၏။ အင်ဂျင်နီယာချုပ် လက်မြှောက် အရှုံးပေးသွားခဲ့ပြီ။ ရူစဘဲလ်တ်သည် ၁၉ဝ၅ ခုနှစ် ကတည်းက စတီဗင် ကို ပနားမားတူးမြောင်း ဖောက်လုပ်ရေးအတွက် တာဝန်ပေးထားခဲ့ခြင်း ဖြစ်သည်။ ဒေါ်လာသန်းပေါင်း ၄၀ ကျော်လည်း ယခုထိကုန်ခဲ့ပြီဖြစ် သည်။

          အမေရိကတိုက် အလယ်ပိုင်းဒေသ ပနားမားကျွန်းဆွယ်၏ အသိမ်ဆုံးမြေနေရာ ကျွန်းဆွယ်ခါးသိမ်ကို ဖြတ်လျက် ပစိဖိတ်သမုဒ္ဒရာ နှင့် အတ္တလန္တိတ်သမုဒ္ဒရာကို တူးမြောင်းဖောက်ရန် ဟူသည်မှာ နှစ်ပေါင်း၄ဝဝ မျှ လူသားတို့ စိတ်ကူးအိပ်မက်ခဲ့ကြသည်။ ဥရောပတိုက်သားများ အနက်မှ စပိန်လူမျိုး စစ်ခေါင်းဆောင် ဒွန်ကိုတေးဆိုသူသည် ဒါရိယန်တောင်ထိပ်သို့ တက်ခဲ့သည်တွင် တောင်ထိပ်မှ လှမ်းမျှော်ကြည့်သည်၌ တစ်ဖက်တွင်ရှိ ပစိဖိတ်သမုဒ္ဒရာကြီးကို အံ့သြစွာ လှမ်းမြင်လိုက်ရသည်။ သူသည် ပစိဖိတ်သမုဒ္ဒရာကို ပထမဆုံးမြင်တွေ့ဖူးသူ ဥရောပတိုက်သား ဖြစ်သည်။ ထိုအရပ်အခါက ဥရောပတိုက်သားများသည် ပစိဖိတ် သမုဒ္ဒရာရှိကြောင်းကိုပင် မသိခဲ့ကြ။ ကိုလံဘတ်စ်မှအစ ဥရောပတိုက် သားများ အမေရိကတိုက် တွေ့ရှိခြင်းသည် ကမ္ဘာမြေ၏အဆုံးကို တွေ့ရှိ ခဲ့ကြပြီဟု ထင်မှတ်ခဲ့ကြသည်။

          သမ္မတကြီးသည် အလွန်စိတ်ပင်ပန်းလျက်ရှိသည်။ စတီဗင့်အရင် က အင်ဂျင်နီယာချုပ်တစ်ဦးလည်း နုတ်ထွက်သွားခဲ့ဖူးပြီ ဖြစ်သည်။ နောက်ဆုံး သူသည် ကာကွယ်ရေးဌာနဝန်ကြီး ဟိုးဝပ်တပ်ဖ်အား ခေါ်ယူ ကာ “ကဲ...ပနားမားတူးမြောင်း တူးဖော်ရေးကိစ္စကိုဖြင့် ဘယ်အင်ဂျင်နီယာ မှ မတတ်နိုင်တော့တဲ့အတူ တပ်မတော်ရဲ့ လက်ကို ဝကွက်အပ်လိုက်တော့ မယ်” ဟု ပြောလိုက်တော့သည်။ ထိုနေ့ညတွင် အမေရိကန် ကြည်းတပ် မတော် အင်ဂျင်နီယာတပ်မှ အသက် ၄၉ နှစ်အရွယ်ရှိ ဗိုလ်မှူးဂျော့ ဝါရှင်တန်ဂိုသဲလ်ကို အိမ်ဖြူတော်သို့ခေါ်၍ ပနားမားတူးမြောင်း အောင် မြင်စွာ တူးဖောက်ရေးအတွက် တာဝန်ပေးခြင်းခံရသည်။

