Skip to product information
1 of 2

Other Websites

မောင်မြင့်ကြွယ် - အဏ္ဏ၀ါတစ္စေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အစ၏နိဒါန်း 

သမုဒ္ဒရာတိုင်းသည် လူနှင့်သင်္ဘောများကို ဝါးမျိုးကြစမြဲ ဖြစ်သည်။ သို့ရာတွင် သင်္ဘောနှင့် လူများကို ပစိဖိတ် သမုဒ္ဒရာလောက် မည်သည့် သမုဒ္ဒရာကမျှ ၀ါးမျိုးခဲ့ခြင်း မရှိပါ။ ပစိဖိတ်သမုဒ္ဒရာက လူများနှင့် သင်္ဘောများကို မျှော်လင့်မထားသောနည်းများဖြင့် အငိုက်ဖမ်း၍ ဝါးမျိုးတတ်ပုံမှာ စံတင်လောက်ပါပေသည်။

 

ပစိဖိတ်သမုဒ္ဒရာထဲတွင် ဘောင်တီ သင်္ဘောပေါ်၌ ပုန်ကန်ထကြွ မှုကြီး ဖြစ်ပွားခဲ့ပြီး ဘောင်ဘီ သင်္ဘောကြီးသည် ပစ်ကန်းကျွန်းအနီး၌ မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။

 

အမေရိကန် စာရေးဆရာ ဟာမန်းမဲလ်ဗီးလ်က မိုဘီဒစ် အမည် နှင့် ဇာတ်လမ်းဆင်၍ ရေးခဲ့သော သိအက်ဆက် သင်္ဘောသည် ဝေလ ကြီး၏ တိုက်ခိုက် ရန်ပြုမှုကြောင့် ပစိဖိတ်သမုဒ္ဒရာထဲတွင် နစ်မြုပ်ခဲ့ရသည်။ ဟိုင်းမာ ဆိုသော သင်္ဘောသည် ခုတ်မောင်းနေစဉ် ဝမ်းဗိုက်အောက်တည့်တည့်တွင် ရှိနေသော ရေအောက်မီးတောင် ရုတ်တရက် ပေါက်ကွဲမှုကြောင့် အစိတ်အစိတ်အမြွာမြွာကွဲပြီး ပျက်စီးခဲ့ရသည်။

 

ထိုသို့သော ကိစ္စများ ဖြစ်ပွားခဲ့သည့်တိုင်အောင် ကမ္ဘာပေါ်ရှိ အကြီးဆုံးသော သမုဒ္ဒရာကြီးသည် အများအားဖြင့် အေးချမ်းငြိမ်သက်စွာ ရှိနေတတ်သည်။

ပစိဖိတ် ဆိုသော အမည်ကပင်လျှင် ငြိမ်းချမ်းမှုနှင့် နူးညံ့ ပျော့ ပျောင်းသည် ဆိုသော သဘောကို ဖော်ဆောင်လျက် ရှိပေသည်။ 

သို့ရာတွင် ထိုထိုသော အကြောင်းအချက်များကြောင့် မည်သူမဆို ပစိဖိတ် သမုဒ္ဒရာကြီးအား မလေးမခန့် မပြုသင့်ပါ။

 

ငြိမ်ငြိမ်သက်သက် နေထိုင်တတ်သူများသည် ခန့်မှန်း၍ မရနိုင်လောက်အောင် ရုတ်တရက် ဖောက်ပြန်ပြီး အကြီးအကျယ် ဒုက္ခပေး တတ်ကြသည် မဟုတ်ပါလား။

ညမိုးမချုပ်ခင် အဏုမြူ ရေငုပ်သင်္ဘော စတားဘတ်ခ်၏ ပဲ့စင် ပေါ်သို့ တက်ရောက်သွားသော ကွန်မင်ဒါ ဖီလစ်ဒူပရီ၏စိတ်ထဲတွင်ထို ဘေးဥပဒ်များအကြောင်းကို တွေးတောနေမိလိမ့်မည် မဟုတ်ပါ။သူသည် ပဲ့စင်ပေါ်တွင် တာဝန်ကျနေသော အရာရှိအား ခေါင်း ညိတ်ပြလိုက်ပြီးနောက် သံတိုင်လက်ရန်းတန်းကိုမှီရင်း အငန်ဓာတ်ပါသောပင်လယ်လေကို အရသာခံ၍ လိုက်ပြီး လုံးဝိုင်းသော သင်္ဘောဦးက ပင်လယ်လှိုင်းများအား ခွဲဖောက်ပြီး ရှေ့သို့ မောင်းနှင့် ချီတက်နေသည်ကို အားရကျေနပ်စွာ စိုက်ကြည့်နေသည်။

