မောင်ယဥ်နွယ် - စားတတ်လျှင်ဆေးမစားတတ်လျှင်ဘေး
အိုမှုဆိုင်ရာ ပြဿနာ
မိလိန္ဒမင်းကြီးက ရဟန္တာအရှင်မြတ် ရှင်နာဂသိန်ကို “အရှင် ဘုရား ... အိုမှုကို ကာကွယ်နိုင်ပါသလော” ဟု မေးမြန်း လျှောက်ထားခဲ့၏။
ထိုသို့ မေးမြန်းလျှောက်ထားချက်ကို ရဟန္တာ ရှင်နာဂသိန် က ဤသို့ ဖြေ၏။
“မြတ်သောမင်းကြီး... ဧရာဟူသော အိုခြင်းကို ကာကွယ် နိုင်ခြင်းငှာ တတ်နိုင်ကောင်းသည်သာ ဖြစ်၏” ဟု ဖြေကြားတော် မူခဲ့လေသည်။
မိလိန္ဒပဉ္စာ-ပါဠိတော်
အထူးသဖြင့် သွေးတိုးရောဂါရှင်များသည် ပုစွန်ခြောက်နှင့် ငန်သောငါးပိကောင်၊ ငါးပိရည်ချိုမ ပါမည်။ မရှောင်နိုင်ပါကလည်း အလွန်အကျွံ သတိထားရပါမည်။
အကယ်၍ အလွန်အကျွံ စားမိပါလျှင် အစားမတော် တစ်လုတ်ဖြစ်ကာ အသက်ဆုံးရှုံးသွားကြသူများ မြောက်မြားစွာ ရှိသည်။ နောင်လည်း ရှိနေဦးမည်ဖြစ်သည်။
အသက်ဉာဏ်စောင့်
“အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်” ဟူသော စကားပုံ သည် မြန်မာမှုနယ်ပယ်တွင် ရှိနေပါသည်။ ဤစကားပုံ၏ အဓိပ္ပာယ်မှာ လူသားတိုင်းသည် မိမိအသက်ရှည်ရေး (အသက် ရှင်ရေး)အတွက် မိမိရုပ်လက္ခဏာနှင့် တည့်သောအစာ၊ မတည့်သောအစာများကို ခွဲခြမ်းစိတ်ဖြာ၍ စားတတ်ပါက အသက်ရှည်၍ ကျန်းမာချမ်းသာစွာ နေရမည်ဖြစ်သည်။ ။
ထို့ကြောင့် ရှေးမြန်မာကြီးများ၏ “အသက်ဉာဏ်စောင့်” ဟူသော ဆုံးမချက်ကို လိုက်နာပါလျှင် ကျန်းမာသော လူသား၊ အသက်ရှည်သောလူသားတစ်ယောက် ဖြစ်လာမည်မှာ မလွဲပါ။ ဤသို့ အသက်ရှည်၍ ကျန်းမာသော လူသားတစ်ယောက်သာ စီးပွားဥစ္စာများကို ရှာဖွေနိုင်သည်၊ နိုင်ငံအကျိုးအတွက်လည်း
ပိစပ်ကောင်း၍ အသက်တစ်ချောင်းရှင်
ပိစပ်အကြောင်း ရေးရလျှင် လွန်ခဲ့သော ၁၉၄၅-၄၆ ခုနှစ် များသို့ ပြန်ရောက်သွားပေမည်။
ထိုစဉ်က ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သင်ကြားသော မြန်မာ နိုင်ငံ စာရေးဆရာများအသင်းနှင့် စာပေဗိမာန်တို့မှ ကြီးမှူးဖွင့်လှစ်သော သတင်းစာဆရာ အတတ်သင်ကျောင်း (ဒီပလိုမာဘွဲ့)သို့ မြဝတီမဂ္ဂဇင်းတိုက်မှ ကျွန်တော်မောင်ယဉ်နွယ်နှင့် မောင်ကျော် သာတို့ တက်ရောက်ခဲ့ကြသည်။
ထိုစဉ်က စာနယ်ဇင်းပညာကို သင်ကြားသော ဆရာကြီးများ မှာ
၁။ ဆရာကြီး ဇေယျ
၂။ ဆရာကြီး မောင်ထင်
၃။ ဆရာကြီး ဦးထင်ကြီး
၄။ ဆရာကြီး အိုးဝေဦးညိုမြ
၅။ ဆရာကြီး ဦးသန့် (ကုလသမဂ္ဂအတွင်းရေးမှူး) တို့ကိုသာ ကျွန်တော် မှတ်မိပါသည်။ ကျန်ဆရာကြီးများကို