          စူးအက်စ်တူးမြောင်းကို တူးဖောက်ခဲ့သူ ပြင်သစ်လူမျိုး အင်ဂျင်နီယာ ဖာဒီနန်ဒီလေဆက်ပ်သည်ပင်လျှင် ပနားမားတူးမြောင်း၏ အခက်အခဲကိုလျှော့ပေါ့တွက်ချက်ခဲ့မိသည်။ တစ်နှစ်လျှင် ရက်ပေါင်း ၂၅ဝ မျှ မိုးမပြတ် ရွာသောဒေသ၊ စွတ်စိုထိုင်းမှိုင်းသည့် သစ်တောကြီးများ၊ နွံများ၊ ခြင် ယင် မှက်များ၊ အဖျားရောဂါများသည် ကျူးကျော်ဝံ့သူများကို ခြိမ်း ခြောက်လျက်ရှိကြသည်။ ပထဝီအခြေအနေ၊ ရာသီဥတုအခြေအနေစသည်တို့က လုံးဝမကောင်း။ သမ္မတကြီးက ဗိုလ်မှူးဂိုသဲလ်အား မည်သို့သော အခက်အခဲများကြောင့် ဤလုပ်ငန်း မအောင်မြင်ရသည်ကို မေး သည်။ ရှင်းရှင်းနှင့်ဘွင်းဘွင်း ပြောတတ်သည့် စစ်အင်ဂျင်နီယာကလည်း ကြိုးနီစနစ်၊ ရုံးတွင်းဗျူရိုကရေစီနှင့် ဝါရှင်တန်တွင် ရုံးထိုင်ကာ ပနားမား တူးမြောင်းဖောက်နေသူ ရုံးထိုင်ဗျူရိုကရက်များကြောင့် မအောင်မြင် သည်ထင်ပါကြောင်းကို တုံးတိတိပင် ပြောလိုက်သည်။ တူးမြောင်းကို တာဝန်ခံဖောက်လုပ်ရသည့် အင်ဂျင်နီယာချုပ်တွင် စစ်မြေပြင်တစ်ရပ်ကို ကွပ်ကဲရသည့် ဗိုလ်ချုပ်ကြီးတစ်ဦး၏ အာဏာမျိုးရှိမှသာ တစ်မုဟုတ် ဆုံးဖြတ်လုပ်ဆောင်နိုင်သည့် အခွင့်အရေးရှိမှသာ အောင်မြင်ပါမည်ဟုဆို သည်။

          ရူစဘဲလ်တ်ကလည်း ချက်ချင်းပင် ကြီးကြပ်ရေးကော်မတီဟောင်း ကို ဖျက်သိမ်းကာ လူခုနစ်ဦးပါသော ကော်မတီသစ်တစ်ရပ်ကို ဖွဲ့စည်း ပေးလျက် “ဗိုလ်မှူးဂိုသဲလ်ကို ဘယ်သူမှ ဝင်မစွက်ဖက်ကြစေနဲ့၊ သူ့ကို အကူအညီပေးဖို့သာ ဖြစ်ရမယ်၊ အာဏာပိုင်ဟာ ဂိုသဲလ်တစ်ယောက်ပဲ” ဟု ယတိပြတ်အမိန့်ပေးလိုက်သည်။

          ဂိုသဲလ်သည် သမ္မတကြီးကို အပိုင်ကိုင်နိုင်ခဲ့သော်လည်း ပနားမား တူးမြောင်းဒေသ အလုပ်ခွင်သို့ရောက်ရှိခဲ့သည့်အခါ အလုပ်သမားများက သူ့ အား မထီမဲ့မြင်သာ ကြိုဆိုခြင်းခံရသည်။ အမေရိကန်သတင်းစာ သမားများကလည်း သူ့အပေါ် သမ္မတကြီးက ယုံကြည်ကိုးစားစွာ လွှဲအပ်ခြင်းကို သရော်ကြသည်။ ကလော်ကြသည်။ ဆော်ကြသည်။ သူ့တွင် ရန်သူများဝိုင်းနေသည်။

          တူးမြောင်းအလုပ်သမားများနှင့် စတင်တွေ့ဆုံကတည်းကပင် သူက အလုပ်သမားများအား...