 

လူအများစုက သမုဒ္ဒရာကို ရိုသေလေးစားကြသည်။ အချို့ကမူ သမုဒ္ဒရာကို ထိတ်လန့်မိုးရွံ့နေကြသည်။

သို့ရာတွင် ဖီးလစ်ဒူပရီသည် လူအများစုထဲတွင် ပါဝင်သူမဟုတ်ပါ။သူသည် သမုဒ္ဒရာ ကြမ်းတမ်းမှုနှင့် ကြည်လင် တည်ငြိမ်မှုတို့ကို လက်ခံသူ ဖြစ်သည်။ သို့ရာတွင် သူသည် သမုဒ္ဒရာ၏ ညှို့မြူချက် စက် ကွင်းအောက်သို့ မည်သည့်အချိန်တွင် ကျရောက်ခံမည့်သူ မဟုတ်ပါ။

သူသည် ပင်လယ်သမုဒ္ဒရာထဲတွင် နှစ်ပေါင်းနှစ်ဆယ် တာဝန် ထမ်းဆောင်ခဲ့ရပြီး ရေငုပ်သင်္ဘောထဲ၌ ဆယ့်လေးနှစ်ကြားအောင်တာဝန် ထမ်းဆောင်ခဲ့ရသူ ဖြစ်သလို သူ၏စွမ်းရည်ကို အထက်ပုဂ္ဂိုလ်များက လွန်လွန်မင်းမင်း သိစေချင်သူတစ်ဦး ဖြစ်သည်။

 

လောက်အောင် ရုတ်တရက် ဖောက်ပြန်ပြီး အကြီးအကျယ် ဒုက္ခပေး တတ်ကြသည် မဟုတ်ပါလား။

ညမိုးမချုပ်ခင် အဏုမြူ ရေငုပ်သင်္ဘော စတားဘတ်ခ်၏ ပဲ့စင် ပေါ်သို့ တက်ရောက်သွားသော ကွန်မင်ဒါ ဖီလစ်ဒူပရီ၏စိတ်ထဲတွင်ထို ဘေးဥပဒ်များအကြောင်းကို တွေးတောနေမိလိမ့်မည် မဟုတ်ပါ။သူသည် ပဲ့စင်ပေါ်တွင် တာဝန်ကျနေသော အရာရှိအား ခေါင်း ညိတ်ပြလိုက်ပြီးနောက် သံတိုင်လက်ရန်းတန်းကိုမှီရင်း အငန်ဓာတ်ပါသောပင်လယ်လေကို အရသာခံ၍ လိုက်ပြီး လုံးဝိုင်းသော သင်္ဘောဦးက ပင်လယ်လှိုင်းများအား ခွဲဖောက်ပြီး ရှေ့သို့ မောင်းနှင့် ချီတက်နေသည်ကို အားရကျေနပ်စွာ စိုက်ကြည့်နေသည်။

 

လူအများစုက သမုဒ္ဒရာကို ရိုသေလေးစားကြသည်။ အချို့ကမူ သမုဒ္ဒရာကို ထိတ်လန့်မိုးရွံ့နေကြသည်။

သို့ရာတွင် ဖီးလစ်ဒူပရီသည် လူအများစုထဲတွင် ပါဝင်သူမဟုတ်ပါ။သူသည် သမုဒ္ဒရာ ကြမ်းတမ်းမှုနှင့် ကြည်လင် တည်ငြိမ်မှုတို့ကို လက်ခံသူ ဖြစ်သည်။ သို့ရာတွင် သူသည် သမုဒ္ဒရာ၏ ညှို့မြူချက် စက် ကွင်းအောက်သို့ မည်သည့်အချိန်တွင် ကျရောက်ခံမည့်သူ မဟုတ်ပါ။

သူသည် ပင်လယ်သမုဒ္ဒရာထဲတွင် နှစ်ပေါင်းနှစ်ဆယ် တာဝန် ထမ်းဆောင်ခဲ့ရပြီး ရေငုပ်သင်္ဘောထဲ၌ ဆယ့်လေးနှစ်ကြားအောင်တာဝန် ထမ်းဆောင်ခဲ့ရသူ ဖြစ်သလို သူ၏စွမ်းရည်ကို အထက်ပုဂ္ဂိုလ်များက လွန်လွန်မင်းမင်း သိစေချင်သူတစ်ဦး ဖြစ်သည်။

မြင်းတစ်ကောင်နှင့် တူနေသည်။ သို့ရာတွင် ပွဲကြည့်ပရိသတ် ရှိလိမ့်မည် မဟုတ်ပါ။စတားဘတ်ခ်အား စမ်းသပ် မောင်းနှင်ရာတွင် သင်္ဘော အစောင့်အရှောက် မပါစေရဘဲ ပစိဖိတ်သမုဒ္ဒရာ၏ အလွန်ခေါင်လှသော နေရာတွင် လျှို့လျှို့ဝှက်ဝှက် စမ်းသပ်ရမည်ဟု ရေအောက်စစ်ဆင်ရေး ဌာနက အမိန့်ပေးထားသည်။

 

ဒူပရီသည် စေ့စပ်သေချာသူတစ်ဦး ဖြစ်သည်သာမက ညွှန်ကြားချက်များကို အသေးစိတ် လိုက်နာ ဆောင်ရွက်နေတတ်သူ ဖြစ်သောကြောင့် စတားဘတ်ခ်အား စမ်းသပ်မောင်းနှင်သောပွဲတွင် ဦးစီးဦးဆောင် ပြုရန် ရွေးချယ်ခံရခြင်း ဖြစ်သည်။

 

"ဒူပရီသည် တင်နာပိုးလစ်(ရေတပ်စစ်တက္ကသိုလ်) တွင် ရှိနေစဉ် ကပင် သူ့အား အချက်အလက်ဘဏ်တိုက်ကြီးဟု အတန်းသားများက တင်စား၍ ခေါ်ဝေါ်ခဲ့ကြသည်။ ဒူပရီ၏အရည်အချင်းများသည် ရေငုပ် သင်္ဘောလောကတွင် အထူး ထင်ရှားသည်။ သို့ရာတွင် ရေတပ်မတော်၌ ရာထူး တိုးတက်ရေးနှင့် ပတ်သက်လာပါက အရည်အချင်းသည် ဒုတိယ တန်းနေရာကသာ နေရလေ့ရှိသည်။ 

 

ရေတပ်ဗိုလ်ချုပ် တစ်ယောက် ဖြစ်လာရန် ဥပဓိရုပ်ကောင်းမှု ဩဇာတိက္ကမရှိသူများနှင့် ဆက်သွယ်ပေါက်ရောက်မှုနှင့် ဆက်ဆံရေး ကောင်းမွန်မှု စသော အရည်အချင်းများ ရှိရန် လိုအပ်ပေသည်။

ထိုအဲရည်အချင်းများသည် ဒူပရီထံတွင် လုံးဝ မရှိသောကြောင့် မကြာသေးမီက (သူ့ အောက်မှ အရာရှိတစ်ဦးအား) သူ့ကို ကျော်လွှား၍ ရာထူးတိုးမြှင့်ပေးမှု ဖြစ်ပေါ်ခဲ့သည်။

 

ပဲ့စင်ပေါ်ရှိ အချက်ပေးခလုတ်မှ အသံမြည်လာသောကြောင့် ပဲ့စင်ပေါ်တွင် တာဝန်ကျနေသော ဆံပင်နက်နက်နှင့် လက်ဖတင်နင် ကလေးက စကားပြောခွက်ကို ကောက်ကိုင်လိုက်၏။ ထိုလက်ဖတင်နင် ကလေးသည် တစ်ဖက်မှ စကားပြောသူနှင့် မြင်ရမည် မဟုတ်သော်လည်း ဦးခေါင်းကို နှစ်ချက် ညိတ်ပြလိုက်ပြီးနောက် စကားပြောခွက်ကို ပြန်ချိတ် လိုက်သည်။

 