မမှတ်မိတော့ပါ။
ဆရာကြီးများမှာ စာနယ်ဇင်းပညာများနှင့် ပတ်သက်၍ ပို့ချ သင်ကြားသည်မှာ မှတ်သားဖွယ်၊ ကြည်နူးဖွယ်၊ ပျော်ရွှင်ဖွယ် ဖြစ်ကြသည်။ ဆရာကြီး ဦးညိုမြမှာ အမေရိကန်မှ သတင်းစာ ပညာဘွဲ့ ယူလာသူဖြစ်၍ ဆရာ၏ ပို့ချချက်များမှာ မှတ်သားဖွယ် ရာ ဖြစ်ပါသည်။
ဆရာကြီးဦးသန့်မှာ အနောက်နိုင်ငံများမှ စာနယ်ဇင်းပညာ များကို အင်္ဂလိပ်လို ပို့ချရာ ပထမနားမလည်သလို ရှိခဲ့သော်လည်း ဆရာသန့်၏ ရိုးရိုးလေး အင်္ဂလိပ်စကားကို ကျွန်တော်တို့ နားလည် လာသည်။ အနောက်တိုင်း စာနယ်ဇင်းလောကကို ကျွန်တော်တို့ နားလည်သဘောပေါက်လာသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ကျွန်တော်က မိုးကြိုးသတင်းစာ အယ်ဒီတာ၊ ဦးကြည်ညွန့် (ချစ်ကြည်ရေး)က မြန်မာ့အလင်းသတင်းစာ အယ်ဒီတာများ ဖြစ်လာသည်။
ကျွန်တော်သည် ထိုစဉ်က လမ်းစဉ်သတင်း၊ ရှေ့သို့၊ ကြေးမုံ နှင့် မြန်မာ့အလင်းသတင်းစာ၊ လုပ်သားသတင်းစာ၊ ဗိုလ်တထောင်သတင်းစာတို့၌ ဆောင်းပါးများ မပြတ်ရေးသားခဲ့ပါ သည်။
ထိုစဉ်ကပင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်များအကြောင်း များကို ကျွန်တော် သီးသန့်ရေးသားခဲ့ပါသည်။
ထိုစဉ်က မြန်မာ့တပ်မတော်မှ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်၏။
အစွမ်းထက် ပိစပ်ပင်
ထိုသတင်းစာရှင်းလင်းပွဲ၌ တပ်မတော်မှ စစ်ကြောင်းတစ်ခု သည် ကင်းလှည့်ထွက်သွားစဉ် သောင်းကျန်းသူများနှင့် တိုက်ပွဲ ဖြစ်ပွားကြောင်း၊ ထိုတိုက်ပွဲ၌ မိမိတို့ဘက်မှ တပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးသွားကြောင်း၊ ထိုပျောက်ဆုံးသွားသော တပ်ကြပ်ကြီး မှာ တိုက်ပွဲ၌ ပေါင်ကို ကျည်ဖြတ်မှန်သွားကြောင်း၊ အဆိုပါ တပ်ကြပ်ကြီးမှာ တောင်ကုန်းပေါ်မှ လှိမ့်ချပြီး ချုံတစ်ခုတွင်းသို့ ဝင်ရောက်ပုန်းအောင်းနေခဲ့ကြောင်း၊ သောင်းကျန်းသူများနှင့် မိမိ တပ်တို့ ပြန်လည် ဆုတ်ခွာသွားခဲ့ရာ တပ်ကြပ်ကြီးမှာ ဒဏ်ရာကြီး နှင့် ကျန်ခဲ့ကြောင်း၊ မိုးမချုပ်မီ ရှမ်းတောင်သူ ဦးကြီးတစ်ယောက် ရောက်လာကြောင်း၊ တပ်ကြပ်ကြီးက ချုံပုတ်ထဲမှ ထွက်လာပြီး ရှမ်းတောင်သူကြီးအား အကျိုးအကြောင်း ပြောပြခဲ့ကြောင်း၊ အဆို ပါ ရှမ်းတောင်သူကြီးမှ တောတွင်းရှိ တောပိစပ်ရွက်များ ခူးယူ လာပြီး ရေဆေးသန့်စင်ကာ တပ်ကြပ်ကြီး၏ပေါင်မှ သေနတ် ဒဏ်ရာကို ဆေးရည်အဖြစ် ထည့်ပေးကာ ပတ်တီးစည်းနှောင်ပေးခဲ့ကြောင်း၊ နောက် တစ်နေ့တွင် အဆိုပါ ရှမ်းတောင်သူကြီးမှ ထမင်းထုပ်၊ ရေနွေးဘူးလာပို့ပြီး အနာကို ရေနွေးဖြင့် ဖန်ရည်ဆေး ကာ ပိစပ်ရွက်များကို ထုထောင်းလျက် ဒဏ်ရာကို ဆေးအဖြစ် ထည့်ပေးပြီး ပြန်လည် ပတ်တီးစည်းပေးခဲ့ကြောင်း၊
အမှန်စင်စစ် ထိုဒဏ်ရာကို ခေတ်မီဆေးဝါးဖြင့် ကုသပါ လျှင် ဤမျှရက်ကြာပါက ဝေဒနာရှင်မှာ ပေါင်ဖြတ်ခံရမည်၊ သို့မဟုတ် သေနတ်ကျည်၏ ယမ်းငွေ့များကြောင့် အဆိပ်သင့်ကာ သေနိုင်သည်။ ယခု ရိုးရာဓလေ့ ပိစပ်ရွက်ဖြင့် ဆေးဝါးကုသမှု ကြောင့် တပ်ကြပ်ကြီး၏ ဒဏ်ရာမှာ သက်သာလာသည်။
တစ်ပတ်ခန့်အကြာတွင် ထိုနေရာသို့ တပ်မတော်စစ်ကြောင်း ပြန်ရောက်လာရာမှ ဒဏ်ရာရတပ်ကြပ်ကြီးနှင့် ရှမ်းတောင်သူကြီး တို့အား ခေါ်ဆောင်လာခဲ့နိုင်ကြောင်း၊ တပ်ရင်းသို့ ရောက်သော အခါ သေနတ်ဒဏ်ရာရ တပ်ကြပ်ကြီးကို အကူအညီပေးခဲ့ပြီး ဆေးကုသခဲ့သော ရှမ်းတောင်သူကြီးအား ဂုဏ်ပြုခဲ့ကြောင်းများကို ထိုသတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားသွားသည်။
ထိုအကြောင်းများကို ကျွန်တော်သည် ပိစပ်ကောင်း၍ အသက်တစ်ချောင်းရှင် ဟု မြန်မာ့အလင်းသတင်းစာတွင် ထည့် သွင်း ရေးသားခဲ့သည်။
ကျွန်တော်သည် ထိုစဉ်ကပင် ပိစပ်ပင်နှင့် ယဉ်ပါးရင်းနှီးခဲ့ ပါသည်။
ယခုအခါ ပိစပ်ပင်များမှာ (၉၆)ပါး ဝေဒနာများ ပျောက် ကြောင်း ခေတ်စားလာသဖြင့် အချိန်အဆ နားမလည်သူများက စိတ်ကြိုက် ကျိုသောက်ကြရာမှ ဘေးထွက်ဆိုးကျိုးများ ခံစားရပြီး ဆေးရုံသို့ ရောက်ရှိလာကြောင်း သိရှိရသည်။
နွယ်မြက်သစ်ပင်တိုင်းသည် ဆေးဖက်ဝင်ကြောင်း တိုင်းရင်း ဆေးလောကတွင် ပြောစမှတ်ရှိပါသည်။ ။
မြန်မာ့စာပေလောကတွင် ဇိနတ္ထပကာသနီကျမ်းသည် နာမည်ကြီးလှသည်။ ဂန္ထဝင်မြောက် စာပေစာရင်းတွင်လည်း ပါဝင်သည်။ ထိုကျမ်းကြီး၌ ကျီးသဲလေးထပ် ဆရာတော်ဘုရား ကြီးက နွယ်မြက်သစ်ပင်တို့နှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖွင့်ဆိုခဲ့သည်။
“အချင်း ဇီဝက၊ တူရွင်းတစ်စင်းကိုယူ၍ လေးရက် စေ့အောင် တစ်ယူဇနာအတွင်း ဆေးဖက်မဝင်သော သစ်ပင် တို့ကို ရှာဖွေလော့”ဟု ဆရာကြီးက ခိုင်း၏။
လေးရက်စေ့သော် -
“ဆေးဖော်၍ မရသောသစ်ပင် မတွေ့ရပါ”
ဟု ဆရာကြီးထံ ပြောလေရာ -
“ဆေးအတတ်ကို တတ်ပြီ” ဟု ဆိုလေသည်။