          " ဒီတူးမြောင်းကို တူးဖော်နေကြတဲ့ အလုပ်သမားတွေဟာ စစ်သားတွေမဟုတ်ဘူး။ ကျုပ်ဟာလည်း အမေရိကန်စစ်အင်ဂျင်နီယာတပ်က ဗိုလ်မှူးကြီးတစ်ဦးမဟုတ်ဘူး။ ခင်ဗျားတို့နဲ့ဘဝတူ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ကျုပ်တို့ရဲ့ ရန်သူဟာ သဘာဝ တောတောင် ရေမြေနဲ့ ရာသီဥတုဖြစ်တယ်။ အကြီးဆုံးရန်သူကတော့ ကူလီဘရာ တောင်ကြားနဲ့ ကမ်းခြေနှစ်ဖက်စွန်းက ရေတံခါးတွေပဲဖြစ်တယ်။ အဲဒါကို အောင်မြင်ကြဖို့က ကျုပ်တို့ရဲ့ စုပေါင်းလုပ်အားနဲ့ တိုက်ခိုက်ရမှာဖြစ် တယ်။ ကဲ... လုပ်ငန်းစကြစို့ရဲ့”

          ခေါင်းဆောင်လုပ်မည့်သူ၏ သံမဏိစိတ်ဓာတ်နှင့် ဆုံးဖြတ်ချက် ကို တွေ့ကြရပြီး သူ၏လှုပ်ရှားဆောင်ရွက်မှုများကို တွေ့မြင်ကြသည့် အလုပ်သမားများအပေါ် သူသြဇာညောင်းလာသည်။ စစ်ဝတ်စုံကိုမဝတ်၊ ဗိုလ်မှူးကြီးအသွင် ဆက်ဆံသည်ကိုလည်း မကြိုက်၊ အရပ်သားဝတ်စုံ ဖြူကိုသာလျှင် ဝတ်ဆင်ကာ ကရိန်းမောင်း အလုပ်သမားတစ်ဦးနှင့် တစ်ပြေးညီထိုင်လျက် သူစားသည့် ဆင့် ၃ဝ တန်သက်သာချောင်ချိရေး ဆိုင်မှ နံနက်စာကို စားသောက်ရင်း လုပ်ငန်းအပေါ်တွင် အလုပ်သမား တစ်ဦး၏ ထင်မြင်ချက်ကို အရေးတယူ နားထောင်တတ်သူတစ်ဦးကို ပို၍ကြည်ညိုလာကြသည်။

          အီကွေတာဒေသ၏ အသားဝါရောဂါ၊ ငှက်ဖျားရောဂါတို့ကို တိုက်ခိုက်နှိမ်နင်းရသည့် ကျန်းမာရေးအရာရှိများ၊ ဆရာဝန်များကိုယ်တိုင် ပင် သူတို့အလုပ်ခွင်သို့ နောက်ကျကာ မဝင်ရဲကြတော့။ ဂိုသဲလ်၏သြဇာ ကို မည်သူမျှမလွန်ဆန်ရဲတော့။ နေ့စဉ်ပင်လျှင် ၄၇ မိုင်ရှိသည့် တူး မြောင်းဒေသလုပ်ငန်းခွင်ကို မီးရထားတစ်စီးဖြင့် အစုန်အဆန်ပြုကာ လျှောက်စစ်ဆေးကြည့်သည်။ အလံထိုးထားသည့် သူ့ရထားလာပြီဆို လျှင် အလုပ်သမားအားလုံး ပျာပျာသလဲ ဖြစ်ကုန်ကြသည်။ လူမျိုးပေါင်း စုံပါဝင်သည့် အလုပ်သမားပေါင်း ၁ဝဝဝဝ ကျော်မျှသည် ခေါင်းဆောင်ကောင်းတစ်ဦး၏ အုပ်ချုပ်မှုအောက်တွင် စည်းကမ်းကောင်းသော၊ ကြိုးစားသော အလုပ်သမားများ ဖြစ်လာကြသည်။ မခိုသော၊ မကတ် သော၊ မလျှိုသော၊ မတိုသော အလုပ်သမားများဖြစ်လာကြသည်။

          ဂိုသဲလ်၏ နည်းဗျူဟာမှာ အလုပ်ခွင်တွင် လုပ်အား အပြိုင်ပေးနိုင် မှုကို အသုံးပြုသွားသည်။ အတ္တလန္တိတ်သမုဒ္ဒရာဘက်မှ ချဉ်းကပ်ရာ ရေလမ်းနှင့် ရေတံခါးတို့ကို စစ်အင်ဂျင်နီယာအား တာဝန်ပေးကာ သူတို့ အား “အတ္တလန္တိတ်တပ်မဟာ ́ဟုခေါ်တွင်စေသည်။ အရပ်သားအင်ဂျင်နီယာ များကို ပစိဖိတ်သမုဒ္ဒရာဝတွင် တာဝန်ပေးကာ “ပစိဖိတ်တပ်မဟာ” ဟု ခေါ်တွင်စေသည်။