“ထိန်းချုပ်ခန်းကပါ” လက်ဖတင်နင်ကလေးက ခပ်တိုတို အစိရင်ခံလိုက်

“လွန်ခဲ့တဲ့ ငါးမိုင်အတွင်းမှာ ပင်လယ်အောက် မျက်နှာပြင်ဟာ ပေ (၁၅၀၀) မြင့်တက်လာတယ်လို့ ပဲ့တင်သံစက်က သတင်းပို့ပါတယ်”

 

ဒူပရီသည် စဉ်းစဉ်းစားစားနှင့် နောက်ဘက်သို့ ပြန်လှည့်ကြည့် လိုက်၏။

“ရေအောက်မှာ မြုပ်နေတဲ့ အဏ္ဏဝါ တောင်တန်းကလေးတွေ ဖြစ်မှာပေါ့ကွာ တို့သင်္ဘောရဲ့ ဧရာ (ဝမ်း) အောက်မှာ ရေထုက တစ်မိုင်လောက် ရှိနေသေးတာပဲ”

သူက ပြုံးလိုက်ပြီး ထပ်မံဖြည့်စွက်လိုက်၏။ “ကုန်းပေါ် တင်မှာကို စိတ်ပူစရာ မလိုပါဘူးကွာ” လက်ဖတင်နင်ကလည်း ပြန်ပြုံးလိုက်သည်။

 

“ပိုပြီး စိတ်ချရအောင် အဲဒါထက် လေးငါးပေလောက်ထပ်ရှိရင် ပိုကောင်းမှာပေါ့လေ”

ပြုံးနေသော ဒူပရီသည် ပင်လယ်ပြင်ဘက်ကို ခပ်ဖြည်းဖြည်း ပြန်လှည့်လိုက်၏။ သူသည် လည်ပင်းတွင် မသေမသပ် ချိတ်ဆွဲထားသော မှန်ပြောင်း

တစ်လက်ကို လက်နှင့် ကိုင်လိုက်ပြီးနောက် မိုးကုပ်စက်ဝိုင်းဆီသို့ စိတ်ဝင် စားစွာ စိုက်ကြည့်နေသည်။ထိုလုပ်ရပ်မှာ အကျင့်ပါနေသောလုပ်ရပ်

ဖြစ်သည်သာမက အဓိပ္ပာယ်မရှိသောလုပ်ရပ်လည်း ဖြစ်သည်။ စတား ဘတ်ခ်ပေါ်တွင် ရှိနေသော အလွန် ခေတ်မှီလှသည့် ရေဒါစနစ်သည်သာမန်မျက်စိနှင့် မမြင်နိုင်သေးခင် ကြိုတင်၍ ထောက်လှမ်းပေးနိုင်စွမ်း ရှိသည်။ ထိုအချက်ကို ဒူပရီလည်း သိသည်။

 

 သို့ရာတွင်'ပင်လယ်ပြင်ကို ကိုယ်တိုင်ကိုယ်ကြပ် မျက်စိနှင့် လေ့လာရမှုက လူတစ်ယောက်၏စိတ်ကို သောက ကင်းစင်စေတတ်ပါသည်။

နောက်ဆုံးတွင် သူသည် သက်ပြင်းချလိုက်ပြီးနောက် မှန်ပြောင်းကို အောက်သို့ ပြန်ချလိုက်၏။

“ငါ ညနေစာစားဖို့ အောက်ကို ဆင်းလိုက်ဦးမယ် ၂၁:၀၀နာရီ ကျရင် ရေထဲဆင်းဖို့ အဆင်သင့် စီစဉ်ထားကွာ”

သူသည် ခေတ်သစ်ရေတပ်မတော်တွင် “ရွတ်' ဟု ခေါ်ဝေါ်သုံးစွဲ နေကြသော အထပ်သုံးထပ်မြင့်သည့် ပဲ့စင်ပေါ်မှ ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက်နှင့် ဆင်းလာခဲ့ပြီး ထိန်းချုပ်ခန်းထဲသို့ ဆင်းလိုက်၏ ထိန်းချုပ်ခန်းမှ ကြီးကြပ်ကွပ်ကဲသူ အရာရှိနှင့် ရေကြောင်းလမ်းပြ အရာရှိတို့သည် မြေပုံစာရွက်ပေါ်မှ အနက်ပေကို ပြထားသော အမှတ် အသားများအား ကြည့်နေကြသည်။ကြီးကြပ်ကွပ်ကဲသူ အရာရှိက ဒူပရီအား မော့ကြည့်လိုက်၏။ 

 

“မာလိန်မှူး၊ ကျွန်တော်တို့ ဒီမှာ ထူးထူးဆန်းဆန်းတွေကို တွေ့နေရပါတယ်”

“နေ့တစ်နေ့ကို ထူးဆန်းတဲ့ ကိစ္စကလေးနဲ့ အဆုံးသတ်ရတာ လောက် ကောင်းတာမျိုး ဘယ်ရှိနိုင်ပါ့မလဲကွာ”

ဒူပရီက ရွှင်ရွှင်ပျပျနှင့် ပြန်ဖြေလိုက်၏။ သူသည် အရာရှိနှစ်ယောက်ကြား၌ ဝင်ရပ်လိုက်ပြီး နို့နှစ်ရောင် မှန်ပေါ်တွင် အောက်ဘက်မှ မီးထွန်း၍ပြထားသော အနုစိတ် အကွက် ဖော်ထားသည့် မြေပုံစာရွက်အား ကြည့်လိုက်သည်။ထိုမြေပုံစာရွက်ပေါ်တွင်မျဉ်းတိုများနှင့်ကန်လန့်ဖြတ်ရေးဆွဲထားသောမျဉ်းကြောင်း

များ၊ကမန်းကတန်း ရေးမှတ်ထားသော သင်္ကေတများနှင့် သင်္ချာဖော်မြူလာ (ပုံသေနည်း) များ ရှိနေကြသည်။

 

ဒူပရီက မေးလိုက် “မင်းတို့က ဘာတွေကို တွေ့နေရလို့လဲ” ရေကြောင်းလမ်းပြအရာရှိက ခပ်ဖြည်းဖြည်း ဝင်၍ အစီရင်ခံသည်။

 

“သမုဒ္ဒရာ အောက်ကြမ်းပြင်ဟာ အံ့သြစရာကောင်းတဲ့ နှုန်း ထားနဲ့ မြင့်တက်နေတယ်။ နောက်ထပ် (၂၅) မိုင်လောက်မှာ သမုဒ္ဒရာရဲ့အောက်ကြမ်းပြင်ဟာ ထိုးထိုးထောင်ထောင်နဲ့ ရေပြင်ပေါ်ကို ပေါ် မတက်လာဘူးဆိုရင် ကျွန်တော်တို့ သင်္ဘောဟာ ပင်လယ်ထဲမှာ မရှိဘူးလို့ ယူဆရတဲ့ ကျွန်းတစ်ကျွန်း ဒါမှမဟုတ် ကျွန်းကလေးတွေပေါ်မှာ သောင်တင်သွားပါလိမ့်မယ်” ။

 

“တို့က ဘယ်နားမှာလဲ” “ကျွန်တော်တို့ဟာ ဟောဒီနေရာမှာပါ ဆရာ”

ရေကြောင်းလမ်းပြအရာရှိသည် မြေပုံပေါ်မှ တစ်နေရာကို ခဲတံနှင့် ထောက်ပြလိုက်၏။ "

“အိုဟာဟူးကျွန်း၊ ကာဟူကူပွိုင့်ရဲ့ မြောက်ဘက် မိုင် (၆၇ဝ) ဘယ်ရာရင် ဇီးရိုး - ဇီးရိုး - ဆဲဗင်း ဒီဂရီမှာပါ”

 

'ဒူပရီသည် ထိန်းချုပ်စက်ခလုတ်ခုံ တစ်ခုဆီသို့ ချာခနဲ လှည့်လိုက် ပြီးနောက် စကားပြောခွက်ပေါ်မှ ခလုတ်တစ်ခုကို ဖွင့်လိုက်၏။ "

“ရေဒါ၊ မာလိန်မှူး စကားပြောနေတယ်။ မင်း ဘာတွေကို မြင်တွေ့နေရသလဲ”

 