          ကျွန်းဆွယ်အလယ်ပိုင်းဒေသ အဖောက်ရအခက်ဆုံးဖြစ်သည့် ကိုး မိုင်မျှရှည်လျားသော ကူလီဘရာတောင်ကြားဒေသကို “တပ်မဟာဗဟို” ဟုခေါ်တွင်စေကာ အရပ်သားနှင့် စစ်သားအင်ဂျင်နီယာများ ပခုံးချင်း ယှဉ်လျက် အပြိုင်အလုပ်လုပ်စေသည်။ ဤတောင်ကြားမှာ ပနားမား၏ ကျွဲပခုံးထစေသည့် အသည်းနှလုံးနေရာပင် ဖြစ်သည်။ အပူရှိန်မှာ ၂၀ ဒီဂရီဖာရင်ဟိုက်ထိ ပြင်းပြသည့် အချိန်များရှိသည်။ အပြိုင်အဆိုင် လုပ် အားပြိုင်ကြသည်တွင် နှစ်ဖက်လုံးသည် သူတို့တစ်ခါမျှ အိပ်မက်မမက်ခဲ့ ကြသည့် တန်ချိန်များစွာသော ကျောက်သားကျောက်တုံးများကို ဒိုင်းန မိုက်ခွဲခြင်း၊ သယ်ယူထုတ်ခြင်း၊ တန်ချိန်များစွာသော မြေသားတို့ကို ဖို့နိုင်ခြင်းစသည့် အံ့သြဖွယ်ကောင်းလောက်သော လုပ်ငန်းတွင်ကျယ်မှု များ ရလာတော့သည်။ ဂိုသဲလ်ရောက်ပြီးနောက် ခြောက်လအကြာတွင် သူတို့သည် မြေ ၁၂၇၄၄၀၄ ကုဗယာဒ်ကို ထုတ်ယူနိုင်ခဲ့သည်။ တူးဖော် နေသည့် သုံးနှစ်အတွင်း အများဆုံးတန်ချိန်ပင်ဖြစ်၏။

          ဂိုသဲလ်တွင် အလုပ်သမား ပြဿနာများလည်း မကြုံရမဟုတ်၊ ကြုံရသည်။ သပိတ်နှင့် ခြိမ်းခြောက်ခြင်းခံရသည်။ သို့သော် ဂိုသဲလ်၏တည်ကြည်မှန်ကန်သော စိတ်နေသဘောထားကြောင့် လူစွာလုပ်လို သည့်သူ၊ ခေါင်းထောင်လာသည့်သူများလည်း ဝပ်စင်းသွားသည်။ သူ သည် အလုပ်သမားတိုင်း၏ မကျေနပ်မှု၊ နစ်နာမှုဟူသမျှကို တစ်ပတ် အချိန်ပေးနားထောင်ကာ အရေးယူဆောင်ရွက်ပေးသည်။ သို့သော် ပြတ်သားသည့်နေရာတွင်လည်း နှစ်ယောက်မရှိ။ စစ်အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် ဗိုလ်ကြီးရောဘတ်ဝုဒ်က “တစ်နေ့မှာ ကျုပ်ကိုခေါ်ပြီး ပနားမားတူးမြောင်း ဒေသအတွက် ထောက်ပံ့ရေးအရာရှိချုပ်ခန့်အပ် လိုက်ကြောင်း ပြောပြီးတော့၊ “မင်းဒီပြင် ဘာလုပ်လုပ် ဘိလပ်မြေပြတ်တဲ့ နေ့ဟာ မင်းအလုပ်ပြုတ်တဲ့နေ့ပဲ”လို့ တာဝန်စပေးတဲ့နေ့ကစပြီး အပြတ် ပြောခဲ့တယ်” ဟုဆိုသည်။