“ဘာမှ မတွေ့ရပါဘူး ဆရာ” စပီကာထဲမှ အသံတစ်သံ ပေါ်ထွက်လာသည်။

“ရေဒါနယ်ပယ်အတွင်းမှာ ရှင်းနေပါတယ်။ ခဏနေပါဦး ခင်ဗျား ပြန်ပြောချင်ပါတယ်။ ရှေ့တည့်တည့် မိုးကုပ်စက်ဝိုင်းဆီက နှစ်ဆယ့်သုံး မိုင်အကွာမှာ တစ်ခုခုကို မထင်မရှား တွေ့မြင်နေရပါတယ် ခင်ဗျား”

 

“ပစ္စည်း တစ်ခုခုလား”

 

“မဟုတ်ပါဘူး ခင်ဗျာ၊ မီးခိုးတန်း ဒါမှမဟုတ် ခပ်နိမ့်နိမ့် ရှိနေတဲ့ တိမ်တိုက်တွေနဲ့ ပိုပြီး တူပါတယ်။ ခုအထိတော့ ကျွန်တော် တိတိကျကျ မပြောနိုင်သေးပါဘူး”

 

“ကောင်းပြီလေ၊ မင်း အဲဒီဟာကို တိတိကျကျ ခွဲခြားလို့ရတဲ့ အချိန်ကျရင် အစီရင်ခံ *

ဒူပရီသည် စကားပြောခွက်ကို ပြန်ချိတ်လိုက်ပြီးနောက် မြေပုံ စားပွဲဆီမှ အရာရှိနှစ်ယောက်ဘက်သို့ ပြန်လှည့်လိုက်၏။ -

 

“ကဲ - လူကြီးမင်းများကရော ဘယ်လို ယူဆပါသလဲ" ကြီးကြပ်ကွပ်ကဲသူ အရာရှိတစ်ဦးက ဦးခေါင်းကိုခါယမ်းလိုက်၏။

 

“မီးခိုးရှိရင် မီးရှိရတယ်။ မီးရှိတယ်ဆိုရင် တစ်ခုခုကို လောင်နေ လို့ပဲ ဖြစ်ရမယ်။ မီးလောင်နေတဲ့ ဆီကွက်ကြီးတစ်ကွက်ကော မဖြစ်နိုင် ဘူးလား”

 

“ဘယ်က ထွက်လာတဲ့ ဆီတွေလဲကွ” စိတ်မရှည်နိုင်တော့သော ဒူပရီက မေးလိုက်၏။

“တို့သင်္ဘောဟာ မြောက်ဘက်ပိုင်းက သင်္ဘောလမ်းတွေနဲ့ မနီးလှ ဘူး။ ဆန်ဖရန်စစ္စကိုကအရှေ့ဖျားဒေသကို ဟိုနိုလူလူကတစ်ဆင့် သွား ကြတဲ့ သင်္ဘောလမ်းကလည်း တောင်ဘက် မိုင်လေးရာလောက်မှာ ကျန်ရစ် ခဲ့ပြီ။ ဒီနေရာဟာ ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှ မနီးစပ်တဲ့အတွက် စတားဘတ်ခ်ကို စမ်းသပ်ဖို့နေရာအဖြစ် ရေတပ်မတော်က တမင်ရွေးခဲ့တာပဲ”

 

ဒူပရီက ခေါင်းခါလိုက်၏။

မီးလောင်နေတဲ့ ဆီကွက်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဟပ်စပ်ဘူး။ ပစိဖိတ်သမုဒ္ဒရာ အောက်ခြေကြမ်းပြင်က မီးတောင်အသစ် ထွက်လာ တယ် ဆိုတာကမှ နည်းနည်း ပိုပြီး နီးစပ်ဦးမယ်။ ဒါပေမယ့် အဲဒါကလည်း အတွေးသက်သက်ပါပဲလေ”

 

ရေကြောင်းလမ်းပြ အရာရှိသည် ရေဒါက ပေးပို့လိုက်သော အညွှန်းကို မြေပုံပေါ်တွင် ရေးမှတ်လိုက်ပြီးနောက် မြေပုံပေါ်တွင် စက်ဝိုင်း ကလေးတစ်ခုကို ရေးဆွဲလိုက်၏။ ရေပြင်အပေါ် နားမှာ ဖြစ်ပေါ်နေတဲ့ တိမ်တိုက်တစ်ခုပဲ”

ရေကြောင်းလမ်းပြအရာကသူ့အတွေးကို နှုတ်မှထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

 