          ဤသည်မှာ အခက်အခဲဆုံးသော တာဝန်ပေးခြင်းပင်ဖြစ်၏။ မိုး များသော ပနားမားဒေသတွင် ဘိလပ်မြေကို စုပုံလှောင်ထားရမှာလည်း မဖြစ်။ ကျောက်ခဲဖြစ်သွားမည်။ သို့ကြောင့် အမေရိကန်မှ ဘိလပ်မြေတင် သင်္ဘော ဆိုက်မည့်နေ့နှင့် လုပ်ငန်းခွင်၌ တကယ်သုံးမည့် နေ့ရက်များစွာ မကွာရန် ချိန်ကာ မှာကြားရသည်။ တစ်ခါက ကာရေဘီယန် ပင်လယ် တွင် မုန်တိုင်းရက်ဆက်ကျနေရာ၌ သင်္ဘောခရီးစဉ်များ ပျက်သွားသည်။ ဘိလပ်မြေပြတ်ရန် နာရီပိုင်းအလိုတွင် သင်္ဘောတစ်စင်း ဆိုက်ကပ်လာရာ ဗိုလ်ကြီးဝုဒ်နှင့် အလုပ်သမား ၅၀၀ ကျော်တို့ ညလုံးပေါက် အပြေး အလွှား သင်္ဘောမှချ၍ ရထားတွဲပေါ်တင်ကာ အလုပ်ခွင်သို့ အချိန်မီပို့နိုင် ခဲ့ခြင်းကြောင့် ဗိုလ်ကြီးဝုဒ် အလုပ်မှမပြုတ်ခြင်း ဖြစ်တော့သည်။

          သို့ သော် ဂိုသဲလ်သည် သူ့အလုပ်သမားများ၏ အခက်အခဲကို လျှော့တွက်မထားပေ။ ရေတံခါးကြီး ၁၂ ခုတွင် တစ်ခုစီ၌ သွန်းလောင်း ရသည့် ဘိလပ်မြေပမာဏမှာ အီဂျစ်ဘုရင် ချီယော့(ပ)၏ ပိရမစ်ကြီးကို ဆောက်နိုင်သည်။ ချက်ဂရီမြစ်ကို ဆီးကာသည့် ဂါကွန်ရေကာတာကိုဖို့ရသည့် မြေစိုင်ပမာဏမှာ ကမ္ဘာမြေပေါ်တွင် အီကွေတာကိုပတ်လျက် ကမ္ဘာတစ်ပတ် သုံးပေအမြင့်မျှ မြင့်အောင်ဖို့နိုင်မည်ဖြစ်သည်။ ဒိုင်းနမိုက် ဖြင့် ဖောက်ခွဲထုတ်ရသည့် ကူလီဘရာတောင်ကြားမှာ ပေ ၃ဝဝ ကျယ် ဝန်းလျက် ပေ ၁၂ဝ မျှ မတ်စောက်သည်။

          ကူလီဘရာတောင်ကြားမှာ ဒုက္ခပေးလှသည့် ဖောက်လုပ်ရေးလုပ် ငန်းဖြစ်သည်။ တောင်ပြိုကျသည်မှာလည်း မကြာခဏ။ ယမန်နေ့က တူးဖော်သွားသည့် တောင်ကြားသည် နောက်နေ့နံနက် အလုပ်ဆင်းကြ ရာ၌ ပိတ်ဖုံးသွားပြီဖြစ်သည်ကို တွေ့ရ၏။ ဒုက္ခအပေးဆုံးမှာ 'ဂိုလ်ဒင်း ဟီးလ်” တောင်ကုန်းဖြစ်သည်။ ၁၉၁၃ ခု၊ ဇန်နဝါရီလ လုပ်ငန်းပြီးစီးအောင်မြင်သည့် ပန်းတိုင်ရောက်ခါနီးတွင် ဂိုလ်ဒင်းဟီးလ်တောင် ပြိုကျ ရာ ကူလီဘရာတောင်ကြားမှာ လုံးဝနီးပါး ပိတ်ဖုံးသွားတော့သည်။ တပ်မဟာဗဟိုကို ကြီးကြပ်ရသူသည် ဂိုသဲလ်ထံ အမြန်သတင်းပို့သည် တွင် ဂိုသဲလ်သည် ရှုခင်းကိုခေတ္တမျှ စိုက်တွေကြည့်နေပြီးနောက် 'ပြန်တူး ကွာ” ဟု တစ်ချက်တည်းအမိန့်ပေးပြီး လှည့်ထွက်သွားတော့၏။

          ၁၉၁၄ ခု၊ သြဂုတ်လ ၁၅ ရက်နေ့၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ပနားမားအလံတင်သင်္ဘော အင်ကွန်” သည် အတ္တလန္တိတ်သမုဒ္ဒရာ အဝင်ပေါက်၊ ဂါကွန်ရေတံခါးမှဝင်ကာ ပနားမားတူးမြောင်းကို ပထမဆုံး ဖြတ်သန်းခဲ့သည်။ သင်္ဘောပေါ်တွင် ပနားမားနိုင်ငံ၏သမ္မတ၊ အမေရိကန် သံအမတ်နှင့် ဗွီအိုင်ပီများ လိုက်ပါစီးနင်းလာကြသည်။ ထိုလူစုတွင် ဂိုသဲလ်တစ်ဦးမပါရှိခဲ့။ သူက အလုပ်သမားဝတ်စုံကို ဝတ်ဆင်ကာ သူ့ မီးရထားကြီးဖြင့် တူးမြောင်းဘေးမှလိုက်ပါကာ သူတူးခဲ့သည့် တူးမြောင်း တွင်း သင်္ဘောဖြတ်မောင်းနေသည်ကို အလုပ်သမားများနှင့်အတူ လိုက်ပါ ကြည့်ရှုနေခဲ့သည်။

          တူးမြောင်းတွင်း ဖြတ်သန်းခုတ်မောင်းနေစဉ် ကမ်းခြေမှ ထောင်ပေါင်းများစွာသော လူထုက လက်ဝှေ့ယမ်းကာ ချီးကျူးကြသည်။ နှစ် ပေါင်း ၄ဝဝ အိပ်မက်သည် အကောင်အထည် ပေါ်ခဲ့ပြီဖြစ်သည်။ သို့သော် ဂိုသဲလ်မှာ ထိုက်တန်သောအသိအမှတ်ပြုခြင်းကို မခံလိုက်ရ။ ထိုအချိန်တွင် ပထမကမ္ဘာစစ်သတင်းများက ကမ္ဘာ့သတင်းစာတို့၏ မျက်နှာဖုံးသတင်းဖြစ်နေသည်။

          ယနေ့နှစ်ပေါင်း ၇၀ ရှိခဲ့ပြီဖြစ်သည်။ သင်္ဘောထောင်ပေါင်းများစွာ အဏ္ဏဝါချင်း ကူးခဲ့ကြပြီဖြစ်သည်။ သို့စဉ်တိုင် ၂၀ ရာစုအစဆီက ကမ္ဘာ ပေါ်တွင် တစ်နေ့သောအခါ၌ အလျားအရှည်ပေ ၁၀၀၀ ကျော်၊ ဗြက် အကျယ်ပေ ၁၀၀ ကျော်သော သင်္ဘောများကို လူသားတို့တည်ဆောက် နိုင်ကြလိမ့်မည်ဟု မမျှော်မှန်းခဲ့မိကြသည့်အတွက် ယနေ့ကမ္ဘာ့အကြီးဆုံး ရေနံတင်သင်္ဘောကြီးများနှင့် လေယာဉ်ပျံတင်သင်္ဘောကြီးများသည် ပနားမားတူးမြောင်းကို အသုံးမပြုနိုင်ရှိနေတော့သည်။

 

          စာရှုသူခင်ဗျား...

          ပနားမားတူးမြောင်း၊ သဲကန္တာရကို ဖြတ်ဖောက်ထားသည့် မိုင် ၁ဝဝမျှ ရှည်လျားသော စူးအက်တူးမြောင်းတို့သည် ကမ္ဘာ့အကျိုးစီးပွား၊ လူသားတို့၏ အကျိုးစီးပွားကို မည်မျှထမ်းပိုးခဲ့ကြသည်ကို အဆွေသိရှိ ပြီးဖြစ်ပါလိမ့်မည်။ ကျွန်တော်ပြောလိုသည်မှာ ပနားမားတူးမြောင်း အဓိကမဟုတ်ပါ။ “ကရာတူးမြောင်း” အကြောင်းသာလျှင် ဖြစ်ပါသည်။ မြန်မာပြည်မြေပုံကို ကြည့်လိုက်စေလိုပါသည်။ အရှေ့တောင်အာရှဒေသ တွင် မာလာယုကျွန်းဆွယ်ကို တွေ့မြင်နိုင်ပါသည်။ ထိုမာလာယု ကျွန်း ဆွယ်တစ်လျှောက် အသိမ်ဆုံးသော ကျွန်းဆွယ်ခါးသိမ်နေရာကို “ကရာ ကျွန်းဆွယ်ခါးသိမ်” ဟုခေါ်ပါသည်။ လတ္တီကျု ၁ဝ ဒီဂရီ မြောက်မျဉ်း