“ဒါပေမယ့် အဲဒီလို မဖြစ်နိုင်ဘူး လေထုရဲ့ အခြေအနေက အဲဒီလို မဖြစ်နိုင်ဘူးလို့ ညွှန်ပြနေတယ်”

 

စပီကာထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။

 

 “မာလိန်မှူး၊ ရေဒါက ပြောနေပါတယ်” ဒူပရီက ဖြေလိုက်သည်။

“မာလိန်မှူး ပြန်ဖြေနေတယ်” “အဲဒီပစ္စည်းကို ဂဃနဏ ပြောနိုင်ပါပြီ ဆရာ”

 

ထိုအသံသည် ရှေ့ဆက် မပြောမီ တုံ့ဆိုင်းသွားပုံရသည်။

 

“ရေဒါနဲ့ တိုင်းတာချက်အရ အချင်း သုံးမိုင်လောက်ရှိတဲ့ မြူနှင်း ထုကြီးလို့ သိရပါတယ်”

 

မင်းဥစ္စာက သေချာရဲ့လား”

 

 “ကျွန်တော့်ရာထူးနဲ့တောင် ပုံပြီး လောင်းရဲပါတယ် ဆရာ”

 

ဒူပူရီသည် စကားပြောခွက်ပေါ်မှ ခလုတ်တစ်ခုကို နှိပ်လိုက်ပြီး နောက် ပဲ့စင်ပေါ်သို့ တယ်လီဖုန်းနှင့် ဆက်သွယ်လိုက်၏။

 

“လက်ဖတင်နှင်၊ တို့ရှေ့တည့်တည့်မှာ တစ်ခုခု ရှိနေတယ်လို့ရေဒါက အစီရင်ခံထားတယ်။ မင်း မြင်ရတဲ့အခါကျရင် ငါ့ကို အစီအရင်ခံစမ်း”

 

သူသည် ပဲ့စင်နှင့် အဆက်အသွယ် ဖြတ်လိုက်ပြီးနောက် ထိန် ချုပ်ခန်းမှ ကြီးကြပ်ကွပ်ကဲသူ အရာရှိဘက်သို့ လှည့်ကြည့်လိုက်၏။

 

“လက်ရှိ အနက်ပေက ဘယ်လောက်လဲ”

“မြန်မြန်ကြီး မြင့်တက်လာနေတုန်းပဲ။ လက်ရှိ ပေ ၂၈၀၀ ဒါပေမယ့် မြင့်လာနေတုန်းပဲ ဆရာ”

 

ရေကြောင်းလမ်းပြ အရာရှိသည် တင်ပါးပေါ်ရှိ ဘောင်းဘီ ထဲမှ လက်ကိုင်ပဝါတစ်ထည်ကို ဆွဲထုတ်လိုက်ပြီးနောက် ဇက်ပေါ်တွင် သုတ်လိုက်၏။

 

“ကျွန်တော်တော့ သိပ်ကို ထိတ်လန့်သွားမိတယ်။ သမုဒ္ဒရာထဲမှ ခုလို မြင့်တက်လာပုံမျိုးနဲ့ အနီးစပ်ဆုံးတူတဲ့ နေရာတစ်နေရာကတေ ပီရူးချီလီ ရေအောက်မြောင်းကြီးပဲ ရေအောက်အနက်ပေ ၂၅၀၀ ကစပြီးတော့ အလားတစ်မိုင်ရှိတိုင်း ဒေါင်လိုက်တစ်မိုင် မြင့်တက်လာတယ်။

ခုအချိန်အထိကတော့ ကမ္ဘာပေါ်မှာ အထူးခြားဆုံး ရေအောက် နိမ့်လျှောကုန်းစောင်းတစ်ခုပဲ”

“ဟုတ်ပာ၊ ခုလို ထူးထူးခြားခြား တွေ့လိုက်ရတဲ့အတွက် အဏ္ဏ၀ါ ဘူမိဗေဒပညာရှင်တွေကတော့ သိပ်ကို ဝမ်းသာကြမှာပဲ“ပေတစ်ထောင့်ရှစ်ရာ့ငါးဆယ်” ,

ပဲ့တင်သံစက်မှ အရာရှိ၏အသံက အနိမ့်အမြင့်မပါဘဲ ပေါ်ထွက်လာသည်။ .

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)